အလွမ်းသင့်

ငါလေ နင့်ကို စောင့်မျှော်နေခဲ့ရတာပါဟာ..

ဒါပေမယ့် .. နင်မလာခဲ့ပါဘူး..။

ငါလေ နင့်ဆီက စကားလေးတစ်ခွန်းနဲ့ ပျော်နေခဲ့ရသူပါ..

ဒါပေမယ့် နင်အလေးမထားခဲ့ပါဘူး..။

ငါလေ နင့်ကိုသတိရလို့ တိတ်တိတ်လေး ငိုနေမိတာ..

ဒါပေမယ့် နင်ဂရုမစိုက်ခဲ့ပါဘူး..။

ငါလေ နင်နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ..

ဒါပေမယ့် နင်မေ့ထားခဲ့တယ်နော်..။

ငါလေ နင့်အကြောင်းတွေ တွေးတိုင်းလွမ်းတတ်နေခဲ့တာ..

ဒါပေမယ့် နင့်အတွေးထဲမှာ ငါမရှိခဲ့ဘူးလေ..။

ငါလေ Online မှာနင့် account လေးမီးစိမ်းပြတိုင်း နင်ခေါ်မလား မျှော်လင့်နေခဲ့မိသူပါ..

ဒါပေမယ့်ဟာ နင်အမြဲတမ်း င့ါကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော်..။

နင်ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့ အချစ်က

ဒါပဲလား……….ချစ်သူရယ်..။

40 comments

  • ဘဲဥ

    June 25, 2012 at 11:37 am

    မဟုတ်ရပါဘူး ခေးလေးရယ် ကိုယ်တစ်ကယ် အလုပ်များနေလို့ပါ 😀

  • မောင်ပေ

    June 25, 2012 at 11:39 am

    ကိုပေကတော့ မိုက်လေး ကို ဂျစ်တယ်လို ့မပြောရသေးဘူးနော ဟီဟိ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:41 am

    ဥဥ..တောင် ညာပြောနေတတ်ပြီနော်..
    ခေး..စိတ်မကောင်းလိုက်တာ..:(

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:42 am

    မိုက်လေး..က
    ကိုပေ …ဂျစ်တယ်ပြောလည်း..
    ယုံမှာမှ မဟုတ်တာလေ…:P

  • ဘဲဥ

    June 25, 2012 at 11:42 am

    ရင်ထဲမှာနင်ပဲရှိတယ် မယုံဘူးဆိုဝင်သွားကြည့်ပါ

    • ရှင်းသန့် နွယ်

      June 25, 2012 at 2:50 pm

      မဟုတ်ဘူးဆိုပြန်ထွက်ခဲ့ပါ…:P

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:44 am

    မိုက်လေး….က
    ကိုပေ ဂျစ်တယ်ပြောလည်း..
    ယုံမှာမှမဟုတ်တာလေ…:P

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:45 am

    ဥဥ..မဟုတ်ဘူးဆိုရင်..
    ခေး..ပြန်ထွက်ခဲ့ရမှာလားဟင်…
    ရင်ထဲကနေလေ…:(

    • ဘဲဥ

      June 25, 2012 at 12:02 pm

      တစ်သက်လုံးဝင်နေလိုက် တစ်သက်လုံးဝင်နေလိုက်
      ဥဥလေးရဲ့ ရင်ခွင်က ခေးလေးတစ်ယောက်ထဲအတွက်ပါပဲကွာ
      ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်

  • mamanoyar

    June 25, 2012 at 11:48 am

    ခံစားချက်အပြည့်နဲ့ ရေးထားတယ်ဆိုပါတော့
    ဟဲဟဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 11:54 am

    ဟုတ်တာပေါ့…
    မမနိုရာရယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 12:50 pm

    ဥဥ..ခေးကိုမျှော်လင့်ချက်တွေ မပေးနဲ့နော်..
    ထမင်းကိုကုန်အောင်စားပါ..
    စကားကိုကုန်အောင်မပြောပါနဲ့နော်…:(

    • ဘဲဥ

      June 25, 2012 at 1:37 pm

      မျှော်လင့်ချက်ပေးသလိုမျိုးနဲ့ လူတစ်ယောက်ကို ကြိုးရှည်ရှည်နဲ့ လွှတ်မထားတတ်ပါဘူးကွာ
      ရင်ထဲက အမှန်တရားတွေပါ

  • Azzurri

    June 25, 2012 at 12:55 pm

    ဂီ ဂီ ဘာမှတိဝူး…
    အမူးလွန်တွားလို့ပါဂျာ…
    :mrgreen:

  • ညလေး

    June 25, 2012 at 12:56 pm

    မလွယ်ပါလား.ခပ်မိုက်မိုက်လေးရေးပြလာပြီနော်………
    နာမည်လေးမိုက်သလို………စကားလုံးတွေကလည်း ……ဂယ့်အမိုက်စားတော်…..
    ခိုက်သွားပြီ……မိုက်မို်က်လေးရယ်…..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:00 pm

