အနိစ္စ= ဒုက္ခ= အနတ္တ

အနိစ္စ= ဒုက္ခ= အနတ္တ=
ဗုဒ္ဓ ရဲ့လမ်းညွှန်မှု..။
ပွားရှုဖို့ အတန်တန်မှာခဲ့တယ်။
ဘယ်လိုပွားရမလဲ…
ဘာတွေ… ဘယ်လို အကျိုးရမှာလဲ..
အနိစ္စ= အမြဲမရှိတဲ့။ ဟုတ်တယ်လေ.. ဒီခန္ဓာကိုယ်ကြီးက မြဲလို့လား။ အမြဲမပြတ် အသစ်အဟောင်းတွေပြောင်းလဲနေတာ.. ဘယ်မှာမြဲလို့လဲ။ ဒါလဲ ““အနိစ္စ”” မှန်တာပေါ့။

ဒုက္ခ= ဆင်းရဲတဲ့။ ဟုတ်တာပေါ့.. ဒီခန္ဓာကိုယ်ကြီးရှိနေတော့ နာတာ..ကျင်တာ ကိုက်တာ ခဲတာ.. ဒီဆင်းရဲတွေရှိနေတာ.. ဘာငြင်းမှာလဲ။
ဒုက္ခ=ဆင်းရဲကြီးပဲ။ အဲ…..တစ်ခုတော့ သတိပြု.. သုခဆိုတာရှိလို့ ဒုက္ခဆိုတာသိရတာတဲ့…
အဲ… ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေ ခံစားနေရတာ ဆိုရင်…
ဒီကောင်ကြီးမရှိရင်.. သုခကိုကော ခံစားလို့ရပါတော့မလား။ ဒါက ဘုရားဟောနဲ့ မဆိုင်ဘူးနော်..
ဒုက္ခ-အရကို ဒီကိုယ်ကောင်ကြီးရှုရမယ်လို့ ကောက်ပြတဲ့ သူကိုပြောတာ။

အနတ္တ= အစိုးမရဘူးတဲ့။ အနှစ်သာရမရှိဘူးတဲ့။ ဟုတ်တာပေါ့.. ဒီခန္ဓာကိုယ်ကြီးမှာ ဘာများအနှစ်သာရရှိလို့လဲ။ သွေးတွေ.. ပြည်တွေ..
မစင်တွေ.. ကလီစာတွေ.. အို… ရွံစရာကြီး။
အဲ….. တစ်ခုတော့ ရှိတယ်။ ဒီ အနိစ္စ- ဒုက္ခ- အနတ္တ-ဆိုတာ ဗုဒ္ဓရဲ့ နှုတ်ထွက်တော်ပဲ။
ဒါပေမယ့်…. နားလည်ဖို့ပြန်ဆိုရာမှာတော့လဲ ရှုမြင်ပုံခြင်း တူပေမယ့် ရှုရမယ့် နေရာ မတူပဲ.. မူကွဲနိုင်တာပေါ့။
ဒါပေမယ့် လူထဲမှာ အကျိုးများတယ်ဆိုရင်တော့လဲ ဘာဖြစ်ဖြစ်ကောင်းပါတယ်။

ဒီလို ခန္ဓာကိုယ်ကြီးကို
“မမြဲဘူး”
“ဆင်းရဲတယ်”
“ဘာအနှစ်သာရမှ မရှိဘူး”
အဲဒီလို ရှုပွားလို့ ကိုယ့်အသိမှာ စွဲထင်သွားပြီ..
စွဲမြင်သွားပြီဆိုရင်တော့ ဒီခန္ဓာကိုယ်ကြီးကို မုန်းပြီပေါ့။ မုန်းပြီဆိုမှတော့ မစွဲလမ်းတော့ဘူး။ မစွဲလမ်းရင် ခန္ဓာဆုံးပြီပေါ့။ ဒီတော့ ငြိမ်းအေးပြီပေါ့။
ဒါက ခန္ဓာကိုယ်ကြီးထပ်မဖြစ်ရေး… ဒီခန္ဓာကိုယ်ကြီးရှိနေလို့ ခန္ဓာဒုက္ခတွေ ရလို့..ခန္ဓာကိုယ် ထပ်မဖြစ်ရေး.. ဒို့ အရေး.. ဒို့အရေး…
နောက်ထပ်တနည်း
အနိစ္စ=အမြဲမရှိ။
ဒုက္ခ=ဆင်းရဲ၏ ။
အနတ္တ=ဘာအနှစ်သာရမှ မရှိ။
ပါဠိရော… မြန်မာပြန်ပါ အားလုံးတူပါတယ်။
အဲ.. မတူတာလေးက အပွားခံတဲ့ ဋ္ဌာန။ လူ့ခန္ဓာကိုယ်မှာ မဟုတ်ပဲ.. လူ့စိတ်မှာ ပွားကြည့်တာ။

