“ကိုကိုတုတ် ပဲပုပ်”

YE YINT HLAINGJune 25, 20121min25416

သိပြီးသား လူတွေ အတွက်ရော မသိသေး တဲ့လူတွေ အတွက်ပါ အပျင်းပြေ သဘောနဲ့ ( ကျွန်တော် လည်း ပျင်းနေလို့ ) ရေးတင်ပေးလိုက်တယ်ဗျာ ။ ငယ်ငယ်က နားထောင် ခဲ့ရတဲ့ ပုံပြင် လေးပါ ။
အရင်က ရွာတရွာ မှာဗျာ ကိုတုတ်ကြီး နဲ့ မိအေး ဆိုတဲ့ လင်မယား နှစ်ယောက် ရှိတယ်တဲ့ ။ ကိုတုတ်ကြီး က ရိုးရိုး အေးအေး ကြီးပေါ့ ဗျာ ! တနေ့တော့ ကိုတုတ်ကြီး က ရှမ်းပြည် ကို သွားဖို့ စီစဉ်ပါသတဲ့ ။ ဒီတော့ ရွာ သူ/သား တွေက လည်း ရှမ်းပြည်ထွက်ကုန် တွေ မှာတယ် ။ အဲဒီလို မှာရင်း ရွာသား အချို့ က ဝိုင်းပီး ကိုတုတ် ကြီးကို ကြတ်ကြ သတဲ့ ။ သူတို့ ကြတ်ပုံက ” ဗျို့ ! ကိုတုတ်ကြီး ရှမ်း ပြည်သွားတာတော့ ဟုတ်ပါပီ ! ခင်ဗျား တယောက်တည်းလား ? ”  ” အေး ! ငါ  တယောက် တည်း ကွ ! ဘာဖြစ် လို့ လဲ ? ” ” ခင်ဗျား ပြောတော့ အရင်က တခေါက်မှ မသွား ဖူး ဘူး ဆို ! ခင်ဗျား ရှမ်းပြည် အကြောင်း ဘာသိလို့တုန်း ! ရှမ်း ပြည်က နတ် သိပ် ကြီးတာဗျ ! ” အဲဒီလိုနဲ့ ကိုတုတ်ကြီး ကို ဝိုင်းကြတ် ပေးလိုက် ကြရောဗျာ ! ဒါနဲ့ ကိုတုတ်ကြီးလည်း သူ့ရွာကနေ လှည်း လေး မောင်းပီး ရှမ်းပြည်ကို ထွက်လာတယ် ။ ရှမ်းမြေထဲ ရောက်တဲ့အချိန် ကိုတုတ်ကြီး အပေါ့ အလေး သွားချင်လာတဲ့ အခါ မှာတော့ ရွာသားတွေ ပြောတဲ့ နတ်ကြီးတဲ့ အကြောင်းကို သတိရလာတယ် ။ ဒါနဲ့ ကိုတုတ်ကြီး ကြောက်ပီး အပေါ့ ကိုတော့ တောင်းပန်ပီး ပေါက်တယ် ။ အလေးကိုတော့ ရေထည့်သယ်လာတဲ့ ဝါးပိုးဝါး ကြီးတွေ ထဲကတလုံးကို ယူပီး အဲဒီ အထဲ ပါချတယ် ။ တလမ်းလုံး ဒီအတိုင်း ပါသွားတယ်။ ရှမ်းပြည်ကနေ ပြန်လာတဲ့ အချိန်အထိ ဆို ဝါးပိုးဝါး နှစ်လုံး အပြည့်နီးပါး ပါလာတယ် ။ သူ့အတွေး က သူ့ရွာနားရောက်မှ ပစ်လိုက်မယ်ပေါ့ ။ ဒါပေမဲ့ ရွာဝင်ခါနီး မှာ ဘယ်သူ က ဘယ်ကုန်တွေ ဘယ်လောက် ဖိုး မှာတယ်ဆိုတာ တွက်ချက်နေရင်း  ရွာထဲဝင်လာတာမို့ အဲဒီ သူ အီးပါပီး ထည့်ထား တဲ့ ဝါးပိုးဝါး နှစ်လုံး ကို ပစ်ဖို့ မေ့သွားတယ် ။ သူ့ အိမ်ရောက်တော့ နွားတွေ ဖြုတ် ကုန်တွေချ နဲ့ လှည်း မှာ ချိတ်ထား တဲ့ ဝါးပိုးဝါး နှစ်လုံးကို အရင်လို ရေထည့် ထားတဲ့ ဟာတွေလိုပဲ စိတ်က ထင်ပီး အမှုမဲ့ အမှတ်မဲ့ ထားလိုက်တယ်။ အဲဒီမှာ သူ အလုပ် ရှုပ်နေတာ ကို ဝင်ကူနေတဲ့ သူ့ မိန်းမ မအေး က” တော့ ! ကိုကိုတုတ် ! ကျုပ် မှာ တဲ့ ပဲပုပ် ပါလား “လို့ မေး  တော့ ကိုတုတ်ကြီး လည်း သူ မသွားခင် သူ့ မိန်းမ ပဲပုပ် မှာတာကို သတိရပီး ” ဟ ! အဲဒါမှ ဒုတ်ခ ! ငါ့ နှယ် နော် ရှမ်းပြည် သွားပီး ပဲပုပ် ဝယ်ဖို့ မေ့ရတယ် လို့” ပြန်ပြောသတဲ့ ။ ပြောပီး ရွာထဲ က ကုန်မှာတဲ့ အိမ် တချို့ရှိရာ ထွက်သွားတယ် ။ အိမ်မှာ ကျန်ခဲ့ တဲ့ မအေး က တော့ စိတ်တိုပီး ကျန်ခဲ့တာပေါ့ ! ဒါပေမဲ့ သူ့ယောက်ကျား သူ့ ကို စ တာ လို့လည်း သံသယ ဝင်တာနဲ့ လှည်းပေါ် က ချ ထား တဲ့ ကုန်တွေ ထဲရှာ တယ် ။ မတွေ ။ လှည်း ပေါ် ကြည့်လိုက်တော့ လည်း ချိတ် ထား တဲ့ ဝါးပိုး ဝါး တွေ ကလွဲလို့ ဘာမှ မကျန်တော့ဘူး ။ ဒါနဲ့ စိတ်လျှော့ လိုက်ပီး ဝါးပိုးဝါးတွေ သိမ်းမယ်လုပ်တော့ ပုံမှန် ထက် ပိုလေး နေတဲ့ ဝါးပိုးဝါး နှစ်လုံးကိုတွေတယ် ။ ဝါးပိုးဝါး နှစ်လုံးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ အနံ့ က ထောင်းကနဲ ထွက်လာတယ် ။ ဒါကို မအေး က သူ့အာရုံထဲက ပဲပုပ် နံ့လေးလို့ ထင်တယ် ။ ” ကြည့်စမ်း ကိုကိုတုတ် အားကြီး နောက်တယ် ” လို့လည်း တယောက်ထဲပြောတယ် ။ ဝါးနှစ်လုံး သေသေချာချာ ဖွင့်ကြည့်တော့ ရက်ကြာတဲ့ တလုံးက ခြောက်ပြီး တောင့်နေပီ ။ တလုံးက မဆို မခြောက် ။ ဪ— ဒါကြောင့် ပဲပုပ် က ဝိုင်းဝိုင်း လေး တွေဖြစ်နေ တာကိုး လို့လည်း မအေး က တွေးသ တဲ့ ။ ဒါနဲ့ ခြောက်နေတဲ့ အလုံး ကို သေသေချာချာ ခွဲပီး အဝိုင်း လေးတွေ ပုံ မပျက်အောင် လှီး သတဲ့ ။ ပီးတော့ တမျိုးက ကြော် တမျိုးက ချက်ပေါ့ ။ ဒါကို ဘေးအိမ်က အရီး ဖြစ်သူက အနံ့ရတော့ ” ဟေး မိအေး ! မွှေးလှချည်လား ! ဘာတွေ ကြော်ချက် နေ သတုန်း! ” လို့ မေးတော့ ” အရီး ရေ ကိုကိုတုတ် ဝယ်လာတဲ့ ရှမ်းပြည် ကပဲပုပ်တော် ရေ— ” လို့ ပြောပီး အဲဒီ အရီး တို့ အိမ် ကို ပဲပုပ် ကြော်နဲ့ ပဲပုပ် ချက်ကလေး ပို့သတဲ့ ။ ကိုရင် လေး ဆွမ်းခံ ကြွလာ တော့ လည်း ” ကိုရင် ! ဆရာတော် ကို အရင် ကပ်နော် ! ကိုရင် တို့ ဖယ်မထား နဲ့ဦး ” လို့ မှာလိုက်သေး တယ် ။ ကိုတုတ်ကြီးလည်း ခရီး က အပြန် ဘာမှ မစားရ သေး တော့ ဗိုက်ဆာဆာ နဲ့ အိမ် ပြန် လာပီး ” အေး ရေ ကျက်ပီလားလို့ မေးတယ် ။ ကျက်ပီ တော် ရေ ဆို ပီး ဟို က ထမင်း ပွဲ ပြင်တော့ ပဲပုပ် ကြော်နဲ့ ပဲပုပ် ချက် တွေတယ် ။ သူ့ မိန်းမ သူ့ကို ရွဲ့ပီး ဘယ်က ရှာကြံ ချက်လည်း ဆိုတဲ့ အတွေးနဲ့ ပြုံးတယ် ။ ဒါကို မအေး က ကျုပ် မအ ပါဘူးတော် ဆို တဲ့ သဘော ပြန်ပြုံးပြတယ် ။ ကိုတုတ် ကြီးလည်း ဗိုက်ဆာဆာနဲ့ ငရုပ်သီးစိမ်း ဖတ်လတ် ကလေးနဲ့ ချက်ထားတဲ့ ပဲပုပ်ဟင်း နဲ့ ပဲပုပ် ကြော်နဲ့ ထမင်းကို ခေါင်းမဖော်တမ်းစားတယ် ။ စားလို့ ဝ ပီဆိုမှ ” အေးရေ နောက် တခေါက် တော့ ပဲပုပ် ကို မှတ်မှတ်ရရ ဝယ်ခဲ့ ပါမယ် ကွာ” လို့ ပြောတော့ သူ့ မိန်းမလည်း ကြောင်သွားပီး ” တော် အခုလည်း ဝယ်ခဲ့တာ မဟုတ် လို့လား ” လို့ ပြန်မေးတော့ ကိုတုတ်ကြီး ပါ ထပ်ကြောင်သွားတယ် ။ ဒီလို နဲ့ ပြောကြ ဆိုကြရင်း မအေး က စိတ်မရှည်တော့ ” တော့ ဒါဆို ဟိုဝါးကျည်တောက် ထဲ က ဟာ ဘာတွေလဲ” လို့  ပြန်မေးတော့ ” ဟေ —- အဲဒါတွေ က ငါ တလမ်း လုံး ပါ ထည့် လာတဲ့ ချီးတွေ ဟ “လို့ ပြန်ပြောပီး လင်မယား နှစ် ယောက် ဥဩ သံပြိုင် ဆွဲတော့တာပဲ ။ အဲဒါ ကို ထမင်း စောစော စား ပီး ဟိုဘက် အိမ်က ကူးလာတဲ့ သူတို့ အရီး လေး က မြင်တော့ ” ဟဲ ! လင်မယား ဘာဖြစ်ကြတာတုန်း ” လို့ မေး တော့ မအေးက ” အရီး ထမင်း စားပီးပီလား ” လို့ ပြန်မေးတယ် ။ ခုပဲ ပီးတယ် တော်ရေး — ညည်းပေးတဲ့ ပဲပုပ်ကြော် / ချက် ကလေးနဲ့ လို့ပြန်ဖြေတော့ ကို တုတ်ကြီးက အရီး ! အဲဒါ ပဲပုပ် မဟုတ်ဘူးဗျ ! ကျုပ် တလမ်းလုံး ပါခဲ့တဲ့ ချီးတွေ ! လို့ ဆိုတော့ အဖွဲ့ဝင် ဖြစ် သွားတဲ့ အရီးလေးလည်း သံပြိုင် အတူ ဝင်ဆွဲ တော့တာပဲ ။ ဒါနဲ့ မအေး က ” နေဦး ! နေဦး ! ကျုပ် တို့ တော့ ငရဲ ဂျိုး ကပ် တော့မယ် ! ကိုတုတ်ကြီး လာလာ ဆိုပြီး ရွာဦး ကျောင်းကို ပြေးတယ် ။ ကျောင်းရောက်တော့ ဘုန်းကြီး က ဆွမ်းစား ပီး နေပီ ။ ဒါကို မအေးက အရှင်ဘုရား ဘုန်းပေးပီးပါ ပြီလား ဘုရားလို့ လျှောက်တယ် ။” ခုပဲပီးတယ် ။ ဒကာမချက်တဲ့ ပဲပုပ် နဲ့ ပဲ  ဘုန်းကြီး ဘုန်း ပေးခဲ့တယ် ။ တယ်ချို သကွဲ့ — နောက်နေ့လည်း ဘုန်းကြီး ကပ်ဦး ! “လို့ ပြောတော့ ကိုတုတ် ကြီး က” အရှင် ဘုရား အဲဒါ ပဲ ပုပ် မဟုတ်ပါဘူး ဘုရား ” ” ဟေ ! ဒါဆိုဘာတုန်း ” ကိုတုတ်ကြီးလည်း ဘုန်းကြီး ကို ကြောက်တာနဲ့ မဖြေပဲ ငြိမ်နေလိုက်တော့တယ်တဲ့ ။ ( ရယ်စရာ မကောင်း ရင်လည်း အပျင်း ပြေ ပေါ့ဗျာ )

