အမေ နဲ့ အဖေ ဆိုရာမှာ…

နွေဦးJune 25, 20121min48030
မိဘ ဆိုတာ….
မမွေးခင်ကတည်းက ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး …
မွေးဖွားပြီး နို့ချို တိုက်ကျွေး နေတဲ့ ကာလ တလျှောက်လုံး…
သားသမီး ဆိုတာကို ချစ်တဲ့ ဇောနဲ့ သားသမီးရဲ့ ကျန်းမာရေးကို
နဲနဲလေးမှ မထိခိုက်ရလေအောင် …
အမေ ဆိုသူက မေတ္တာအပြည့်နဲ့ …
အင်မတန် ကြိုက်တဲ့ မစားရမနေနိုင်တဲ့ အလွန်စားချင်လှတဲ့ အစားအသောက်ကို
သည်းညည်းခံ အောင့်အင်းပြီး နေခဲ့ကြတယ်…
နေနိုင်အောင် ကြိုးစားခဲ့ကြတယ်..
မိခင်တိုင်း ဒီဒုက္ခကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ကြတယ် …
ဒါ အမေလေ….။
သားသမီးတွေ အရွယ်ရောက် သိတတ်နားလည်လာတဲ့အချိန်မှာ…
အဖေဟာ…
ကိုယ့်သားသမီးတွေ ရှေ့ရေးအတွက်…
သားသမီးတွေရဲ့ ကျန်းမာရေးအတွက်…
သားသမီးတွေ လိမ်မာရေးခြားရှိဖို့အတွက်…
အင်မတန် ကြိုက်တဲ့ မစားရမနေနိုင်တဲ့ အလွန်စားချင်လှတဲ့ အစားအသောက်ကို..
အင်မတန် ကြိုက်တဲ့ မသောက်ရ မနေနိုင်တဲ့ ဆေးလိပ်ကို..
အင်မတန် ကြိုက်တဲ့ မသောက်ရ မနေနိုင်တဲ့ အရက်ကို…
အင်မတန် ကြိုက်တဲ့ မစားရမနေနိုင်တဲ့ ကွမ်းယာ ကို…
” အဖေတောင် လုပ်သေးတာဘဲ” ဆိုပြီး အပြောမခံရအောင်..
အဖေက စံနမူနာပြ ဖြစ်အောင်…
သည်းညည်းခံ အောင့်အင်းပြီး နေခဲ့ကြသလား…
စွန့်လွတ် နိုင်ကြသလား..
ဒီလို အဖေမျိုးထဲမှာ သင် ပါအောင် ကြိုးစားပြီးပြီလား….
ဒီလိုအဖေမျိုး သင့်ပါတ်ဝန်းကျင်မှာ ဘယ်နှစ်ယောက်လောက် ရှိသလဲ…
ဒီလိုအဖေမျိုးအတွက် သင်ဂုဏ်ယူ ပြီးပြီ ဂုဏ်ပြုပြီးပြီ လား…..
ဒီလို အဖေမျိုး ဖြစ်နိုင်ကြပါစေ…။

 

 

 

 

facebook မှ ကူးယူ တင်ပြပါသည် ။

30 comments

  • mamanoyar

    June 25, 2012 at 12:49 pm

    မှန်လိုက်တာ နွေဦးရေ
    မိဘမေတ္တာကတော့ တကယ်ကိုကြီးမားပါတယ်
    မိဘကျေးဇူးကို ပြန်ဆပ်နိုင်တဲ့သူတစ်ယောက်
    ဆပ်ခွင့်ရတဲ့သူတစ်ယောက် အရမ်းကိုဖြစ်ချင်ပါတယ်

    • နွေဦး

      June 26, 2012 at 8:09 am

      ဖြစ်ချင်တာတွေဟာ သူ့အလိုလို မဖြစ်တတ်ပါဘူး
      ကိုယ်တိုင်က ဖြစ်အောင် ကြိုးစားရမှာပါ…။

