အင်္ဂလန် vs အီတလီ

မောင် ပေJune 24, 20121min45132

မင်္ဂလာပါ ခင်ဗျား။
သည်နေ ့24.6.2012 တနင်္ဂနွေည (သို ့မဟုတ်) တနင်္လာ နံနက် ၁.၁၅ မှာ ကစားကြမယ့် ၊ ယူရို၂၀၁၂ ရဲ ့နောက်ဆုံးသော ကွာတားဖိုင်နယ် ပွဲစဉ်ပါ ။
ပေါ်တူဂီ ၊ ဂျာမနီ နဲ ့စပိန် အသင်းများဟာ ဆီမီးဖိုင်နယ် ကို ရောက်ရှိသွားကြပြီ ဖြစ်ပြီး ၊ ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီ အသင်းက ဂျာမနီအသင်း နဲ ့ကစားမှာ ဖြစ်ပါတယ် ။ စပိန် အသင်းကတော့ သည်နေ ့ည အင်္ဂလန် – အီတလီ တွေ ့ဆုံမှုကနေ နိုင်တဲ့အသင်းနဲ ့ကစားရမှာ ဖြစ်ပါတယ် ။
အင်္ဂလန် နဲ ့အီတလီ တွေ ့ဆုံမှုအတွက် နဲနဲပြောပြချင်ရာမှာ
အင်္ဂလန် ဟာ အုပ်စု ဒီ ရဲ ့အုပ်စုဗိုလ် ဖြစ်ပြီး ၊ အုပ်စုအတွင်း ကန်ခဲ့တဲ့ပွဲတွေကတော့
11.6.2012 ပြင်သစ် ၁-၁ အင်္ဂလန်
15.6.2012 ဆွီဒင် ၂-၃ အင်္ဂလန်
19.6.2012 အင်္ဂလန် ၁-ဝ ယူကရိန်း
အီတလီ ဟာ အုပ်စု စီ ကနေ ဒုတိယအဆင့်နဲ ့တက်လာတာဖြစ်ပြီး ၊ အုပ်စုအဆင့် ကန်ခဲ့တဲ့ ပွဲတွေကတော့
10.6.2012 စပိန် ၁-၁ အီတလီ
14.6.2012 အီတလီ ၁-၁ ခရိုအေးရှား
18.6.2012 အီတလီ ၂-ဝ အိုင်ယာလန်
အင်္ဂလန် အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Hart
နောက် Johnson, Terry, Lescott, Cole
လယ် Milner, Gerrard, Parker, Young
ရှေ ့ Rooney, Welbeck
အီတလီ အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Buffon
နောက် Abate, Barzagli, Bonucci, Balzaretti
လယ် De Rossi, Pirlo, Marchisio
လယ် Montolivo
ရှေ ့ Balotelli, Cassano
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန် ဟာ အသင်းကို ကိုင်တွယ်တာ သိပ်မကြာသေးပေမယ့် ၊ ပြင်သစ်အသင်း ကို ၁-၁ ၊ မနိုင်တာကြာပြီဖြစ်တဲ့ ဆွီဒင် အသင်းကို ၁-ဝ နဲ ့အနိုင်ကန်ခဲ့လို ့၊ အင်္ဂလန်ပရိသတ်များဟာ ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် ယူကရိန်း နဲ ့ကစားတဲ့ပွဲမှာတုန်းကတော့ ၊ အင်္ဂလန် အသင်းဟာ ကံတရားရဲ ့ဖေးမ မှုကြောင့် နိုင်ခဲ့ရတာပါ ဆိုတာကို အားလုံးတွေ ့မြင်ခဲ့ရပါတယ် ။ အလားတူပါဘဲ ၊ အုပ်စု စီ က အီတလီ အသင်းဟာလဲ လိမ်ဖယ် လိမ်ဖယ် နဲ ့တက်လာတာပါ ။ အမှတ်မလိုတော့တဲ့ စပိန် ကို ကစားပုံပိုကောင်းတဲ့ ခရိုအေးရှား ကသာ ဂိုးပေါက်တည့်ခဲ့ရင် ၊ အီတလီ ထွက်ခဲ့ရတာ ကြာပါပြီ ။
သည်နှစ်သင်း ဟာ မတွေ ့ဆုံဖြစ်ခဲ့တာ ၁ဝနှစ် ကြာခဲ့ပါပြီ ။ နောက်ဆုံးအကြိမ် အင်္ဂလန် မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတုန်းက အီတလီ အသင်းက နိုင်ခဲ့ပါတယ် ။
အစဉ်အလာကို ပြန်ကြည့်လိုက်ရင် အင်္ဂလန် ဟာ အီတလီ နဲ ့နောက်ဆုံးကစားခဲ့တဲ့ ကိုးပွဲမှာ တစ်ပွဲဘဲ အနိုင်ခဲ့ဖူးပါတယ် ။
ဈေးအနေအထားအရ အာရှဘက်မှာ ဒဲ့ ဖွင့်တာ ကို သည်ဘက်မှာလဲ ဒဲ့ ဘဲ ဖွင့်လာပါတယ် ။
ဂိုးဈေးမှာတော့ အာရှဘက်မှာ ၂ဂိုးဆိုရင် သရေ အနေအထားကို ၊ သည်မှာ ၂ဂိုးဆိုရင် ၂ဝ အနိုင် အနေအထားဖွင့်လာပါတယ် ။
သည်ပွဲမှာတော့ ဘယ်အသင်းနိုင်မလဲ ဆိုတာ ကျုပ် မောင်ပေ အနေနဲ ့ခန် ့မှန်းဘို ့မလွယ်ပါဘူး။
မြန်မာနိုင်ငံ က ဘောလုံးပရိသတ်များဟာ အင်္ဂလန် အသင်းကို အားပေးကြမှာ သေချာပါဘဲ ။ အရင်ကတဲက မြန်မာဘောလုံးပရိသတ်များရဲ ့အချစ်တော်ဟာ “ အင်္ဂလန် ” နဲ ့“ မန်ယူ ” ပါဘဲ မို ့လား ။
သည်နေ ့ပွဲမှာ ၊ ကျုပ် မောင်ပေ အကြိုက် ကို ပြောရရင်
ဈေးမှားနေတဲ့ ““ ဂိုးအနဲ ”” ပါဘဲ။
ဘာလို ့လဲဆိုတော့ ၊ ၂ဂိုးဆိုရင် သရေ ဘဲ အနေအထားကို ၂ဂိုး ၂ဝ အနိုင် ဖွင့်လာမှုဟာ ၊ ဂိုးအများ ဘက် ကို နေစေချင်တဲ့ သဘောပါဘဲ ။
ဆိုတော့က “““ ဂိုးအနဲ ””” အောင်မြင်ဖို ့၇၀% သေချာမှု ရှိနေပါတယ် လို ့ပြောရင်း သည်ပို ့စ် ကို နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျား။
……. အားလုံး အောင်မြင် ရွှင်လန်းပါစေ …….

