လူဝင်စားတစ်ဦး၏ ဘဝဇာတ်ကြောင်း-၂

may flowersJune 25, 20121min14114

အဆိုပါလူမိုက်ဘသာ ၊ ကြာကူလီဘသာ၊ လူယုတ်မာဘသာက မောင်ဖိုးအေးလေးအ

ဖြစ်ဝင်စားတယ်ဆိုတော့ သူတို့မိဘတွေ အဖိုးအဖွားတွေကတော့မယုံကြည်နိုင်ကြရှာပဲ

တစ်အံ့တစ်ဩတွေဖြစ်ကြရှာပါတယ်။ ဒါပေမဲ့ ဘသာသေတဲ့နှစ်ရဲ့နောက်နှစ်မှာ မောင်ဖိုး

အေးလေးကိုမွေးခြင်း၊ မွေးမွေးခြင်းဘိုက်မှာဒဏ်ရာနဲ့သွေးစတွေတောင်ပါလာခြင်း၊

မောင်ဖိုးအေးလေးရဲ့ သူ့ဘကြီးကို ရုတ်တရက်ဒေါသဖြစ်ပြီးပြောလိုက်တဲ့စကားများနဲ့

လေးနှစ်အရွယ်မောင်ဖိုးအေးလေးရဲ့စကားဟာ မှန်ကန်နိုင်မယ်လို့ယူဆကြတာကြောင့်

မောင်ဖိုးအေးလေးအမေက မောင်ဖိုးလေးကိုချော့မေးကြည့်ပါတယ်။ ဘာကြောင့်၊ ဘယ်

သူ ဆိုတာနဲ့ ဘယ်လိုလူပြန်ဖြစ်လာလဲ ဆိုတာတွေပါ။ ဒါပေမဲ့ မောင်ဖိုးအေးလေးဟာ

ဘယ်သူဘာမေးမေးဘာမှပြန်မပြောတော့ တာကြောင့်လက်လျှော့ရတော့မလိုတောင်

ဖြစ်လာပြီး မောင်ဖိုးအေးလေးဟာ ဘသာဝင်စားတာမဖြစ်နိုင်ပါဘူးလေလို့ပြန်ပြီးမှက်

ချက်ချရမလိုတောင်ဖြစ်လာခဲ့ပါတယ်။

တစ်နေ့ညနေပိုင်းမှာတော့ မောင်ဖိုးအေးလေးဟာတစ်ယောက်ထဲဆော့နေရင်း အိမ်ပေါ်

ကိုတက်လာပြီး အဖွားနားမှာလာထိုင်နေပါတယ်။ နောက်ရုတ်တရက် သူ့ဖွားအေကြီးကို

ကြည့်ပြီး “အဘွား….အဘွား……….သားသားကိုလေ..ဒီနေရာကို…ဓါးနဲ့ထိုးလိုက်တာလေ……..အ

ရမ်းနာတာပဲ

လို့မိမိဘိုက်နဲ့ ရှေ့ရင်ပိုင်းနေရာကို  လက်နဲ့ထိုးပြပြီး

အဆက်အစပ်မရှိတဲ့ စကားနဲ့စပြောပါတယ်။ အဘွားဖြစ်သူလည်း ပထမတော့ရုတ်

ရက်ကြောင်တောင်တောင်ဖြစ်သွားပေမဲ့ သူ့မြေးရဲ့ဟိုဘဝကအကြောင်းပြောပြတယ်ဆို

တာကို ချက်ချင်းသိလိုက်ပါတယ်။ ဒါနဲ့ နောက်များဘာတွေထပ်ပြောလာဦးလေမလဲဆို

ပြီး စောင့်ကြည့်နေပေမဲ့တော်တော်ကြာတဲ့အထိဘာမှ ဆက်မပြောတော့ပဲ အပြင်ဘက်

ကို ငေးကြည့်နေတာကြောင့် အဖွားဖြစ်သူလည်း စပ်စုတတ်တဲ့ ၊ စူးစမ်းသိချင်တတ်တဲ့

လူ့သဘာဝအတိုင်း မြေးဖြစ်သူ မောင်ဖိုးအေးလေးကိုချော့မော့ပြီးမေးကြည့်ပါတယ်။ ဒီ

