သစ်မွှေး မျိုးစေ့ကို အစမ်းစိုက်ကြည့်ချင်သူများအတွက် အသိပေးခြင်း

Wai Aung Chan MyoJune 26, 20121min1136

မင်္ဂလာပါ ကိုxxxရေ

သစ်မွှေးကို ဘယ်အပင်မျိုးနဲ့မဆို ရောစိုက်လို့ဖြစ်ပါတယ်(မှိုကလွဲရင်ပေ့ါ)။ ပြီးတော့ ရေမဝပ်တဲ့မြေ ဘယ်မြေမဆို စိုက်လို့ဖြစ်ပါတယ်။ ဒါတောင်မှ ပြီးခဲ့တဲ့လက ကရင်ပြည်နယ်၊ ဘားအံဘက်မှာ ရေဝပ်နေတဲ့လယ်မြေကို စမ်းပြီး စမ်းသပ်စိုက်ခဲ့ပါတယ်။ မြေကို ဘောင်လုပ်ပြီး ရေဆင်းလို့ရအောင်လုပ်ပြီး အပင်ချဖို့အတွက် ကျင်းကို ၂ပေပတ်လည် အနက်၂ပေခွဲတူးပြီး (အဲဒီလယ်မြေက မြေဆီလည်းမကောင်းတာနဲ့) နွားချေး ၁ဆ မြေဆီ ၄ဆ(တခြားနေရာမှ အရွက်ဆွေး မည်းနက်ပြီ သင်းသော အနံ့ထွက်နေသော မြေဆီ) ရောပြီး အင်ရွက်တွေကို မီးရှိ့ပြာချပြီးထည့်လိုက်ပါတယ်။ အဲ့ဒီတော့ မြန်မာတပြည်လုံးဘယ်နေရာမဆို စိုက်လို့ရတယ်လို့ ပြောချင်ပါတယ်။

ကျနော်ရေးထားတဲ့ဆောင်းပါးတွေကို အားပေးတဲ့အတွက် ဝမ်းသာပါတယ်။

“ မိမိ စိုက်ပျိုးမည့် မြေဧရိယာရရှိမှုပေါ်မူတည်၍ ၆’x၆’၊ ၇’x၇’၊ ၈’x၈’၊ ၁၀’x၁၀’ ခြားစီ ၁ပေခွဲ ပတ်လည်ကျင်းများတူး၍ မြေဩဇာထည့်(နှပ်)ပြီး နှစ်ပတ်ခန့်အကြာတွင် စိုက်ပျိုးနိုင်ပါ သည်။ အကယ်၍စိုက်ပျိုးမည့်မြေတွင် အရိပ်ရပင်များရှိနေ ပါက တတ်နိုင်သရွေ့ ထိုအပင်များကို ချန်လှပ်၍ စိုက်ပျိုးသင့်သည်။ သရက်၊ သီဟိုဠ်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ဒညင်း၊ လိုင်ချီး၊ ထောပတ်စသော နှစ်ရှည်ပင်များသာမက ဟင်းသီးဟင်းရွက်ပင်များနှင့်လည်း ရောနှောစိုက်ပျိုးနိုင် ပါသည်။” ဆိုတဲ့အတိုင်း တစ်ပင်နဲ့တစ်ပင် ၆ပေခြားစီစိုက်ရင် ၁၂၀ဝ ရပါတယ်။

ရပေခြားစီစိုက်ရင် ၈၈၈ ပင်

၈ပေခြားစီစိုက်ရင် ၆၈ဝ ပင်

၉ပေခြားစီစိုက်ရင် ၅၃ရ ပင်

၁ဝပခြားစီစိုက်ရင် ၄၃၅ ပင်

စီရပါတယ်။ အနဲဆုံး ၆ပေခြားကနေ ၁၂ပေခြားအထိစိုက်ကြပါတယ်။

ဝေးဝေးစိုက်ရင် အရည်အသွေးနဲနဲပိုပါတယ်။ ဒါပေမယ့်ကိုသီဟက ရနှစ်လောက်အထိပဲ အလွန်ဆုံးထားရင်တော့ ၆ပေခြား၊ ရပေခြားက အနေတော်ပါပဲ။

 

