သူပြောခဲ့ဖူးတဲ့ ( ချစ်တယ် ) ဆိုတာ..?????

ကမ္ဘာပေါ်မှာလူသားတိုင်း
ပြောခဲ့ဖူးကြတဲ့ စကားလေးတစ်ခွန်း…
ဘာတဲ့….
( ချစ်တယ်..ချစ်တယ် ) တဲ့လား

တစ်နေ့….ချစ်တယ်
ရက်ပေါင်းများစွာ…..ချစ်တယ်
တစ်လ….ချစ်တယ်
လပေါင်းများစွာ…..ချစ်တယ်
အချိန်တွေပြောင်းလဲလာတယ်..
ဒါပေမယ့်…..ချစ်တယ်
ပြောင်းလဲခြင်းတွေအစပြုလို့….
နင့် ချစ်ခြင်းတွေပြောင်းလဲလာတယ်..
င့ါအတွက်ဆိုပြီး အချိန်တွေနည်းလာတယ်..
နင် ညာပြောတတ်လာတယ်..
နောက်ထပ် မရေရာ မသေချာမှုတွေနဲ့..
နင့်ရဲ့ စိတ်အစဉ်မှာ..
ဘယ်လိုအကြောင်းအရာတွေ ရှိလာဦးမလဲဟာ..
ငါလေ..ဝေဝေဝါးဝါးနဲ့ မျှော်လင့်ခြင်းတွေကို….
မုန်းတီးနေတတ်ခဲ့ပါပြီ …ချစ်သူရယ်..
နင် ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့စကားတစ်ခွန်းကဘာလဲ…
ငါကိုယ်တိုင်တောင်နားမလည်ခဲ့ဘူး….။

ချစ်ခြင်းတွေ ကမ္ဘာတည်သ၍
တကယ်ချစ်တဲ့ အချစ်စစ်တွေ ခိုင်မြဲပါစေလို့…..မိုက်လေး ဆုတောင်းပေးပါတယ်..။

22 comments

  • စုန်းမ

    June 25, 2012 at 2:29 pm

    ဆုတောင်းပေးလို.ကျေးဇူးတင်ပါတယ်…..မိုက်မိုက်လေးရယ်…….
    အသည်းစားတဲ့……စုန်းမတို.အတွက်တော့….ရှိမယ်မထင်ပါဝူးကွယ်….
    ရှိခဲ့မယ်ဆိုရင်တောင်…ကိုယ်နဲ.ထိုက်ပါ့မလားမသိတဲ….စုန်းမဘဝပါကွယ်…….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 2:28 pm

    အမုန်းမြို့သူလို့တောင်…
    ပြောကြပါတယ်…

  • မဟာရာဇာ အံစာတုံး

    June 26, 2012 at 2:35 pm

    ချစ်တယ် ..
    ချစ်တယ် ….

    ပြီးတော့ ..
    ရစ်တယ် ..
    ရစ်တယ် …

    နောက်တော့ …
    စိတ်ညစ်တယ် ..
    စိတ်ညစ်တယ် ….

    လောကကြီးက
    ဒါဗြဲ …

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 2:35 pm

    ထိုက်တန်တယ်..
    မထိုက်တန်ဘူးဆိုတာ…
    သူတို့အပေါ်မှာပဲ မူတည်ပါတယ်မမ…
    မသိတာ မဟုတ်ပါဘူး..
    မသိသေးတာပဲရှိတာပါ…
    ကိုယ်မဖိတ်ခေါ်ပဲ ရောက်လာတယ်…
    မနှင်ပဲလည်း ပြန်သွားကြတယ်…
    နောက်တော့မှ….
    ထင်သလိုတံဆိပ်ကပ်ခံရတာ …
    နာကျင်လွန်းပါတယ် မမရယ်…
    ချစ်ခြင်း အသချေင်္မှာ…
    စစ်မှန်တဲ့ ချစ်ခြင်းမျိုးနှင့်သာ..
    ဆုံတွေရပါလို၏…။
    ချစ်တတ်သူတိုင်း အချစ်စစ်ကို…
    ပိုင်ဆိုင်ပါစေ….နော်
    ခင်မင်လျက်…မိုက်လေး…

  • ရှင်းသန့် နွယ်

    June 26, 2012 at 2:39 pm

    ချစ်ခြင်းတွေ ကမ္ဘာတည်သ၍
    တကယ်ချစ်တဲ့ အချစ်စစ်တွေ ခိုင်မြဲပါစေလို့…Like…Like….!!!!!!!!!!!!

