1 ပုဇွန်ဆီရောင်တောက်နေတဲ့ မိုးဥတုညနေခင်းလေးပါ

2 အလင်းဖျော့ အရောင်တွေဖျော့ သွားပေမယ့်လည်း အလွမ်းစိတ်ကတော့ရော့ မသွားပါဘူးဗျာ

3 တောက်ပသောတိမ်အဆင် အရောင်တွေဟပ်နေသောရေပြင်
လွမ်းဘွယ်ရာ ၀န်းကျင်

4 အဝေးမှာ မင်းဝံတောင်တန်း
တိမ်ရောင်စုံယှက်သန်း
ရေပြင်မှာရောင်စုံလွှမ်း
ခင်ဝမ်းသီချင်းလေးသတိရမိပါတယ်
(လွမ်းထုဖွဲ့ဆင်…………….ခဲ့ပြီ)တဲ့

4 တူသလို မတူသလို
ဒါပေမယ့်လွမ်းအောင်လုပ်တာခြင်းတော့တူတယ်

5 အရောင်ရင့်ရင့် ကောင်းကင်
ပုဇွန်ဆီသွေးနဲ့တန်ဆာဆင်

 

6 ပုဇွန်ဆီသွေးဆင်တဲ့ညနေခင်းလေး

7တောတန်းစိမ်းရွှင် မိုးပြာရောင်လွင် ရေပြင်အရိပ်ထင်

8 အရောင်ဖျော့ဖျော့ ကို ဖမ်းစားခြင်း

 

9 ဆီဆေးပန်းချီ စုတ်ချက်ကြမ်းကြမ်း နဲ့ကြည့်ရသလို

10 ညနေခင်း တောင်တန်းတွေက အဝေးမှာ
ရောင်စုံအလင်းစက်တွေက ကျနော်ကိုနုတ်ဆက်

12 အရောင်အသွေးစိုလက်ရွှန်းပသော ညနေခင်း

13 ကောင်းကင်မြေပြင် ကမစောင်းပါဘူး
ကျနော်ကသာအမြင်တွေစောင်းနေတာလေ…………………

15 ပန်းေ၇ာင် လိမ္မော်ရောင် အပြာရောင် ရောင်စုံညနေခင်းလေး

16 တစ်ကိုယ်တော်…………………………

“လွမ်းရိပ်ဆင်….ညနေခင်း”

 

ညနေခင်းခြောက်နာရီကျော်ကျော်လောက်အလုပ်ကပြန်လာတဲ့တစ်ရက်။

မရွာဘဲ အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေကြောင့်ကောင်းကင်က မိုင်းရီ။

ဆိုင်ကယ်စီးလာရင်းကနေအနောက်ဘက်ကောင်းကင်ကိုကြည့်မိတော့

ဝင်လုဆဲနေမင်းက မြေကမ္ဘာကိုလက်ဆောင်ပေးတဲ့ အလင်းစက်တွေကြောင့်

တိမ်ညိုတွေတောင် အရောင်ပြောင်းလို့ စိုလက်တောက်ပလို့နေပါတယ်။

ဒါဆိုရင်တော့ တက်သေးအင်း ရေပြင်ရယ် မင်းဝံတောင်တန်းရယ် တိမ်ရယ်လှနေတော့မှာဘဲဆိုပြီး

အဲဒီကန်စပ်ကို အပြေးအလွားသွားရပါတော့တယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှု့မောလို့ ဆိုရအောင် ပုဇွန်ဆီရောင်တောက်ပ။

အပြာရောင်နုနုတွေကတော့ကန်ရေပြင်ပေါ်ကို ဆင်းသက်။

အိပ်တန်းပျံ ငှက်ကလေးတွေကလဲ ကောင်းကင်ပန်းချီကားကိုနောက်ခံထားလို့ ပျံသန်း။

ကြည့်မ၀ ရူ့မ၀။

ကမ်းဘေးမှာတစ်ကိုယ်တော်လေလွင့်ခြင်းလုပ်နေတဲ့ အုန်းပင်လေးက လဲ

လေအလာမှာယိမ်းနွဲ့လှူပ်ယှား။

တနေ့တာမောပန်းခဲ့ စိတ်ရှုပ်ခဲ့သမျှတော့ ပေါ့ပါးလို့လန်းဆန်းသွား။

ဒါပေမယ့် ကြည့်နေရင်းက လွမ်းတော့လွမ်းသလိုလို………………..

ဘယ်ကိုလွမ်းမှန်းမသိတာကတော့ အတော်ခက်တယ်ပြောရမယ်ထင်တာပါဘဲ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရာများ။

(29-6-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။