မကောင်းတာလုပ်ရင် မကောင်းတဲ့တိုင်းသွားလိမ့်မယ် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လိမ့်မယ်

ပတ်ဝန်းကျင်မှာရှိတဲ့သူငယ်ချငး ်တွေနဲ့ပက်သက်တဲ့အကြောင်းလေးပါ မနီလို့ပဲအမည် ပေးလိုက်မယ် သူ့နဲ့ပက်သက်ပီးပြောပြစရာလေး ရှိပါတယ ်သူရင်ဖွင့်ချင်လို့ပါတဲ့ သူအရမ်းခံစားရလို့ပါတဲ့ သူနဲ့ခန်းဖော်သူငယ်ချင်းတစ်ယောက်ရှိတယ ် သူကိုတော့မဝါလို့အမည်ပေးလိုက်ပမယ ် မနီ ဟာနေ့စဉ်နဲ့အမျှ ဟင်းချက်ကျွှေးတယ်မဝါကိုပေါ့ မဝါကအိမ်ထောင်သည်တစ်ယောက်ပါ သူကတူနေတဲ့ခန်းကိုသူယောကျား ကျန်နေရာသွားမှ လာပီးနေပါတယ်မနီ
ဟာသူလာရင်အခန်းမှာ သူအိပ်ရင်အိပ်ယာကဖုန်တွေတက်လို့စောင်၊ခြင်ထောင်နဲ့ခေါင်းအုံးဖုံးကုန်
သူလျှော်ပေးထားပါတယ်။ ဟင်းဆိုလဲ သူတခါတလေ ချက်ချင်စိတ်မရှိရင်တောင်သူအားနာလို့မနီမှာ
ချက်ပေးပါတယ်မနက်ကိုစောစောထပီးချက်ကျွှေး အခန့်သား ၈နာရီလောက်မှထရပါတယ်မဝါပေါ့သူ
လဲကျေးဇူးတင်လို့ထင်ပါတယ်အလိုလုပ်ပေးတော့ မနီကိုသူအဝတ်စားတချို့လဲပေးပါတယ်မနီကလဲသူ
ငယ်ချင်းချင်းဆိုတော့ယူထားပါတယ် အခန်းထဲဆိုလဲရေချိုးခန်း ခန်း၊ သန့်စင်ခန်းကမစသူပဲဆေးရတယ်
အမှိုက်လဲသူပဲလေ မနီကအားလုံးကိုလုပ်ပေးတယ် သူကသန့်ရှင်းရေးသမားတစ်ယောက်လိုပါပဲ သူမှာကျွှန်
လိုပဲအားလုံးလုပ်ပေးတယ် တစ်နေ့သူ့သူငယ်ချင်းမဝါ ကခွင့်ယူတယ်မနီက ဟင်းချက်ပီးစားဒယ ်ကိုမဆေး
ခဲ့ရဘူးပေါ့သူအလုပ်က မမှီမှာကြောက်လို့လေ ဒါနဲ့ထားခဲ့တယ် သူလဲတခါတလေတော့မြင်တော့တာပေါ့
တခါမှမဟုတ်တာ မိဘနဲ့သားသမီးလဲမဟုတ်ဘူးလေ မဝါအဆောင်မှာရှိရက်နဲ့ဒယ်ကိုဆေးမထားဘူးသူဒေါ
သအရမ်းဖြစ်သွားတယ်ခါတိုင်းဆေးမပေးချင်နေ နေကုန်ရှိနေတုံးကိုအလိုက်တသိတော့ဆေးပေးရမယ်ပေါ့သူ
ဒေါသဖြစ်သွားတယ် အဒါနဲ့သူချုန်း ကနဲ ပစ္စည်းတွေကိုချတယ် ပေါက်ကွဲတော့တာပေါ့ ခုမှဟုတ်ပါဘူးမခံနိုင်
တာများတော့သူပေါက်ကွဲတော့တာပါ သူအလိုလုပ်တာမခံနိုင်တော့မဝါဟာ အပေါ်ဆုံးထက်က ခန်းကသူငယ်ချင်းတွေနဲ့သွားအိပ်ပါတယ် မနီကစိတ် တိုတာပြေတော့ သူနဲနဲတော့ပစ္စည်းရွဲ ချတာကိုလွန်မှန်း
သိသွားတယ် အဒါကြောင့်သူမဝါကိုသွားပီးပြောတယ်မနီကမဝါကို မဝါအခန်းကိုမအိပ်လားမေးတယ်မအိပ်ဘူး