    ကျေးကျေးပါ..
    ညလေး…:)

  • မမ အညာသူ

    June 25, 2012 at 1:29 pm

    နင်ငါကိုစကားမပြောချင်နေပါ
    နင့်အကောင့်လေးစိမ်းနေတာမြင်ရရုံနှင့်ပဲငါကျေနပ်နေတာပါဟာ…..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:31 pm

    ငါကျေနပ်ပါတယ်…
    နင့်ရဲ့ချစ်ခြင်း အသချေင်္…
    ဖော်ပြပေးခဲ့တဲ့ အတွက်…
    ကျေးဇူးတင်ပါတယ် ချစ်သူရယ်…။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:40 pm

    ဥဥ..ရေ
    ခေးကို မရေရာမသေချာတဲ့..
    ဝေဝေဝါးဝါး မျှော်လင့်ခြင်းတွေ မပေးပါနဲ့နော်…
    ခေး..အဲ့လိုမျှော်လင့်ခြင်းတွေကို မုန်းတယ်..။

    • ဘဲဥ

      June 25, 2012 at 1:53 pm

      မုန်းဘာနဲ့ ခေးရယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:09 pm

    မမုန်းစေချင်ဘူးဆိုရင်…
    မျှော်လင့်ရောင်ခြည်တွေ ..
    မပေးပါနဲ့နော်..
    ခေး…တို့ခပ်မိုက်မိုက်လေး..
    ခင်ကြမယ်…။။။။။။။ 😛

  • မွန်မွန်

    June 25, 2012 at 2:18 pm

    ငါသတိမပေးရပဲ
    နင် အလိုက်တသိနဲ့ဆက်လာမယ့်
    ဖုန်းလေးတစ်ချက်အခေါ်ကိုပဲ
    စောင့်နေခဲ့ရတာပါဟာ…
    နင်ကတော့ ငါမဆက်သွယ်မချင်း
    ငါ့ကို မေ့နေခဲ့မှာပါ….

      • amatmin

        June 25, 2012 at 2:36 pm

        ဟုတ်ကဲ့..
        ပြင်ဆင်ဖတ်ရှုရင်း..သတ်ပုံဌာနမှူး(MaMa)ကိုယ်စား..
        မှင်နီပြသွားပါကြောင်း.. 🙂

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:34 pm

    (ငါသတိမပေးရပဲ
    နင် အလိုက်တသိနဲ့ဆက်လာမယ့်
    ဖုန်းလေးတစ်ချက်အခေါ်ကိုပဲ
    စောင့်နေခဲ့ရတာပါဟာ…
    နင်ကတော့ ငါမဆက်သွယ်မချင်း
    ငါ့ကို မေ့နေခဲ့မှာပါ….)
    ငါအဆက်အသွယ် မလုပ်မချင်း..
    သူအမြဲဥပေက္ခာပြုထားနိုင်လွန်းသူပါ..
    သူ့ရဲ့ချစ်ခြင်းတွေပေါ့..။
    ငါသိလိုက်ပါတယ်…
    ငါတို့ရဲ့အဆုံးသတ်…။

    မွန်လေးရေ..တိုက်ဆိုင်သွားလို့ပါနော်..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:36 pm

    (ငါသတိမပေးရဘဲ
    နင် အလိုက်တသိနဲ့ဆက်လာမယ့်
    ဖုန်းလေးတစ်ချက်အခေါ်ကိုပဲ
    စောင့်နေခဲ့ရတာပါဟာ…
    နင်ကတော့ ငါမဆက်သွယ်မချင်း
    ငါ့ကို မေ့နေခဲ့မှာပါ….)
    ငါအဆက်အသွယ် မလုပ်မချင်း..
    သူအမြဲဥပေက္ခာပြုထားနိုင်လွန်းသူပါ..
    သူ့ရဲ့ချစ်ခြင်းတွေပေါ့..။
    ငါသိလိုက်ပါတယ်…
    ငါတို့ရဲ့အဆုံးသတ်…။

    မွန်လေးရေ..တိုက်ဆိုင်သွားလို့ပါနော်..

