ရွာသားသစ် ကောင် လေးတယောက်

kang layJune 25, 20121min34430

ရွာထဲမှာ ကောင်မလေးတွေချဉ်ဘဲတွေ ့နေရလို့ ကောင်လေးတယောက်လောက် ရောက်လာတာ ကို ရျွာကလူတွေကတော့ လက်ခံမလားတော့သိပါဘူးခင်ဗျာ လာရတာ တော့ခပ်လန့်လန့်ပါ ရွာသားတွေကခပ်တည်တည်နဲ့ မောင်ထုပ် မှာကိုလဲကြောက်မိသား ဖတ်နေတာ တော့ကြာပါပြီ ဘယ်လို ဝင်ရမလဲမသိတာလဲပါတယ် သူငယ်ချင်းတယောက်ကပြ ပေးလို့သာ ရွာထဲကိုဒီလို သွားရတာ လမ်းညွန်လိုက်တာနဲ့ဘဲ ရောက်လာရတာ ခပ် ကြောက်ပါဘဲခင်ဗျာ ဖြဲတော့ မချောက်လိုက်ပါနဲ့ နော် အသဲငယ်တတ်လို့ပါခင်ဗျာ

30 comments

  • YE YINT HLAING

    June 25, 2012 at 6:08 pm

    ဟိတ် ! ဘယ်သူလဲ ! ရပ် ! စကားဝှက် ပြော ! ကောင်လေး ပါ ချင့် ! အဲ — ဗျ ! ဒါဆို ဝင်ခဲ့ ! ( ဟဲဟဲ —- နောက်တာနော် ! ) ကြိုဆို ပါတယ်ဗျာ !

  • may flowers

    June 25, 2012 at 6:36 pm

    ကြိုဆိုပါတယ် ကောင်လေးရေ။ (ဟဲ..ဟဲ .ဘယ်ရမလဲ နာလဲ ၁ဝ ပြန်ယူသွားတယ်)…ဟာဟ။

  • kang lay

    June 25, 2012 at 6:51 pm

    သူများတွေကပြောတယ် သူဂျီးရဲ့ နှစ်လုံးပြူးကအရှည်ကြီးတဲံ ့ ကြောက်ဖို့ ကောင်တယ်ဆိုလို့လန့် နေတာ ခုဘဲသူကြိးယောင်ဆောင်ပြီးရပ်ခိုင် နေပြန် ပြီ ဘယလိုလုပ်ရမလဲ မသိတော့ဘူး

    • kyaw swar

      June 25, 2012 at 11:55 pm

      ကြိုဆိုပါတယ် ကန်လေးရေ
      ရွာထဲက သက်ကြီးရွယ်အိုတွေကို မိတ် ဆက်လိုက်ပါဦ
      ဥပမာ**ဦးပေါက်တို့ အရီး တို့ ဦးသားဦးတို့

  • Yin Nyine Nway

    June 25, 2012 at 6:57 pm

    ရွာသားအသစ် ဟုတ်လား …
    ကြိုဆိုပါတယ်ချင့် ….
    လောလောဆယ် 10မှတ် တော့ ယူတွားတယ်ချင့်

  • မြတ်ကျော်သူ

    June 25, 2012 at 7:09 pm

    ၁ဝ မှတ်က ဘာလဲခင်ဗျာ…
    ကျွန်တော် ဒီရွာမှာ Post ၁ဝ ခုပဲရေးဖူးပါသေးတယ်…
    ထို ၁ဝ မှတ်ကို တကယ် မသိပါခင်ဗျာ…
    ၁ဝ မှတ်က ဘာလဲခင်ဗျာ…

    • အရီး Khin Latt

      June 25, 2012 at 7:27 pm

      ၁ဝမှတ် ဆိုတာ Post တစ်ခုမှာ မှတ်ချက် တစ်ခုပေးရင် ရတဲ့ ပွိုင့်။
      ၁ ပွိုင့် = မြန်မာ ငွေ ၁ကျပ် (မြန်မာ ပြည်တွင်း နေသူ များ အတွက်သာ) 🙂

  • သားဦး၊မြေးဦး

    June 25, 2012 at 8:27 pm

    ဖြဲချောက်တာက ကိုဖရဲပါဗျာ။
    မောင်မထုပ်ပါဘူး။မောင်းလဲမထုတ်ပါ။
    ဟီး နောက်တာပါဂျ။