သစ်မွှေးစာအုပ်ကို ကျနော် Web site မှာလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုတခါထပ်ပြီး  ကျနော်ရေးသားပြုစုထားတဲ့ သစ်မွှေးနဲ့ပတ်သတ်တဲ့စာအုပ်ကို attached လုပ်ပြီးပို့ပေးလိုက်ပါတယ်။ အဲ့ဒီမှာ သစ်မွှေးအကြောင်းစုံစုံလင်လင် ဖော်ပြထားတဲ့အပြင် သစ်မွှေးစိုက်နည်းတွေသာမက သဘာဝနည်းဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ရွက်ဖြန်းဆေး၊ ပိုးသတ်ဆေး၊ မြေဩဇာစပ်နည်းတွေကိုပါ ဖော်ပြပေးထားပါတယ်။ ကိုယ်တိုင်လုပ်ရတာတခုတည်းပါ။ ဈေးလည်းအင်မတန် သက်သာတဲ့နည်းပါ။ သစ်မွှေးမှမဟုတ်ဘဲ တခြားအပင်များအတွက်လည်း ဉာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်။

 

မျိုးစေ့ကတော့ လောလောဆယ်အချိန်မှာတော့ မရသေးပါဘူး။ ဇူလိုင်လအလယ်လောက်မှ ရပါလိမ့်မယ်။ အဲ့ဒီမှာ ကျနော်ဆီကို မျိုးစေ့လာဝယ်တဲ့သူတိုင်းကို ကျနော် ပြောဖြစ်တာလေးကို ပြောပြချင်ပါတယ်။

မျိုးစေ့ကိုဝယ်မယ်ဆိုရင် အရင်စိုက်ဖူးလား ကျနော်မေးပါတယ်။ ဘာလို့လဲဆိုတော့ အင်မတန်လက်ဝင်လို့ပါ။

၁။ သစ်မွှေးမျိုးစေ့ကိုယ်တိုင်ကလည်းဈေးကြီးပါတယ်။ နို့ဆီးဗူး တစ်ဗူးကို ပျမ်းမျှ အစေ့ ၁၀၀ဝကျော်လောက်ပါပါတယ်။ တစ်ဗူးကို ပြီးခဲ့တဲ့ နှစ်က ၅၀၀၀ဝကနေ ကျပ် ၁သိန်းအထိ ဈေးပေါက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကုမ္ပဏီကြီးတွေက မျိုးစေ့တွေအဝယ်အရမ်းလိုက်နေတဲ့အတွက် မျိုးစေ့ဈေးနှုန်းတွေက ပြီးခဲ့တဲ့နှစ်ကထက် ၂ဆ၊ ၃ဆလောက်ကြီးနိုင်ပါတယ်။ အခုထိဈေးကွက်မရှိသေးပါဘူး။ အော်ဒါတွေနဲ့တင် ပြည့်နေပါတယ်။

၂။ နောက်မျိုးစေ့ ၁၀ဝ မှာ ပျိုးပင် ၅ဝလောက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါတောင်အင်မတန်ဂရုစိုက်ရပါတယ်။ ပျိုးသက်နုတဲ့အချိန်မှာ ပိုးကြောင့်သော်၎င်း၊ မှိုကြောင့်သော်၎င်း၊ ရာသီဥတုဒဏ်ကြောင့်သော်၎င်း စတဲ့အရာတွေကြောင့် ဖြစ်တဲ့အပင်တွေထဲကမှ တစ်ဝက်လောက်ထပ်သေနိုင်ပါတယ်။

၃။ နောက်ပြီး ပျိုးအိတ်ဖိုးကလည်းရှိပါသေးတယ်။ ကျနော်ဆိုရင် ပျိုးအိတ်၂ခါလှယ်ထားပါတယ်။ ပျိုးအိတ် ၁အိတ်ကို ကျပ်၁ဝရှိပါတယ်။ ပျိုးပင်များရင် သိန်းနဲ့ချီကုန်ပါတယ်။

၄။ မြေဆီဖိုး၊ ရွက်ဖြန်းဆေးဖိုး၊ ပိုးသတ်ဆေးဖိုးတွေကလည်းရှိပါသေးတယ်။

၅။ နောက်ပြီး Labor ဖိုးကလည်း မနည်းပါဘူး။ အလုပ်သမားတွေမကျွမ်းကျင်ရင်လည်း အပင်အသေအပျောက်များနိုင်ပါတယ်။

၆။ အပင်တွေက ရှေးကပြောသလို ပျိုးသက်နုတဲ့အချိန်မှာ အသေများပြီး။ ၁ဝလသားအထက်လောက်မှာ သိပ်မရှိတော့ဘဲ ၁နှစ်သားဆိုရင် မြေချစိုက်ဖို့အတွက် ဒဏ်ခံနိုင်သွားပါပြီ။

