ကျွန်ုပ်သည်… စုံထောက်ကျော်ဘဝမှ ဝတ္တုရေးသားသူ၏ အလုပ်ဖြုတ်ခံရမှုဖြင့် အလုပ်မရှိအကိုင်မရှိ ဖြစ်ကာ ရွာပြန်လာခဲ့လေတော့သည်။ ရွာအဝင် လမ်းကလေး အား ငေးမောကာ လမ်းလျှောက်လာစဉ် ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြင့်လမ်းလျှောက်လာသော ရွာသားရွှေတိုက်စိုးအား တွေ.ရသောအခါ ကျွန်ုပ်မှာ အားရဝမ်းသာ လှမ်းအော်နှုတ်ဆက်လိုက်သည်……ဟေ့ ရွှေတိုက်စိုးကြီးးးးးးးးး နေကောင်းလားဗျ…..

ရွှေတိုက်စိုး။ ။အင်းနေကောင်းပါတယ်ဗျာ…………… ဟင်းးးးးးးးးးး

ကျွန်ုပ်။ ။ ဟ ကောင်းပါတယ်ဆိုပြီး ဘာလို.သက်ပြင်းရှည်ကြီးက ချရတာတုံးဗျ…

ရွှေတိုက်စိုး။ ။မပြောချင်ပါဘူးဗျာ…

ကျွန်ုပ်။ ။ ဟာဗျာ ခင်ဗျားကလဲ လုပ်တော့မယ်…ပြောပြစမ်းပါဗျ ကျုပ်ကလဲ စုံထောက်ဆိုတော့ စပ်စုတာကို အထုံပါတယ်ထင်ပဗျာ.. လုပ်ပါဗျ..

ရွှေတိုက်စိုး။ ။ဒီလိုဗျ..ရွာထဲ အရင်လိုမဟုတ်တော့ဘူး…

ကျွန်ုပ်။ ။ ဟေ ဘာတွေဖြစ်လို.လဲ…

ရွှေတိုက်စိုး။ ။ အင်းပြောရမှာလဲ မကောင်းဘူးဗျ..ခင်ဗျားလဲ ဒီရွာသားပဲလေ..သိသင်တယ်ထင်လို.ပြောရတော့မှာပဲ.. ဒီလိုဗျ အခုရွာထဲမှာ ဘာတွေဖြစ်လို. ဘယ်သူက ဘယ်သူနဲ. ဘာဖြစ်ကြတာလဲ လို.ကို ရှင်းမပြချင်တော့ဘူး… အော်ဒါနဲ. ရွာသူ၊ရွာသား အသစ်တွေလဲ ဝင်လာလိုက်တာ တဖွဲဖွဲပဲ…

ကျွန်ုပ်။ ။ ဟားကောင်းတာပေါ့.. ပိုပြီးစည်စည်ကားကားဖြစ်တာပေါ့ဟ……..

ရွှေတိုက်စိုး။ ။အင်းကောင်းတာတော့ကောင်းတာပေါ့ဗျာ.. ဒါပေမယ့်လဲ အသစ်တွေက ပြသနာမရှိဘူးလေ သူတို.လဲ အမြင်နေရာအသစ်ဆိုတော့ ဘာလုပ်ရမလဲ ဘယ်နေရာနေရမလဲ အတွေးတွေနဲ. လက်ရှိရွာသူ၊ရွာသားတွေ ကိုကြည့်ပြီး သူတို.လဲ မှတ်ချက်အမျိုးမျိုးနဲ. နေနေကြရတာပဲလေ…. ကျွန်တော်ပြောချင်တာက ရွာသူ၊ရွာသားအဟောင်းတွေဗျ… တစ်ယောက်နဲ.တစ်ယောက် အမြင်မတူ အတွေးအခေါ်မတူ ကြဘူးလေ ဒါတော့ထားတော့ … အဲလို တေ့လွဲလေးတွေလွဲနေကြပြီး စကားတွေကို အကြီးအကျယ် ပြောကြ တစ်ယောက်နဲ.တစ်ယောက် ထိုးနှက်ကြ တိုက်ခိုက်ကြ ဖြစ်နေကြတော့.. အင်းမကောင်းဘူးပေါ့ဗျာ… ရောက်ခါစ ရွာသူ၊ရွာသားအသစ်တွေလဲ ဘယ်နေရာနေရမှန်းမသိ အဟောင်းတွေကလဲ အပြိုင်အဆိုင် ဖြစ်နေကြတော့… အင်းးးးးးးးးးးးးးး

ကျွန်ုပ်။ ။ ဒါနဲ. အဲလို ဖြစ်နေတာကို ရွာသူကြီးက ဘာမှ မလုပ်ပေးဘူးလား မသိဘူးလား…..