  • may flowers

    June 25, 2012 at 12:52 pm

    မိဘမေတ္တာကို နားမလည်ဘဲ ဆိုးမိုက်နေတဲ့သားတွေ သမီးတွေ များလာတာတော့သေချာပါတယ်။

    မိဘမေတ္တာကို နားလည်ပြီး မိဘကျေးဇူးပြန်ဆပ်နိုင်အောင် ကျွန်မလဲအတတ်နိုင်ဆုံးကြိုးစားရအုံးမယ်။

    • နွေဦး

      June 26, 2012 at 8:13 am

      ကြိုးစားရင် မဖြစ်ဘူးဆိုတာ မရှိပါဘူးကွယ်
      ဖြစ်လာတဲ့အခါ စံပြ သမီးလေးဖြစ်ပါစေ ။

    • နွေဦး

      June 26, 2012 at 8:15 am

      ကျေးဇူးပါ ကိုပေ…။
      (စကားမစပ်..ဦးသန့် ဖြစ်အောင် ဂျေးတွန်း ရေချိုးပါလားဟင်…။)

  • ညလေး

    June 25, 2012 at 1:18 pm

    အားပေးရင်း…..
    မိဘကျေးဇူးစပ်နိုင်အောင်ကြိုးစားသွားမယ်ရှင်……

    • နွေဦး

      June 26, 2012 at 8:18 am

      အပူအစပ်ရှောင်ရတယ်လေ…မိဘကျေးဇူးက မစပ်ပါဘူး အေးမြပါတယ်..။

  • မမ အညာသူ

    June 25, 2012 at 1:25 pm

    မိဘတွေဟာသားသမီးတွေကိုအသက်နှင့်ရင်းပြီ
    မွေးဖွားပေးခဲ့ကျတယ်
    မိဘကျေးဇူးဟာပုံခိုင်းစရာမရှိအောင်ကိုကြီးမာလှပါတယ်……..

  • အရင့်ရောင်

    June 25, 2012 at 1:34 pm

    ဘာပဲဖြစ်နေဖြစ်နေ အဖေ နဲ့ အမေ ဟာ
    အဖေ နဲ့ အမေ ပါပဲ

    • နွေဦး

      June 26, 2012 at 8:22 am

      အင်း..ပြီးရင် ယောက္ခထီး ယောက္ခမ တွေကို အမေ..အဖေ ဆိုပြီး ညာစားတတ်ရမယ် …း)

  • မွန်မွန်

    June 25, 2012 at 2:01 pm

    တစ်ခါတစ်လေကျတော့လည်း မိဘဆိုတာ နားလည်ရခက်ခဲပါတယ်။ သူတို့ချစ်တာကို ခံစားရပေမယ့် ဘာကို ချစ်တာလဲဆိုတာကို နားမလည်ဘူး။
    အဖေဆို မွန်မွန့်ကို အရမ်းချစ်တယ်။ သမီးကြီးဆိုပြီး အားလည်းကိုးတယ်။ ဒါပေမယ့် အရက်ကိုပိုချစ်ခဲ့တယ်။ သမီးဘဝတက်လမ်းအတွက် ကြိုးစားပေးရမယ့်အစား သူချစ်တဲ့အရက်ရဲ့ လွှမ်းမိုးမှုကိုပဲ ကျေကျေနပ်နပ်ခံခဲ့တယ်။
    အဖေရယ်…သားသမီးသိက္ခာကျတာပေါ့..အရက်မသောက်ပါနဲ့လား ဆိုတော့ အရက်သမားသမီးက စာတော်တယ်ဆိုတာ ပိုဂုဏ်ရှိတာပေါ့တဲ့…
    ကဲ…ဘာထပ်ပြောကြမလဲ…

    • နွေဦး

      June 26, 2012 at 8:28 am

      အဖေက သမီးထက် အရက်ကို ပိုချစ်တာကိုး..
      သမီးက အရမ်းလိမ္မာပြီး အလိုက်သိတော့ သူက လိမ္မာပြဘို့ မလိုတော့လို့နဲ့ တူပါရဲ့ ..။