တဲ့ အင်းအင်းလို့ပြောပီးမနီဆင်းသွားတော့တယ် သူတစ်ယောက်ထဲပဲအခန်းကိုသွားအိပ်တယ် ဘယ်လိုလဲဆို
ဆိုတော့လေ မဝါလာရင် မနီက အရင်အခန်းကို စားတုံးရေချိုးတုံးလာတာ လေ အခန်းကိုအရင်မအိပ်ဘူး မဝါသူယောကျားအပြင် သွားတုံးမရှိလို့လာရင် မနီပဲဆင်းပီး အိပ်ပေးရတယ် အော်…အနေ့ကသူအိပ်မ
ပျော်ခဲ့ဘူး ငါကြသူကိုသူလာရင်အောက်ကိုဆင်းအိပ်ပေးရတာသူကကြ ဒီလိုလေးငါလုပ်မိတာကိုမအိပ်ဘူး
လားဆိုပီးတညလုံးအိပ်မရခဲ့ဘူး အားလုံးကိုစဉ်းစားမိတယ်တညလုံးပေါ့ ကိုကလဲကိုပါသူများပေါ်မှာကောင်း
လွန်ပီး ကိုသဘောမကျတာရှိရင်စိတ်တိုရတယ်လေ ကိုအမှားတွေလဲပါပါတယ် မဝါကအပေါ်တက်အိပ်တာ
လေမနက်လင်းလို့ဆင်းလာတော့ သတ္တဝါတွေကျမ်းမာပါစေချမ်းသာပါစေကို ဘုရားဘူးတာကောင်းကောင်းမ
ဖူးဘူး အကျယ်ရွဲ့ပီးနာရီဝက်ကျော်ကျော်လောက်ရှိမယ်ထင်တယ် အလိုရွဲပီးဖူးနေတာ အစဆုံးနေ့နေလိုက်
တယ်နောက်နေ့ကြလဲဆင်းလာ အလိုပဲရွဲ့ပြန်ရော စိတ်ကတိုတော့တာပေါ့ ကိုမယ်ချက်လဲကျွှေးရသေးတယ်
အရွဲ့ကခံရတယ်ဆိုပိုဒေါသဖြစ်တာပေါ့ ပုဂံကိုဂွလက်ကနဲလွှတ်ချလိုက်တယ် အလိုကြသူကဖုရားဘူးနေရင်းနင်
ငါကိုရွဲ့တာလားတဲ့ ရွဲ့တာသူကအရင်လေ ဒီကမခံနိုင်လို့ အဒါနဲ့ကိုလုပ်ပေးရတာတွေကောမကျေနပ်တာမှန်
သမျှ အကုန်ပြောချလိုက်တယ် မဝါက သိတယ်တဲ့နင်အလိုလုပ်ပေးရလို့ဂုဏ်ဖော်တတ်မှန်းသိတယ်တဲ့ဂုဏ်
ဖော်တာမဟုတ်ဘူး မသိတဲ့သူကိုမသိဘူးထင်လို့ ကျွှန်မ ပြောပြလိုက်တာ တယောက်တခွန်း ရန်များရတယ်
လေအနေ့ကပေါ့ ..ကဲမခတ်ပေဘူးလား လုပ်လဲပေးရသေးတယ်အပြောခံအရွဲ့ခံရတယ်လုပ်ပေးရသူကိုတိုင်မှ
ခံစားတတ်မှာပါ တချို့ကတော့ထင်ချင်ထင်မယ်လေ ဂုဏ်ဖော်တယ်လို့ပေါ့ ဘာပဲဖြစ်ဖြစ်နောက်ကိုလူပေါ်
ကောင်းတာကိုနဲနဲတော့လျှော့ရတော့မယ်ပေါ့ ဘာပဲဖြစ်ဖြစ် မနီမှားလား မဝါမှားလားဝေဖန်ပေးလို့ ရပါတယ်
မနီကသူမှားရင်ချိန်မရွေးရှိခိုးတောင်းပန်ပမယ်တဲ့ သူလုပ်ရပ်တွေအားလုံးတွက်မှား တယ်ဆိုဝေဖန်ပေးစေလိုပါ
တယ်တဲ့ ဟို စာသားလေးလိုပေါ့လူတွေရွဲ့တာစောင်းတာမခံချင်ရင်တော့
ဆရာ..ဒေါသမထွက်အောင်
ဘာဆောင်ရမလဲဆရာ ….မသိချင်ယောင်
အဒါလိုပါပဲ ….ဒါပါပဲနော်သူငယ်ချင်းအားလုံးကိုခင်မင်လျှက်…….