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 2:50 pm

    တောင်းဆုတစ်ခုသာပြုနိုင်ပါတယ်…
    ရှင်းသန့်ရယ်…..
    တကယ်ချစ်တဲ့..အချစ်စစ်ဆိုတာ…
    ဘယ်လိုမျိုးလဲ….?
    မိုက်လေး…မသိနိုင်ပါ…။

  • mayjuly

    June 26, 2012 at 2:59 pm

    တစ်နေ့….ချစ်တယ်
    ရက်ပေါင်းများစွာ…..ချစ်တယ်
    တစ်လ….ချစ်တယ်
    လပေါင်းများစွာ…..ချစ်တယ်
    ခုလည်းချစ်တယ် …. နောင်လည်းဆက်ချစ်တယ် …
    ဘယ်တော့မှ မပြောင်းလဲပဲ ချစ်တယ်…
    တသက်လုံး..ချစ်တယ်
    (P.S — လက်မထပ်ခင် ပြောသောစကားများသာ )

    အချိန်နှင့် လိုက်ပီး ပြောင်းလဲမှုရှိမည် … 😀

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 3:12 pm

    ပြောင်းလဲခြင်းတွေအစပြုလို့…
    ရိုးမယ်ဖွဲ့ခဲ့တဲ့…..
    ချစ်ခြင်းတေးသွားတွေ…
    ဆိပ်သုဉ်းမသွားအောင်…
    သူပြောခဲ့ဖူးတဲ့…
    ချစ်တယ်ဆိုတာ…..
    လေဆိုင်ရာလက်လွှဲ….
    ဟိုးးးးအဝေးဆုံးထိအောင်…
    လျှောက်လွှဲချက်ကောင်းကောင်းနဲ့….
    ရှောင်ပြေးသွားတာ….
    နင်ပြောဖူးတဲ့…အချစ် တွေလား…
    နှုတ်ဆက်ခြင်း ကင်းဝေးလို့….
    မိုက်လေး..တို့သူစိမ်းသူတွေအဖြစ်…
    ပြောင်းလဲ ခဲ့ပြီပေ့ါ…။

  • ချစ်တယ် ချစ်တယ်
    ခဏခဏပြောပီး
    မပြတ်တန်းဝါးနေတဲ့ပီကေလို့
    အချိုရည်ကုန်ခါမှ
    ထားခဲ့ရင်ဒွတ်ခ………………………………..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 4:31 pm

    ချစ်တယ်…လို့
    လွယ်လွယ် မပြောပါနဲ့နော်..။
    တကယ်ချစ်မယ်ဆိုရင်လည်း..
    ရိုးသားစွာချစ်ပါ..။.
    မချစ်တော့ဘူးဆိုရင်လည်း…
    ရိုးသားစွာပဲဝန်ခံပေးပါ…။
    ဝိုးတိုးဝါးတားနဲ့…
    မျှော်လင့်ခြင်းတွေမပေးပါနဲ့..။
    လူဆိုတာ…အသွေးအသားနဲ့..
    တည်ဆောက်ထားတဲ့ သူတွေကြီးပါ..
    မိုက်လေး…တို့မှာခံစားချက်ဆိုတာရှိပါတယ်…။

  • Gipsy

    June 26, 2012 at 4:56 pm

    Wint Theingi Lwin
    ‎”လိုတဲ့ချစ်သူ”

    လူကောင်းတစ်ယောက်ဖြစ်နေဖို့ မလိုပါဘူး..
    ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့က အရေးကြီးတာ!

    … အချိန်တိုင်းကောင်းနေဖို့ မလိုပါဘူး..
    လိုအပ်နေချိ်န် ကိုယ့်ဘက်က ရပ်တည်ဖို့ပဲလိုအပ်တာ!

    အမြဲအနားမှာရှိဖို့မလိုပါဘူး
    လိုအပ်ရင် အပြေးရောက်လာပေးမယ့်စိတ်ဓာတ်ပဲလိုအပ်တာ!

    တစ်ချိန်လုံးအချစ်တွေစာစီနေဖို့ို့မလိုပါဘူး…
    အားငယ်နေချိန် ကြင်နာပေးတတ်ဖို့ပဲလိုအပ်တာပါ!…..။ တဲ့ …လေ…..။
    ( ခိခိ … ကူးချသည် )

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 4:58 pm

    အရမ်းကောင်းတဲ့စာလေးပဲနော်..
    အဲ့လိုချစ်သူရှိတယ်တဲ့လား….????