32 comments

  • မောင်ပေ

    June 24, 2012 at 8:22 pm

    semifinal အတွဲများကို ရေးထားသည်မှာ မှားနေရင် ခွင့်လွှတ်ကြပါ ခင်ဗျား ။ ကျုပ်ကိုယ်တိုင် အခုထိ ၊ ဇဝေ ဇဝါ ဖြစ်နေတုန်းဘဲမို ့ပါ ။

    • မောင်ပေ

      June 24, 2012 at 8:47 pm

      ဟီး…
      တိုကြီးကလဲ
      သား က ဘိုင်လပြတ်နေလို ့
      ဂျာနယ်လဲ ဝယ်မဖတ်ဖြစ်ဘူးဗျ
      ရေးချင်တာဘဲ သိတာရယ်
      ရေးချင်ဇောနဲ ့တင်လွှတ်လိုက်တာဘဲ
      အဲဒီလို အဲဒီလို
      တိုကြီးစေတနာကို အသိအမှတ်ပြုတဲ့အနေနဲ ့
      အစိမ်းလေး ပေးပါရစေဗျား

  • မောင်ပေ

    June 24, 2012 at 8:50 pm

    ဆီမီးဖိုင်နယ် တွင် တွေ ့ဆုံမည်မှာ
    “ ပေါ်တူဂီ ” vs “ စပိန် ” လို ့ပြင်ဖတ်ပေးကြပါ ခင်ဗျား ။ 27.6.2012 မှာ ကန်မှာ ဖြစ်ပါတယ် ။
    “ဂျာမနီ” ကတော့ သည်ကနေ ့ည ပွဲမှာ နိုင်တဲ့ အသင်းနဲ ့တွေ ့မှာ ဖြစ်ပါတယ် ခင်ဗျား။ 28.6.2012 မှာ ကန်မှာ ဖြစ်ပါတယ် ။

