ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး

ကို သာJune 26, 20121min21019

ခြောက်ဘာသာ ဂုဏ်ထူးရှင် မချိုချိုဝင်း….

ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ)၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ
ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃ရ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၆ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့
အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန်၁ရ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

မချိုချိုဝင်းသည်(ဦးလောကို+ဒေါ်မြင့်ရင်)တို့ နေထိုင်ခဲ့သော မံစီမြို့နယ်၊ မွန်မြင့်ကျေးရွာသည် ဗန်းမော်မြို့မှ မိုင်ငါးဆယ်ကျော်ဝေးပြီး ခရီးလမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် သွားလာရ ခက်ခဲလှကြောင်း၊ ကတ္တရာလမ်းမရှိ၊ ဓာတ်မီးတိုင်မရှိ၊ တီဗီမရှိကြောင်း၊ ကျေးရွာစာကြည့်တိုက်မရှိသကဲ့သို့ ကျေးလက် ဆေးပေးခန်းလည်း မရှိကြောင်း၊အစစအရာရာ ရှားပါးပြီး မွန်မြင့်ရွာ ဆိုသည်ကို သိသူနည်းပါးလှကြောင်း၊ ရွာသားအားလုံးနီးနီးမှာ လယ်ယာ စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင် စားသောက်ကြပြီး ဗဟုသုတ နည်းပါးလွန်းကြကြောင်း၊ ဆင်းရဲချို့တဲ့ နိမ့်ကျလွန်းလှသည့် မိမိ၏မိဘများနှင့် ကျေးရွာသူ ကျေးရွာသား များ၏ဘဝကို

တိုးတက်ဖွံ့ဖြိုး စေရန်အတွက် စာကို အလွန်ကြိုးစား သင်ယူခဲ့ကြောင်း၊ မြန်မာစာကို အောင်မှတ်ရရုံသာ မှန်းခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးသာထွက်မည် ထင်ခဲ့ရာ ယခုကဲ့သို့ တစ်ဘာသာပိုပြီး ခြောက်ဘာသာနှင့် အောင်မြင်ခဲ့ကြောင်း၊ ကျေးလက်နေဘဝတူမိမိရွာသားများကိုအကျိုးပြုနိုင်ရန်ဆက်လက်ကြိုးပမ်းသွားမည်ဟု
ရည်ရွယ်ထားကြောင်း၊ အမှတ်စာရင်း မသိရသေးပေမယ့် ဆေးလိုင်းရလိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊ တက္ကသိုလ်ရောက်သွားရင်လည်း အရည်အချင်းပြည့်
အဆင့်မီအောင်မြင်ပြီး မိမိဒေသအကျိုး၊ မိမိတိုင်းပြည်အကျိုးကို အစွမ်းကုန် သယ်ပိုးနိုင်ရန် ကြိုးစားသွားပါမည် ဖြစ်ကြောင်း သိရပါသည်။

မချိုချိုဝင်းသည် ယခုအခါ ဗန်းမော်ရိုးကြီးရွာ ဒုက္ခသည်စခန်းတွင် အဖွဲ့အစည်းအသီးသီးနှင့် စေတနာရှင်၊ အလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်နေရကြောင်း

တက္ကသိုလ် ဆက်တက်နိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း ကြားသိရပါသည်။

အဆိုပါ post ကလေးကို site တစ်ခုတွင် ဖတ်မိကတည်းက ရင်နင်.မိပါသည်။ကူညီနိုင်သူများကူညီစေချင်ပါသည်။

19 comments

  • water-melon

    June 26, 2012 at 11:05 am

    ဂုဏ်ယူမိပါတယ်ဗျာ
    တကယ်တော့ ပညာဆိုတာ
    ဟိတ်ကြီးဟန်ကြီးကျုရှင်တွေတက်မှ
    မဟုတ်ပါဘူး
    တကယ်လုပ်ရင် အဟုတ်ထူးပါတယ်ဗျာ

    • ဘဲဥ

      June 26, 2012 at 11:18 am

      မှန်ဒယ် ဒီတစ်ခါတော့ နာ့ဖြဲလေးတော်တွားဘီ
      ပင်ကို အရည်အချင်း နဲ့ အသိစိတ်ဓါတ်နဲ့ အများဂျီးသက်ဆိုင်တယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:27 am

    ***ဂုဏ်ယူပါတယ်…
    လေးစားပါတယ် ညီမလေးရယ်..
    ချီးကျူးစရာကောင်းတယ်နော်…
    ဆက်လက်ကြိုးစားပါ…
    အောင်မြင်မှုပန်းတိုင်ကို….
    အဆင်ပြေမှုတွေနဲ့……
    အောင်မြင်စွာဖြတ်သန်းနိုင်ပါစေလို့…
    မိုက်လေး..ဆုတောင်းပေးပါတယ်နော်…။
    Ever Smile… 🙂
    Never Cry… :'(
    Good Luck…sis

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:31 am

    ***မရောက်သေးရင် ရောက်အောင်သွား…
    ရောက်ခဲ့ရင် တစ်ခေါက်နား…
    ပြီးရင် ရှေ့ဆက်သွား……
    မင်းလေးရဲ့ ပန်းတိုင်မှာ…
    အခက်အခဲ အတားအဆီးမရှိပဲ….
    ဖြတ်ကျော်အရောက်သွားနိုင်ပါစေလို့….
    ဆန္ဒပြုလျက်….
    မိုက်လေး……။*******

  • mamanoyar

    June 26, 2012 at 11:34 am

    အားကျလိုက်တာနော်
    အရမ်းတော်တာပဲ
    လေးစားပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 26, 2012 at 11:37 am

