ငါလေ နင့်ကို စောင့်မျှော်နေခဲ့ရတာပါဟာ..

ဒါပေမယ့် .. နင်မလာခဲ့ပါဘူး..။

ငါလေ နင့်ဆီက စကားလေးတစ်ခွန်းနဲ့ ပျော်နေခဲ့ရသူပါ..

ဒါပေမယ့် နင်အလေးမထားခဲ့ပါဘူး..။

ငါလေ နင့်ကိုသတိရလို့ တိတ်တိတ်လေး ငိုနေမိတာ..

ဒါပေမယ့် နင်ဂရုမစိုက်ခဲ့ပါဘူး..။

ငါလေ နင်နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ..

ဒါပေမယ့် နင်မေ့ထားခဲ့တယ်နော်..။

ငါလေ နင့်အကြောင်းတွေ တွေးတိုင်းလွမ်းတတ်နေခဲ့တာ..

ဒါပေမယ့် နင့်အတွေးထဲမှာ ငါမရှိခဲ့ဘူးလေ..။

ငါလေ Online မှာနင့် account လေးမီးစိမ်းပြတိုင်း နင်ခေါ်မလား မျှော်လင့်နေခဲ့မိသူပါ..

ဒါပေမယ့်ဟာ နင်အမြဲတမ်း င့ါကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော်..။

နင်ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့ အချစ်က

ဒါပဲလား……….ချစ်သူရယ်..။

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..