  • အရီး Khin Latt

    June 24, 2012 at 9:23 pm

    အခုပွဲမှာဘဲ သိပ်ပြီး မကွာတဲ့ ဂိုး နဲ့ အရှုံးခံ မလား။
    ဂျာမဏီ နဲ့ တွေ့ပြီး မရှုမလှ ရုပ်ပျက်ဆင်းပျက် အနှိပ်ခံ မလား။
    ဘာဘဲဖြစ်ဖြစ် ရှုံးမယ် မှန်း သိလဲ အသဲကွဲ ခံပြီး အားပေး ရမှာပါဘဲ။
    အဟင့်၊ ရွှတ်။ 😎

    • မောင်ပေ

      June 24, 2012 at 9:29 pm

      ဟောဗျာ..
      ပို ့စ်တစ်ခုမှာ ဘက်စ်အန်းဆား ၂ခါပေးလို ့ရရင် အရီးလတ် ကွန်မင့်က ဒုတိယ ဖြစ်မှာပါဘဲ …
      အကြားအမြင်ကောင်းလွန်းပါတယ် အရီးလတ်ရေ
      လေးစားပါတယ် ခင်ဗျား။

  • သားဦး၊မြေးဦး

    June 24, 2012 at 9:38 pm

    ကိုဂီ့ အီတလီကို သစ္စာဖောက်၍
    အင်္ဂလန် အပီကန်ပါတော့မည်။
    ယနေ ့အင်္ဂလန် နိုင်ပါမည်။

  • ညလေး

    June 24, 2012 at 9:47 pm

    အင်္ဂလန်အမာခံပရိတ်သတ်တစ်ယောက်ပါဗျ…….
    အပီလေးကန်မယ်……ညလေးရဲ..အင်္ဂလန်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 24, 2012 at 9:54 pm

    အဲ့သည်ဘောပွဲပြီးရင် သစ္စာဆိုမလားတွေးထားဒယ်
    ဒဘွဲမှ မဒဘွဲ မခံစားရသေးဘူး ဆိုဒေါ့ဂါ
    ဒဘွဲမှ မကြည့်သူဆိုပြီး ဂင်းနစ်ထဲပါရင် အရက်ဘိုးလေးဘာလေး ညာလေး သာရကာလေး

    • မောင်ပေ

      June 24, 2012 at 9:57 pm

      ပေးမယ်တဲ့ဗျို ့
      လိင်တူချစ်သူများ သမဂ္ဂ က ၊ ဘောမချစ်သူ ကိုအောင်ပု ဆိုပြီး အော်နာ နဲ ့အတူ အာကေ ပါ ပေးမှာတဲ့ဗျား။

  • kotun winlatt

    June 24, 2012 at 10:00 pm

    အင်္ဂလန်ကို အားပေးချင်သလို..
    အီတလီကိုလည်း ကြိုက်ပြန်ရော..
    ဘယ်သူ့ကို အားပေးရမှန်းမသိဘူးဖြစ်နေပါတယ်ဆို..
    ကိုပေက အနိုင်အရှုံးမခန့်မှန်းနိုင်ဆိုတော့…
    ဒီညပွဲတော့ ကြည့်ဖြစ်အောင်ကြည့်ရမယ်ဗျို့…။

  • Mလုလင်

    June 24, 2012 at 11:28 pm

    ဒုတိယ အကြိမ် ထပ်ပြောမယ်
    ဂျာမနီ မှ ဂျာမနီ ပဲဗျာ … အင်္ဂလန် ပဲဖြစ်ဖြစ် ..အီတလီ ပဲဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် …

    Mလုလင် (ဂျာဂျာ)

    • kyaw swar

      June 25, 2012 at 12:16 am

      M လင်လု ကို တားတားကြောက်တယ်
      ွှရွာထဲမှာတွေ့ရင် တားတားပြေးမှာ

  • အရီး Khin Latt

    June 25, 2012 at 2:39 am

    ကိုပေ ရေ ကိုပေ ရဲ့
    ခံစစ် တွေ ကိုချည်း ကြည့်ရလို့ ဒီအတိုင်းသာဆို နှလုံးရောဂါ ရတော့မယ်ထင်ရဲ့။ 😆

  • Mလုလင်

    June 25, 2012 at 3:48 am

    ပယ်နယ်တီ ……….. ပယ်နယ်တီ။

  • Mလုလင်

    June 25, 2012 at 3:55 am

    ဂုဏ်ယူပါတယ် အီတလီ ရေ ….

