***…တောင်ပံ ခတ်သံ…***

maung khinminJune 26, 20121min9110

ကြည့်လေရာ…ကိလေသာ…အတိ

အရှိကို…အသိအောက်မှာ….

ထားကြည့်ဖို ့…..ကိုယ့်စိတ်ကိုယ်…

ကြိုးညှိ  ရင်း…….အဲဒီ

အလင်းများ    ရှိရာ  ဒုန်းစိုင်း

မုန်တိုင်း တွေ ကြားမှာ…

ဒေသနာ တွေ  နာကြားရဦးမယ်

 

ဘယ်မှာ နားမလဲ…….

ဇရာ ရဲ့..ဓါးသွား က   ငါ့ ခန္ဓာကို..

ပါးပါးလှီး  လာလိုက်တာ

မရဏ  ရဲ့တံခါး ဝ…

ရောက်လုနီး..ခဲ့ပေါ့

 

အျည်းအနှီးမဲ့  လောကဓံ ရေ

သစ္စာ တရားဆီ….အဆန်ခရီးမှာ

အလျှံ ညီးညီး  မီးတောက်တွေ..ကြားကနေ

ငါဟာ…….ပျံပြီး တတ်မယ့်

ဖီးနစ်(စ်) ငှက်  တစ်ကောင်လဲ..

မဟုတ် ပြန်ဘူး..။။။

10 comments

  • မောင်ပေ

    June 26, 2012 at 12:39 pm

    ဆြာခင်ရေ မှန်၏
    မိန်းခလေးတစ်ယောက် လှပဖောင်းတင်းကော့လန် ့ကောက်ကားစွာ လမ်းလျှောက်လာ၏
    တရားသဘောနှင့်သာ ရှူရမည် ပါလား။
    “ဘယ်မှာ နားမလဲ…….
    ဇရာ ရဲ့..ဓါးသွား က ငါ့ ခန္ဓာကို..
    ပါးပါးလှီး လာလိုက်တာ
    မရဏ ရဲ့တံခါး ဝ…
    ရောက်လုနီး..ခဲ့ပေါ့” = အသက်တွေက တစ်ရက်ပြီးတစ်ရက်ကြီးလာတာကို မေ့ချင်ဟန်ဆောင် မထားသင့်ဘူးပေါ့နော
    “အျည်းအနှီးမဲ့ လောကဓံ ရေ
    သစ္စာ တရားဆီ….အဆန်ခရီးမှာ
    အလျှံ ညီးညီး မီးတောက်တွေ..ကြားကနေ
    ငါဟာ…….ပျံပြီး တတ်မယ့်
    ဖီးနစ်(စ်) ငှက် တစ်ကောင်လဲ..
    မဟုတ် ပြန်ဘူး..။။။” = ဒါကတော့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ငမိုက်နင့်ပြင်ရှိဦးမလား ဆိုတာနဲ ့တစ်ထပ်ထဲ ကြမယ် ထင်ပါရဲ ့။

    • maung khinmin

      June 27, 2012 at 11:15 am

      ထပ်တူကျပါရဲ့…ဆြာပေ..
      ဆိုလိုရင်းကိုပါ…အဓိပ္ပါယ်ဖွင့်ဆို…ပေးတဲ့အတွက်ကျေးဇူးအထူးပါ..ခင်ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 12:44 pm

    ဇရာရဲ့ ဓားသွားအောက်မှာ..
    အလဲလဲ အကွဲကွဲမကျရှုံးခင်ထိတော့…
    လောကဓံ ရဲ့သစ္စာတရားဆီ…
    ဦးတည်ချက် ကောင်းကောင်းနဲ့…
    ပဲ့ကိုင်ရှင်တစ်ဦးလို…
    ဇရာကို အံတုလို့…
    လှော်ခတ်ကာ ရှေ့ဆက်ကြရဦးမှာပေါ့လေ…။

    • maung khinmin

      June 27, 2012 at 11:18 am

      သစ္စာဆိုတဲ့…အမှန်ဆီ
      ဉာဏ်အကူအညီမပါရင်တော့…
      သံသရာတခွင်မှာ….ဖန်တရာထပ်တလဲ…
      အင်း….မျက်ကန်းတောတိုးဦးရမှာပေါ့…ကောင်မလေးရေ…
      ဒီတော့…ခပ်မိုက်မိုက်ကောင်မလေးရေ…..
      သိပ်မမိုက်ဖို့တော့….အကြံပေးပါရစေ

  • mamanoyar

    June 26, 2012 at 4:28 pm

    အားပေးသွားပါတယ်ရှင်

    • maung khinmin

      June 27, 2012 at 11:20 am

      အားပေးတဲ့အတွက်…ကျေးဇူးပါရှင်….
      အဲလေ..ယောင်လို့…ခင်ညာ

    • maung khinmin

      June 27, 2012 at 11:22 am

      သားဦးလို့ပဲခေါ်တော့မယ်ဗျာ…
      မြေးဦးတော့မလုပ်တော့ဘူး…
      phoenix ငှက်ကလေးပေါ့ဗျာ….မြင်တော့မမြင်ဖူးဘူး..ပ

  • နွေဦး

    June 27, 2012 at 12:36 pm

    ဇရာအို နေမညိုခင်
    ကညာပျိုအလှ မြင်ခဏမှာ
    ဘဝင်ချလို့ ရှုမှတ်ပါ
    သိမှတ်စရာ တရားတွေက
    ဝိပဿနာ ပွါးပါလို့
    မရဏ တံခါးဝမှာ
    စောင့်ပေါ့ မကြာ ။
    သွေမခွါ သေရွာသွားကြမှာမို့
    တူမကွာ လိုက်ကြမလားလို့
    ခေါ်အားရက်ဘူး ။

    • maung khinmin

      June 27, 2012 at 12:43 pm

      ဂလိုလား….ကောင်းပါ့နွေဦးရေ..
      အသေမဦးခင်….ဉာဏ်ဦးအောင်
      နွေဦးရေ….လေရူးလို…ယောင်လို ့ကတော့
      အမှောင်မှာ…မချောင်သာတဲ့အရေးပေမို့
      မရောင်ရာ…ဆီမလူးမိဖို့
      အရေးကြီးတယ်…ပ

Leave a Reply