လူဝင်စားတစ်ဦး၏ ဘဝဇာတ်ကြောင်း

may flowersJune 25, 20121min19113

ဒီတစ်ခါတော့ လူဝင်စားတစ်ယောက်အကြောင်း.( ကျွန်မသိသော လူဝင်စားတစ်ဦးရဲ့

ဘဝဇာတ်ကြောင်း)တစ်ပုဒ်ကို ပြန်ပြီးဖောက်သည်ချပြောပြချင်ပါတယ်။

 

ရန်ကုန်တိုင်းအတွင်းရဲ့ ဝေးလံခေါင်သည်လှတဲ့ တောရွာလေးတစ်ရွာမှာ လွန်ခဲ့သောနှစ်

ပေါင်း ၅ဝ လောက်က လယ်သမားမိဘနှစ်ပါးမှ မောင်ဖိုးအေးလေးကိုမွေးဖွားခဲ့ပါတယ်။

အဲဒီမောင်ဖိုးအေးလေး မွေးစဉ်ကဘိုက်မှာ သွေးစတွေနဲ့ဓါးဒဏ်ရာပုံသဏ္ဍန်နဲ့ အနာတစ်ခု

ပါလာခဲ့ပါတယ်။ မောင်ဖိုးအေးလေးရဲ့ အဖွားကတော့မှတ်ချက်ပေးခဲ့ပါတယ် “ဒီကောင်

လေး လူဝင်စားလေးဖြစ်ရမယ်”တဲ့။

ဒါပေမဲ့ မောင်ဖိုးအေးလေးဟာ အခြားလူဝင်စားတွေလိုဘဝဇာတ်ကြောင်းတွေ နောက်

ကြောင်းဘဝတွေ တစ်ခါမှပြန်လည်ပြောပြဘူးတာမရှိတာကြောင့် မောင်ဖိုးအေးလေးရဲ့

အဖွားမှက်ချက်ဟာလည်း မမှန်ကန်တော့သရောင်ရောင်နဲ့ အားလုံး မေ့ပျောက်သွားခဲ့

ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မောင်ဖိုးအေးလေးတို့အိမ်ကို မြို့ကမောင်ဖိုးအေးအကြီး

(မောင်ဖိုးအေးအမေရဲ့ အမ) လင်မယားလာလည်ကြပါတယ်။ မောင်ဖိုးအေးလေးရဲ့

ဘကြီးဟာ ကလေးချစ်တတ်ပြီးအစအနောက်အလွန်သန်သူတစ်ယောက်ပါ။ သူကမောင်ဖိုးလေးကို ချစ်စ

နိုးနဲ့ အမျိုးမျိုးမခံချင်အောင်စပါတယ်။ ပထမတော့ မောင်ဖိုးလေးကဘကြီးဖြစ်သူစတာ

ကို ဘာမှပြန်မပြောပဲငြိမ်ခံနေပါတယ်။ ကြာတော့ မောင်ဖိုးအေးဒေါသထွက်လာ ပါတယ်

နောက်ဘကြီးဖြစ်သူအား စူးရဲစွာစိုက်ကြည့်ပြီး “ဟေ့ကောင်   …မင်းငါ့ကိုဘာကောင်

ထင်နေလဲ………..ငါဘသာကွ” လို့ပြန်ပြောပါတယ်။ ဒါနဲ့ မောင်ဖိုးအေးလေး ဘကြီးက

“ မင်း…….ဘသာဆိုရင်……မင်းကကြာကူလီပေါ့ကွ ” လို့ပြန်မေးတော့ ဘာစကားမှပြန်မ

ပြောတော့ပဲ သူ့ဘကြီးကိုတွေတွေကြီးစိုက်ကြည့်နေကာ အိမ်ပေါ်မှပြေးဆင်းသွားပါ

တော့တယ်။ နောက်ပိုင်းဘယ်သူမေးမေး ဘာမှမပြောပဲဒီအတိုင်းသာ မျက်လုံးကြီးပြူး

ကြည့်နေရုံပဲ ကြည့်နေပြီး ဘာမှပြန်မပြောပါဘူးတဲ့။ အဆိုပါမောင်ဖိုးအေးလေးပြောတဲ့

ဘသာဆိုသောသူသည် မောင်ဖိုးအေးတို့နေတဲ့ရွာလေးနဲ့ ငါးမိုင်လောက်ဝေးသောရွာ

ကြီးတစ်ရွာမှ ဖြစ်သည်။ ထိုဘသာ၏ဂုဏ်သတင်းကလည်း တော်တော်ကျော်ဇောပါ

သည်။ ကောင်းသတင်းနဲ့တော့မဟုတ်ပဲ သတင်းဆိုးတွေနဲ့သာကျော်ဇောခြင်းပါ။ ဘ

သာဟေ့လို့ အသံကြားလိုက်တာနဲ့ ငိုနေသောကလေးပါတိတ်သွားလောက်အောင်  ထို

ဘသာ၏ သတင်းကကျော်ဇောလှသည်။ လွန်ခဲ့သော နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကျော်