  • အလင်းဆက်

    June 25, 2012 at 8:30 pm

    အသစ်တွေ ဝင်လှ ချည်လား။

    ခင်စရာ မင်စရာတွေ.. များတော့ ကောင်းတော့ကောင်းပါတယ် .။

    ကဲ.10 မှတ် ..ရပြီ။

  • မောင်ပေ

    June 25, 2012 at 8:37 pm

    ၁ဝကျပ် ဆိုတာ နဲတယ်လို ့ထင်နေပါသလား
    ကျုပ်ကတော့ လုံးဝ မထင်လို ့ယူသွားပါပြီ ။

    • Mလုလင်

      June 26, 2012 at 1:14 am

      ကိုပေရေ … ဘယ်လိုယူရသလဲဗျ …အာဟိ

    • pan pan

      June 26, 2012 at 10:04 am

      ခုတလော အသစ်တွေတော်တော်မျုားလာတယ်နော်
      မိတ်ဆက်စာရေးလို့ပဲ သတိထားမိတာလားတော့မသိ

      အင်း…ဒီလိုနဲ့ ကျွန်မကတော့ ၁ဝရသွားပြီ :mrgreen:

  • htoosan

    June 25, 2012 at 9:05 pm

    ကောင်မလေးတွေကျု ရှေ့ဆုံးကကြိုနေပြီး ကောင်လေးကျ မကြို ရင် နှစ်မျိုးထင်တော့မယ် .. ကြိုဆိုရေးသမားများအား ထောက်ပံ့ငွေ မပေးလို့ အမိန့်မထုတ်ခင် ယူလည်းထားမှဆိုတော့
    ကြိုဆိုပါတယ် ကောင်လေးရေ..

  • thar ag

    June 25, 2012 at 9:52 pm

    ကြိုဆိုပါတယ် ကောင်လေးရေ ဒါပေမယ့်ဒီရွာမှာနေရင် သူကြီးကိုဖါးထား ရွာမှာ စစ်တပ်လိုဘဲ စစချင်းတော့ တပွင်တင်ငေးထားတယ် ၄ပွင့်ဆိုတော ဘိုချုပ်မှူးကြီးလောက်အဆင်လားတော ့မသိဘူး တော်တော် အာဏာရှိမှာဘဲ သတိထားနေနှောငါတို့သူတို့ကိုကြောက်ရတယ် ဖြဲချေက်ထားဦးမှဘဲ

  • (ရွာထဲမှာ ကောင်မလေးတွေချဉ်ဘဲတွေ ့နေရလို့)
    ကောင်မလေးတွေချဉ်တာတွေ့တယ်ဆိုတော့ ဘယ်တုံးကသွားတို့လိုချဉ်တယ်ဆိုတာ သိသွားတာလဲ?
    = ကောင်လေးတယောက်လောက် ရောက်လာတာ ကို ရျွာကလူတွေကတော့ လက်ခံမလားတော့သိပါဘူးခင်ဗျာ )
    =ရတယ် ဒီရွာက အခြောက်ဆိုလဲ လက်ခံတယ် ။
    လူအ့အခွင့်အရေး အပြည့်အဝရှိတယ်။

    (လာရတာ တော့ခပ်လန့်လန့်ပါ ရွာသားတွေကခပ်တည်တည်နဲ့ မောင်ထုပ် မှာကိုလဲကြောက်မိသား )
    = ရွာသားတွေက ဘာမောင်ထုတ်တာလဲ။
    =မကြောက်ပါနဲ့မလန့်ပါနဲ့ ယောက်ျားခြင်းဘာမှ မလုပ်ပါဘူး
    (ဖတ်နေတာ တော့ကြာပါပြီ ဘယ်လို ဝင်ရမလဲမသိတာလဲပါတယ်)
    = အခုတော့ဝင်နည်းသိပြီပေါ့ အပေါက်တော့ မှားမဝင်နဲ့နော်
    (သူငယ်ချင်းတယောက်ကပြ ပေးလို့သာ ရွာထဲကိုဒီလို သွားရတာ လမ်းညွန်လိုက်တာနဲ့ဘဲ ရောက်လာရတာ)
    =ရွာထဲကို ဟိုလိုသွားတဲ့နည်းရော သင်မပေးလိုက်ဘူးလား