  • Gipsy

    June 26, 2012 at 5:05 pm

    ရှိတဲ့ အခါလည်း ရှိခဲ့ဘူး မှာပေါ့လေ …
    မရှိတဲ့ အခါလည်း မရှိခဲ့ဘူး ပဲ မှတ်ရမှာပေါ့ …
    ဟိုးအရင်တုန်းကတော့ …
    သူလေး လိုအပ်နေတယ်သိတာနဲ့ ဝှီးးးးးးးးကနဲ အပြေးလေးရောက်သွားတတ်တာ…
    အခုတော့….
    မဝှီးနိုင်တော့ဘူး……။

  • သားဦး၊မြေးဦး

    June 26, 2012 at 8:02 pm

    ဆက်ပြောရမည့်တာဝန်ရှိပါ၏။

    ချစ်ပါသည်။ကိုဂျစ်ပစီကြီးပြေးလာ
    မယ့်သူ ဘယ်သူပါလိမ့်။

  • အလင်းဆက်

    June 26, 2012 at 8:20 pm

    ချစ်တဲ ့အကြောင်း..တော့ ကိုယ်က သိပ်မပြောတတ်ဘူး။

    ပြောတတ်တဲ ့ ခပ်မိုက်မိုက် ကောင်မလေးကို…လေးစားတယ်..ဗျာ ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 9:24 am

    မိုက်လေး…က
    ပြောတတ်လို့ပြောနေတာ မဟုတ်ပါဘူး..
    ဖြစ်တတ်တဲ့ သဘောကိုပြောနေတာပါ…
    လူတွေက အပြောင်းအလဲမြန်တာကိုး..။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 10:21 am

    ကိုဂျစ်စပီကြီးက…..
    ဟိုးးးးးးးးးးးးးးးးတုန်းက……
    သူလေးအတွက်အပြေးလေး..ဝှီးးးးးးးးးးးးဘူးတယ်ထင်တယ်နော်..ဟိဟိ
    ခုဝှီးးးးးးးးးးးးးနိုင်တော့ဘူးဆိုပါတော့လေ…
    ဖြစ်တတ်ပါတယ်….
    ကိုဂျစ်စပီကြီး…လည်းပြောင်းလဲသွားပြီပဲ……….။

  • kyeemite

    June 27, 2012 at 11:11 am

    ရိုးသားစွာချစ်ပါ..။.ဆိုဘဲ..
    ဟုတ်ကဲ့ ရိုးသားစွာ ချစ်ပါဂျောင်း။
    မိုက်လေးကိုချစ်တဲ့..
    မိုက်ကြီး…အဲ…အဲ..ကြီးမိုက်။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:22 am

    ရိုးသားစွာ ချစ်မယ်ဆိုပါလား…
    မချစ်တော့ရင်လည်း…
    ရိုးသားစွာ ဝန်ခံနော်…
    ကိုကိုကြီးမိုက်လား…?
    ဦးဦးကြီးမိုက်လား…?
    အကြီးဖြစ်သူက ကြီးပြီးမိုက်နေရင်…
    ဂွမ်းမယ်နော်…..
    မိုက်လေးပြောတာက….
    သူများအပြောခံရအောင်မလုပ်နဲ့လို့….
    😛

  • maung khinmin

    June 27, 2012 at 11:26 am

    ချစ်တာကောင်းပါတယ်….
    ချစ်ပါ….ချစ်ပြီးရင်တော့….မုန်းတတ်တယ်ဆိုတာတော့
    သိထားစေချင်ပါတယ်…ဒါဆိုခံစားရတာသက်သာတာပေါ့….
    အချစ်နဲ့အမုန်းဆိုတာ….ခေါင်းနဲ့ပန်းလိုပဲ…
    လှန်လိုက်တာနဲ့…ပြောင်းသွားတတ်တယ်…

  • မောင်ပေ

    June 27, 2012 at 11:27 am

    မောင်ပေ လဲ လမ်းကြုံလေး ဂျစ်သွားပါတယ် ။
    မောင်ပေ့ ကို ပြန်ဂျစ်မယ်ဆိုရင်လဲ လက်ခံပါမယ် ။ ဟီဟိ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:38 am

    ချစ်တာကောင်းပါတယ်…တဲ့
    အချစ် မှာ အမုန်းရှိသလို…
    အမုန်း မှာ အချစ်ရှိတယ် ပြောတယ်…
    ဟုတ်တာပေါ့………..
    အချစ်က…………
    ခေါင်း နဲ့ ပန်းလို….
    ၃ နဲ့ ၄ လို……
    ကျောချင်းကပ်ရှိနေတယ်ဆိုတာ မမေ့နဲ့ပေါ့…။

Leave a Reply