ကဲ.. မူကွဲကို လူထဲချကြည့်ရအောင်…
ပဘဿရမိဒံ စိတ္တံ… လူ့ပင်ကိုယ်စိတ်က တောက်ပြောင်နေတယ်တဲ့။ ဒါကို မမေ့နဲ့။ အမြဲသတိထား။ ဘုရားဟောထားတာနော်။
လူ့စိတ်မှာ အမြဲတမ်းဒေါသတွေ အာဃာတတွေ ထကြွသောင်းကျန်းနေတာတော့ မဟုတ်ပါဘူး။ အဆင့်မသင့်တဲ့အခါမျိုးတွေမှာသာ လူ့စိတ်မှာ လောဘတွေဖြစ်။ ဒေါသတွေဖြစ်။ အာဃာတတွေဖြစ်။ ငါကွဆိုတဲ့ မာနတွေဖြစ်တာပါ။
အဲဒီ လောဘ ဒေါသ မာန အာဃာတ ဆိုတဲ့ ကိလေသာတွေ လူ့စိတ်မှာ ထကြွသောင်းကျန်းတာဟာ အမြဲတမ်းမဟုတ်ဘူး။ အဆင်မသင့်တဲ့ တခါတလေပါ။
ဒါကြောင့် ဒီလောဘ ဒေါသ မာန ဆိုတဲ့ကိလေသာတွေဟာ “အနိစ္စ” လူ့စိတ်မှာ အမြဲဖြစ်နေတာ မဟုတ်ပါလို့။ လူတိုင်း အမြဲစိတ်တိုနေလို့လား။ တခါတလေလေးရယ်မှ တခါတလေလေးပါ။

ဒုက္ခ= အဲဒီ လောဘတွေ ဒေါသတွေ မာနတွေ လူ့စိတ်မှာဖြစ်ပြီဆိုရင်တော့ လူမှာဆင်းရဲပြီသာမှတ်။ ဒုက္ခဆင်းရဲတယ်ဆိုတာ လူ့စိတ်မှာ ကိလေသာတွေ ဖြစ်လို့။ ထကြွသောင်းကျန်းနေလို့။ လူ ဆင်းရဲရတာ။
ဒေါသတွေဖြစ်နေတဲ့ လူတစ်ယောက်ကိုကြည့်လိုက်။ လက်တွေ့သိမြင်ရပါတယ်။ တချို့ဆို ဒေါသတွေနှိပ်စက်လို့ ဒေါသတွေအားကြီးလို့ နှလုံးရပ် သွေးတိုးပြီး သေသွားတဲ့အထိ။
ကဲကြည့်… ဒေါသ ဆိုတဲ့ ကိလေသာ.. လူမှာ ဘယ်လောက်တောင် ဒုက္ခပေးသလဲ။

အနတ္တ= အဲဒီ လောဘတွေ.. ဒေါသတွေ.. မာနတွေ.. ဆိုတဲ့ ကိလေသာတွေဟာ လူ့အတွက် ဘာများအနှစ်သာရရှိသလဲ။ ဘယ်လိုအနှစ်သာရများ ပေးလို့လဲ။
ဒါကြောင့် ဘုရားက ပြောတာ။ လူ့အရည်အသွေးအမြင့်ဆုံးဟာ “ရဟန္တာ”
ရဟန္တာဆိုတာ ကိလေသာမရှိသူလို့။

မသီတာထွေး ကိစ္စ.. အနီးဆုံးလေးကြည့်ကြရအောင်…
မောင်ထက်ထက်..
သူဟာ အမြဲတမ်းတော့ ဒီလို သတ်ဖို့.. ဖြတ်ဖို့.. စော်ကားဖို့တွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ သူ့စိတ်ကောင်းနေတဲ့ အခါတွေ အများကြီးရှိမှာပါ။
သူ့တသက်မှာ ဒီအရွယ် ဒီအချိန် ဒီအခါမှ ဒါမျိုးအထိလာဖြစ်တာကို ကြည့်ရင်… သိနိုင်ပါတယ်။
အဲ… သူစိတ်မှာ အမြဲတမ်းသောင်းကျန်းမနေတဲ့ ကိလေသာစိတ်တွေ ဝင်ရောက်ပူးကပ်လာခဲ့ပါပြီ။ အဲဒီလို သူ့စိတ်မှာ အမြဲမရှိတဲ့ ဒေါသ မာန တဏှာ စတဲ့ ကိလေသာစိတ်တွေ ဝင်လာတော့ သူဟာ မသီတာထွေးကို စော်ကားမှု။ သတ်မှု။ ရိုင်းပျမှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပါပြီ။
အဲဒီလို ကျူးလွန်ပြီးသွားတဲ့အချိန်.. ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာတော့ သူ့စိတ်မှာ ဒေါသတွေ.. မာနတွေ.. တဏှာတွေ ဆိုတာ မရှိလောက်တော့ပါဘူး။ နောင်တတွေလဲ ရနေနိုင်ပါတယ်။ ဒေါသနေရာမှာ ပူပန်မှုတွေလဲ အစားထိုးဝင်ရောက်လာနိုင်ပါတယ်။
ဒါကြောင့် မောင်ထက်ထက်ရဲ့စိတ်မှာ ဒီ ဒေါသတို့ တဏှာတို့ မာနတို့ဆိုတဲ့ ကိလေသာစိတ်တွေဟာ အမြဲတမ်းတော့ထကြွမနေပါဘူး။
အနိစ္စ =အမြဲမရှိတဲ့ အရာပါ။