    • အရီး Khin Latt

      June 25, 2012 at 4:03 am

      အိပ်တော့ မောင်လုလင် ရေ။
      ဒီလို အင်္ဂလန်ကို တောင် မနဲ ကန် ရတဲ့ အီတလီ ကို မင်း ဂျာမဏီ က အသာလေးဘဲ နေမှာပါ။ 😀

  • အရီး Khin Latt

    June 25, 2012 at 3:56 am

    Well.. Well.. Well..
    Losing Gracefully. 😛

    Finally … Welcome Home My Boys.
    It was written. 😀

    • ကြောင်ဝတုတ်

      June 25, 2012 at 6:39 am

      ကျွန်တော်ပြောပါတယ်အရီးရယ်
      သူတို့ အမေစုကိုတွေ့ချင်နေကြတယ်လို့

      အမေစု ဂျာမဏီများဆက်သွားမလားပဲ
      အဇူရီတွေနိုင်ခဲ့ပြီ
      ကျွန်တော် ကိုအမတ်မင်းကို တစ်သောင်းရှုံးသည်
      အီတလီ မိနစ်ကိုးဆယ်အတွင်းဂိုးမသွင်းသဖြင့်
      သို့သော် ကိုအမတ်မင်း ရွာတွင်းမှထွက်သွားရန်မလိုပါ

      အဇူရီတွေနိုင်ခဲ့ကြပြီ
      ကြောင်ဝတုတ်

      • Azzurri

        June 25, 2012 at 12:31 pm

        အဟိ. ..
        အရီး … သည်လို အင်ဂလိကန်ကို
        မနည်းကန်ရတယ် ဆိုလို့ ….
        အမြင်မတော်လို့ ပြောလိုက်ပါဦးမယ်…

        shots on target 1-8
        shots off target 7-17
        possessiion(%) 37- 63
        corner kicks 3- 7

        အဲ့သည့်အထဲ …တိုင် ၂လုံး တိတိ မှန်အောင် ကန်ခဲ့ ပီး လူကျွံ ၁ဂိုး
        သတ်မှတ် ခံရသေးလေတော့…
        လုံးဝ(လုံးဝ) မနဲ ကန်ခဲ့ရတာ မဟုတ်ပါဂျောင်း…
        ချေပ ပါရစေ …
        ကွင်းလယ်မှာ …ပီယာလို …လုပ်ချင်တိုင်း လုပ်နေတာများ …
        မြင်မကောင်း … စူပါမာရီယို ကလည်း…လူမျိုးရေးခွဲခြားတာများ
        ကြုံလို့ကတော့ …လူသတ်ပီး ထောင်ထဲ ဝင်မယ် ကျုံးဝါးထားတော့ …
        လူမျိုးခွဲခြားတတ်တဲ့ ကတ်ပီတန်ပြုတ် …တယ်ရီတယောက် …
        ရဲရဲတောင် မကပ်ရဲဘူးထင့် …. သည်တော့ တပွဲလုံး
        စိတ်ဓါတ်ရေးရာပိုင်းအရ တစ် စဆီ ဆုတ်ဖြဲခံ ထိလေတော့…
        ပယ်နယ်တီ ကျင့်ထားတယ်အော်တဲ့အသင်း ပယ်နယ်တီနဲ့ …
        ရှုံးတယ်ဆိုတာ …မဆန်း …

        ဗျို့ …ပရင်ဒယ်လီ …. နောက်ပွဲ …
        ဒီနာတာလီ သုံးဗျာ ..ဘယ့်နှယ့် ..သမိုင်းဝင်
        ရုပ်အဆိုးဆုံး တိုက်စစ်မှူး၂ယောက် သုံးမှတော့…
        ခင်ဗျား အသင်းကို ကံကြမ္မာ နတ်သမီး က
        ဖာသိဖာသာလုပ်သွားတာ သိပ်တော့ မထူးဆန်း….
        ခိခုခိခု…

        သူများ အသင်းတွေ စိတ်နာလောက်အောင် ပလေးမိတ်ကာ
        ပေါတာ များ ပြောပါတယ်…. တယောက်ကို လစ်ဘရို ဆင်းကစားခိုင်းထားရတယ်..
        သွပ်သွပ်…..

        အိုဘယ့် ဒီရော့စီ…

  • မောင်ပေ

    June 25, 2012 at 8:21 am

    ကိုဆာမိ ကိုဆာမိ
    where is he?
    ရေးပါဆိုလို့ရေးတင်တယ်
    ဇော်ပိုင် သီချင်းဘဲ ဆိုတော့မယ်
    ” နင် အသိအမှတ် မပြုခဲ့ပါ…..”