ရွှေတိုက်စိုး။ ။ သိတာပေါ့…မသိပဲနေမလား… သူခမျာလဲ သားကျွေးမှုမယားကျွေးမှုနဲ. လယ်ထဲဆင်း ထွန်းယက်ရုံးကန်နေရတာလေဗျာ.. ရပ်ရွာအကျိုးချည်းလုပ်နေလို. သူ.မဒမ်သူကြီးက သူကိုဗျင်းမပေါ့ဗျ… အိမ်ပေါ်က ခေါင်းနဲ.ဆင်းရမှာပေါ့… ပြီးတော့ သူလဲ အလုပ်ကပင်ပန်း တော့ ညနေညနေ ဆို ယမကာလေးနဲ. ရွာထိပ်က ဟိုဘာလဲဗျာ မီးမှိန်မှိန်လေး ထွန်းထားပြီး သီးချင်းဆိုရတဲ့ ဟို ကေဗွီယို ဆိုလား ကေဒီဗီ ဆိုလား သွားရသေးတယ်လေ……. ဟေဟေဟေ…..ပြောရင်း ခြေထောက်မှာ ထိပ်တုံး နံ.နံလာသလိုပဲ..တော်ပီ တခြားဟာပဲပြောတော့မယ်..

ကျွန်ုပ်။ ။ ဟဟဟဟ ကဲဟုတ်ပါပြီး ဆက်ပါအုံး..

ရွှေတိုက်စိုး။ ။ပြီးတော့ ရွာထဲမှာ လစ်ဗျားဆိုလား လစ်ဘလယ်ဆိုလား ပြောပြောနေကြတာဗျာ.. အဲဒီလူတွေကလဲတစ်မျိုး….သူတို. အလယ်အလတ်ကျတာတွေ ပြောပြောပြီး အော်နေလိုက်ကြတာ… အင်းးးးးးး

ကျွန်ုပ်။ ။အော်ဒါကတော့ ကိုရွှေတိုက်စိုးရယ် သူ.အယူအဆနဲ.သူပေါ့ တစ်ယောက်နဲ.တစ်ယောက်ဘယ်တူမလဲ..

ရွှေတိုက်စိုး။ ။ အင်းကျုပ်လဲ ဒါတော့နားလည်ပါတယ်…ဒါပေမယ့် ကိုယ့်အယူအဆနဲ. သူများကို ပိတ်ပင်တဲ့ဟာမျိုးတော့မဖြစ်သင့်ဘူးလေဗျာ…ဟုတ်တယ်မလား.. ကျွန်ုပ်။ ။အင်းဒါပေါ့..

ရွှေတိုက်စိုး။ ။ပြီးတော့ ရွာထဲမှာ ဟိုကိစ္စ ဒီကိစ္စလေးတွေကလဲ ဖြစ်သွားတော့ သူအမျိုးငါ့အမျိုးနဲ. တစ်ယောက်တခွန်းစကားပြောကြ ပြောရာက အားမရတော့ ဆဲကဆိုကြ… ပိုးစိုးပက်စက်ပြောကြ.. အင်း စုံထောက်ကြီး မသိလို.နော်… တချိုဆို ရွာကနေတောင် ထွက်သွားချင်စိတ်ပေါက်သွားကြတာ..

ကျွန်ုပ်။ ။ဟေအဲဒီလောက်တောင်လား…ဗျ..

ရွှေတိုက်စိုး။ ။ပြီးတော့လဲ ရှိသေးတယ်… တစ်ယောက်နဲ.တစ်ယောက် လေးစားမှုပေါ့ဗျာ.. အဲဒါလေးနဲနဲလျှော့နေတယ်ထင်ပ.. တစ်ယောက်က ပြောလိုက်တဲ့ စကားကို တစ်ယောက်က ကိုယ့်အမြင်နဲ. ကိုယ့်အတွေးနဲ.တွေ ပြီးတော့ မစဉ်းစား မဆွေးနွေးပဲ အော်ကြီးဟစ်ကျယ်ပြောကြ.. အေးအေးဆေးဆေး တိုးတိုးတိတ်တိတ်ပြီးရ မယ့် ကိစ္စတွေကို အကျယ်အကျယ်ဖြစ်ကုန်ကြတော့တာပေါ့ဗျာ….ဒီကိစ္စတွေမှာ တစ်ယောက်နဲ.တစ်ယောက် လေးစားသမှုနဲ. ညှိညှိနှိုင်းနှိုင်းလုပ်ကြရင် သိပ်ကောင်းသွားမှဗျ….အခုတော့ တစ်ယောက်နဲ.တစ်ယောက် ထေ့ကြငေါ့ကြ အပြန်အလှန်ပြောကြ သီးမခံနိုင်တော့ အော်ကြဟစ်ကြ …. ဖြစ်ကြရင်လဲ ရွာရှိလူကုန် အကုန်ပါကုန်ရော… သူတဖက်ကိုယ်တဖက် … အာာာာာာာရှုပ်ကုန်ရောဗျာ…