  • mona smile

    June 25, 2012 at 3:11 pm

    မိဘ အိကျေးဇူးသည် ဆပ်ရွေ့ မကုန်ပါ..ထို့ကြောင့် မဆပ်တော့ပါ…ဟီဟိ..အဲ့လိုလား

    • နွေဦး

      June 26, 2012 at 8:44 am

      ဒါဆိုလဲ ကိုယ့်သားသမီးအလှဲ့ကျမှ ကျေးဇူးအဆပ်ခံတော့မယ်ပေါ့…။

  • thar ag

    June 25, 2012 at 3:19 pm

    မဆပ်ချင်ရင်လဲနေပါ ဒါပေမဲ့ ဒုက္ခ တော့မပေးပါနဲ့ အရမ်းကို ငရဲကြီးပါတယ် ဒါလေးတော့ မှတ် ထားကြပါလို့ ပြောချင်ပါတယ်

    • နွေဦး

      June 26, 2012 at 8:49 am

      မဆပ်ချင်ကြတာတော့ မဟုတ်လောက်ပါဘူးဗျာ..
      ဆပ်ဘို့ အခွင့်မရကြတာ..ဆပ်နိုင်လောက်အောင် အင်အား ဓန မပြည့်ခဲ့ကြတာတွေဖြစ်မှာပါ..။
      ဒုက္ခ ပေးတာ.. အခက်တွေ့စေတာ တွေကတော့ မိဘတွေ သွန်သင် ဆုံးမမှု လျှော့ကျခဲ့တာတွေ
      ပါမယ်ထင်ပါတယ်..။
      မိဘ ဆိုတာ တခါတလေ ကိုယ်စိုက်တဲ့ အသီး ကိုယ် စားရတတ်ပါတယ်..။

  • Khaing Khaing

    June 25, 2012 at 4:16 pm

    အဖေနဲ့အမေမှာ အမေ့ရဲ့မေတ္တာဟာပိုကြီးမားလှပါတယ် …… လူတရာမှာ ၁ယောက်သေအဖေကသာ သားသမီးအပေါ်အမေထက်သာမယ်လို့ထင်တယ် အမေကသာ သားသမီးလေးတွေ မမွေးခင်ရော မွေးပြီးချိန်မှာပါ သည်းခံဒုက္ခခံ အပင်ပန်းခံခဲ့ရတာများပါတယ် ရင်သွေးငယ်နေမကောင်းဖြစ်ချိန် နို့ချိုတိုက်ကျွေးချိန်မှာ အမေကသာ အအိပ်ပျက် အစားပျက် ပြုစုစောင့်ရှောက်ခဲ့ရတာပါ …… အဖေတွေရဲ့ မေတ္တာကအမေတွေကိုမမှီနိုင်ပါဘူး …….

    • နွေဦး

      June 26, 2012 at 9:07 am

      ဒီလို တထစ်ချတော့ ပြောမရဘူးထင်ပါတယ်.
      အဖေတွေရဲ့ မေ​တ္တာ ဟာ ပုရိဿ သဘာဝအလျှောက် ဖေါ်ပြတာ သိပ်မထင်ပေါ်တာမျိုးပါ.။
      အမေတွေရဲ့ စိတ်အင်အားတွေကို ဖြည့်ပေးနေတာက အဖေတွေပါ..။
      ကြားဖူးလားတော့ မသိဘူး “နင်တို့အဖေကြောင့်ပေါ့..နို့မဟုတ် နင်တို့ကို ငါ လှဲ့မကြည့်ဘူး” ဆိုတာမျိုး..။

