ဒီပို့စ်လေးကတော့ “ကျိုင်းတုံမြို့သို့သွားရအောင်” ဆိုတဲ့ ပို့စ်လေးရဲ့ အဆက်လေးပါ……. ကျိုင်းတုံမြို့ကို ဝင်ပြီဆိုတာနဲ့ ပထမဆုံးလှမ်းမြင်ရတာကတော့ ကျိုင်းတုံမြို့လယ်က တောင်ပေါ်မှာ ရှိတဲ့ ရပ်တော်မူ ဘုရားဖြစ်ပါတယ်…. မြို့အလယ် တောင်ကုန်းပေါ်မှာ တည်ထားတဲ့ အတော်မြင့်တဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးပါ…..

ဒီပုံတွေ ကတော့ ရပ်တော်မူ ဘုရားကို လှမ်းမြင်ရတဲ့ပုံလေးတွေ ဖြစ်ပါတယ်  (photo from facebook)

နောက်ထပ် ကျိုင်းတုံမြို့မှာ နာမည်ကြီးတဲ့ ဘုရားကတော့ မြို့လယ်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရားဖြစ်ပါတယ်….. ကျိုင်းတုံမြို့ကိုရောက်ပြီ ဆိုတာနဲ့ မဟာမြတ်မုနိ ဘုရားကို ဖူးမျှော်ကြရမှာပါ …. မဟာမြတ်မုနိဘုရာကို တစ်ခေါက်ဖူးဖြစ်ရင် နောက်တစ်ခေါက် ထပ်ဖူးရတယ် ဆိုတဲ့ ကျိုင်းတုံမြို့ကို နောက်တစ်ခေါက် ရောက်လာကြရတယ် ဆိုတဲ့ မြို့သူမြို့သားတွေပြောတဲ့ စကားလေးလဲရှိပါတယ်……..မဟာမြတ်မုနိဘုရားက ကျိုင်းတုံမြို့လယ်ခေါင်မှာရှိပြီး ရန်ကုန်က ဆူလေဘုရားလို ဝိုင်းပတ်သွားကြရပါတယ်…

ဒီပုံလေးတွေကတော့ ကျိုင်းတုံမြို့လယ်ခေါင်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရား ရဲ့ ပုံလေးတွေဖြစ်ပါတယ်.(photo from facebook)

နောက်ထပ် ကျိုင်တုံမြို့မှာ ရှိတဲ့ ဘုရားတစ်ဆူကတော့ စွန်တောင်း စေတီ ဖြစ်ပါတယ်…. စွန်တောင်းစေတီကလဲ မြို့မှာရှိတဲ့ တောင်ကုန်းပေါ်မှာတည်ထားတဲ့ အတွက် အတော်လေး သပ္ပါယ်ပါတယ်…. စွန်တောင်းစေတီ ပုရဝဏ်ထဲမှာတော့ ရှမ်းဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါတယ်…….. စွန်တောင်းစေတီဓမ္မာရုံထဲမှာတော့ ရုပ်ပွားတော်တွေရှိတာကို ဖူးမျှော်ရပါတယ်…..

ဒီပုံလေးတွေကတော့ စွန်တောင်းစေတီနဲ့ ဓမ္မာရုံထဲမှာ ရှိတဲ့ ရုပ်ပွားတော်တွေရဲ့ပုံတွေဖြစ်ပါတယ်..(photo from facebook)

About Wunna Aung

ဝဏအောင် (မန္တလေး) has written 4 post in this Website..