ဒုက္ခ= အဲဒီလို မောင်ထက်ထက်ရဲ့ စိတ်မှာ ဒေါသတွေ မာနတွေ တဏှာတွေ စတဲ့ ကိလေသာစိတ်တွေ သောင်းကျန်းပြီး အဲဒီကိလေသာစိတ်တွေကို နိုင်အောင် မထိန်းနိုင်လို့ ခုလို မုဒိမ်းကျင့် လူသတ်မှုတွေကျူးလွန်လိုက်တော့ ဆင်းရဲဒုက္ခတွေ တွေ့ကြုံ ခံစားရပြီပေါ့။
ဒုက္ခ=ကိလေသာတွေ မောင်ထက်မှာ ဝင်ရောက်ချယ်လှယ်ခံလိုက်ရတော့ မောင်ထက် ဒုက္ခရောက်ပြီပေါ့။ ဒုက္ခတွေ မခံစားနိုင်တော့ သူ့ကိုယ်သူတောင် ကြိုးဆွဲချသေသွားရှာတယ်။ ဒါတွေဟာ ဘာကြောင့်လဲ သူ့စိတ်မှာ ကိလေသာဝင်ပြီးအပူးခံလိုက်ရလို့။

အနတ္တ= အဲဒီ ဒေါသတွေ.. အဃာတတွေ.. မာနတွေ. ဆိုတဲ့ ကိလေသာတွေဟာ မောင်ထက်ထက်အတွက်တော့ ဘာအနှစ်သာရမှ မရှိခဲ့ပါဘူး။ မရှိနိုင်ပါဘူး။

ဒီနေ့ မောင်တော ဘူသီးတောင် မှာ နေကြတဲ့ လူတွေ..
သူတို့တတွေ အမြဲတမ်း ခုလိုတဦးနဲ့တဦး တအားမုန်းပြီးနေကြတာ မဟုတ်ပါဘူး။
ခုတော့ အဲဒီက လူတွေရဲ့စိတ်တွေမှာ ဒေါသတွေ မာနတွေ အာဃာတတွေ ဝင်ပူးခံလိုက်ကြရပါတယ်။ အမြဲတမ်း ထကြွနေကြတာမဟုတ်ပါဘူး။ သူတို့ အမြဲတမ်း သတ်နေကြတာလဲ မဟုတ်ပါဘူး။ ဒါကြောင့်..
“အနိစ္စ” လောဘ ဒေါသ မာန အာဃာတဆိုတဲ့ ကိလေသာတွေဟာ လူစိတ်မှာ အမြဲရှိနေတဲ့အရာမဟုတ်ပါဘူး။ အနိစ္စ- လူစိတ်မှာ အမြဲမရှိတဲ့အရာပါ။

“ဒုက္ခ” အဲဒီ ဒေါသ မာန အာဃာတ တွေလူ့စိတ်တွေမှာ အဝင်ခံလိုက်ရပြီဆိုရင်တော့ အဲဒီလူတွေ ဆင်းရဲပြီသာမှတ်။
“အနတ္တ” အဲဒီ လောဘ ဒေါသ မာန စတဲ့ ကိလေသာတွေဟာ လူတွေအတွက်တော့ ဘာမှ အနှစ်သာရ မရှိပါဘူး။

ဒီနေ့ ဘူးသီးတောင် မောင်တောမှာ လူတွေသတ်နေကြတယ်။ လုယက်နေကြတယ်ဆိုတာ တကယ်တော့ လူတွေ မဟုတ်ပါဘူး။
လူကို ဒေါသတွေ လောဘတွေ မာနတွေ ဝင်ပူးပြီး အဲဒီလောဘ ဒေါသ မာန တွေက သတ်နေကြတာပါ။ ခိုးနေကြတာပါ။ လုယက်နေကြတာပါ။
လူမှာ လောဘမရှိရင် ခိုးမရနိုင်ပါဘူး။
လူမှာ ဒေါသမရှိရင် သတ်မရနိုင်ပါဘူး။ သေချာစဉ်းစားကြည့်ပါ။
ဒီလိုဆိုရင် ခိုးတယ် သတ်တယ်ဆိုတာ လူလား.. ကိလေသာလား။
လူတိုင်း အမြဲတမ်းကော သတ်နေလို့လား။ အမြဲတမ်းကော ခိုးနေလို့လား။
လောဘဝင်တဲ့အချိန်ခိုးမိတယ်။ ဒေါသဝင်တဲ့အချိန် သတ်မိတယ်။
ဒါကြောင့် လောဘတို့ ဒေါသတို့ဟာ လူတွေမှာ အမြဲဖြစ်နေတဲ့အရာမဟုတ်ပါဘူး။ တခါတခါမှာဖြစ်တဲ့ အရာ။ ဒါကြောင့် အနိစ္စပါ။
အဲဒီ ကိလေသာတွေဝင်ခံရင် လူမှာ ဒုက္ခရောက်ပါပြီ။
အဲဒီ ကိလေသာတွေဟာ လူသားတွေအတွက် ဘာအနှစ်သာရမှ မရှိတဲ့ အနတ္တပါ။
အဲဒီလို လူစိတ်မှာ ပူးဝင်လာတဲ့ ကိလေသာတွေရဲ့ မမြဲပုံ။ ကိလေသာတွေကြောင့် ဆင်းရဲပုံ။ ကိလေသာတွေရဲ့ အနှစ်သာရမရှိပုံတွေကို မြင်အောင်ကြည့်နေမယ်။ အမြဲတမ်း လူမှာ မဖြစ်အောင် သတိထားပြီးပွားနေမယ်။ ဆိုရင်.. လူမှာ လောဘတွေ ဒေါသတွေ နည်းပါးသွားနိုင်ပါတယ်။
လူမှာ ဒေါသ ၁၀-ခါဖြစ်လို့ ၁၀-ခါ ဒုက္ခရောက်တာကို မြင်အောင်ကြည့်ပြီး ဒေါသ နည်းအောင် သတိနဲ့ပွားနေလို့.. ဒေါသ ၅-ခါပဲ ဖြစ်တော့ရင် ဒုက္ခလဲ ၅=ခါပဲ ဖြစ်တော့မှာပါ။
ဟုတ်ကဲ့…
သဘောမပေါက်ရင်လဲ တင်ပြပုံကျွန်တော်ညံ့လို့ပါ။
အနိစ္စ။ ဒုက္ခ။ အနတ္တ။ အမြဲမရှိတာ။ ဆင်းရဲတာ။ အနှစ်သာရမရှိတာ။ ဒါတွေဟာ ဘုရားဟော။ တရားသဘောကို မြင်အောင်လို့။
အဲ…. ဘယ်နေရာမှာရှုမလဲ။
ဒီခန္ဓာကိုယ်ကြီး.. မမြဲဘူး။ ဆင်းရဲတယ်။ ဒီခန္ဓာကိုယ်ကြီး အနှစ်သာရမရှိဘူး။
ဒါက တနည်း။ ဒီရှုနည်းက … နောင် ခန္ဓာမဖြစ်ရေးဆီ ဦးတည်။
နောက်တနည်း။
လောဘ. ဒေါသ. မာန. ဒီကိလေသာတွေဟာ လူမှာ အမြဲမရှိဘူး။ အဲဒီတရားတွေဟာ လူကို ဆင်းရဲစေတယ်။ အဲဒီတရားတွေဟာ လူသားတွေအတွက် ဘာအနှစ်သာရမှ မရှိဘူး။ ဒီနည်းက လက်ရှိလူသားဘဝ ငြိမ်းချမ်းရေး။
တကမ္ဘာလုံးလူသားတွေ အဲဒီအမြင်ပေါက်သွားခဲ့ရင်…..

