အမျိုးသမီး သူနာပြု “ Nurse ” ကို ဘယ်လိုခေါ်ရမလဲ။

the bestJune 25, 20121min18517

ဆေးရုံ ၊ ဆေးခန်းတွေမှာ အမျိုးသမီး “ Nurse ” ကို အများစုက “ Nurse မ” လို ့ခေါ်ကြပါတယ်။
သူနာပြုဆရာမ တစ်ယောက်က “ Nurse ” ကို “Nurse မ” လို ့ ခေါ်တာ ရိုင်းတယ်။
“ဆရာမ” လို ့ပဲခေါ်သင့်တယ်လို ့ပြောပါတယ်။
ကျွန်တော် တွေ ့မိသလောက် “Nurse မ” လို ့ ခေါ်ကြတာ များပါတယ်။
ပြင်သင့်တယ်ဆိုရင်လည်း ပြင်လို ့ရအောင် ပေါ့ဗျာ။
“Nurse မ” လို ့ ခေါ်ရမလား။
“ဆရာမ” လို ့ ခေါ်ရမလား။
“သူနာပြုဆရာမ” လို ့ ခေါ်ရမလား။
ဘယ်လိုခေါ်သင့်ပါသလဲ။ ဘာကြောင့်လဲ။

17 comments

  • winkhant

    June 26, 2012 at 12:50 am

    nurse ကိုခေါ်ချင်ရင် bell တီးပြီး ခေါ်လို့ရသလို
    ဖုန်းဆက်ပြီးလဲ ခေါ်လို့ရပါတယ်
    ဒါ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံတွေမှာပေါ့နော်
    အဲ အစိုးရဆေးရုံမှာဆိုရင်တော့
    ပိုက်ဆံပေးပြီးခေါ်ရတယ်
    ဒါတောင် ရချင်မှ ရတာ 😛

    • ကြောင်လေး

      June 26, 2012 at 9:27 am

      ဆာမ……
      ဆာမ ညဂျူတီဗိုက်ဆာရင် စားဖို့ ခေါက်ဆွဲကြော်နဲ့
      အိပ်ချင်ပြေ သောက်ဖို့ ကျွဲရိုင်းဗူး ကျနော်ဝယ်လာတယ် ဆာမ
      ကျနော့ သားလေး ကိုယ်ပူတွေသိပ်တက်နေလို့ ခဏလောက်လိုက်ကြည့်ပေးပါနော်။

      အိုက်ဂလိုခေါ်ရင် ရနိုင်တယ်ထင်ပါတယ်ခင်ည။

      • ကြောင်လေး

        June 26, 2012 at 9:41 am

        ပိုက်ဆံဆိုတာလူတိုင်းလိုချင်တယ်ဆိုပေမဲ့ အခါတိုင်းတော့မကောင်းပါခင်ဗျ။
        ပိုက်ဆံပေးခေါ်ပေမဲ့လဲ စိတ်အခန့်မသင့်တဲ့အခါ အဟာက်ခံရတာမျိုးရှိတတ်ပါတယ်ခင်ဗျ။
        အပေါ်မှာ ကျနော်မန့်ထားသလိုမျိုးလေး စည်းရုံးရင်တော့ ကောင်းပါတယ်ခင်ဗျ။
        နာ့စ် မတွေရဲ့အခက်အခဲနဲ့ ခံစားချက်လေးကို ကျနော်ရေးထားတဲ့ကျေးညီအမမှာ သွားဖတ်ကြည့်ပါခင်ဗျ။
        http://myanmargazette.net/79658/society-lifestyle

  • YE YINT HLAING

    June 26, 2012 at 3:04 am

    အသည်း လေး လို့ခေါ် ( ဟဲဟဲ — ပါးကောင်းရင်ပေါ့နော် ! နောက်တာ ) ဆရာမ လို့ ခေါ်သင့်ပါတယ်ဗျာ ! လူနာတွေ ကို နေ့စဉ်နဲ့ အမျှ မရွံမရှာ ပြုစု စောင့်ရှောက်နေတာ !

  • Guest

    June 26, 2012 at 4:55 am

    စိုင်းထီးဆိုင်ကတော့ ခွဲစိတ်ခန်းက ဆရာမလေးရယ်.. ဘာညာ..ဆိုပြီး သီချင်းတောင် ဆိုခဲ့သေးတယ်လေ..။
    ဘယ်လိုခေါ်ရမလဲဆိုတော့.. ဒီလိုပဲ အဆင်ပြေသလို ကြည့်ခေါ်ကြတာပေါ့လေ..။ ရှေ့မှာ ဆရာမ ခေါ်၊ နောက်ကွယ်ရာမှာ နာစ်မ ခေါ်ချင်ခေါ်။ ဘာလို့ဆိုပြန်တော့ ဆရာမတွေ များလွန်းတော့ ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား သိဖို့လဲလိုလို့။

  • thar ag

    June 26, 2012 at 8:09 am

    စတတ်ပ် လို့ခေါ်လို့ ရသလို ဆရာမ လို့လဲရတယ် ဆရာဝန်တွေကျတော့ ဆရာ ဒါမှမဟုတ်ရင် ဒေါက်တာ

  • TNA

    June 26, 2012 at 8:09 am

    အင်းလွယ်မယောင်နဲ့ခက်ပါတယ်။ အခေါ်အဝေါ်ပြသနာက နေရာတော်တော်များများမှာကြားနေရ တယ်။ နှုတ်ကျိုးနေတာကိုတော့ ပြင်ဖို့ခက်မယ်ထင်တယ်နော်။

  • hein latt

    June 26, 2012 at 8:51 am

    ဆရာမကပိုကောင်းမယ်ထင်တယ်….နပ်စ်မ ကသေချာနားထောင်ရင် ရိုင်းသယောင်ယောင်ထင်ရတယ်…..