  • thar ag

    June 25, 2012 at 3:50 pm

    ခပ်မိုက်မိုက် ကောင်မလေး နဲ့ ခပ်ပေပေကောင်လေးတွေနဲ့တွေ့နေကြပြီ ဟိဟိ ဘေးရှောင်နေမှဘဲ

  • Nyein Nyein

    June 25, 2012 at 4:07 pm

    ခံစားချက်တွေပွင့်ထွက်ကုန်ပြီပေါ့။ အားပေးသွားတယ်နော်။ ဒါနဲ့ တကယ့်ခံစားချက်လား။ ကဗျာအတွက် ခံစားချက်လား။:roll: စပ်စုလိုက်တာပါ။:mrgreen:

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 4:27 pm

    ပြောပြရမလား….
    ခံစားချက်ကြောင့် ကဗျာဖြစ်နိုင်သလို..
    ကဗျာကြောင့်လည်း ခံစားချက်ဖြစ်သွားနိုင်ပါတယ်နော်…
    ဟုတ်လား…။။။။။။။။။။ 😀

  • အလင်းဆက်

    June 25, 2012 at 8:02 pm

    ကိုယ်မျာပါတယ်..ခလေးရယ် ။ နောက်ဆို..ကိုယ် အဲဒီလို မစိမ်းကားတော့ပါဘူး။

    ပုံ ခပ်မိုက်မိုက်ကောင်လေး
    အလက်ဆင်း

  • အလင်းဆက်

    June 25, 2012 at 8:06 pm

    ကိုယ် မှားပါတယ်..လို ့ပြောတာ ။ မှားရေးလိုက်လို ့ ပြန် ..ပြောတာ.။
    အဟိ ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 8:49 pm

    ုကိုယ်…တို့ကအဲ့လိုပါပဲ…
    ပစ်ထားတုန်းတော့ မေ့ထားပြီး….
    မှားပြီ ဆိုမှပြန်တောင်းပန်….
    ပြောပြီး ဆောရီး ဆိုတာ….
    မလကားပါကွာ…..
    မိုက်လေး…ကလည်းပြန်ပြောချင်တယ်…
    ဆောရီးပါ…ကိုကိုရယ်လို့…
    မိုက်လေး…မလွမ်းချင်…။

  • ဇောက် ထိုး

    June 25, 2012 at 9:44 pm

    ဟဲ့ လိမ်မာမာ ကောင်းမလေး မဟုတ်လို့များ ခုလိုဖြစ်သလားမှ မသိတာ။
    လိမ်မာလိုက်တော့နော်။
    မိုက်တယ်ဆိုတာ .. အလင်းရောင်မရှိလို့ မှောင်တာကို ပြောတာ။
    အလင်းရောင်မရှိလို့ မှောင်တော့… မိုက်ပြီပေါ့။
    မိုက်ပြီဆိုတော့လဲ.. မှောင်ပြီပေါ့။..
    မှောင်ပြီဆိုမှတော့ မိုက်ပြီပေါ့ ကလေးရယ်။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 10:25 pm

    အန်ကယ်ဇောက်ရယ်….
    မိုက်လေး…ကလိမ်လိမ်မာမာကောင်မလေးမဟုတ်လို့မဟုတ်ပါဘူးနော်..
    ခပ်မိုက်မိုက်ကောင်မလေး…ဆိုတာ
    အလင်းရောင်မရှိတာ မဟုတ်ပါဘူး..
    မှောင်လို့ မိုက်နေတယ်လို့မထင်ပါနဲ့နော်…
    မို်က်လေး..မှာလည်း..
    မျှော်လင်းခြင်းရောင်ခြည်ဦးရဲ့…..
    နေ့သစ်လေးတွေ…နက်ဖြန်တိုင်းမှာ ရှိနေပါတယ်..
    အန်ကယ်ဇောက်ရယ်….။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 10:27 pm

    အန်ကယ်ဇောက်ရယ်….
    မိုက်လေး…ကလိမ်လိမ်မာမာကောင်မလေးမဟုတ်လို့မဟုတ်ပါဘူးနော်..
    ခပ်မိုက်မိုက်ကောင်မလေး…ဆိုတာ
    အလင်းရောင်မရှိတာ မဟုတ်ပါဘူး..
    မှောင်လို့ မိုက်နေတယ်လို့မထင်ပါနဲ့နော်…
    မို်က်လေး..မှာလည်း..
    မျှော်လင့်ခြင်းရောင်ခြည်ဦးရဲ့…..
    နေ့သစ်လေးတွေ…နက်ဖြန်တိုင်းမှာ ရှိနေပါတယ်..
    အန်ကယ်ဇောက်ရယ်….။

  • ရဲစည်

    June 26, 2012 at 2:56 am

    အားပေးသွားပါတယ် မိုက်လေးရေ …..
    တကယ်ကို ခံစားရပါတယ်……………..
    နာကျင်တဲ့ ခံစားချက်တွေဆိုတာ အချိန်ဘယ်လောက်ကြာကြာ မေ့ပျောက်လို့ မရပါဘူးကွယ်။
    …………………………………………………………………………………………………….

    ဪ တဆယ်လေးရယ် မင်းကို ရှာရတာ ခက်လိုက်တာ….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 9:47 am

    ကျေးကျေးပါနော်..
    ခင်တဲ့….
    မိုက်လေး…။

Leave a Reply