ကဲ … ဒါပါပဲ တော်ပြီ..
သူ့အမြင်နဲ့ သူ့ရှုဒေါင့် အားလုံးတော့ ဖြောင့်နေတာပါပဲ။ ဘယ်ဟာမှ မမှားပါဘူး။
စိတ်ငြိမ်းချမ်းချင်တယ်။ လူသားဘဝ ငြိမ်းချမ်းချင်တယ်ဆိုရင်.. လောဘ ဒေါသ မောဟ တွေကို မမြဲဘူး။ ဆင်းရဲစေတယ်။ လူအတွက် အနှစ်သာရမရှိဘူးရှု။
နောင်ဘဝ ဒီကိုယ်ကောင်ကြီးထပ်မဖြစ်ချင်ရင်… ဒီခန္ဓာကိုယ်ကြီး မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးရှု။

ငါ ဦးပေဆိုတဲ့သူကြီးဟာ “အနိစ္စ” အမြဲမရှိတဲ့သူကြီး။ နေ့စဉ်ဖောက်ပြန်နေတဲ့ သူကြီး။ တနေ့ သေရမယ့်သူကြီး။ ဒါကြောင့် ငါ ဦးပေဟာ အနိစ္စ။ အမြဲမရှိသူကြီး။

ငါဦးပေဆိုတဲ့ သူကြီးဟာ “ဒုက္ခ” ဆင်းရဲတုံး ဆင်းရဲခဲကြီး။ ဒုက္ခကောင်ကြီး။

ငါဦးပေဆိုတဲ့ သူကြီးဟာ “ အနတ္တ” ဘာမှ အနှစ်သာရမရှိတဲ့ ကောင်ကြီး။
များများရှုပွားမှ .. ဦးပေဆိုတာကြီးကိုမုန်းပြီး .. ဦးပေဆိုတာကြီး နောင်မှာဆုံးလို့ လုံးလုံးကြီး ဘာမှမဖြစ်တော့မှ ဦးပေ ဒုက္ခ ငြိမ်းမှာ။
ငါဦးပေဆိုတဲ့လူမှာ လောဘတွေ ဒေါသတွေ မာနတွေ အမြဲဖြစ်မနေဘူး။ တခါတခါတော့ဖြစ်တတ်တယ်။ ဒီတော့ ဒီလောဘ ဒေါသ တွေဟာ အမြဲမဖြစ်ပဲ တခါတခါမှ ဖြစ်လို့ အနိစ္စကောင်တွေ။

ငါဦးပေဆိုတဲ့လူမှာ ဒီကိလေသာဆိုတဲ့ လောဘတွေ ဒေါသတွေ မာနတွေဝင်ပြီဆိုရင်တော့ ငါဦးပေဆင်းရဲပြီ။ ဒုက္ခတွေတွေ့ပြီ။ ဒေါသ အနည်းအများအတိုင်း ဆင်းရဲအနည်းအများလဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီဒေါသတွေ မာနတွေဟာ ငါဦးပေအတွက်တော့ ဒုက္ခကောင်တွေပဲ။