တော့မှ မောင်ဖိုးအေးလေးက သူဟာဟိုဘဝက ဦးဘသာဖြစ်ကြောင်းနဲ့ သူတစ်ပါးရဲ့မ

ထင်မှတ်သောဓါးချက်ကြောင့်သေဆုံးခဲ့ရကြောင်း သူမသေဆုံးခင်အရင်ရက်ကစိတ်ကူး

ပေါက်ပြီး သံဃာတစ်ပါးကိုသင်္ကန်းတစ်စုံလှုခဲ့ဘူးကြောင်းနဲ့ သူမသေခင်အချိန်ကလည်း

အဲဒီအလှုကိုစဉ်းစားလာကြောင်း၊ နောက်ထပ်လှုဦးမယ်လို့ကြံရွယ်တွေးတောလာစဉ် မ

ထင်မှတ်ပဲ ဓါးနဲ့အထိုးခံလိုက်ရပြီးသူသေဆုံးသွားခဲ့ကြောင်း၊ သူသေသေချင်း သူ့ရဲ့နာမ်

ဟာ လွင့်မြောနေသလိုလိုခံစားရပြီး ယခုသူ့ကိုမွေးရာရွာကိုရောက်လာခဲ့ပြီး သူ့မိဘတွေ

ခြံထဲကို သူဝင်လာခဲ့တာကိုပဲမှတ်မိတော့ကြာင်း ကိုပြန်ပြောပြပါတယ်။

ပြန်တွက်ကြည့်ရင်

အဆိုပါ လူမိုက်ဘသာသေဆုံးပြီး ဆယ်လအကြာမှာမောင်ဖိုးအေးလေးကိုမွေးတာ

ကြောင့် လူတွေထင်ကြသလို လူဆိုးလူမိုက်ဘသာဟာမကောင်းတဲ့ ငရဲတို့ တိရိစ္ဆာန်တို့

စတဲ့ နိမ့်ကျတဲ့ဘုံဘဝ တစ်ခုခုကို

ရောက်သွားတာမဟုတ်ပဲ လူဝင်စားချက်ချင်းပြန်ဖြစ်ခဲ့ပါတယ်။ လူဝင်စားတောင်မှ မိန်း

မဘဝမဟုတ်ပဲ ယောက်ျားဘဝကိုပြန်ရခဲ့တာကိုက တကယ့်မယုံနိုင်စရာပါ။ ဒါပေမဲ့

အတိတ်ဘဝရဲ့ ဝဋ်ကြွေးတွေကို ဒီဘဝမှာမောင်ဖိုးအေးလေးအလူးအလဲကိုခံခဲ့ရရှာတာ

ပါ။

မောင်ဖိုးအေးလေးမှာ အမသုံးယောက်ရှိပါတယ်။ ယောက်ျားလေး(သားလေး)လိုချင်

ရှာတဲ့ မောင်ဖိုးအေးလေးအဖေဟာ မောင်ဖိုးအေးလေးမွေးလာတော့ အတော်ကိုပျော်ခဲ့

ရှာပါတယ်။ ဒါပေမဲ့ မောင်ဖိုးအေးလေးအဖေဟာ သက်ဆိုးမရှည်ခဲ့ရှာပဲ  မောင်ဖိုးအေး

လေး နှစ်နှစ်သားလောက်မှာ အဆုတ်ထဲရေဝင်တဲ့ရောဂါနဲ့ဆုံးသွားခဲ့ရှာပါတယ်။ မောင်

ဖိုးအေးအမေကလည်း  ယောက်ျားလုပ်စာကိုသာမှိီခိုစားလာတော့ကလေးလေးယောက်

ယောက်နဲ့  မလုပ်တတ်မကိုင်တတ်နဲ့ ခင်ပွန်းဖြစ်သူရှာဖွေစုဆောင်းလာတဲ့ ရွှေတိုရွှေစနဲ့

နွားတစ်အုပ် လယ်ဆယ်ဧကဟာ မကြာခင်ပဲပြုတ်ပြုတ်ပြုန်းရှာပါတော့တယ်။ ဒါနဲ့မောင်

ဖိုးအေးလေး အမေဟာ အားကိုးရှာတဲ့အနေနဲ့မောင်ဖိုးအေးလေး ငါးနှစ်သားအရွယ်မှာ

နောက်အိမ်ထောင်ထူခဲ့ပါတယ်။  နောက်အိမ်ထောင်နဲ့ ညီမလေးနှစ်ယောက်ကို ထပ်