  • cum min

    June 25, 2012 at 1:13 pm

    အင်္ဂလန်ရှုံးတယ်ကွ….. ဝမ်းသာလိုက်တာနော…အဟင့်…

  • သားဦး၊မြေးဦး

    June 25, 2012 at 5:34 pm

    အီတလီ အပီကန်သွားပါ၏။ကိုဂီက ပျော်၍ ကျနော်တို ့မှိုင်လေပြီ။
    အီတလီ ဗိုလ်စွဲသွားနိုင်၏

  • အလင်းဆက်

    June 25, 2012 at 8:39 pm

    အခု တလောတော့ ဘောပွဲတွေ..တယ်ကောင်းနေတယ် ။ ဘောပွဲကို သိပ် ဝါသနာမပါ တဲ ့

    အလက်ဆင်းတောင် ဘောပွဲ တချို ့ကြည့်ဖြစ်သေးတယ်။

    ဘီယာဘူးအသင်းနဲ ့လီဘာပူး…အသင်း ကန်တာ ကြည့်ချင်မိပါကြောင်း….
    ဘောပို့ စ်လေးအတွက်..
    ကျေးကျေးပါ..ကိုင်္ကြးီမောင်ပေ..ဟေ ဟေ ..ဟေ….ဟေ…ရေ..

  • Mလုလင်

    June 26, 2012 at 1:20 am

    မိနစ် ကိုးဆယ် အတွက် အီတလီ အသင်း နဲ့ ရွာထဲက အစ်ကိုကြီး ကြောင်ဝတုတ် ကို ကျေးဇူးတင်ပါတယ်လို့ … အဲဒါလေးပါ။

    • amatmin

      June 26, 2012 at 12:16 pm

      ကိုလုလင်ရေ..
      ချစ်စရာ ကိုကြောင်ဝတုတ်ကို
      ကျနော့အတွက်လည်းကျေးဇူးပိုတင်ပေးလိုက်ပါဗျာ.. 😛

    • ကြောင်ဝတုတ်

      June 26, 2012 at 1:55 pm

      လုပ်ကြပေါ့…
      တစ်ပွဲကို မိနစ်ကိုးဆယ်လောင်းလို့ ကြေးမနိုင်ပေမယ့် အီတလီနိုင်သွားတဲ့အတွက် ကျေနပ်ပါတယ်…
      အီတလီသာနိုင်မယ်ဆိုရင် တစ်ပွဲတစ်သောင်းလဲပေးမယ်ဗျို့…

      ဒါထက် အမေစုက လောလောဆယ်ပြင်သစ်ကိုရောက်နေတယ်ဗျ…
      ပြီးရင် ဂျာမနီကိုဆက်သွားမယ်ဆိုလား… နယ်ချင်းထိစပ်နေတဲ့ စပိန်ကိုပဲ ရထားစီးသွားမယ်ဆိုလားဗျာ…
      အမေရေ… ဂျာမနီမှာ ဘာလင်တံတိုင်းကြီးဖြိုထားတဲ့နေရာကိုသွားပြီး ငြိမ်းချမ်းရေးအတွက်ဆုတောင်းပါဦးလားဗျာ…

      အဇူရီကြောင်ဝတုတ်

      • amatmin

        June 26, 2012 at 2:26 pm

        ဪ.အီတလီမှာ
        ပုပ်ရဟန်းမင်းကြီးကို သွားတွေ့မှာပါလို့ဆိုနေမှရယ်..
        The Lady က The Old Lay ကလပ်ကိုသွားမယ်ဆိုလို့
        ပီယာလို.ချီလီနီတို့ တူရင်သားတွေတောင်ပြန်ချင်ချင်ရယ်. 🙂

  • intro

    June 26, 2012 at 2:57 pm

    နာလဲ အီတလီပရိတ်သတ်နော်… အီတလီမှာ စူပါ မာရီယို တစ်ယောက်ကလွဲရင် အားလုံး ကြိုက်တယ်… မိုက်တယ်ဗျာ… အင်္ဂလန်ကို ခြေစွမ်းအသာနဲ့ ကန်နိုင်သွားတယ်…

  • ကိုရင်စည်သူ

    June 26, 2012 at 3:42 pm

    ကျွန်ုပ်၏ လန်ကြီး ရှူံးနိမ့်သွားသည့်အတွက်
    ယနေ့မှစပြီး အီတလီကြီးရဲ့ ဆန့်ကျင်ဘက်အသင်းသာ
    အားပေးတော့မည်ဟု သစ်စာပြုပါသည်။၏ 🙂 🙂

    • ကြောင်ဝတုတ်

      June 26, 2012 at 4:42 pm

      ဟိုကောင် ရွှေတိုက်စိုးလဲ အီတလီပရိတ်သတ်တဲ့ မနေ့ညက ဝန်ခံသွားတယ်…
      အခုကျတော့ ပိတ်နေတယ်… ပါးစပ်…

      အဇူရီကြောင်ဝတုတ်

Leave a Reply