ဒီလောဘ ဒေါသ မာနတွေဟာ ငါဦးပေအတွက် ဘာမှ အနှစ်သာရ မရှိတဲ့ ကိလေသာတွေပဲ။ အနတ္တကောင်တွေပဲ။
ဒီတော့ ဒီကိလေသာတွေဟာ ငါဦးပေမှာ အမြဲဖြစ်နေတာ မဟုတ်လို့။ အနိစ္စ။ ငါ့ကိုဆင်းရဲစေလို့ ဒုက္ခ။ ငါ့အတွက် ဘာအနှစ်သာရမှ မရှိလို့ အနတ္တ။

များများရှုပွားမှ လောဘ ဒေါသ ကိလေသာတွေရဲ့ အပြစ်တွေကိုမြင်လို့ ကိလေသာကို ရွံမုန်းပြီး ကိလေသာဆုံးအောင်လုပ်လို့…
လူ့အဆင့်အမြင့်ဆုံးသူဟာ ရဟန္တာ။
ရဟန္တာဆိုတာ ကိလေသာ လုံးဝမရှိသူ။

18 comments

  • kai

    June 25, 2012 at 1:43 am

    ဒီခေတ်က.. ဒစ်ဂျစ်တယ်ခေတ်…ဆိုတော့..
    အခုပြောပြရှင်းပြတာတွေ.. အင်မတန်သိနားလည်လွယ်မယ်ထင်မိတယ်..
    သာဓုခေါ်ရင်း.. ထောက်ခံဖြည့်ရေးပါမယ်နော..

    ဒစ်ဂျစ်တယ်ကင်မရာနဲ့.. ကမ္ဘာအနောက်ခြမ်းက.. ဘိုမချောချော..ကိုယ်လုံးတီးပုံလေးရိုက်.. မီမိုရီထဲ.. ဘိုင်နရီဒစ်ဂျစ် .. 01 တွေနဲ့သိမ်း.. တိမ်(Cloud) ပေါ်01 တွေနဲ့တင်.. အင်တာနက်ကတဆင့်.. ဝက်ဘ်ဆိုက်တခုမှာ ပြလိုက်တဲ့အခါ… ကြည့်သူသိန်းသန်းများရဲ့.. ခန္ဓာဝင်ပေါက်ဒွာရတခု.. (မျက်လုံး)ထဲကနေ..ခန္ဓာထဲ ဝင်သွားကြပါတယ်..

    မြန်မာပြည် မြောက်ပိုင်း. မြစ်ကြီးနားမြို့က.. အင်တာနက်တက်နေသူတဦးရဲ့.. နာမ်ထဲလည်း..01 တွေကနေတဆင့်.. ရုပ်ပုံပြောင်းပြီး.. ဝင်ပါတယ်..

    ဆိုတော့…
    ကိလေသာတွေ ထကြွလာပါလေရော..

    အနိစ္စ..ဒုက္ခ..အနတ္တ.. 🙂

  • မမ အညာသူ

    June 25, 2012 at 9:53 am

    အန်ကယ်ဇောက်ရဲ့စာကအရမ်းပဲကောင်းပါတယ်……
    ခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်……
    ညာလဲဆက်လက်အားပေးလျက်ပါနော်……….

  • ဇောက် ထိုး

    June 25, 2012 at 11:05 am

    ဟဲ့ အညာသူ။ ဟိုဘက်လောက်မှာ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ ပို့စ်ကို ရှာဖတ်စမ်း။
    နွားကျောင်းသား ဘဝကနေ နွားပိုင်ရှင်ဖြစ်အောင်ကျိုးစား။ ကြားရဲ့လား။
    အားပေးဖို့ချည်း မလုပ်နဲ့။ မိုးဟေကိုချည်း အားပေးမနေနဲ့။ ကိုယ်တိုင်မိုးဟေကိုဖြစ်အောင်လုပ်။ ကြားရဲ့လား.. ဟင်းဟင်းဟင်း..

    • မောင်ပေ

      June 25, 2012 at 11:45 am

      ဟုတ်ပ မှန်ပ ဖလာ့
      ပြောသင့်နေတာကြာလှပေါ့ ဖလာ့
      မိုးဟေကိုချည်း အားပေးနေမယ့်အစား မိုးဟေကို လိုလေး
      ဟေးဟေး
      ပို ့စ်အတွက် ပြီးမှ သီးသန် ့လာမန် ့ပါအုန်းမယ် အူးဘဇင်း

  • ဇောက် ထိုး

    June 25, 2012 at 11:12 am

    ဦးခိုင်ရယ် စာဖတ်သူတွေ သဘောမပေါက်မှာ အရမ်းစိုးလို့လား မသိဘူး။ စာကရှည်ပြီး လည်နေသလိုခံစားရတယ်။ စိတ်သိပ်မကောင်းသလိုပဲ။ ကိလေသာဆိုတဲ့ စာလုံးကိုရေးတော့လဲ “ကိလေသာ ဆိုတာ ဖို မဆက်ဆံတာကိုပဲ မြင်မှာစိုးတော့ လောဘတွေ ဒေါသတွေ မာနတွေဆိုပြီးအရှေခံပြီးရေးရတယ်။
    ကိလေသာဆိုတာကို ဖိုမဆက်ဆံတာကိုပဲ မြင်ရင်က အကုန်လွဲကုန်မှာစိုးတယ်။
    ဒီပို့စ်မှာ အဓိကပြောချင်တာက တိုတိုလေးပါ။

    အနိစ္စ= ဒုက္ခ=အနတ္တ.. မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးဆိုတာကို ဒီလူကောင်ခန္ဓာကိုယ်ကြီးကိုရှုရမှာလား။ ဒီခန္ဓာကိုယ်ကြီးကို မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးလို့ရှုမလား။

    ဒါမှ မဟုတ်… လူစိတ်မှာ လာလာဖြစ်တဲ့ လောဘတွေ ဒေါသတွေ မာနတွေကို လူ့မှာ အမြဲမရှိတဲ့အရာ။ လူကို ဒုက္ခပေးတဲ့အရာ။ ကိလေသာတွေဟာ လူအတွက် ဘာအနှစ်သာရမှ မရှိတဲ့အရာလို့ရှုမလားဆိုတာ ရှုကွက်နှစ်ခု အမြင်ကိုတင်ပြတာပါ။
    ကိုယ်ကြိုက်တာ ကိုယ်ရှုကြဖို့ပါ။ ဒါပေမယ့် ပြောလိုရင် သဘောမပေါက်မှာ အရမ်းစိုးပြီး လည်နေသလိုပဲ။ မှားရင်လဲ ပြင်ပေးပြီး ရှည်ရင်လဲ သီးခံကြပါဗျာ။

    • kai

      June 25, 2012 at 2:19 pm

      ကွန်ပျူတာဆိုတဲ့..ရုပ်သပ်သပ်..
      ဘိုင်နရီ..ဒစ်ဂျစ်ဆိုတဲ့နာမ်သပ်သပ်..

      အသက်ရှင်ခြင်းနဲ့သဘောတူတဲ့.. လျှပ်စစ်အားသွင်းတဲ့အခါ.. (ဘဝတွေ..သံသရာတွေလို.. )ဒစ်ဂျစ်တွေက.. ဆိုင်ရာအရုပ်တွေ..အမှုတွေအဖြစ်ကပြ.. အသုံးတော်ခံကြတယ်..။
      ဒစ်ဂျစ်ဖြစ်တဲ့.. 01 တွေလို့မမြင်ရတော့ပဲ.. အရုပ်တွေ..ချစ်တာတွေ. .ကြောက်စရာတွေ.. ဂိမ်းတွေ.. စာတွေအဖြစ် ဆိုင်ရာပရိုဂရမ်လိုက်ပြီး.. ပြောင်းလဲအသုံးတော်ခံပါတယ်..

      ဆိုတော့..
      အနိစ္စ= ဒုက္ခ=အနတ္တ.. မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးဆိုတာကို
      ၁) ကွန်ပျုတာစီပီယူ..ဟဒ်ဒစ်စ်နဲ့..ဟဒ်ဝဲယားတွေကဖြစ်လာတယ်..ယူရမှာလား။ အဲဒါကိုရှုရမှာလား..
      ၂) အထဲထည့်ထားတဲ့.. ဘိုင်နရီဒစ်ဂျစ်တခုချင်းစီကို.. 0နဲ့1 အတွဲတွေကဖြစ်နေတယ်..ပျက်နေတယ်.. အတွဲတခုချင်းအသေးစိတ်… လိုက်မှတ်ရမှာလား..
      ၃) ဒီ0 နဲ့..1 အတွဲတွေ ပရိုဂရမ်အရစီရီလိုက်တော့… ဖြစ်လာတဲ့.. အမှုအမှုတွေအလိုက်.. လိုက်ကြည့်ပြီး.. အနိစ္စ= ဒုက္ခ=အနတ္တ..သိမြင်သဘောပေါက်ရမှာလား..

      ဘာတွေဘာဖြစ်ဖြစ်.. လျှပ်စစ်ခလုပ်ပိတ်တော့..” ခေါက်”ကနဲ့ပါပဲ..

      ( ကျုပ်သဘောပေါက်ထားသလိုရေးကြည့်တာပါ..။ နားမလည်ရင်တော့.. တတ်နိုင်ဘူး.. :mrgreen: )

      • kai

        June 26, 2012 at 12:53 am

        ဘိုင်နရီ..ဒစ်ဂျစ်ဆိုတဲ့နာမ်သပ်သပ်..လို့ရေးရတာကို.. ထပ်ရှင်းထားမလို့ပါ..
        တော်ကြာ.. ကျုပ်က ကြောင်နေပြီပြောခံရမှာစိုးလို့.. :mrgreen:

        ဆိုတော့..
        ဝါယာလက်စ်နဲ့အင်တာနက်တက်သူ..ကြည့်သူတွေဟာ.. လေထဲကလာတဲ့.. 01 တွေနဲ့အလုပ်လုပ်ကြတာဖြစ်ပါတယ်..။ လေထဲကရေဒီယိုလှိုင်း.. အနိမ့်အမြင့်ကို.. 0နဲ့1 သဘောလေးယူပြီး.. ဒေတာတွေပို့တယ်ဆိုပါစို့..။
        လေဆိုလို့.. လေမရှိတဲ့..အာကာသထဲလည်း.. ဟတ်ဒ်ဝဲ(ရုပ်)မလိုပဲ.. ပို့လွှတ်နိုင်ပါတယ်..။ သဘောတရားလေးကိုပြောတာပါ..