16 comments

  • water-melon

    June 25, 2012 at 11:00 am

    ဟဲဟဲ
    ကိုရဲရှည် ပဲပုတ်စားမလားဂျာ့
    အဟီ

  • ဘဲဥ

    June 25, 2012 at 11:02 am

    ဟောဒီက စားဂျအုံးမလား ပဲဘုတ်

  • Nyein Nyein

    June 25, 2012 at 11:58 am

    သွားပြီ။ ထမင်းစားခါနီးမှ ဒီပို့စ်ကို လာဖတ်မိတယ်။ ဒီနေ့ကံမကောင်းပါလား။( တွက်ပီစကား) 😕

  • hein latt

    June 25, 2012 at 12:49 pm

    ဟိုက် တိုက်တိုက်ဆိုင်ဆိုင် ဂနေ.အိမ်ကပဲပုပ်ထောင်းကြော်တဲ့….. အီး……ချားဝူးချားဝူး….

  • ရွာစားကျော်

    June 25, 2012 at 12:53 pm

    အာဗျာ အတော်နောက်တဲ့လူကြီး
    နောက်ပဲပုပ်မစားချင်အောင်လုပ်ပီ.. အော့

  • ညလေး

    June 25, 2012 at 1:37 pm

    သူတို.လက်ထဲရောက်တော့မှဘဲ….ညလေးတို.ရှမ်းပဲပုပ်လေး……
    အဟိးမတွေးရက်စရာ…….
    ဒါပေမယ်……ဒီပိုစ့်လေးဖတ်လိုက်ရတော့..ညစ်နေတာလေးတွေ……
    နဲနဲလန်းလာပါဂျောင်း….

  • TNA

    June 25, 2012 at 1:54 pm

    မနေ့ကပဲ ရှမ်းပြည်ကလာတဲ့မိတ်ဆွေက ပဲပုတ်တွေလက်ဆောင်ပေးသွားတယ်။ယူမလားဟင်။ ပို့ပေးမယ်။

  • mamanoyar

    June 25, 2012 at 2:18 pm

    ဟီးးးးးးးးးး ပဲပုပ်တောင်စားရဲတော့ဝူးးးးးးးးးးး

  • YE YINT HLAING

    June 25, 2012 at 4:50 pm

    ဘဲဥ နဲ့ ဖရဲ မအတွက် ကိုကိုတုတ် ရဲ့ လက်ကျန် ပဲပုပ် လေး ပို့ပေးလိုက်မယ်နော် ! စေတနာ ဗလပွနဲ့ —-

    • ဘဲဥ

      June 26, 2012 at 11:24 am

      ညည်းဘဲစားလိုက်တော့နော် သများတို့က ပဲပုပ်ကြိုက်ဘူးတော့

  • သားဦး၊မြေးဦး

    June 25, 2012 at 7:01 pm

    သူ ့မိန်းမဗျာ အတော့်ညံ့ပါတယ်။နောက်တာပါဗျ။
    ရှာရှာဖွေဖွေ ရတတ်ပါတယ်။

  • ဖိုးထောင်

    June 26, 2012 at 11:01 am

    ဟော ဒီကပဲပုပ် စားကြဦး ပဲပုပ်ကြော် ဘဲဥချက် ပြီးရင် ဖြဲသီးအချိုပွဲလေးနဲ့ ဟီဟိ

    • ဘဲဥ

      June 26, 2012 at 11:31 am

      ကဖိုးထောင်တို့က စားချင်တာတွေ ပြောပြနေဘီ

  • ဖိုးထောင်

    June 26, 2012 at 1:05 pm

    ဟဲ့ဘဲဥမ ညည်း ဘယ်လိုလေ့ကျင့်ခန်းလုပ်လုပ် ဒီလိုပုံပဲ လုပ်မနေနဲ့

  • cum min

    June 26, 2012 at 1:17 pm

    ပဲပုတ်…တော်ပြီး..ရှမ်းပဲပုတ်လဲမစားတော…ဘူး…အော့…

Leave a Reply