မွေး ပါတယ်။ မောင်ဖိုးအေးလေးဟာ အတိတ်ဘဝက လူဆိုးလူမိုက်ဖြစ်ခဲ့တယ်ဆိုတာ

မယုံကြည်နိုင်လောက်အောင်ကို လိမ်မာခဲ့ရှာပါတယ်။ ဒါပေမဲ့ အတိတ်ရဲ့အရိပ်ဝဋ်ကြွေး

ကြီးကတော့ သူ့ဆီကိုရောက်ဖြစ်အောင်ရောက်လာခဲ့ပါတယ်။ တစ်နေ့အဖွားဖြစ်သူနဲ့

မောင်ဖိုးအေးရဲ့ ကြီးကြီးတွေအိမ်ကို မောင်ဖိုးအေးလိုက်လာခဲ့ပါတယ်။ သူ့ကြီးကြီးတွေ

အိမ်ကိုရောက်တော့ ထုံးစံအတိုင်းအေးဆေးလှတဲ့မောင်ဖိုးအေးဟာ အဘွားကထိုင်ခိုင်း

ထားတဲ့နေရာလေးမှာ ထိုင်ပြီးအမဝမ်းကွဲတွေဆော့နေတာကို ငေးကြည့်နေရှာပါတယ်။

ဒီအချိန်မှာ အမဝမ်းကွဲနှစ်ယောက်ဆော့စရာခွက်တွေလုရင်း ရန်ဖြစ်ကြပါတော့တယ်။

ပထမတော့ စကားအငြင်းအခုန်နဲ့ဖြစ်နေကြပေမဲ့ ပြောရင်းပြောရင်းဒေါသထွက်လာတဲ့

အမဝမ်းကွဲအကြီးက ရွှံ့မြေနဲ့လုပ်ထားတဲ့ခွက်ကြီးကြီးတစ်ခွက်နဲ့ ညီမဖြစ်သူကိုလှမ်း

ပေါက်လိုက်ပါတယ်။ ဒါပေမဲ့ ထိုခွက်ဟာညီမဖြစ်သူကို မထိပဲတစ်ကို်ယ်ထဲအေးဆေးစွာ

ထိုင်ကြည့်နေရှာတဲ့ မောင်ဖိုးအေးရဲ့ညာလက်နားကို အရှိန်ပြင်းစွာတိုက်ရိုက်ထိမှန်ပါ

တော့တယ်။

“အားးးးးးးးး……………..ဟီး…ဟီး”

မောင်ဖိုးအေးရဲ့ အော်ငိုတဲ့အသံကြောင့် အဘွားဖြစ်သူရော ကြီးဒေါ်တော်သူပါအပြေးအ

လွှား ထွက်လာကြည့်ချိန်မှာတော့ ပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတဲ့ မောင်ဖိုးအေး

လေးဟာ သူ့ရဲ့ညာဘက်နားဆီကို လက်ကလေးနဲ့ပိတ်ထားပြီး ငိုနေခဲ့ရှာပါတယ်။ အဖွား

ဖြစ်သူလည်း အထိတ်တလန့်နဲ့လက်ကိုဖယ်ကြည့်လိုက်တော့  နားအတွင်းကသွေးတွေ

မြင်မကောင်းအောင်စီးကျနေပါတယ်။ ဒါနဲ့ လှည်းပြင်ပြီးရွာနဲ့အနီးဆုံးကျန်းမာရေးဆေး

ခန်းရှိရာကို အပြေးလေးသွားကြပါတယ်။ ဒါပေမဲ့ အတိတ်ရဲ့ဝဋ်ကြွေးပါလာရှာတဲ့ မောင်

ဖိုးအေးလေးဟာ အင်္ဂလိပ်ဆေးဆရာ၊ မြန်မာဆေးဆရာ စုံအောင်ကုခဲ့ပေမဲ့ ညာဘက်

နားကတော့ ပြန်ကောင်းမလာခဲ့ပဲ လုံးဝမကြားရတဲ့အထိအခြေအနေဆိုးသွားခဲ့ရှာပါ

တယ်။

အပိုင်း-၃ ကိုဆက်လက်တင်ပြပေးပါ့မယ်။

 