        လူမှာဆို.. နာမ်ဟာ.. ဝီထိ..အစဉ်တန်းနဲ့သွားတဲ့..သဘောပေါ့..
        ———-
        ဒီသဘောလေးကို သေသေချာချာသဘောပေါက်ရင်.. မိုးပြာဗုဒ္ဓဘာသာဝင်တွေ.. မယူတဲ့.. နောက်နောင်ဘဝတွေအကြောင်း.. အသက်ဝိဉာဉ်ခရီးသွားအကြောင်း..
        ဆွေးနွေးရှင်းပြနိုင်မယ်ထင်တာပါပဲ.. 🙂

        • အရီး Khin Latt

          June 26, 2012 at 3:38 am

          သူကြီး တစ်ယောက်တော့ ဒီ ရက် မှာ ဇီးရိုးတွေ၊ ဝမ်းတွေ နဲ့ ဓာတ်ကျ နေတယ် ဟေ့။
          တနည်း နံပါတ် ပေးနေတာနော်။
          ယူကြ။
          ဘော်လုံးသမား တွေ အတွက် 1:0
          ချဲသမား တွေ အတွက် ၁ဝ (သို့) ဝ၁

  • ဇောက် ထိုး

    June 25, 2012 at 11:15 am

    ဦးခိုင်ရယ် စာဖတ်သူတွေ သဘောမပေါက်မှာ အရမ်းစိုးလို့လား မသိဘူး။ စာကရှည်ပြီး လည်နေသလိုခံစားရတယ်။ စိတ်သိပ်မကောင်းသလိုပဲ။ ကိလေသာဆိုတဲ့ စာလုံးကိုရေးတော့လဲ “ကိလေသာ ဆိုတာ ဖို မဆက်ဆံတာကိုပဲ မြင်မှာစိုးတော့ လောဘတွေ ဒေါသတွေ မာနတွေဆိုပြီးအရှေခံပြီးရေးရတယ်။
    ကိလေသာဆိုတာကို ဖိုမဆက်ဆံတာကိုပဲ မြင်ရင်က အကုန်လွဲကုန်မှာစိုးတယ်။
    ဒီပို့စ်မှာ အဓိကပြောချင်တာက တိုတိုလေးပါ။

    အနိစ္စ= ဒုက္ခ=အနတ္တ.. မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးဆိုတာကို ဒီလူကောင်ခန္ဓာကိုယ်ကြီးကိုရှုရမှာလား။ ဒီခန္ဓာကိုယ်ကြီးကို မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးလို့ရှုမလား။

    ဒါမှ မဟုတ်… လူစိတ်မှာ လာလာဖြစ်တဲ့ လောဘတွေ ဒေါသတွေ မာနတွေကို လူ့မှာ အမြဲမရှိတဲ့အရာ။ လူကို ဒုက္ခပေးတဲ့အရာ။ ကိလေသာတွေဟာ လူအတွက် ဘာအနှစ်သာရမှ မရှိတဲ့အရာလို့ရှုမလားဆိုတာ ရှုကွက်နှစ်ခု အမြင်ကိုတင်ပြတာပါ။

    ကိုယ်ကောင်ကြီးကို မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရမရှိဘူးရှုမလား။
    လူမှာလာဖြစ်တဲ့ ကိလေသာကို … မမြဲဘူး။ ဆင်းရဲတယ်။ အနှစ်သာရ မရှိဘူးရှုမလား။
    ကိုယ်ကြိုက်တာ ကိုယ်ရှုကြဖို့ပါ။ ဒါပေမယ့် ပြောလိုးရင်း သဘောမပေါက်မှာ အရမ်းစိုးပြီး လည်နေသလိုပဲ။ မှားရင်လဲ ပြင်ပေးပြီး ရှည်ရင်လဲ သီးခံကြပါဗျာ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:52 am

    အနိစ္စ….အမြဲမရှိ
    ဒုက္ခ…..ဆင်းရဲခြင်း
    အနတ္တ….အစိုးမရ…တဲ့…
    အော်…….
    မိုက်လေး…မဆိုးပါဘူး
    လိမ်လိမ်မာမာနဲ့..လောကီ လောကုတ္တရာ
    နှစ်ဖြာအကျိုး ဆပွားတိုးနိုင်အောင်…
    ကြိုးစားနေပါတယ်…။။။။။။။။။

  • mamanoyar

    June 25, 2012 at 11:55 am

    အယ်ကယ်ဇောက်ရေ ကျေးဇူးပါ
    ဖတ်မှတ်သွားပါတယ်နော်

  • စောင့် ကြည့်သူ

    June 25, 2012 at 12:06 pm

    ကို ခြောက်ကိုး ရေးသားသဖြင့် ဖတ်ရှုရတာ လည်တယ်တယ်နဲ့ ဖတ်ကောင်းပါတယ်
    ရင်ထဲမယ် အတိုင်းတာ တခု တော့ကျန်ရစ်ခဲ့ပါတယ်
    ဒါပေမဲ့

  • ရှင်းသန့် နွယ်

    June 25, 2012 at 1:14 pm

    “လောဘ ဒေါသ မာနတွေဟာ ဘာမှ အနှစ်သာရ မရှိတဲ့ ကိလေသာတွေပဲ။ အနတ္တကောင်တွေပဲ။”