ကျွန်ုပ်။ ။ အင်း ဒါနဲ. နေစမ်းပါအုံး ရွာကာလသားခေါင်းတွေ ဘာလုပ်နေကြလဲ…

ရွှေတိုက်စိုး။ ။ရှိပ ရှိပ သူတို.လဲ တတ်နိုင်သလောက်တော့ ဖြန်ဖြေ ပေးကြတာပဲ…အဲလိုဖြန်ဖြေရင်း စကားတွေပြော ပြောလို.မရတော့ စိတ်ဆိုး ဆိုးတော့ စကားတွေ ကြမ်း ကြမ်းတော့ အဲဒီသူနဲ.ထပ်ဖြစ် အို. ပတ်လည်ကိုရိုက်နေတာပဲ.. ပြီးတော့ သူတို.ခမျာလဲ အဆဲခံမထိအောင် အရမ်းမခံရအောင် မနဲ ရှောင်ရှားနေရရှာတာဗျာ………… အုပ်ချုပ်ရေးမှုတွေ စစ်စိရေးမှုတွေလဲ ရှိပ အဲဒါတော့ ကျုပ်မသိဘူး ဘယ်သူတွေလဲဆိုတာ… သူတို.လဲ ုလုပ်တော့ လုပ်နေကြတယ်နဲ.တူပါတယ်…. ရွာသူရွာသားအသစ်တွေခမျာလဲ အဲလိုပြောစရာကိစ္စတွေ ရှိတော့ သူတို.လဲ မှန်တယ်ထင်ရာဘက်ကို လိုက်ပြောကြ.. အိုစုံနေတာပါပဲ… ရွာထဲမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေက လဲ ဆုံးမစကားကလွဲပြီး ဘာပြောနိုင်မှာလဲ ဗျာ… အဲဒီလို ရွာလူကြီး ကာလသားခေါင်းတွေကို ရွာသူ။ရွာသားအဟောင်းတွေက မလေးစားမှတော့ အခုမှရောက်လာကြတဲ့ အသစ်တွေက သူတို.ကို ဘယ်လေးစားကြတော့မလဲဗျာ… ကာလသားခေါင်းတွေကလဲ တချို.တွေက စကားအမှားမခံ တစ်ယောက်နဲ.တစ်ယောက် အာဂတ လေးတွေ နဲ. ရှိနေကြ တော့ မတိုက်ဆိုင်တာလေးတွေ လဲ ရှိကြတာပေါ့ဗျာ…. ပြီးတော့ ကျုပ်တို.ရွာမှာလဲ နိုင်ငံခြားပြန်တွေကလဲရှိ ကိုယ်နိုင်ငံမှာ ကုတ်ကပ်ဒုက္ခခံနေတဲ့သူတွေကလဲရှိ အဲဒီတော့ အလယ်အလတ်တွေ မျက်ကန်းမျိုးချစ်တွေ အိုစုံနေတာပဲ… တစ်ယောက်ကပြော တစ်ယောက်ကထောက် တစ်ယောက်က ပင့် တစ်ယောက်ကရိုက်… ကျုပ်ဖြင့် ဘောလီဘောပွဲ ကြည့်နေရသလိုပဲဗျို. ဟဟဟဟဟဟဟဟဟဟဟဟ .. ရွာသူအချောအလှလေးတွေကလဲ တစ်ယောက်နဲ.တစ်ယောက် အလှပြိုင်ကြ ရင်း သူက ဘာဖြစ်တယ် ငါကဘာဖြစ်တယ်နဲ. အပျက်အပျက် နှာခေါင်းသွေးထွက်စရာကိစ္စလေးတွေ ရှိနေကြတာပေါ့ဗျာ… ဒီကြားထဲ ဗမာစကားနားမလည်တဲ့ ဘာသာခြားလေးတွေလဲ ရှိနေတော့.. သူပြောနားမလည် ကိုယ်ပြောနားမလည်နဲ. ပြသနာလေးတွေက ရှိသေးးးးး ဟေးဟေးဟေး………… ရွာထိပ်က ကျောင်းထိုင်ဆရာတော်တောင် တရားဟော တရားပြလုပ်နေပေမယ့် ဘယ်သူမှ စိတ်မဝင်စားကျဘူး… ထိန်းသိမ်းပေးမယ့်လူတွေလဲ ကြာတော့ စိတ်ပျက် စိတ်တို စိတ်ကုန်ဖြစ်လာတာပေါ့………….. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရင်မောပါတယ်ဗျာ… အခုတော့ ရွာလယ်လမ်းမှာ လမ်းတောင် ထမလျှောက်ရဲအောင်ဖြစ်နေတာပေါ့.. လမ်းလျှောက်ရင် ရွာလမ်းတစ်လျှောက် လစ်ပရယ်သမားက အလယ်ကလျှောက်.. မျိုးချစ်သမားက ဒီဘက်ကပ်လျှောက်… နိုင်ငံခြားပြန်တွေက မင်းလျှောက်နေတာ အင်တာနေရှင်နယ်မဆံလိုက်တာ…. ရွာသားအသစ်တွေကတော့ ဒီကောင်ဘာကောင်လဲပေါ့.. အဲဒီလိုတွေ ဖြစ်နေတော့ ကျုပ်ဖြင့် ရွာလယ်လမ်း မလျှောက်ဖြစ်တာတော်တော် တောင်ကြာပေါ့…. အခုတောင် ရွာလယ်လမ်းကို မဖြတ်ချင်လို. ဂျောင်းကြားက လာတာ စုံထောက်ကြီး ခင်ဗျားနဲ.တန်းတိုးတော့တာပဲ… အခုတော့ စုံထောက်ကြီးကို လိုက်ပို. ရတော့မှာဆိုတော့ ရွာလယ်လမ်းက ဖြတ်လျှောက် ရတော့မှာပေါ့… ကဲကဲ ခင်ဗျား စိတ်ညစ်သွားပြီးထင်ပ… သွားလိုက်ကြရအောင် ရွာထဲကိုဗျာ……….

