ပိုင်ဆိုင်ခွင့်

ပိုင်ဆိုင်ခွင့်

*********

*** အရာအားလုံးအတွက် မင်းကိုကျေးဇူးတင်တယ်..

မင်းမုန်းမေ့နိုင်ဖို့အတွက် ငါဆုတောင်းပေးမယ်..

ကျေနပ်ပါတယ် င့ါအပြစ်နဲ့ငါ..

င့ါအမှားတွေပဲ ရှိပါစေတော့….။

*** အဟောင်း အဟောင်းတွေ အသစ်ပြန်ဖြစ်မလာနိုင်တော့…

ဒါပေမယ့်ပေါ့ကွာ.. ချိုမြိန်မှုတွေဆိုတာ…

ဘာလဲ..မရေရာပေမယ့်လည်း……..

ခါးသက်မှုတွေ အကြိမ်ကြိမ်ဆိုပါတော့…..။

*** ငါလေ ရင်နဲ့အမျှဆိုတာ မသိပေမယ့်…

င့ါစိတ်ထဲမှာ မင်းရှိနေခဲ့တယ်….

ချစ်တယ် ဆိုတဲ့ အဓိပ္ပယ်ကို သေချာမဖွင့်ဆို နိုင်ခဲ့ပေမယ့်…

ခုချိန်ထိအောင် မင်းကိုလွမ်းဆဲ သတိရနေဆဲပါကွာ…။

***ဒီလိုနဲ့ပဲ ငါသိခဲ့တာက……..

သတိရလွမ်းဆွတ်ခြင်းတွေ ငါပိုင်ဆိုင်ပါသေးတယ်ဆိုတာကိုပေါ့….

အရာအားလုံးကို မပိုင်ဆိုင်ရရင်တောင်မှ…

သတိရခြင်းတွေ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်နော်…။

<3     ကျေးဇူးပါ…ချစ်သူရယ်…။

 

27 comments

  • ညလေး

    June 25, 2012 at 1:17 pm

    ဝါး………..ရေးချက်တွေကလန်းလိုက်တာကွာ….
    အားပေးရင်း…..အကြီးဆုံးလက်မထောင်သွားပါဂျောင်း…..
    စကားလုံးလေးတွေထဲက……….
    “အရာအားလုံးကို မပိုင်ဆိုင်ရရင်တောင်မှ…
    သတိရခြင်းတွေ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်နော်…။”ဒီစကားလုံးကတော့…..
    လုံးဝကွတ်တိ……ထိတယ်…

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:26 pm

    ကျေးဇူးတင်ပါတယ်နော်..
    ခုလိုအားပေးတဲ့အတွက်ပါ..
    နောက်လည်း ဖတ်ပေးဦးနော်..
    ခင်တဲ့….မိုက်လေး..:)

  • ဘဲဥ

    June 25, 2012 at 1:44 pm

    အားလုံးကို စွန့်လွှတ်လိုက်ရရင်တောင် ရင်ထဲက မင်းအတွက်နေရာလေးကိုတော့
    ချန်ထားခွင့်ပေးပါ ခေးလေးရယ်

  • mamanoyar

    June 25, 2012 at 1:49 pm

    အလွမ်းတွေများတယ်နော်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:55 pm

    ဥဥ…ကတကယ်ပြောနေတာလားဟင်..
    အားလုံးကို စွန့်လွှတ်နိုင်တယ်ပေါ့..
    ဘယ်လိုယုံရမလဲ…??

    • ဘဲဥ

      June 25, 2012 at 2:10 pm

      ဂယ်ပြောဒါ ဂယ်ဂျီး

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 1:57 pm

    mamanoyar…ရယ်
    အလွမ်းလို့ထင်ရင်လည်း ထင်ပါတော့..
    ထင်ခဲ့တဲ့အလွမ်းတွေက..
    စာတွေလည်းဖြစ်သွားနိုင်လို့ပါ….။

  • may flowers

    June 25, 2012 at 2:30 pm

    ကဗျာလေးက မိုက်တယ်။ နံမည်အတိုင်းပဲ…….အဟဲ။

  • kai

    June 25, 2012 at 2:32 pm

    Category ကို.. ကဗျာဆို..ကဗျာကိုရွေးပါ..
    တရက် ၂ပုဒ်ထက်ပိုမတင်ပါနဲ့ခင်ဗျား..

    အခုလောလောဆယ်.. ၃ပုဒ်တရက်ထဲတင်လို့.. ၁ပုဒ်ကို မနက်ဖြန်ရွေ့ပေးထားပါတယ်..
    ဆိုတော့.. မနက်ဖြန်လည်း.. တပုဒ်သာတင်ခွင့်ရှိပါတော့တယ်ဆိုတဲ့အကြောင်း….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:38 pm

    ဟုတ်..
    မိုက်လေး..တကယ်မသိဘူး..
    ဟီးးးးးးးးးးးကျေးကျေး
    ပြောပြပေးတဲ့အတွက်…။

  • ညလေး

    June 25, 2012 at 2:45 pm

    မိုက်လေးရယ်…..
    မန်းဂေဇက်ရွှာသဂျီးဆိုတာ….မိုက်လေးကို….ရွှာစည်းကမ်းလေးပြောပြတဲ…..သဂျီးဦးခိုင်ပေါ့…..
    တစ်ရက်ကို ပိုစ့် နှစ်ခုသာတင်လို.ရတယ်လေ…နော်….

  • ရှင်းသန့် နွယ်

    June 25, 2012 at 2:45 pm

    “ချစ်တယ် ဆိုတဲ့ အဓိပ္ပယ်ကို သေချာမဖွင့်ဆို နိုင်ခဲ့ပေမယ့်…

    ခုချိန်ထိအောင် မင်းကိုလွမ်းဆဲ သတိရနေဆဲပါကွာ…။” LIKE!!!!!!!

  • ဒိုးစနစ်

    June 25, 2012 at 2:47 pm

    ကျွန်တော့တုန်းကလည်း တစ်ရက်ကို သုံးပုဒ်ဖြစ်သွားတယ်ဗျ။
    အက်ဒမင်ကို ကျေးဇူးတင်ပါကြောင်း….

  • အရင့်ရောင်

    June 25, 2012 at 2:51 pm

    သတိရခြင်းတွေပဲ ပိုင်ဆိုင်ခဲ့တာလားနော်
    ဟီးးးးးးးး
    အားပေးတွပါဂျောင်း

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:56 pm

    ဟုတ်ကဲ့ပါ..
    မိုက်လေး..ဒီရွာမှာ အသစ်ဆိုတော့..
    တကယ်မသိလို့ပါနော်..
    ခုလိုပြောပြပေးတဲ့သူငယ်ချင်းတွေရော..
    သူကြီးကိုရော..Admin ကိုရော..
    မိုက်လေး..ကျေးဇူးတင်ပါတယ်နော်..။
    နောက်လည်း မသိတာတွေရှိရင်ပြောပြပေးပါဦး..။
    ခင်တဲ့…မိုက်လေး

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 2:57 pm

    အင်း..
    သတိရခြင်းတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုရင်တောင်မှ..
    မိုက်လေး..အတွက်တော့ ခပ်ပါးပါးဆေးရောင်လေးပါပဲ…။

    • ဘဲဥ

      June 25, 2012 at 6:27 pm

      မိုက် … ခေးလေးရယ် ကိုယ့်ဘွ အရာအားလုံး မိုက်လေးပိုင်ပါတယ်ကွာ

  • မောင်ပေ

    June 25, 2012 at 8:07 pm

    ကျေးဇူးပါ မိုက်လေးရယ်
    ကိုပေ အခုဆို ၁ဝကျပ် ရသွားဘီ
    သိလား

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 8:42 pm

    ဥဥ..တကယ်ပြောတာလားဟင်
    ခေး..ပြောထားတယ်နော်…
    မျှော်လင့်ခြင်းတွေကို မုန်းတယ်လို့…။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 8:44 pm

    မို်က်လေး…ကိုဘာဖြစ်လို့…
    ကျေးဇူးတင်တာလဲ..ကိုပေ…
    နားမလည်ဘူးနော်….။
    နောက်ပြီး………
    မိုက်လေး..သိတာက
    မိုက်လေး…ကိုခင်ပေးတဲ့အတွက်…
    ရွာသူ/သား အားလုံးကိုကျေးဇူးတင်ပါတယ်နော်…။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 10:33 pm

    ဦးဦးမော်ဒန်အလင်းဆက်ရေ…
    မိုက်လေး…စာတွေအားပေးဦးနော်…
    ကျေးဇူးပါ…။

  • ရဲစည်

    June 26, 2012 at 2:33 am

    အရာအားလုံးအတွက် မင်းကို ကျေးဇူးတင်တယ်
    ပေးဆပ်ခဲ့တာတွေအတွက် ဘာမှမမျှော်လင့်ရဲပါဘူး
    ခုတော့…….
    မင်းပေးတဲ့ အရောင်မဲ့ ၁ဝကို ရင်မှာပိုက်ရင်း ထာဝရ အဝေးကဘဲ နေမှာပါ….

    နေ့တိုင်းအားပေးနေမယ်နော်

  • doe doe

    June 26, 2012 at 9:17 am

    စိတ်မညစ်ပါနဲ့ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 9:50 am

    မညစ်ပါဘူး…
    အမှားထဲက သင်ခန်းစာဆိုတာ..
    ယူတတ်ရင် အသိတွေပေးတာပါပဲ…
    စိတ်ညစ်မှု ဆိုတာ အကြာကြီးထားလို့…
    ကောင်းတဲ့အရာထဲမှာ မပါဘူးလေ..။
    သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေနော်..
    ခင်တဲ့…
    မိုက်လေး……..။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:20 am

    (Category ကို.. ကဗျာဆို..ကဗျာကိုရွေးပါ..
    တရက် ၂ပုဒ်ထက်ပိုမတင်ပါနဲ့ခင်ဗျား..
    အခုလောလောဆယ်.. ၃ပုဒ်တရက်ထဲတင်လို့.. ၁ပုဒ်ကို မနက်ဖြန်ရွေ့ပေးထားပါတယ်..
    ဆိုတော့.. မနက်ဖြန်လည်း.. တပုဒ်သာတင်ခွင့်ရှိပါတော့တယ်ဆိုတဲ့အကြောင်း….)
    ********************************************************
    Admin ကမိုက်လေး…ကိုအဲ့လိုပြောထားတယ်နော်..
    မနေ့ကတင်ထားတဲ့ တစ်ပုဒ်မှာ အကုန်မြင်အောင်လုပ်ပေးပါဦးနော်…
    ခုထိတက်မလာသေးပါဘူး…မိုက်လေး..စာရေးလို့မရဘူးဖြစ်နေတယ်..
    ကူညီပေးပါဦးနော်…မိုက်လေး..ခုပို့(စ်) ကို ဒီနေ့တစ်ခုပဲ တင်ထားတာပါ..
    မိုက်လေး ဒီဆိုဒ်ကို ရောက်တာ မကြာသေးတဲ့အတွက်…
    နားမလည်တာလေးတွေရှိရင် လည်းပြောပြပေးပါဦးနော်…
    ကျေးဇူးတင်ပါတယ်….
    ခင်မင်လျှက်……….မိုက်လေး..။

Leave a Reply