    ( ခပ် ကြောက်ပါဘဲခင်ဗျာ ဖြဲတော့ မချောက်လိုက်ပါနဲ့ နော် )
    = မင်းရွာသူတွေကို ပြောတာလား ယောက်ျားလေးက ဖြဲမချောက်ဘူးလေ။
    ယောက်ျားလေးဖြဲချောက်တာ မင်းမြင်ဘူးလို့လား။
    မင်းကဖြဲချောက်တာ ကြည့်ချင်လို့လား။
    လာစမ်း ဖရဲမ စိန်ပေါက်ပေါက် မိတိုက် ဒီအယောင်ဆောင်လာတဲ့ကောင်လေးကို
    ဝိုင်းပြီး ဖြဲချောက်လိုက်ကြစမ်း……………………….
    (အသဲငယ်တတ်လို့ပါခင်ဗျာ)
    အသဲငယ်တာ ဘာမှမဖြစ်ဘူး။
    အသဲကြီးမှသာ သေနိုင်တာ မသေမချင်းမှတ်ထားနော်။

    အ လိုက်တာအေ။
    ဒီလောက်အနေရင် ရွာထဲထားလို့ဖြစ်ပါ့မလားမသိဘူးနော်။

  • MaMa

    June 26, 2012 at 7:58 am

    ရွာထဲမှာ အသင်းအဖွဲ့တွေ အများကြီး ရှိတယ်နော်။
    လတ်တလော သတ်ပုံစစ်သွားတယ်။
    ရ နဲ့ ရ အကြောင်းကိုသိချင်ရင် မမနိုရာရဲ့ လင့်ခ်လေး ကြော်ငြာဝင်လိုက်ပါတယ်။
    http://myanmargazette.net/132279/creative-writing/my-dear-diary
    ချဉ် တာဟာ မချိုလို့ ဖြစ်ပါလိမ့်မယ်
    ကောင်မလေးတွေချဉ် တယ် ဆိုတော့ …..
    ဟင်းးးးးးးးးးးးး ကတောက် (မူရင်း- မောင်ဂီ)
    ကောင်လေးတွေချည်းပဲအသင်းဝင်ချင်ရင်တော့ ရွာထဲမှာ နယ်စည်းမခြားအဖွဲ့ရှိတယ်။
    ဘာပဲဖြစ်ဖြစ်-သဂျီး ဦးဘခိုင်ရဲ့ ဒီမိုကရေစီရွာကြီးက ကြိုဆိုပါတယ်။ 😀

  • ကြောင်လေး

    June 26, 2012 at 8:02 am

    နာကတော့ဖြဲခြောက်မှာပဲဟေ့
    ပါးစပ်ပြောပါတယ် ခွီး ဖျီး ဖျီး

    ကောင်လေး
    ဂျောင်ဆွေး
    ဂယောင်အတွေး
    နောင်ရေး
    အောင်မလေး
    ရှောင်ပြေး။ ။

  • TNA

    June 26, 2012 at 8:16 am

    ရွာသားအသစ်ကောင်လေးကိုကြိုဆိုပါတယ်။ လာပါရှင့်။ ဝင်ပါရှင့်။ ထိုင်ပါရှင့်။ မုန့်ေးလးတော့ကျွေးသွား ပါ နော်။ [:))]

  • ဒိုးစနစ်

    June 26, 2012 at 8:56 am

    ကြိုဆိုပါတယ်..ကိုkang lay..
    မင်္ဂလာပါ

  • hein latt

    June 26, 2012 at 9:27 am

    ကြိုဆိုပါတယ်တစ်ဆယ်ရေ အဲဟုတ်ပေါင် ကြိုဆိုပါတယ်ရွာသားသစ်ရေ…

  • မွန်မွန်

    June 26, 2012 at 9:54 am

    နာလည်း ကြိုဆိုပါတယ်အေ…

    ကောင်မလေးတွေချဉ်တို့ မောင်ထုပ်တို့ကို ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလား၊ မမြင်ချင်ယောင်ဆောင်ရင်ကောင်းမလား စဉ်းစားနေတာ တို့ရဲ့ အဖွဲ့မှူး MaMa က စစ်ပြီးပြီဆိုတော့…