လောက်က ဆိုတော့လဲတရားဥပဒေဆိုတာ နယ်မြို့လေးထိအောင်မရောက်နိုင်ပါပဲ

တောရွာမှာလည်း လူမိုက်များကြီးဆိုးကျက်စားနေတဲ့ ခေါတ်ဆိုတော့ကာ ဘသာတို့

လို လူမိုက်တွေခေါင်းထောင်နိုင်တာမဆန်းလှပါဘူး။ အနှီဘသာ၏ မိုက်ချက်၊ ရမ်းချက်

ကလည်း ကမ်းကုန်ရုံသာမက မိန်းမပွေပြီးမြှာကလည်းရှုတ်တတ်ပါသေးသည်။ မိန်းမပွေ

သည်ဆိုသည်မှာ မိန်းမအတည်တကျယူထားတယ်ရယ်လို့မဟုတ်ပဲ သူကြိုက်လာပြီဆို

ရင် လင်ရှိကော လင်မရှိပါမရှောင်တတ်တဲ့ ဘသာပါ။ အဆိုပါဆိုးသွမ်းမိုက်ရိုင်းနေသော

ဘသာကို ဘယ်သူမှမယှဉ်ပြိုင်ဝံ့ကြပါဘူး။ နဂိုကမိုက်ရိုင်းပြီး ဇရှိသောဘသာသည်  မြန်

မာ့သိုင်းကိုလည်း ပိုင်နိုင်ကျွမ်းကျင်စွာ သင်ကြားတတ်မြောက်ထားသည့်အပြင် အလုံး

အဖန်ကြီးမားလှသော ခန္တာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် ဒီတစ်ရွာလုံးကလည်း ဘသာ

