ကြက်ဥကိုဒီလိုကြော်

 

ဒီပေါင်မုန့်ကိုသုံးပါတယ်

 

ဒါလေးတွေနဲ့လုပ်ပါတယ်

 

ကျူနာလေးပါ

 

ဒီလိုလေးနှံအောင်မွှေ

 

လုပ်လို့ရပါပြီ

 

ပထမဆုံးကြက်ဥတင်

 

 

သွားကြားထိုးတံလေးမမေ့နဲ့နော်

 

ဒါးထက်ထက်ကလေးနဲ့ဒီလိုလှီး

 

စားလို့ရပါပြီ။ ၃၀၀၀ ပဲပေးပါ။ ကြက်ဥရော မရောနိစ့်တွေပါလို့ ဒီတခါ အဆီကျကော်ဖီလေးနဲ့တွဲပေးထားပါတယ်။

 

ကြက်ဥကျူနာငါးဆင်းဒ၀စ်ခ်ျ

၁၂ ခုစာ

လိုအပ်သောပစ္စည်းများ

 

၁။ ပေါင်မုန့်                ၁၈ ချပ်

၂။ ကြက်ဥ                ၆ လုံး

၃။ ကျူနာငါး              ၁ ဗူး ( ဟင်းရွက်ဆီစိမ်ထားသော )

၎။ မရောနိစ်

၅။ သွားကြားထိုးတံ       ၁၂ ချောင်း

 

ပြုလုပ်ပုံအဆင့်ဆင့်

 

၁။ ပထမဦးစွာ ကြက်ဥကို ထောပတ်နဲနဲဖြင့် အနှစ်ကျက်အောင်အလုံးမပျက်ကြော်ပါ။

၂။ ကျူနာငါးဗူးဖောက်ပြီးအထဲမှ အရည်များသွန်ပစ်ပါ။

၃။ ပုဂံထဲကို ကျူနာငါးထည့်ပါ။ မရောနိစ်ကို ငါးနှင့်လိုက်ဖက်အောင်ထည့်ပါ။ နှံစပ်အောင်မွှေပါ။

၎။ ပေါင်မုန့်တချပ်ခင်းပါ။ ကြက်ဥကြော်တင်ပါ။ နောက်ပေါင်မုန့်တချပ်ထပ်တင်ပါ။ ငါးမရောနိစ် အရောကို         ဖြန့်ခင်းပါ။ အပေါ်မှ ပေါင်မုန့်ထပ်အုပ်ပါ။

၅။ ဒေါင့်ဖြတ်လှီးရန် သွားကြားထိုးတံနှစ်ချောင်းကို အချွန်နားမှာ ထိုးပါ။

၆။ ဒါးဖြင့် တြိဂံပုံ ကန့်လန့်လှီးချပါ။

 

ဈေးသက်သာပြီး အရသာရှိလှတဲ့ sandwich ကိုအိမ်တွင် မိသားစုများပဲစုစားစား၊ ကျောင်းအလုပ်များသို့ မုန့်အ နေနဲ့ပဲယူယူ၊ ပျော်ပွဲစားထွက်လို့ပဲယူသွားသွား၊ ဧည့်သည်လာလို့ပဲ ဧည့်ခံဧည့်ခံ ချက်ချင်းလုပ်ချက်ချင်း စားလို့ ရပါတယ်။ ဆိုင်မှာသွားစားရင် ၄ ခုပဲပါတာကို ၃၅၀၀ ကျပ်ပေးရပါတယ်။ ( သူကတော့ အာလူးချောင်းကြော် လေး ၁၀ ချောင်းလောက်ပိုပါတယ်ပေါ့။ ) အိမ်မှာလုပ်စားရင် တော့ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် ကြားသာကုန် ကျမှာ ဖြစ်ပြီး မုန့် ၁၂ ခုရပါတယ်။

 

ဟိုတခါကြက်အူချောင်းပေါင်မုန့်က လုပ်ရမလွယ်ဘူးဆိုသူများအတွက် ဒီတခါ အလွယ်နည်းလေးပေးလိုက် ပါတယ်။ တကိုယ်ရေတကာယသမားများ၊ အဆောင်နေသူများပါမကျန် စားပွဲသေးသေးလေးရှိရုံနဲ့လုပ်လို့ ရပါတယ်။

 

About မွသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011