Paste Special သို့မဟုတ် Charts မှ Word Processor သို့ Copy ကူးယူရာတွင်

khinmintatthuJune 25, 20101min570

Charts မှ Word Processor သို့ Copy ကူးယူရာတွင် သို့မဟုတ် Microsoft Office ရဲ့ Excel မှ Word သို့ ဖြစ်စေ Openoffice.org ရဲ့ Calc မှ Writer သို့ဖြစ်စေ Copy ကူးယူတဲ့အခါ ဒီ software တွေက မှုလက spreadsheet နဲ့ links တွေကို ဝှက်ကွယ်ထားပါတယ်။ ဒါကြောင့် excel ထဲက Chart ကိုပြောင်းလဲလိုက်တာနဲ့ World ရဲ့ ဖိုင်မှာလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုပြောင်းလဲပေးမှုက အကောင်းဘက်မှာ ဖြစ်တည်နိုင်သလို အဆိုးဘက်မှာလည်း ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်က သင့်မိတ်ဆွေအား Word ဖိုင်အား Email ဖြင့် ပို့လိုက်ပါက ၎င်း ဆီမှာ word ဖိုင်အား မှန်မှန်ကန်ကန် မြင်ရမည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ Chart တွေ မြှုပ်နှံထားတဲ့ spreadsheet ဖိုင်က တွဲရက်ပါမသွားလို့ပါ။ ဒီအတွက် “Paste Special” ဆိုတာကို အသုံးပြုရပါတယ်။

Office Staff တော်တော်တော်များများအား Edit Menu ရဲ့ အောက်မှာ Paste (Ctrl+V) ဆိုတာပဲ အသိများကြပြီး Paste Special (Ctrl + Shift + V) ကိုတော့ အသုံးနဲသလို မသိကြပါဘူး။ အခု ကျွန်တော် Microsoft Office နဲ့ ရှင်းပြပါမယ်..

ကျွန်တော်တို့ excel နဲ့ လုပ်ထားတဲ့ file တစ်ခုကို select လုပ်ပြီး ကူးယူလိုက်ကာ Word ထဲကိုထည့်ပါမယ်..

အရင် MS word version အဟောင်း မှာတော့ ‘Edit’ menu and select ‘Paste Special’ ဆိုပြီးအသုံးပြုရပါတယ်။

အခုနောက်ဆုံးပေါ် ကတော့ paste ဆိုတဲ့အောက်နားမှာ down arrow လေးမှနေ၍ “Paste Special” ကိုရွေးပေးရပါတယ်။

box တစ်ခု ထပ်ပွင့်လာပါလိ့်မ်မယ်..,၎င်း အထဲမှ ‘Picture (Enhanced Metafile)’ ဆိုတာကို ရွေးပြီး OK ကို နိုပ်လိုက်ပါ။

Open Office မှာလည်း ၎င်းအတိုင်းပါပဲ  Paste Special Box ကျလာတဲ့အခါမှာတော့ Bitmap ဆိုတာကိုရွေးပေးရပါတယ်။

ဒီလောက်ပါပဲ… ဒါဟာ Paste Special ဆိုတာကို အသုံးပြုတာပါပဲ…

Forword Mail မှ ဖော်ပြလိုက်သည်။