***…အချစ် ကဗျာ…***

maung khinminJune 26, 20121min20218

မော်ဒန် ကဗျာ တစ်ပုဒ် ဖတ်ရ သလို…

အချစ် ဆိုတာ….

မျက်မှောင်ကုပ်…ခေါင်းရှုပ် ပြီး

အဆီ အနှစ် ကို….စုုပ် ထုတ်ရတာမျိုးလား……

 

အငြင်း အခုံ …မုန်တိုင်းသည်းထဲ

ရဲရဲ ပွင့်လိုက် ပ…

အန်ချ လိုက်တဲ့…ကဗျာ တွေ…

ဖူးဖူး  ကို ဝေလို ့….မဆုံး………..

 

လွတ်လပ်စွာ…သဘောထား ကွဲလွဲမှု  တွေနဲ ့အတူ

ခံစားချက် ကို…ညှိယူလို ့….

ရစတမ်းဆို….*စစ်* ဆိုတာ…

ဝေါဟာရ   အသစ် ဖြစ်သွားလိမ့်မယ်…

 

ဘာပဲ  ဖြစ်ဖြစ်…အချစ်မပါပဲ..

ကဗျာ ကိုတည်ဆောက်လို ့…မရသလို

ကမ ္ဘာ ကို…လည်း စိုက်ပျိုးလို ့..မရ ဘူး..

 

ငါ….ယုံကြည်မိတဲ့..အချစ်က

နှလုံးက အပူကို….ဦးဏှောက်က…မျှယူ

ခံစားရ ခက်တဲ့….စုတ်ချက်  တွေနဲ ့..

ဖွဲ ့နွဲ ့ အပ်တဲ့……….

မော်ဒန်ငှက်…တစ်ကောင် မဟုတ်တာတော့…

သေချာ တယ်…။။။

18 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:46 am

    လွတ်လပ်စွာ…
    သဘောထားကွဲလွဲမှုတွေနဲ့….
    အချစ်မပါပဲ ကဗျာကိုတည်ဆောက်လို့မရသလို….
    ခံစားချက်တစ်ခုနဲ့ လည်းကဗျာတစ်ကြောင်း..
    စပ်လို့ ရချင်မှလည်း ရနိုင်မှာပါ…
    သဘောထားမတူမျှလို့…
    နင်ကတစ်မျိုး .. ငါကတစ်မျိုးနဲ့…
    ခံစားချက်ကို ညှိယူလို့ မရနိုင်မှတော့..
    ( စစ် ) ဆိုတဲ့ အဓိပ္ပါယ်ကတော့..
    ဝေါဟာဖြစ်သွားတာ….
    အဆန်းမဟုတ်တော့ပါဘူး….။

    • maung khinmin

      June 27, 2012 at 10:56 am

      ခံစားချက်ခြင်း..ထပ်တူကျပါရဲ့…ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:47 am

    ဆောရီး…
    ကျန်ခဲ့လို့နော်…
    ဝေါဟာရ…လို့ပြင်ဖတ်ပေးနော်..
    ကျေးဇူးပါ…:)

  • ဘဲဥ

    June 26, 2012 at 11:52 am

    ဥဥလေးက မော်ဒန်ငှက်တော့ ဟုတ်ဘူး တေလေငှက် ( သေချာဒယ် )

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:59 am

    ဖြစ်နိုင်ပါတယ်..
    ဥဥ…ကလေခေါ်ဆောင်ရာသွားမယ့်..
    တေလေငှက်လေ….
    ဟုတ်ယ်ဟုတ်…:P

    • ဘဲဥ

      June 26, 2012 at 12:07 pm

      ဝုတ်ဘ ဝုတ်ဘ ခေးလေးရော လိုက်အုံးမလား

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 12:37 pm

    ဟင့်အင်း….
    ခေး…ကဥဥခေါ်ရာလိုက်ရမှာလား..
    လိုက်ချင်ဘူးးးးးးးးးးးးးး

  • mayjuly

    June 26, 2012 at 1:43 pm

    မော်ဒန် ငှက်ဖြစ်လိုက်ပါလားကွယ်…ပြတိုက်ပို့မလို့ .. 😀

    • maung khinmin

      June 27, 2012 at 10:57 am

      ပြတိုက်ထဲမှာနေရရင်…အသေကြီးလိုဖြစ်သွားမှာစိုးလို့ပါ

  • မမ အညာသူ

    June 26, 2012 at 1:54 pm

    တကယ်တော့အချစ်ဆိုတာ
    လွမ်းဆွတ်မှုတစ်ခုလို့ထင်တယ်……….