၇။ နောက်ပျိုးပင်တွေက အပင်နုသေးချိန်မှာ အပေါ်က ပိတ်စိမ်းမိုးပေးရတဲ့အတွက် ပိတ်စိမ်းဖိုးကလည်း မနည်းလှပါဘူး။

အဲ့ဒီတော့ အားလုံးကို ခြုံကြည့်ရင် မျိုးစေ့က သက်သာတယ်လို့ထင်ရပေမယ့် ဂရုမစိုက်တတ်ရင် အကုန်သေနိုင်ပါတယ်။ ဂရုစိုက်ပြီး နည်းပညာပိုင်းဆိုင်ရာ အင်မတန်ကျွမ်းကျင်ရင်တောင် ပျိုးပင်ထက် ၂ဆထက်ပိုပြီး မသက်သာပါဘူး (ဒါက လက်ရှိကျနော်ရောင်းတဲ့ဈေးနဲ့နှိုင်းယှဉ်တာပါ။ တခြားရောင်းတဲ့သူတွေကတော့ ပျိုးပင်ဈေးတွေက ၁ပေဆိုဒ်ကို ၈၀ဝနှုန်းပါ။)

နောက်မျိုးစေ့ပျိုးတဲ့သူက အပင်ပေါက်လာလို့ အပင်အကုန်လုံးက တရွယ်တည်းမဟုတ်ပါဘူး ကြီးတဲ့ဟာ ကြီး သေးတဲ့ဟာသေးတဲ့အတွက် ဆေးထိုး၊ အဆီထုတ်ရောင်းတဲ့အချိန်မှာ ကိုးလို့ကန့်လန့်ဖြစ်တတ်ပါတယ်။

ပျိုးပင်ဝယ်တဲ့သူကတော့ ကိုယ်တတ်နိုင်တဲ့ ပျိုးပင်ဆိုဒ်တွေကို ရွယ်တူစိုက်တဲ့အတွက် အဲ့ဒီပြဿနာမရှိတော့ပါဘူး။

နောက်အရေးကြီးဆုံးက မျိုးစေ့ပျိုးတဲ့သူက ပျိုးပင်တစ်နှစ်သားဝယ်စိုက်တဲ့သူထက်စာရင် တစ်နှစ်နောက်ကျနေပါတယ်။ အဲ့ဒီတော့ ဆေးထိုး၊ အဆီထုတ်ရောင်းတဲ့အချိန်ပါ တစ်နှစ်နောက်ကျနေတဲ့အတွက် ပိုက်ဆံလည်း တစ်နှစ်နောက်ကျမှ ရပါတယ်။

ဒီလိုပြောနေတာတွေက ကျနော့်ဆီက ပျိုးပင်တွေကိုပဲရောင်းချင်လို့မဟုတ်ပါဘူး။ ဘယ်မှာဝယ်ဝယ်ပါ။

အကိုတို့ စဉ်းစားလို့ရအောင် ဖော်ပြပေးတာပါ။

 

နောက်ပြီး ကျနော်ပျိုးပင်တွေကို သူများတွေထက် အသက်သာဆုံးပေးထားတဲ့အပြင် သဘာဝနည်းနဲ့စိုက်ပျိုးထားပါတယ်။ ဓါတ်မြေဩဇာ၊ အဆိပ်ပိုးသတ်ဆေး၊ ဓါတုရွက်ဖြန်းဆေးတွေလုံးဝ (လုံးဝ) မသုံးထားပါဘူး။ ကျနော်ကိုယ်တိုင်ဖော်စပ်ထားတဲ့ သဘာဝဆေးနည်းနဲ့ သဘာဝနည်းကျပြုလုပ်ထားတဲ့ မြေဆီတွေကိုသား အသုံးပြုထားပါတယ်။ နောက်ပြီး အဆီထွက်နှုန်းအကောင်းဆုံးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေကိုသာ ရောင်းချပေးနေပါတယ်။

အခုလက်ရှိကျနော့်ဆီက အပင်တွေက ၂ပေဆိုဒ်အထက်ကနေ ၅ပေအထိအပင်တွေရှိနေပါတယ်။

ပျိုးပင်ဈေးနှုန်းတွေကတော့ ၁ပေကို ၅၀ဝကျပ်နှုန်းနဲ့ ၂ပေကနေ ၅ပေအထိရှိပါတယ်။
၂ပေနဲ့ ၂ပေခွဲ ဆို ၁၀၀ဝ ကျပ်
၂ပေခွဲနဲ့ ၃ပေကြားကို ၁၃၀၀
၃ပေနဲ့ ၃ပေခွဲကို ၁၅၀၀
၃ပေခွနဲ့ ၄ပေကြားကို ၁၈၀၀
၄ပေအထက်ကို ၂၀၀ဝ နှုန်းပါ။