ကို ငယ်ကြောက်လိုလိုဖြစ်နေတော့ကာ ဘသာတစ်ယောက်သောင်းကျန်းခြင်တိုင်း

သောင်းကျန်းပြီး မိုက်ချင်တိုင်းမိုက်နေပါတော့တယ်။ ဘသာများ ရွာထဲကဖြတ်သွား

လို့အမြင်မတော်တာများ သူ့မျက်စိထဲအဆင်မပြေတာများတွေ့လို့ကတော့ ထိုသူမသက်

သာဘူးသာမှတ်တော့  အနည်းလေးဇက်ပိုးကိုခပ်ပြင်းပြင်းသုံးလေးချက်လောက်အုပ်

တာတော့ခံရပြီသာမှတ်။ ဘသာကြောင့် ဘသာလက်ချက်ကြောင့်နားပင်း မျက်လုံးကန်း

သွားတဲ့ လူတွေလည်းတော်တော်များပါတယ်တဲ့။ တစ်နေ့တော့ ဘသာတစ်ယောက်ကံ

ဆိုးတဲ့ နေ့ကိုရောက်လာပါတယ်။ ရွာလယ်ပိုင်းက မမြအေးနဲ့ ဘသာဖြစ်နေကြတာကြာ

ပါပြီ။ ဖြစ်နေ၊ ကြိုက်နေကြတယ်သာပြောတာ မမြအေးကလူလွတ်တစ်ယောက်တော့မ

ဟုတ်ပါဘူး။ ယောက်ကျားနဲ့ သားတစ်ယောက်တောင်ရှိပါသေးတယ်။ မမြအေး

ယောက်ျားခင်မျာမှာလည်း  မမြအေးကိုလည်းမပြတ်နိုင် ဘသာကိုလည်းကြောက်လိုမ

ပြောရဲ ရှာတာကြောင့် ဒီအကြောင်းကိုသိသော်လည်း မသိချင်ယောင်ဆောင်ကာ ကြိတ်

မှိတ်အောင့်အီးသီးခံနေရရှာပါတယ်။ တစ်နေ့ကိုဘသာတစ်ယောက် မမြအေးယောက်ျား

ခရီးထွက် နေတုံးမမြအေးအိမ်မှာညသွားအိပ်ပြီး မနက်စောစောမှလေလေးတစ်ချွန်ချွန်နဲ့

ပြန်အလာ လမ်းမှာခရီးထွက်ချင်ယောင်ဆောင်ပြီး ပုန်းခိုစောင့်နေတဲ့အကြံသမား မမြ

အေးရဲ့ ယောက်ျားရဲ့ကြောက်ခုတ် ခုတ်တဲ့ဓါးချက်အောက်မှာ မထင်မှတ်ပဲသေဆုံးသွားခဲ့ရှာ

ပါတယ်။ အနှီဘသာ သေကြောင်းဆုံးကြောင်းကြားတော့ ရွာသားတွေများဝမ်းသာလိုက်

ကြတာ။ “သေတာတောင်နဲသေး”  “ဒီကောင်သေသင့်တာကြာပေ့ါ” “ ဒီလူမိုက်တော့ငရဲ

ပြည်ရောက်မှာ သေချာပါတယ်” နဲ့ ရွာ့လူဆိုး လူမိုက်တစ်ယောက်ရဲ့သေဆုံးမှုကိုလာ

ကြည့်ကြတဲ့ လူတွေရဲ့မျက်နှာတွေမှာ တူညီတဲ့အချက်ကတော့ကျေနပ်အားရ ပျော်ရွှင်

နေကြခြင်းပါပဲတဲ့။ အဆိုပါ ဘသာကိုဘယ်သူတစ်စုံတစ်ဦးကမှ လူပြန်ဖြစ်မယ်၊ ကောင်း

တဲ့ဘဝ တစ်ခုကိုရောက်မယ်လို့မထင်ထားကြပါဘူး။ ဒီလိုဆိုးသွမ်းပြီး ကံငါးပါးလုံးတစ်

ပါးပါးနဲ့နေ့တိုင်းကျူးလွန်နေတဲ့ ချိုးဖောက်နေတဲ့ သူဆိုတော့ကာ အသေအချာကြီးကို

အပါယ်လေးပါး တစ်ခုခုတော့ရောက်နေလောက်မှာပါလေလို့ပဲ ထင်ခဲ့ကြတာပါ။

အပိုင်း-၂ ကိုဆက်လက်တင်ပြပေးပါ့မယ်။

13 comments

  • ရှင်းသန့် နွယ်

    June 25, 2012 at 2:59 pm

    ကိုးရီးယားဇာတ်ကားတွဲကြည့်ရသလိုပဲနော်…
    အပိုင်း-၂ ကိုမျှော်နေလျှက်ပါ..

  • မမ အညာသူ

    June 25, 2012 at 3:04 pm

    အပိုင်းအပိုင်းလေးတွေနှင့်ဆိုတော့
    စိတ်ဝင်စားဖို့တော့အကောင်းသား………..

  • mamanoyar

    June 25, 2012 at 3:05 pm

    လူမိုက်တစ်ယောက် သေသွားရင် ဝမ်းသာနေတတ်ကြတာပါပဲ

  • may flowers

    June 25, 2012 at 4:04 pm

    ရှင်းသန့်ရေ ဖတ်ရှုအားပေတဲ့အတွက် ကျေးဇူးပါနော်။

    မမအညာသူရေ စိတ်ဝင်စားစရာကောင်းတယ်ပြောလို ဝမ်းသာပါတယ်။ ကျေးကျေးနော့်။

    သေချာတာပေါ့ နိုရာရယ် ဒီလိုလူမိုက်မျိုးတွေက ဆန်ကုန်မြေလေးတွေလို ပါတ်ဝန်းကျင်အတွက်

    ကောင်းကျိုးတစ်စုံတစ်ခုမှ မရနိုင်တာမို့ ဒီလိုလူမျိုးသေတာဝမ်းသာကြတာမဆန်းပါဘူး။

  • Phaung Phaung

    June 25, 2012 at 4:14 pm

    စိတ်ဝင်စားတယ်။ ဘသာဘဝကလာတဲ့ မောင်ဖိုးအေးလေးကော လိမ္မာမှာလား/ဆိုးမှာလား သိချင်မိသား။
    ဒါပေမယ့် ငါ့ကိုဘာကောင်မှတ်နေလဲ…ငါဘသာလို့ ပြောပုံထောက်ရင်တော့ ဇလေးတော့ပါလာမယ်ထင် တယ်နော်။

  • kang lay

    June 25, 2012 at 6:24 pm

    ဖတ် ရှု သွားပါသည် ၁ဝ ကျပ်

  • may flowers

    June 25, 2012 at 6:34 pm

    Phaung Phaung ရေမောင်ဖိုးအေးလေး လိမ္မာမှာလား၊ ဆိုးမှာလားဆိုတာကို နောက်အပိုင်းတွေကျတွေ့