    ဂုဏ်ယူပါတယ်ကွယ်
    ဂုဏ်ယူနေယုံနဲ့လည်း မပြီးဘာဘူး တော်သူတတ်သူတွေကို မြေတောင်မြှောက်ပေးဂျဘို့
    ခင်ဗျားတို့ကို မြှောက်ပေးဘာဒယ်
    သူကလေး ခြောက်ဘာသာကြီးများတောင် ဂုဏ်ထူးရတာသိရတော့
    ကျုပ်ချာတိတ်အရွယ်က
    တစ်ဘာသာမှ မအောင်ဘူးတာလေး စိတ်ထဲရေးရေးပြန်မြင်ယောင်လာမိဘာဒယ်

  • မဂွတ် ထော်

    June 26, 2012 at 12:24 pm

    လေးစားပါတယ်…ဆက်လက်ကြိုးစားပါအောင်မြင်သူတစ်ယောက်
    ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်

  • မွန်မွန်

    June 26, 2012 at 12:39 pm

    လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ကတ္တရာလမ်းမရှိ၊ ဓာတ်မီးတိုင်မရှိ၊ တီဗွီမရှိ၊ စာကြည့်တိုက်မရှိတဲ့ နေရာကနေ ခြောက်ဘာသာဂုဏ်ထူးထွက်အောင်ဖြေခဲ့တဲ့ ညီမလေးအတွက် ဂုဏ်ယူရုံတင်မက ဒီလိုတော်အောင်သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမတွေကိုပါ လေးစားမိပါတယ်…

  • မောင်ပေ

    June 26, 2012 at 12:40 pm

    အဲဒီခလေးမ လေး ကို ပံ့ပိုးကူညီပေးမယ့် စေတနာအလှူရှင်တွေ အမြန်ဆုံး ပေါ်လာပါစေဗျား

  • cum min

    June 26, 2012 at 12:59 pm

    တော်လိုက်တာကွာ…နာငယ်ငယ်အတိုင်းပဲ..ဟီး…..အားပေးပါတယ်…..ချီးကျူးပါတ.ယ်

  • may flowers

    June 26, 2012 at 2:13 pm

    နာတို့တုန်းကတော့တောင် ၁ဝ တန်းအောင်အောင်တောင်မနဲ….ခုလိုဂုဏ်ထူး၆ ခုမပြောနဲ့ တစ်ခုတောင်

    ရဘူး……….ဟီးးးး ကြုံတုံးတော်ကြောင်းဝင်ကြွားလိုက်ဦးမှ။

  • TNA

    June 26, 2012 at 3:11 pm

    တော်လိုက်တာ။ တော်လိုက်တာ။ ဒါမျိုးမှ ပါရမီရှင်လို့ခေါ်တာ။

  • lynn lynn

    June 26, 2012 at 3:36 pm

    အရမ်းတော်လို့ လေးစားပါတယ်။ စိတ်ဓါတ်ကိုလည်း ချီးကျူးပါတယ်။ နောက်ထပ်ဘယ်လို အခက်အခဲတွေ တွေ့တွေ့ အောင်မြင်စွာနဲ့ ကျော်လွှားနိုင်ပါစေ။ သင်ပေးတဲ့ ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူလိုမျိုး အခက်အခဲကြားတွေထဲက အောင်မြင်တဲ့သူကို ဂုဏ်ယူပါတယ်။

  • သားဦး၊မြေးဦး

    June 26, 2012 at 8:25 pm

    ဝမ်းသာသဗျာ။ဒီဂုဏ်ထူးရှင် ကလေး မလေး အမှတ်စောင့်စရာမလိုလောက်ပါဘူး။
    ပြီးခဲ့တဲ့ အပတ်ထုတ် သတင်းစာတွေထဲမှာ ဝေးလံခေါင်သီ ဒေသတွေက ဆယ်တန်း
    အောင်ကျောင်းသားတွေအတွက် ၂၀၁၂ခုပညာသင်နှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်
    ပါပီ။

    • Uncle Lay

      June 27, 2012 at 5:16 pm

      ချီးကျူးပါတယ် လေးစားပါတယ်….။ ဒါပေမယ့် ၂၀၁၂ခုပညာသင်နှစ် ဆေးတက္ကသိုလ်ဝင်ခွင့် ရဖို့တော့ အမှတ်တော်တော် ကောင်းမှဗျို့ယခင်နှစ်က ၂၄၀ဝ လက်ခံခဲ့ရာမှ ဒီနှစ် ဦးရေ ၁၂၀ဝ သာလက်ခံမယ်တဲ့ ( အမျိုးသား ၆ဝ % + အမျိုးသမီး ၄ဝ % )…တဲ့..။

  • ဖိုးထောင်

    June 27, 2012 at 4:36 pm

    တော်လိုက်တာဟယ် လိုအပ်တာရှိရင်ပြောပါ ကျနော်ဘာမှလုပ်မပေးနိုင်ဘူး အဟိ

  • Phaung Phaung

    June 27, 2012 at 5:21 pm

    တော်လိုက်တာကွယ်။ ပါရမီလည်းကောင်းတယ်။ ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး ကိုယ့်ဒေသကို ပြန်ပြီးအကျိုး ပြုနိုင်ပါစေကွယ်။

  • maung khinmin

    June 29, 2012 at 10:26 am

    မုန်တိုင်းထဲမှာလဲ…ပန်းဆိုတာ..ပွင့်တတ်တယ်ဆိုတာ..
    သက်သေပြလိုက်တာပါ…..
    ဂုဏ်ယူလေးစားလောက်ပါတယ်ဗျာ

Leave a Reply