 

နောက်ပြီး ကျနော်ပို့လိုက်တဲ့ သစ်မွှေးအကြောင်းစာအုပ်ကို သေသေချာချာဖတ်ကြည့်ရင် သစ်မွှေးအကြောင်းတော်တော်စုံလင်သွားပါပြီ။

နောက်သိချင်တာများကိုလည်း ဖုန်းနဲ့သော်၎င်း၊ မေးလ်ပို့၍သော်၎င်း၊ ပွင့်ပွင့်လင်းလင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ခင်မင်တဲ့

ကိုဝေအောင် (စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး)

ခြံလိပ်စာ သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

Ph:    09 49348896, 09 73070035, 09 5136753, 09 49275907

6 comments

  • Yan Shin

    June 26, 2012 at 2:33 pm

    ကိုဝေအောင်ရေ
    အပင်ဆိုတာ ကမ္ဘာ့မြေကျန်းမာရေးအတွက် စိုက်ကိုစိုက်ရမဲ့အပင်ပါ။
    အဲဒီအထဲမှာမှ ဝင်ငွေအကောင်းဆုံး တန်ဘိုးအရှိဆုံး နှစ်ရှည်ပင်ကို စိုက်ဘို့
    စို်က်နို်င်ဘို့ နည်းပညာပေး အသိပေးတဲ့ ကိုဝေအောင်ကို ကျေးဇူးတင်ပါတယ်။
    ကျွန်တော်ဆီကိုလည်း ကိုဝေအောင်ရေးတဲ့ စာအုပ်ကို ပို့ပေးပါအုန်းလို့။

    • Wai Aung

      July 3, 2012 at 8:23 am

      ကျနော် ကိုရန်ရှင်းရဲ့ email နဲ့ စာအုပ်ကို ပို့ ပေးလိုက်ပြီနော်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 3:04 pm

    သစ်မွှေး..ဆိုလို့စိ်တ်ဝင်စားပြီး..
    ဖတ်ကြည့်သွားပါတယ်နော်…
    မိုက်လေး…ကတော့မစိုက်ပါဘူး…
    😛

    • Wai Aung

      June 29, 2012 at 8:18 am

      မစိုက်လည်း ဝင်လေ့လာလို့ရပါတယ်
      နောက် post တွေကိုလည်း ဝင်လေ့လာသွားပါအုံးလို့ ဖိတ်ခေါ်ပါတယ်။
      စိုက်ချင်တဲ့ မိတ်ဆွေ၊ အပေါင်းအသင်းများရှိရင်လည်း သတင်းကောင်းပါးပေးပါအုံးလို့ ပြောချင်ပါတယ်။

  • မောင်ပေ

    June 27, 2012 at 11:31 am

    မျိုးစေ့ ကို စိုက်မယ့်အစား
    ကိုဝေအောင်တို ့လို ပညာရှင်တွေ ပြုစုထားလို ့အပင်ဖြစ်နေတဲ့ အပင်ပေါက်လေးတွေ ကို ဝယ်စိုက်တာက ၊ အပင်ရှင်သန်ဖို ့အတွက်လဲ စိတ်ချရ ၊ ကရိကထလဲ မများရတော့မယ့်အကြောင်းပေါ့နော် ။
    စိတ်ဝင်စားပါတယ် ကိုဝေအောင်ရေ ၊ လိပ်စာကိုလဲ ကူးမှတ်ပြီးကြောင်းပါနော

    • Wai Aung

      June 29, 2012 at 8:23 am

      ဟုတ်ပါတယ် ကိုမောင်ပေရေ
      ကျနော့်ဆီက ဝယ်မှ မဟုတ်ပါဘူး။
      ကျနော် ဒီလို ဥပမာလေး ပေးချင်ပါတယ်။
      အကိုတို့က ရွေလက်ကောက်လုပ်ချင်ရင် ကိုယ်တိုင်မလုပ်ဘဲ ပန်းထိမ်ဆရာအပ်တဲ့သဘောပါ။
      လုပ်နည်းကို အစအဆုံးလေ့လာနေရင် ရွေလက်ကောက် မဝတ်လိုက်ရဘဲ တသက်ကြာသွားပါ့မယ်။
      တိုက်ဆောက်ချင်ရင် Contractor တွေဆီ အပ်လိုက်သလိုပါဘဲ
      ရှိသမျှအလုပ် ကိုယ်လိုက်လုပ်ချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲနော်။
      ဒါလေးကို နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

Leave a Reply