    ရ မှာပါနော်။ ခုလိုဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

    ဟုတ်ပါတယ် ကိုနာဂရယ် ဒီလောက်ဆိုးတဲ့ မိုက်တဲ့လူတစ်ယောက် လူပြန်ဖြစ်လာတာ အံ့ဩစရာတကယ်

    ကောင်းပါတယ်။

    kang lay ရေ ခုလို ၁ဝ ယူတဲ့အတွက် အဲ……ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါနော။

  • မောင်ပေ

    June 25, 2012 at 7:27 pm

    အပိုင်း၂ကို ဘီယာ၂ခွက်သောက်ပြီး မှ ဆက်ဖတ်မယ် ။

  • San Hla Gyi

    June 25, 2012 at 8:47 pm

    မ may flowers ရေ
    လူဝင်စားဇတ်လမ်းတွေ ကတော့ မြန်မာပြည် အနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ရှိကြတာပေါ့ဗျာ။ တော်ကြာ နောင်ဘဝ ယုံတာတွေ မယုံတာတွေ ဖြစ်လာအုံးမယ်။ ကျနော် ပြောချင်တာက သိုင်းပညာပါ။ ဝင်ပြောကြည့်အုံးမယ်။ ကြည့်ရတာ အဲဒီလူက ဘယ်လောက် မြန့်မာ့သိုင်းပညာကို ကျွမ်းသလဲတော့ မသိဘူး။ သိုင်းသမားပေမယ့် သတိမရှိရင်လည်း ခံရတတ်တာပဲ။ ဒါပေမယ့် ကျနော်ထင်တာ သူစည်းဖောက်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်သိသလောက် မြန်မာ့သိုင်းပညာရှင်တွေက တကယ်ကျွမ်းကျင်ပြီး ဆရာအဆင့် ဖြစ်လာတဲ့ တပည့်တွေကို သီးသန့် ခန်းဝင်ခန်းထွက်တွေ ဘာတွေနဲ့ ကျကျနနစစ်ဆေးပြီးမှ အဆင့်တတ်ပေးတာဆိုပဲ။ နောက်ပြီး ကတိသစ္စာတွေလည်း ဆိုရတယ်တဲ့။ ရတနာသုံးပါး မစော်ကားပါဘူးတို့ မိဘဆရာတွေကို မပြစ်မှားပါဘူးတို့ ပညာကို အလွဲသုံးစားမလုပ်ပါဘူးတို့ သူများသားမယား သားပျိုသမီးပျိုများကို မဖျက်ဆီးပါဘူးတို့ပေါ့။ အဲဒါတွေကို ကျူးလွန်ရင် အသေဆိုးနဲ့သေပါစေတို့ လုပ်စားကိုင်စားတုံးပါစေတို့ ဘာတို့ ကျိန်စာတွေလည်း ပါသေးတယ်တဲ့။

  • may flowers

    June 25, 2012 at 9:59 pm

    ကို San Hla Gyi ရေ ခုလိုမြန်မာ့သိုင်းပညာနဲ့ပက်သက်လို့ ဝင်ရောက်ဆွေးနွေးပြောပြပေးတဲ့အတွက်

    ကျေးဇူးပါနော်။ ကျွန်မကစာရေးဆရာတစ်ယောက်လည်းမဟုတ်ပဲ ကြားခဲ့ဘူးတဲ့အကြောင်းလေးတွေကို

    သာ ပြန်လည်ပြောပြဖောက်သည်ချချင်တာ သက်သက်ကြောင့်စာရေးတာမို့ သိုင်းပညာနဲ့ပက်သက်ရင်

    အလှမ်းလဲဝေးပြီး သိပ်မသိပါဘူး။ ကျွန်မရေးတဲ့ပိုစ့်တွေမှာ အမှားပါရင်အချိန်မရွေးထောက်ပြပြောဆိုနိုင်

    ပါတယ်နော် ။

    ကိုပေရေ ခုလိုအားပေးဖတ်ရှုပေးလို့ကျေးဇူးပါ။

  • thin thin

    June 26, 2012 at 9:15 am

    ဖတ်ကတာအဆက်ကလေးနဲဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းသားပဲ
    ဆက်ပြီးရေးပေးပါဦး

  • may flowers

    June 26, 2012 at 9:57 am

    စိတ်ဝင်စားဖို့ကောင်းတယ် ပြောလို့ကျေးဇူးပါ thin thin ရေ။

Leave a Reply