စည်ပင် ဝေဆာ…အနာဂတ်မြန်မာ

maung khinminJune 25, 20121min9311

တစ်ယောက်  တစ်လက်….ကိုယ် စီ  ယှက်ပြီး..

တစ်စိတ်တစ်ဝမ်း….ဦးပဲ့ ထမ်းကာ

တတ်လှမ်း ရွယ်ရည်….ပန်းတိုင် ဆီသို ့

ရွှေပြည်တော်ကြီး….ပြန်လည်တည်……

 

မှုန်ရီ ဝေဝါး….အတိတ်ခါးကို

လှေကား လိုတတ်…သမိုင်းဆက်ရန်

ပိုင်းဖြတ် ပညာ…စာမျက်နှာသစ်

ရာဇဝင်ဖြင့်…ကျန်ရစ်စေ……

 

တိုင်းရင်း စုံလင်….မြန်ပြည် ခွင်ဝယ်

စည်ပင် ယဉ်ကျေး…ပေါင်းစု ဝေးလျှက်

ချစ်မြတ် ကြည်ဖြူ…ဖေးမ ကူရင်း

ဒို ့သွေးရင်းမို ့….ညီအစ်ကို ပေ…

 

ဒီမို ကရေစီ…ညီအစ်ကိုတတွေသည်

သည်မြေ သည်ရေ..ဘိုးဘွား အမွေကို

တိုးပွား ဆင့်ကဲ…ဒို ့လက်ထဲ မှာ

ရှေ့သို ့ ရဲရဲ….အားမာန်ချီ………

 

ခေါင်းဆောင် ဟူသည်…တူညီမျှတ

လမ်းမှန် ပြလျှက်…အတတ် အသိ

ထန်းညှိ မောင်းနှင်….ပြုပြင် စိတ်ဓါတ်

အနာဂတ် အတွက်….ပေးဆပ်တဲ့သူ…

 

မျိုးဆက် လူငယ်….ဒီမယ် ပြင်ကြ

လှပ ဖော်ဆောင်…ရွှေရောင်ပြောင်လက်

တိုးတတ် တိုင်းပြည်….စည်ပင် ဝေဖို ့

တီထွင် သိပ္ပ….နောက်မကျဖို ့

မြန်ပြည် သားတို ့….စည်းလုံးစို ့။။။


11 comments

  • ဘဲဥ

    June 25, 2012 at 1:47 pm

    ပီးမှာသေချာဖတ်မယ် အခုတော့ နေရာအရင်ဦးထားလိုက်မယ်
    လာဂဲ့ တစ်ဆယ်

    • mamanoyar

      June 25, 2012 at 1:54 pm

      ကိုဘဲဥ အဲလိုမလုပ်နဲ့လေ
      နိုရာလဲ တစ်ဆယ်ယူပြီး ပြေးပြီ

  • မမ အညာသူ

    June 25, 2012 at 1:47 pm

    ညာဆီကချေးထားတဲ့ပိုက်ဆံ10ပေး
    ပေးပေးမပေးပေးယူလိုက်ပြီ
    လစ်ပြီ

  • မမ အညာသူ

    June 25, 2012 at 1:50 pm

    ညာဆီကချေးထားတဲ့ပိုက်ဆံ10ပေး
    ပေးပေးမပေးပေးယူလိုက်ပြီ
    လစ်ပြီ…………

  • ဒိုးစနစ်

    June 25, 2012 at 2:02 pm

    ဖတ်တယ်။ပြီးတော့ ၁ဝ ယူသွားတယ်။

  • thar ag

    June 25, 2012 at 5:03 pm

    အခုတည်တွင်နေတဲ့ မြန်မာပြည်က မောင်သူမဲ့ လေယာဉ်ကတေ့ာ စက္ကူ ဗျောက် အိုး နှစ်လုံးတင်ဆောင်မောင်နှင်နိုင်ပါသည် ဟု မနေ့က ဖေ့ဘုတ် စာမှက်နှာမှာ လှောင်ထားတာလား တကယ်လားတော့မသိပါ

  • thar ag

    June 25, 2012 at 5:03 pm

    အခုတည်တွင်နေတဲ့ မြန်မာပြည်က မောင်းသူမဲ့ လေယာဉ်ကတေ့ာ စက္ကူ ဗျောက် အိုး နှစ်လုံးတင်ဆောင်မောင်နှင်နိုင်ပါသည် ဟု မနေ့က ဖေ့ဘုတ် စာမှက်နှာမှာ လှောင်ထားတာလား တကယ်လားတော့မသိပါ

  • သားဦး၊မြေးဦး

    June 25, 2012 at 6:09 pm

    အကိုရေ အားလုံးတူညီ၊တန်းစားမရွေး
    တိုင်းပြည်အတွက် ဘာလုပ်ကြမလဲ
    စဉ်းစားသင့်ပီ။ဝင်လာမယ့် နိုင်ငံခြား
    ရင်းနှီးမှုတွေကို အမေစု ကဖိတ်ခေါ်နေပီ။

    • maung khinmin

      June 26, 2012 at 10:07 am

      ကောင်းဖို ့လုပ်နေတာ…အားပေးရမှာပ…

  • မောင်ပေ

    June 25, 2012 at 8:05 pm

    ကိုခင်မင် ရေးပြထားတဲ့ အနေအထား ဖြစ်ဖို ့ သိပ်မလိုတော့ပါဘူးနော

  • maung khinmin

    June 26, 2012 at 10:09 am

    ကျုပ်တို ့လဲ…ဒီလိုအနေအထားမျိုးရောက်အောင်….
    တစ်ယောက်တစ်လက်….ကိုယ်စီယှက်…ထားကြရအောင်လားဗျာ….

Leave a Reply