ကျိုင်းတုံမြို့လည်က နောင်တုံကန်
ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ဘုရားတွေလဲ ဖူးပြီးပြီ ဆိုတော့ မြို့ထဲက အထင်ကရနာမည်ကြီး နေရာတွေနဲ့ မြို့ထဲကို လျှောက်လည်ကြရအောင်ဗျာ……
ကျိုင်းတုံမြို့လည်မှာ နာမည်ကြီး နောင်တုံကန်ရှိပါတယ်….. တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ မြို့ရဲ့အလယ်မှာ ဒီနောင်တုံကန်က တည်ရှိနေတာပါ…. မြို့ခံလူတွေကတော့ နဂါးကန်လို့လဲ ပြောကြပါတယ်.. ကန်ပတ်လည်မှာ ကားလမ်းရှိပြီတော့ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင် နဲ့ ရိုးရာစားသောက်စရာ ဆိုင်လေးတွေ ရှိပါတယ်… ကျိုင်းတုံမြို့ရဲ့ အပန်းဖြေစရာနေရာလေးတစ်ခုပေါ့…..ညနေစောင်းပြီဆိုရင် ကန်ပတ်ပတ်လည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လူတွေစည်လာသလို….ကန်ကိုပတ်ပြီးလမ်းလျှောက်၊စက်ဘီးစီး၊ ဆိုင်ကယ်မောင်း၊ကားမောင်းတဲ့သူတွေနဲ့ အတူတူ …. ကန်ဘေးမှာရှိတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီး စကားပြောနေကြတဲ့ ချစ်သူစုံတွဲလေးတွေကိုလဲ တွေ့ရတတ်ပါတယ်….
ဒီပုံလေးကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံ ရေကန်နဲ့ စွန်တောင်း စေတီပုံလေးပါ…..(photo from facebook)
ဒါကတော့ နောင်တုံကန်နဲ့ ရပ်တော်မူဘုရားပုံလေးပါ…(photo from facebook)
ဒါကတော့ နောင်တုံကန်ပုံပါ…(photo from facebook)
ဒါကတော့ ကျိုင်းတုံမြို့နဲ့ နောင်တုံကန်ကို ရိုက်ထားတဲ့ပုံလေးပါ….(photo from google map)
ဒါကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံကန် ကိုရိုက်ထားတဲ့ ပုံလေးတွေပါ (photo from facebook)
နောင်တုံကန်ဘေးက လက်ဖက်ရည်ဆိုင်ကလေး(photo from facebook)
ဟာဂျာ
ကန်ဘေးထိုင်ပြီး ထိုင်သောက်ရရင် ရှယ်ဘဲဗျ
ကဲ ရွာထဲက ဘယ်သူလိုက်မလဲ
ကျိုင်းတုံးသွားမယ်အေ့ ဘုုရားလည်းဖူးမယ် ဌက်သိုက်လည်း နှိုက်မယ်
Was this answer helpful?
LikeDislikewater-melon ရေ ကန်ဘေးထိုင်ပြီးးးးထိုင်သောက်ရရင် ဆိုတာလေးကို သဘောကျတယ်ဗျာ…အဲဒီကလက်ဖက်ရည်ဆိုင်မှာ သောက်ချင်တာ အကုန်ရပါတယ်ခင်ဗျာ…..
Was this answer helpful?
LikeDislikeဟုတ် အန်တီဝဏက ကျိုင်းတုံသားလားဗျ
ညနေစောင်း ကန်ဘေးမှာ လမ်းလျှောက်ချင်လိုက်တာဗျ
အရမ်းလှတယ်ဗျာ
ကျေးဇူး
Was this answer helpful?
LikeDislikeမဟုတ်ပါဘူးဗျာ….မန်းတလေးသားပါခင်ဗျ
Was this answer helpful?
LikeDislikeဟဲ့ဟဲ့ ဖြဲဒီးမ နင့်လက်ကိုက ဝက်မြှီးလိုဘဲ ဟိုနှိုက်ဒီနှိုက်နဲ့ အငြိမ်ကိုမနေဘူး
Was this answer helpful?
LikeDislikeအရမ်းသာယာ စည်ကားမယ့် မြို ့တစ်မြို ့ဘဲနော ။
သွားဖြစ်ခဲ့ရင်တော့ ၊ ဓါတ်ပုံတွေ ရိုက်ရုံတင်မက …
ဓါတ်ပုံတွေ ရိုက်ရုံတင်မက…
မကဘူးဗျာ ။
Was this answer helpful?
LikeDislikeကိုWunna Aung ရေ ကျိုင်းတုံကို အားပါးတရ ကြည့်ရတာ ကျေးကျေးပါ ..
ဂေဇက် စည်းကမ်းလေးရှိတာ သတိမမှုဖြစ်မှာစိုးလို့ လက်တို့လိုက်တယ်နော် .. တစ်နေ့ နှစ်ပုဒ်ထက် ပိုရဘူးတဲ့။..
Was this answer helpful?
LikeDislikeအေးဗျာ ပိုသွားပြီဗျ…..သတိမထားမိလိုက်ဘူး…..ခုလိုသတိပေးတာကျေးဇူးတင်ပါတယ်ဗျာ…… တဂျီးကိုလဲ တောင်းပန်ပါတယ်…..
Was this answer helpful?
LikeDislikeအလည်အပတ်ဝင်သွားပါတယ်ရှင်……
တကယ့်အပြင်မှာမရောက်နိုင်တဲ…ညလေး တို.ကို….
ပုံလေးတွေနဲ.အရောက်ပို.ခဲ.လို.ကျေးဇူးတင်ပါတယ်…….
ဝါးငိုက်လို……နောင်တုံကန်ဘေးက….လက်ဖက်ရည်ဆိုင်လည်းထိုင်ဖြစ်ခဲ.ပါတယ်..
ကော်ဘီခါးခါးလေး…တစ်ခွေက်သောက်ခဲ.ပါတယ်နော်….
Was this answer helpful?
LikeDislikeမြင်စေချင်တဲ့ ဆန္ဒပိုသွားလို ့ပါ။
ကျေးဇူးပါဗျာ။ပုံလေးတွေအတွက်။
နေရာသစ်တစ်ခု ရောက်ဖူးသလိုပါဘဲ။
Was this answer helpful?
LikeDislikeကြက်ဖလေးတွေနဲ့ပုံရယ် အုန်းပင်လားထန်းပင်လားမသိ ရေထဲအရိပ်ကျနေတာမိုက်တယ်ဗျာ။
ကိုရွှေရေ ထပ်တင်ပါအုံး။
ဒါမျိုးလေးတွေ ဒါပေမယ့် နှစ်ပုဒ်ထက်တော့မကျော်စေနဲ့။
တော်ကြာ မန်းလေးသားတွေ စည်းကမ်းချိုးဖောက်တယ်ဆိုပြောခံနေရအုံးမယ်နော်.
Was this answer helpful?
LikeDislikeကျိုင်းတုံ ရောက်ဖူးချင်လိုက်တာဗျာ ….. ကြက်ဖလေးတွေနဲ့ ပုံ မိုက်ဒလယ်ဗျာ။
Was this answer helpful?
LikeDislikeကျေးဇူးဗျာ…ရောက်ဖူးချင်ပါတယ်…..
Was this answer helpful?
LikeDislike