  • Shwe Tike Soe

    June 26, 2012 at 8:55 am

    ပို.စ်တင်သူရေ အတွေးအခေါ်တွေ က အရမ်းမြင့်နေပြီနော်….
    နောက်ဆို ကျွန်တော်တို.လို လူပိန်းနားလည်လွယ်တဲ့ ပို.စ်ကို စာရှည်ရှည်လေးနဲ. အဓိပ္ပာယ်ရှိရှိလေး တင်စေချင်ပါတယ်

  • ဖိုးထောင်

    June 26, 2012 at 8:59 am

    ရွှတ် ရွှတ် ရွှတ်လို့ခေါ်လိုက်မယ် ချာမလို့ခေါ်မယ်

  • the best

    June 26, 2012 at 9:29 am

    nurse ကို “သူနာပြုဆရာမ”လို ့ ခေါ်တာ မတွေ ့သလောက်ရှားပါတယ်။
    “Nurse” လို ့တစ်လုံးထဲ ခေါ်လိုက်ရင် ဘယ်သူမှ ရိုင်းတယ်လို ့ပြောလို ့မရဘူး။

    nurse ကို အမျိုးသား nurse နဲ ့ အမျိုးသမီး nurse ကွဲပြားအောင်
    “Nurse မ” လို ့ခေါ်လိုက်တာကစတာပါပဲ။

    သူနာပြုဆရာမကို“Nurse မ” လို ့ခေါ်နေကြတာ နှုတ်ကျိုးနေကြပါပြီ။

    “Nurse မ” လို ့ခေါ် တဲ့ လူတိုင်းဟာ nurse ကို နိမ့်ချလိုတဲ့စိတ် လုံးဝမရှိတာတော့သေချာပါတယ်။
    ဘာရန်လိုမုန်းထားမှုလည်းမရှိကြပါဘူး။
    သူနာပြုဆရာမကို“Nurse မ” လို ့ခေါ်နေကြတာ နှုတ်ကျိုးနေလို ့သာခေါ်တာပါ။

    သူနာပြုဆရာမတွေ အနေနဲ ့လည်းနားလည်ပေးကြပါလို ့ ပြောချင်တယ်။

    “Nurse မ” လို ့ခေါ် တာကိုတော့ ပြင်ဖို့ခက်မယ် ဆိုတာတကယ်ပါဘဲ။

    အမျိုးသမီးဆရာဝန်တွေကို “ ဒေါက်တာမ ” လို ့ခေါ်တာလည်းတွေ ့ဘူးသေးတယ်။

    • pan pan

      June 26, 2012 at 10:22 am

      အဲဒါ မြန်မာမှုပြုသလိုဖြစ်သွားတာပေ့ါ
      Bookဆိုတဲ့စာအုပ်ကို ဘုတ်အုပ်
      Bulbကို ဘတ်သီး
      အဲဒီတော့လည်း Nurseမ ဖြစ်သွားတာဖြစ်မယ်

  • Azzurri

    June 26, 2012 at 9:42 am

    ကျုပ်ကတော့ စိတ်လိုလက်ရ ရှိတဲ့အခါ…
    စိတ်ကျေနပ်စရာ ကောင်းတဲ့အခါ ..
    ဘုံကြိုး ပြတ်တဲ့ မိုးနတ်မဒီ လို့ခေါ်ပါတယ်…
    :mrgreen:

  • mayjuly

    June 26, 2012 at 10:53 am

    နာစ့်မ တွေ ရှေ့မှာ နာစ့်မ လို့ ခေါ်တာတော့ သိပ်မတွေ့ဖြစ်သလိုပါပဲ …
    ကွယ်ရာမှာသာခေါ်ဖြစ်ကြတာပါ…
    ကိုယ် ဆိုရင် လဲ မခေါ် ဖြစ်ပါဘူး…
    များသောအားဖြင့် တော့ ဆရာမ ပဲ ခေါ်ကြတာတွေ့ရတယ် ..
    ပြီးတော့ အစ်မ အရွယ်ဆို အမ ..ညီမအရွယ်ဆို ညီမ ပေါ့နော် … ပိုပြီး နွေးထွေးမှု ရှိမလားလို့ …

    ကုလားတွေ ရှေ့မှာ ကုလားလို့ ခေါ်တာမကြိုက်သလိုပေါ့ …
    နာစ့်တွေလဲ သူတို့ရှေ့မှာ နာစ့်လို့ခေါ်တာတော့ သိပ် သဘောမကျပါဘူး …

  • ster

    June 26, 2012 at 11:08 am

    အစိုးရဆေးရုံတွေက nurse တွေကတော. သူတို.ကိုယ်သူတို. ဆရာဝန်ထက်မြင်.ပြီး လူတိုင်းရဲ.ကျေးဇူးရှင်လို.ထင်နေလို. ကျေးဇူးရှင်မမ လို. ခေါ်သင်.ပါတယ်။ သန်.ရှင်းရေးတွေကတော. ကျေးဇူးရှင်ပေါ.။

  • ဘဲဥ

    June 26, 2012 at 11:11 am

    အမလေး လာဘာအုံးလို့ခေါ်လိုက်ပေါ့တော် ဘာခက်တာမှတ်လို့

  • mamanoyar

    June 28, 2012 at 9:31 am

    အင်း ဆရာမလို့ခေါ်တာ ပိုကောင်းမယ်ထင်တယ်နော်

Leave a Reply