14 comments

  • nga myo

    June 26, 2012 at 8:34 am

    ဪ….အံ့ဩဖို့ကောင်းလည်းကောင်းလိုက်တာ……..သနားဖို့ကောင်းလိုက်တာဗျာ

  • Mon Kit

    June 26, 2012 at 8:58 am

    ဇာတ်လမ်းလေးက အရမ်းကို ဇာတ်ရှိန်တက်နေပီ…
    လူဝင်စားတွေဟာ သူတို့အရင်ဘဝဟောင်းကို မှတ်မိကြပီး မကောင်းမှု ပြုလုပ်ခဲ့ဘူးတဲ့သူဆိုရင် နောင်ကျဉ်သွားပီး လက်ရှိဘဝမှ လိမ်မာရေးခြားရှိလာကြတယ်…
    သူပြုလုပ်ခဲ့တဲ့ ကောင်းမှု/ မကောင်းမှု ကံကြွေးကိုတော့ မဖြစ်မနေ ပြန်ပေးဆပ်ရတာတော့ ရှိမှာပေါ့နော်…
    ဆက်ပြီး အားပေးနေအုံးမယ်နော်..

  • may flowers

    June 26, 2012 at 8:59 am

    ကိုnga myo ရေ ဒီထက်များတဲ့ဝဋ်တွေ ကံတွေကို နောက်အပိုင်းတွေမှာ မောင်ဖိုးအေးလေးခံရအုံးမှာပါ။

    ခုလိုအားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။

  • may flowers

    June 26, 2012 at 9:01 am

    Mon Kit ရေ ဆက်ပြီးအားပေးနေမယ်ဆိုလို့ ကျေးဇူးနော။ ဟုတ်ပါတယ် အရင်ဘဝရဲ့ဆိုးမွေကို ဒီဘဝမှာ

    မောင်ဖိုးအေးလေး တော်တော်ခံလိုက်ရရှာပါတယ်။

  • ster

    June 26, 2012 at 11:21 am

    ဆက် အားပေးနေပါတယ်။
    အပိုင်း (၃) က ဘယ်တော.လဲဗျ။

  • may flowers

    June 26, 2012 at 11:30 am

    ဒီနေ့ပဲ ရေးပြီးတင်ပေးလိုက်ပါ့မယ် ster ရေ။

  • မောင်ပေ

    June 26, 2012 at 12:48 pm

    အလှူအဝင်နား
    လူဝင်စား
    မအူပင်သွား
    ကြူချင်လား
    အူအကင်စား ။

  • may flowers

    June 26, 2012 at 1:01 pm

    လိုသေးတယ်လေ..အဟား..အဟား…..လို့ ထပ်ဖြည့်ပြီးဖတ်လိုက်တယ်နော် ကိုပေ။

  • cum min

    June 26, 2012 at 1:46 pm

    အော်..သနားပါတယိဗျာ..အရင်ဘဝကမကောင်းမှုကံကြောင့်ထင်ပါစ…

  • may flowers

    June 26, 2012 at 2:06 pm

    ဟုတ်တာပေါ့ cum min ရယ်…ခုလိုဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးပါနော်။

  • ရှင်းသန့် နွယ်

    June 26, 2012 at 4:28 pm

    အပိုင်း၃ကိုမျှော်နေတယ်နော်…
    အားပေးသွားပါတယ်…

  • may flowers

    June 26, 2012 at 4:36 pm

    ရှင်းသန့်ရေ အပိုင်း-၃ ကို ခုပဲတင်ပေးလိုက်ပါပြီ………..အားပေးတဲ့အတွက် ကျေးဇူးပါ။

  • သားဦး၊မြေးဦး

    June 26, 2012 at 7:40 pm

    “”ထိုင်ကြည့်နေရှာတဲ့ မောင်ဖိုးအေးရဲ့ညာလက်နားကို အရှိန်ပြင်းစွာတိုက်ရိုက်ထိမှန်ပါ””
    စာလုံးပေါင်းမှား သွားတာ က လက်နဲ ့နားနဲ ့ဖြစ်သွားတယ် မေဖလားဝါးလေးရေ။
    ဝေဖန်တာပါ။စိတ်မဆိုးနဲ ့။

  • may flowers

    June 26, 2012 at 8:37 pm

    ဟိ…ဟုတ်ပနော်….တကယ့်မိန်းမှာမှ လာမှားနေတယ်ငါ့နှယ်…………သီးခံပြီး ညာလက်နား…အစား

    ညာဘက်နား လိုဖတ်ပေးကြပါဗျို့။

    ဝေဖန်တာ စိတ်မဆိုးပါဘူး ဟုတ်တာပြောတာပဲ…ကျေးဇူးတောင်တင်သေး……….ကျေးဇူး..ကျေးဇူး။

Leave a Reply