ကျွန်ုပ်။ ။အော် အင်းအင်း စိတ်တော့မညစ်ပါဘူး… စိတ်ထဲမတော့ စဉ်းစားစရာတွေ များသွားတာပေါ့ဗျာ…

ရွှေတိုက်စိုး။ ။အော်ဒါနဲ. ကိုအောင်တိုက် ခင်ဗျား အဲဒီကိစ္စတွေကို ရွာသူကြီးက ဘယ်သူပြောလဲလို. မေးရင် ကျုပ်ပြောတယ်ဆိုတာ မပြောလိုက်နဲ. နော်…………. တော်ကြာ ကျုပ် ခြေထောက်က အရင်ကတည်းက ထိပ်တုံး ပုံပေါက်နေတာ………..ဟဟဟဟဟဟဟဟဟဟဟဟဟဟ

ကျွန်ုပ်။ ။ အေးပါဗျာ..စိတ်ချစမ်းပါ…..

ရွှေတိုက်စိုး။ ။ ကဲဒါဆိုလဲ သွားကြစို.ဗျာ……………….

အဲဒီလို ပြောပြီး ရွှေတိုက်စိုးတစ်ယောက် သူ.ရင်ထဲမှာ ရှိနေတာတွေ ဖွင့်ချလိုက်ရလို. ကျေနပ်သွားတယ်ထင်ပ ပုဆိုးကို ပြင်ဝတ် တက်တက်ကြွကြွ နဲ. ပေါ့ပါးစွာ ရှေ.ကနေ ရွာလယ်လမ်းအတိုင်းလျှောက်သွားလေရဲ.ဗျာ.. ကျွန်ုပ်ကတော့ သူနောက်ကနေ အတွေးများစွာနဲ. သို.လောသို.လော.. လိုက်လာခဲ့လိုက်တာ… ရွာအဝင်ဆိုင်းဘုတ်ကြီးတောင် ကျော်ခဲ့တာ သတိမရလိုက်ဘူး…….. အော် ဟိုရွာကာလသားခေါင်းတစ်ယောက် ပြောပြောနေတဲ့ စကားလေး သွားသတိရမိလိုက်တယ်…….. လူဆိုတာတနေ.သေရမှာပဲ မသေခင်လုပ်ချင်တာလုပ် တဲ့ အဲဒီစာသားလေးမှာ ခုဏက ရွှေတိုက်စိုးပြောတာလေးတွေ နဲ. ပေါင်းစပ် စဉ်းစားလိုက်တော့. လုပ်ချင်တာထက် လုပ်သင့်တာ အရင်လုပ်ရင် လုပ်ချင်တာလဲ သူအလိုလိုဖြစ်လာနိုင်တယ်ဆိုတာလေး သွား စဉ်းစားမိလိုက်တယ်ဗျာ………………..

အင်းအခုတော့ ကျွန်ုပ် ဘာပဲဖြစ်ဖြစ် ရွာပြန်လာခဲ့ရပြီလေ…….ရွာအေးချမ်းသာယာရေးအတွက် တဖက်တလမ်းက ပါဝင်ရအုံးတော့မှာပေါ့ လေ……..

About ေရႊတိုက္စိုး

has written 79 post in this Website..