သင်းထက်သာတယ်

khinmintatthuJune 25, 20101min861

တစ်နေ့ နှစ်ကြီးသမားတွေ ထားတဲ့ထောင်ဆီကို အကျဉ်းသားတစ်ယောက်ရောက်လာတယ်။
ထောင်ကကျဉ်းကျဉ်း လူကနည်းနည်းဆိုတော့ ကျပ်နေတာပေါ့။

လူသစ်ရောက်လာတော့ဝိုင်းမေးကြတယ်

“ခင်ဗျားဘာအမှုနဲ့ကျတာလည်းဟင်”

လူသစ်ကပြန်ဖြေတယ် “ပုဒ်မ ၄၀၁.၁”

“ဟမ်.. ပုဒ်မနောက်မှာ ဒဿမတွေပါတာမကြားဖူးပါဘူး။ ခင်ဗျားဟာက ဘာအမှုလည်းဗျ”

“လူသားစားတဲ့အမှု”

လူသစ်ရဲ့အဖြေကိုကြားတော့ အကျဉ်းသားဟောင်းတွေ နည်းနည်းလန့် သွားတယ်။
သူ့ဘေးနားကနေ တဖြည်းဖြည်းရှဲသွားကြတယ်။ နေရာကချောင်သွားတော့
သူနေရတာအေးဆေးဖြစ်သွားတယ်။

တစ်ယောက်ကတော့နေရာကမရွေ ့ဘူး ။ဒီတော့သူကမေးတယ်-
“မိတ်ဆွေ ခင်ဗျားကရော ဘာမှုနဲ့ ကျတာလည်း”
ဟိုလူကပြန်ဖြေတယ်
်”ပုဒ်မ ၄၀၂.၂”
“ဟုတ်လား..ဘာမှုလည်းဟင်”
“လူသားစားတဲ့ကောင်ကိုမှ ရွေးစားတဲ့အမှု ”
Ref:
(နောင်လတ်(မန်း) ဟာသကဏ္ဍ