မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံဖို့ ဗီယက်နမ် စိတ်ဝင်စား

khinmintatthuJune 25, 20101min650

ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ လုပ်ငန်းတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှပ်နှံနိုင်ခြေ ရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တချို့ထံမှ သိရပါတယ်။ “UMFCCI မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗီယက်နမ် လုပ်ငန်းရှင်တွေက သူတို့ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြတယ်။ အိမ်ခြံမြေ လုပ်ငန်းလဲ အပါအဝင်ပဲ၊ အဓိကတော့ စက်မှုဇုန်မြေတွေ အကြောင်းပါ၊ ဒီစီးပွားရေး လုပ်ငန်းထဲ ဝင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ၊ စက်မှုဇုန်မြေတွေ ဝယ်ရမလား၊ ဌားရမလား၊ ဈေးတွေ ဘယ်လိုရှိသလဲ စုံစုံလင်လင် ဆွေးနွေးခဲ့ပါတယ် ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (MREA) ရဲ့ နာယက ဦးသန်းဦးက ပြောပါတယ်။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦးက “ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်တွေ ရင်းနှီးမြှပ်နှံမှုကို ကြိုဆိုပါတယ်၊ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်က ပြည်တွင်းမှာ ကျင်လည်တာမျိုး မဟုတ်ဘဲ နိုင်ငံတကာတန်း (standard) ဝင်လာတာပဲ ” လို့ သူ့အမြင်ကို ပြောပါတယ်။ မြန်မာနိုင်င ံအိမ်ခြံမြေအသင်း (Myanmar Real Estate Association) ကို UMFCCI ရဲ့ ညီနောင်အသင်း အဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ဝ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ အသင်းအနေနဲ့ သည်လို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု ၂၀၁ဝ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။