    • maung khinmin

      June 27, 2012 at 11:04 am

      ကြိုက်သလိုယူဆလို့ရပါတယ်ဗျာ…
      အချစ်ဆိုတာ…လွတ်လပ်မှုတစ်မျိုးပါပဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 2:18 pm

    ဥဥ…မော်ဒန်ငှက်ဖြစ်မှာလားဟင်…
    ပြတိုက်ပို့မလို့တဲ့….
    ရောက်ဖူးချင်ဘူးလား…????
    အချစ်ဆိုတာ….
    လွမ်းဆွတ်မှုတစ်ခုဆိုရင်….
    ဘယ်သူ့ကိုမှ ငါမချစ်ချင်တော့ဘူး…
    အလွမ်းသင့်နေတဲ့…
    နှလုံးသားလေး…
    ဒဏ်ရာတွေရနေမှာစိုးလို့…
    မလွမ်းချင်ပါ…။

  • မောင်ပေ

    June 26, 2012 at 9:27 pm

    ကဗျာစာသားကိုကြည့်ပြီး ခန် ့မှန်းကြည့်မယ်
    ဆြာခင့် ချစ်သူဟာ ဆြာခင့်ကို ပိုင်ဆိုင်ခွင့်ရတာ တော်တော်ကံကောင်းမှာပါ ။

    • maung khinmin

      June 27, 2012 at 11:03 am

      ဆြာပေရေ….လွဲသွားပြီဗျ….
      ကျုပ်ချစ်သူကကျုပ်ကို…နားလည်လို့မရလို့….
      လမ်းခွဲသွားတာ…ကြာခဲ့ပြီဗျ…
      အင်း..သူ့အတွက်တော့ကံကောင်းတယ်လို့ဆိုမလား…
      ကျုပ်အတွက်ပဲ…ကံကောင်းတာလား…
      ကျုပ်ကတော့ချစ်သူထက်…ကဗျာကို…ပိုချစ်တယ်ဆိုတာ…
      ဝန်ခံပါရဲ့…..
      အချစ်ကို..အဓိပ္ပါယ်ပြည့်စုံအောင်ဖွင့်ဆိုနိုင်တဲ့….
      အချစ်ပညာရှင်နဲ့တွေ့မှပဲ…အတိအကျပြောတော့မယ်ဗျာ

  • ညလေး

    June 26, 2012 at 10:27 pm

    အဟက်ဟက်……အချစ်ဆိုတာဒီလိုခြည်းလားတော့်…..
    အချစ်မပါလို..စစ်ဖြစ်ရတာဆိုတော့……….
    အနှစ်မပါရင်.ဟင်းကောင်းတစ်ခွက်မဖြစ်တာလည်းသေချာမယ်ထင့်….

    • maung khinmin

      June 27, 2012 at 11:10 am

      အနှစ်မပါပဲစားနေကြတဲ့ဟင်းတွေ..တစ်ပုံကြီးပါခင်ဂျ….
      မချစ်တတ်ရင်…စစ်မက်ဖြစ်တယ်ဆိုတာ..ယုံသလား…

  • ညလေး

    June 27, 2012 at 11:19 am

    ညလေးတို.က…စစ်မုန်းသူတွေနော်…..
    အချစ်ဆိုရင်သိမ်းကျုံးယူမယ့်လူနော်….
    မထိမိ်စေနဲ……သတိ.အဟိဟိ

    • maung khinmin

      June 27, 2012 at 11:50 am

      ညလေးရယ်…ကြောက်တောင်လာပြီ….
      သိမ်းကျုံးတော့မယူပါနဲ့….လောဘကြီးတာပေါ့

Leave a Reply