    အန်ကယ်ဇောက် ရဲ့post က ဖတ်တဲ့သူကိုနားလည်စေပါတယ်….
    အဲဒီကိလေသာတွေနည်းသထက်နည်းအောင် ကြိုးစားနေပါ့မယ်…

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:18 pm

    ကောင်းပါတယ်…
    ရှင်းသန့်လေးရယ်…
    ကြိုးစားနော်…
    မိုက်လေး ..စောင့်ကြည့်ဦးမယ်..
    ခစ်ခစ်………:P

  • အရီး Khin Latt

    June 26, 2012 at 3:45 am

    ညီမျှခြင်း ကို အတင်း ညှိပြီး ဦးတင်လို့ ဖတ်သွားပါတဲ့ ဖျာ့။

    ဒါနဲ့ ဖျာ့
    စကားမစပ် ဖျာ့
    မောင်ပေ က ဖျာ့
    ဘယ်တုန်းက ဖျာ့
    သူကြီး ဖြစ်သွား ခဲ့တာလဲ ဖျာ့။
    မသိလိုက်ရပါလား ဖျာ့။

    သူကြီးတောင် သုည နဲ့ တစ် ကြားမှာ လုံးထွေး ပြီး သိလိုက် ပုံ မရဘူး ဖျာ့။ 😎

    မှီငြမ်း
    {{ ငါ ဦးပေဆိုတဲ့သူကြီးဟာ “အနိစ္စ” အမြဲမရှိတဲ့သူကြီး။ နေ့စဉ်ဖောက်ပြန်နေတဲ့ သူကြီး။ တနေ့ သေရမယ့်သူကြီး။ ဒါကြောင့် ငါ ဦးပေဟာ အနိစ္စ။ အမြဲမရှိသူကြီး။
    ငါဦးပေဆိုတဲ့ သူကြီးဟာ “ဒုက္ခ” ဆင်းရဲတုံး ဆင်းရဲခဲကြီး။ ဒုက္ခကောင်ကြီး။
    ငါဦးပေဆိုတဲ့ သူကြီးဟာ “ အနတ္တ” ဘာမှ အနှစ်သာရမရှိတဲ့ ကောင်ကြီး။ }}
    😆

  • ဇောက် ထိုး

    June 26, 2012 at 6:38 am

    အရီးရယ်… ဒီမှာ သူကြီးပြောတာတဲ့ 1-0 ဆိုတာတွေကို နားလည်အောင် ကွန်ပြုတာသင်တန်းတက်နေတဲ့ တူလေးကိုခေါ်…
    ပြီးတော့ ဦးခိုင်စာလေးကိုပြ။
    ငါ့ကို သဘောပေါက်အောင်ရှင်းပြ….
    တူလေးက ဘာပြောတယ်မှတ်တယ်။
    ကျွန်တော် နားတော့လည်တည်… ဘယ်လိုပြောရမယ်တော့ သိဘူးတဲ့။

    ဒီကြားထဲ ခုအရီးက တမျိုး…ဟဲဟဲ…
    သားသားတို့က… ဒီကိုယ်ခန္ဓာကြီးကို….. ဒီလူကောင်ကြီးကို.. ဒီသူကြီးကို… အဲဒီက သူကြီးပါဗျာ.. ဟိုအုပ်ချုပ်ပြီး ကြောက်နေရတဲ့ သူကြီးမဟုတ်ပါဘူး။

  • ရဲစည်

    June 26, 2012 at 6:51 am

    ဦးဗဇင်း ဈောက်ဖလာ့
    ဒီမနက် ဖတ်ပီးပီးခြင်း အတွေးဝင်လာပါတယ်
    အိမ်း……
    ဒီခန္ဓာကြီး မမြဲဘူးပ…
    ဒီသဂျီးလဲ မမြဲဘူးဘူးပ
    သဂျီးပေးတဲ့ ၁ဝလဲ မြဲမှာ မဟုတ်ဘူးဆိုတာ သိလာ မြင်လာရပါတယ် ဖလာ့ 🙂
    ဆိုတော့……..
    ခန္ဓာဆိုတာကြီး တည်နေသ၍ ဒီကိလေသာ ဆိုတာကြီး ပြတ်မှာ မဟုတ်ဘူး ဖလာ့
    ဒီဘဝမှာ အပြတ်ရှင်းတဲ့ အနေနဲ့ 🙁
    ရွာသူချောချော သဘောမနောကောင်းတဲ့ သူလေးဆီမှာ ဒီခန္ဓာကို အပီးလှူချင်ပါတယ် ဖလာ့
    အဲလာလေးပါ ဖလာ့
    လောလောဆယ်တော့ လယ်တည် ပူတယ်နဲ့ ဖတ်ပီး ၁ဝစွန့်ပီး ယူသွားကြောင်းပါ ….
    အူးဇင်းဈောက် ကျန်းမာပကတိ ချမ်းသာစွာ ရှိပါစေဖလာ့…. သာဓု…..သာဓု……. 😀

  • ဇောက် ထိုး

    June 26, 2012 at 11:38 am

    အရီးကိုပြောဖို့ အတော်စဉ်းစားလိုက်တယ်။
    ရပြီ… ပြောမယ်။
    လူအို.. လူနာ လူသေ..လို့ကြားဖူးလို့လား။
    သူအို.. သူနာ သူသေ.. လို့သာရှိတာ မဟုတ်လား။

Leave a Reply