12 comments

  • mamanoyar

    June 26, 2012 at 9:30 am

    ဖတ်သွားပါတယ်
    “ဆရာ..ဒေါသမထွက်အောင်
    ဘာဆောင်ရမလဲဆရာ ….မသိချင်ယောင် ”
    အဲဒါလဲမှန်တာပဲနော်
    ဘာပဲဖြစ်ဖြစ် သည်းခံ တာပဲ ကောင်းပါတယ်။

    • မဂွတ် ထော်

      June 26, 2012 at 11:14 am

      ကျေးဇူးတင်ပါတယ် သည်းခံသင်သလောက်တော့သည်းခံပါတယ်
      ပေါက်ကွဲလာတော့လဲမတတ်နိုင်တော့ဘူးလေ …

  • Nyein Nyein

    June 26, 2012 at 9:45 am

    သည်းခံလွန်းရင်လည်း မကောင်းဘူးမမနိုရာရဲ့။ လူတိုင်းမှာ အတိုင်းအတာဆိုတာရှိတယ်လေ။ အဲဒီ့ဟာကို ကျော်လာရင် ဘယ်သူမှမခံနိုင်တော့ဘူး။ ဒါပေမယ့် မမဂွတ်ထော်ပြောပြတဲ့ ဇာတ်လမ်းမှာဆိုရင်တော့ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက် မေးစရာရှိပါတယ်။ မနီက အစစအရာရာ လုပ်ပေးတယ်ဆိုတာ သူ့အတွက်လုပ်ရင်းနဲ့ ကြုံလို့ တစ်ခါတည်း လုပ်ပေးတဲ့ပုံစံမျိုးလား။ ဒါမှမဟုတ် မဝါကို တကယ်စေတနာထားပြီး သက်သာပါစေတော့ဆိုပြီး လုပ်ပေးတာလား။ နောက်တစ်ခုက သူမလုပ်လည်းနေ ကိုယ့်ဟာကိုယ်လုပ်မယ်ဆိုပြီး သူ့ကိုမပြောချင်လို့လုပ်ပေးတာလား။ လုပ်ပေးတဲ့ပုံစံပေါ်မှာ မူတည်ပြီး ရလဒ်တွေကလည်း အမျိုးမျိုးရှိတယ်လေ။ မနီက ကိုယ့်ဘာသာကိုယ် အရင်ဆုံးမေးကြည့်သင့်တယ်။ ငါဘာလို့လုပ်ပေးတာလဲဆိုပြီးတော့ပေါ့။ အဲဒါဆိုရင် အဖြေထွက်လာပါလိ်မ့်မယ်။

    • မဂွတ် ထော်

      June 26, 2012 at 11:12 am

      အော် …အလိုမေးပေးလို့ကျေးဇူးတင်ပါတယ်
      လုပ်ပေးတုံးကတော့ စေတနာတကယ့်စေတနာနဲ့လုပ်ပေးတာပါ
      ကြာလာတော့လဲ မိဘမှမဟုတ်တာ အလိုက်မသိသူနဲ့နေနေရတော့
      စိတ်တိုတော့တာပေါ …လုပ်ပေးသူကိုယ်တိုင်မှခံစားဘူးမှာပါ..ဒါတွေက
      အမှားပါရင်တော့ သူငယ်ချင်းအားလုံးကိုတောင်းပန်ပါတယ်တဲ့

      မနီကိုယ်စားပေါ့

  • မမ အညာသူ

    June 26, 2012 at 9:57 am

    အဲလိုအချေအနေမှာဆိုဥပေက္ခာပြုထားလိုက်တာအကောင်းဆုံးပါ

  • မဂွတ် ထော်

    June 26, 2012 at 11:15 am

    ခုတော့အလိုပဲနေလိုက်ပါတော့တယ် ……

  • ဇောက် ထိုး

    June 26, 2012 at 11:25 am

    ဟဲ့ … မိညာ. ဥပေက္ခာဆိုတာ ဘာလဲ။ နင်သိလို့လား။
    တချို့မိဘတွေက ပြောကြတယ်။ သားသမီးတွေ ပြောဆိုမရလို့ မကောင်းရင် ပစ်ထားလိုက်တဲ့။ ပစ်ထားလိုက်တာ ဥပေက္ခာလား။
    သားသမီးကိုပစ်ထားတာ ဥပေက္ခာဆိုရင်…
    မကောင်းတာကို တားမြစ်ရမယ်။ ကောင်းတာကိုညွှန်ပြရမယ်ဆိုတဲ့ မိဘဝတ္တရား ပျက်ကုန်မှာပေါ့။

    မဂွက်ထော်ရဲ့ သူက မကောင်းတာလုပ်တော့ မကောင်းတဲ့သူကြီးဖြစ်သွားမှာပါ။ မကောင်းတဲ့သူကြီးဖြစ်သွားတဲ့သူ့ကို ကောင်းတဲ့သူတွေက ဘယ်သူကမှ ပေါင်းချင်သင်းချင်တော့မှာ ဟုတ်ဘူး။ အဲဒါ မကောင်းသူဖြစ်သွားလို့ပဲ။

    ရုပ်လေးက လှပါရက်နဲ့ … နာမည်က ဂွက်ထော်တဲ့။ မိညာတို့နဲ့များ ကွာပါ့။

    • မဂွတ် ထော်

      June 26, 2012 at 11:50 am

      အဲ …ရုပ်ကဆိုးတယ် လေကွာပတော်ကွာမိညာနဲ့..:P

    • မဂွတ် ထော်

      June 28, 2012 at 10:40 am

      သူငယ်ချင်းပါ ..ဘယ်သူမှဟုတ်ဘူး

  • နွေဦး

    June 27, 2012 at 4:22 pm

    ဟိုစကားလေး..
    စေတနာသည် လူတိုင်းနဲ့ မတန်…တဲ့
    ဆိုတော့ကာ…..
    ဆင်ခြင်ပေါ့ ။

    • မဂွတ် ထော်

      June 28, 2012 at 10:41 am

      ဟုတ်ကဲ့ …ဆင်ခြင်ပါ့မယ်

Leave a Reply