    • နွေဦး

      June 26, 2012 at 9:09 am

      ရှားပါးစရင်းထဲ ကိုယ်တိုင် ပါဝင်ခွင့် ရှိပါတယ်ဗျာ…။

  • ဇောက် ထိုး

    June 25, 2012 at 10:11 pm

    မာနေတီတိ မာတာ.. သာသမီးတွေကို မြတ်နိုးတတ်လို့ အမေ လို့ခေါ်တာတဲ့။ အမေဆိုတာ သားသမီးကို မြတ်နိုးတတ်သူလို့ ဆိုတယ်။ ဒီလိုဆိုရင် မြတ်နိုးတတ်သူဆိုရင်.. အမေပေါ့။ ကိုယ့်သားသမီး အရင်း မဟုတ်ရင်တောင်မှ သားသမီးလိုမြတ်နိုးတတ်ရင် အမေလို့ သတ်မှတ်နိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်သူပြည်သားတွေအပေါ် မြတ်နိုးတတ်လို့ အမေလို့ ခေါ်ကြတာများလား။
    မွေးဖွားပြီး တောထဲမှာ ပစ်ထားတဲ့ ဆေးရုံတွေမှာ ပစ်ထားတဲ့ အမေအရင်းတွေကိုကော မြတ်နိုးတတ်လို့ အမေလို့ခေါ်တယ်ဆိုတဲ့ စာအရဆိုရင်… အမေဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါ့မလား။
    စောစောက ရန်ကုန်မိဘမဲ့ကျောင်းမှာ မွေးပြီးပစ်ထားတဲ့ကလေးတွေ ဒီနှစ်အတွင်း ၈၀၀-ကျော်ဆိုလား ဖတ်လိုက်ရတယ်။ ဒီရက်ပိုင်းလေးမှာပဲ ရန်ကုန်ဆေးရုံကြီးမှာ သားသမီးဖျက်ချလို့ သေကြရတဲ့ အမျိုးသမီးဦးရေဟာ ကျန်းမာရေးမကောင်းလို့ သေတဲ့ဦးရေထက် ထက်ဝက်ကျော်ရှိဆိုတာလဲ ဖတ်လိုက်ရတယ် မှတ်ပါတယ်။
    မိဘကို မုန်းဖို့ပြောတာမဟုတ်ဘူး။ ချစ်လွန်းတာလဲ မကောင်းဘူး။ မုန်းလွန်းတာလဲ မကောင်းဘူး။

    • နွေဦး

      June 26, 2012 at 10:30 am

      မိခင်ဖြစ်ထိုက်သူ ဖခင်ဖြစ်ထိုက်သူ ဆိုတာလဲ ရှိတယ်မလား…
      အမေ ခေါ် ခံထိုက်သူ အဖေ ခေါ်ခံထိုက်သူ ဆိုတာလဲ ရှိပါသေးတယ်နော်..။
      ချစ်လွန်းမုန်းလွန်းတယ် ဆိုတာထက် ချစ်တတ် ဖို့က ပို အရေးကြီးပါတယ်..။

  • may darle

    June 26, 2012 at 8:33 am

    ဟုတ်ပါတယ်မိဘကျေးဇူးကကြီးမားလှပါတယ်ဒါကြောင့်မိဘကျေးဇူးကိုဆပ်နိုင်တဲ့သမီးတစ်ယောက်ဖြစ်ချင်ပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 10:22 am

    အရမ်းကောင်းတဲ့ပို့(စ်)လေးပါ..
    အနှိုင်းမဲ့ မေတ္တာ…
    မိဘကျေးဇူး သိနားလည်နိုင်ပါစေ…
    အေးချမ်းဆုံးခိုနားရာ…
    အလုံခြုံဆုံးသော မေတ္တာတွေနဲ့…
    အမြဲတမ်းပေးဆပ်နေတာ..
    မိဘတွေပါ…
    ဖေဖေ မေမေ…
    ကျန်းမာလို့ စိတ်အေးချမ်းပါစေလို့…….
    တောင်းဆုပြုလျှက်…
    မိုက်လေး………။

    • နွေဦး

      June 26, 2012 at 10:34 am

      တခြားနေရာမှာ မိုက်ချင်သလောက် မိုက်ပါ ခပ်မိုက်မိုက် ကောင်မလေးရယ်…
      မိဘတွေအပေါ်မှာတော့ အလိမ္မာဆုံးလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်….။

  • Lwin Aung

    June 26, 2012 at 12:09 pm

    I love children. I help mother. I like beer.

Leave a Reply