အသစ်ဖွင့်မည့် Ruby Mart ကုန်တိုက်တွင် အိုင်တီမောလ်ပါဝင်မည်ဟုဆို

khinmintatthuJune 25, 20101min641

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် မကြာမီဖွင့်လှစ်မည့် Ruby Mart ကုန်တိုက်တွင် စတုတ္ထထပ်ကို အိုင်တီမောလ်အဖြစ် ထည့်သွင်းဖွင့်လှစ်ရန်အစီအစဉ်ရှိကြောင်း အိုင်တီလုပ်ငန်းရှင်အချို့က ပြောကြားသည်။

ထိုကုန်တိုက်သည် ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ကုန်သွယ်လယ်ယာရုံးဟောင်းကို ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်တိုက်၏အောက်ခြေသုံးလွှာကို အခြားသောကုန်တိုက်များကဲ့သို့ပင် အဝတ်အထည်နှင့် ကုန်စည်မျိုးစုံကို ခင်းကျင်းရောင်းချမည်ဖြစ်ပြီး စတုတ္ထလွှာရှိဆိုင်ခန်း ၁၆ ခန်းကို အိုင်တီမောလ်အဖြစ်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါဆိုင်ခန်းများအတွက် ဈေးကွက်ရှာဖွေရာတွင် ဩဂုတ်လအတွင်း ဖွင့်လှစ်မည်ဟုဆိုကြောင်း အိုင်တီလုပ်ငန်းရှင်များကပြောသည်။ ကွန်ပျူတာအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “Ruby Mart က Marketing လုပ်တော့ စတုတ္တလွှာမှာ ၁၆ ခန်းရှိတယ်လို့ဆိုပါတယ်။ မိုဘိုင်းဖုန်းဆိုင်တစ်ချို့ကတော့ Ruby Mart မှာဖွင့်မယ်လို့ သိထားပါတယ်။ ကွန်ပျူတာဆိုင်တွေကတော့ ဘယ်သူတွေ ဝင်ရောက်ဖွင့်လှစ်ကြမယ်ဆိုတာ မသိသေးဘူး” ဟုပြောသည်။ ထိုအိုင်တီမောလ်ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်၍ အဆိုပါကုန်တိုက်မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။ ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်မည်ဟု သတင်းထုတ်ပြန်ထားသော အိုင်တီမောလ်များမှာ ဂျူပီတာ၊ တော်ဝင်စင်တာ၊ ဘီအေကေနှင့် ယခုဖွင့်လှစ်မည့် Ruby Mart တို့ဖြစ်သည်။

အင်တာနက် ဂျာနယ်မှ တစ်ဆင့်ဖော်ပြလိုက်သည်

One comment

  • snow

    June 26, 2010 at 8:11 am

    အင်း အားအားနေလျောက်သွားတတ်တဲ့သူတွေအတွက်တော့သွားစရာနေရာတိုးသွားတာပေါ့
    လုပ်ငန်းရှင်တွေအတွက်တော့ရစရာနေရာလေးတိုးသါားတာပေါ့
    ဆင်းရဲသားတွေအတွက်တော့ မြင်သာမြင်တယ်မကြင်ရတဲ့နေရာတိုးသွားတာပေါ့

Leave a Reply