    ဝင်ဝင်ချင်း ၁ဝ ယူခွင့်ပေးတာ ကျေးဇူးနော်…

  • thin thin

    June 26, 2012 at 9:57 am

    ကြိုဆိုပါတယ်……ရွာသားလေး
    ကျွန်မကိုလည်းခင်လို့ရပါတယ်

  • mayjuly

    June 26, 2012 at 10:20 am

    ခုတစ်လော ရွာ သူားအသစ်တွေ တော်တော်ဝင်ကြတယ်နော်….

    ရွာထဲကို လာပီ ဆိုတော့ ရွာကောင်းကျိုး အများစုကို ဆောင်ရွက်နုိုင်တဲ့ သူတော်ကောင်းလေးတွေ ဖြစ်ပါစေလို့…..

    ဆုတောင်းရင်းနဲ့ ကြို ဆို လိုက် ပါတယ် နော် ……

  • ညလေး

    June 26, 2012 at 10:29 am

    အဟက်ဟက်…………ကောင်လေးချောချောလေးပါလားတော့်….
    ကြိုဆိုရမှာပေါ့..သကြားလေးတစ်မှုန်ပဲကိုး…
    မန်းဂေဇက်ရွှာမှ……ကြင်နာစွာကြိုဆိုလျက်ပါ…..
    ကောင်လေးရယ်…ကြုံတုန်းလေးကြော်ငြာဝင်လိုက်ဦးမယ်နော်…..
    ရွှာထဲမှာနာမည်ကြီးကွန်းတောင်ကိုင်ကတော့…….ညီမငယ်လေး..မဖရဲလေးပေါ့……
    …..မိတိုက်…..ပေပေ…..ပူစီလေး……တွေပေါ့နော်….

  • ko khin kha

    June 26, 2012 at 10:58 am

    ရွာထဲ ကောင်လေးဝင်လာလည်း ဝိုင်းကြိုဆိုကြပါတယ်။
    ရွာသူ၊ရွာသားတွေအားလုံးက ခင်တတ်တယ်ဆိုတာယုံပြီလား ကောင်လေး။
    မကြောက်နဲ့နော်။(ပြောသာပြောရတာ ကျွန်တော်လည်း အခြေအနေကြည့်နေရတာပါ။)

  • etone

    June 26, 2012 at 11:37 am

    ကောင်မလေးတွေချဉ်ဘဲ ဆိုတာ .. ဘာလဲ မသိဘူးနော် ..
    ကင်မ်ချီလို ချဉ်ဖတ်အမျိုးစားထဲကလား … ဟိဟိ မြည်းကြည့်ချင်လိုက်တာ …

    အလကားနောက်တာပါ … ကြိုဆိုပါတယ် … ။
    ရွာထဲက ကာလသားတွေလည်း …. မနှင်ထုတ်ပါဘူး ။ အပုံးတွေကလည်း ဝဲလ်ကမ်းပါတဲ့ ဟိ 😛

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 1:02 pm

    မင်္ဂလာပါ…
    မန်းဂေဇက်မှ..ကြိုဆိုပါတယ်…
    လူကြီးမင်း သွားချင်တဲ့…
    အိမ်ရာ..နံပါတ်နဲ့..လမ်းအသွယ်သွယ်ကို..
    မသိလိုက မေးလိုရာမေးပါ…
    ဘာတစ်ခုမှ မသိတဲ့…
    မိုက်လေး……ဟီးးးးးးးးးး
    စတာနော်…တကယ်သိဘူးးးးးးးးးးး
    ခင်တဲ့….မိုက်လေး…:)

  • cum min

    June 26, 2012 at 1:04 pm

    လာခဲညီလေးရေ…..

  • Nyein Nyein

    June 26, 2012 at 4:16 pm

    ကောင်လေးရေ……………..
    ကြိုဆိုပါတယ်နော်။ စကားစပ်လို့ တင်ထားတဲ့ပုံလေးကိုကြိုက်တယ်သိလား။

  • ko win

    June 26, 2012 at 7:15 pm

    ်မင်္ဂလာပါ ်kang lay ရေ။

Leave a Reply