ကမ္ဘာပေါ်မှာလူသားတိုင်း
ပြောခဲ့ဖူးကြတဲ့ စကားလေးတစ်ခွန်း…
ဘာတဲ့….
( ချစ်တယ်..ချစ်တယ် ) တဲ့လား

တစ်နေ့….ချစ်တယ်
ရက်ပေါင်းများစွာ…..ချစ်တယ်
တစ်လ….ချစ်တယ်
လပေါင်းများစွာ…..ချစ်တယ်
အချိန်တွေပြောင်းလဲလာတယ်..
ဒါပေမယ့်…..ချစ်တယ်
ပြောင်းလဲခြင်းတွေအစပြုလို့….
နင့် ချစ်ခြင်းတွေပြောင်းလဲလာတယ်..
င့ါအတွက်ဆိုပြီး အချိန်တွေနည်းလာတယ်..
နင် ညာပြောတတ်လာတယ်..
နောက်ထပ် မရေရာ မသေချာမှုတွေနဲ့..
နင့်ရဲ့ စိတ်အစဉ်မှာ..
ဘယ်လိုအကြောင်းအရာတွေ ရှိလာဦးမလဲဟာ..
ငါလေ..ဝေဝေဝါးဝါးနဲ့ မျှော်လင့်ခြင်းတွေကို….
မုန်းတီးနေတတ်ခဲ့ပါပြီ …ချစ်သူရယ်..
နင် ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့စကားတစ်ခွန်းကဘာလဲ…
ငါကိုယ်တိုင်တောင်နားမလည်ခဲ့ဘူး….။

ချစ်ခြင်းတွေ ကမ္ဘာတည်သ၍
တကယ်ချစ်တဲ့ အချစ်စစ်တွေ ခိုင်မြဲပါစေလို့…..မိုက်လေး ဆုတောင်းပေးပါတယ်..။

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..