ပို်င်ရှင်မဲ့သူ အလွမ်း

mamanoyarJune 26, 20121min22518

အနောက်တောင်ဘက်ဆီက

တိမ်မဲတွေ တလိမ့်လိမ့်တက်လာနေပြီ

ထို့အတူ ပတ်ဝန်းကျင်ကိုလဲ မှောင်မိုက်စေသည်။

ပြင်းထန်သော လေနှင့်အတူ မိုးစက်တို့ ကြွေလေပြီ

တောင်တွေပတ်ရန်ထားတဲ့ နေရာလေးမို့ ကြည့်လိုက်တိုင်း

ညို့မှိုင်းကာ မဲဇာတောင်ခြေ ရောက်နေသယောင်။

မျက်ရည်တွေဝေ့ဝဲ ပိုင်ရှင်မဲ့သူတစ်ယောက်မို့

 ဘယ်ဆီကိုမျှော်မှန်းလို့ လွမ်းရမှန်းမသိ။

အခုလို အချိန်မှာ အမည်မသိ အလွမ်းအတွက်

မိုးမင်းရယ် ညှာတာပေးပါ။”

18 comments

    • mamanoyar

      June 26, 2012 at 11:27 am

      ဦးဦးပေရေ ခံစားချက်တော့မဟုတ်ပါဘူး
      သူများတွေရေးတာနဲ့ ရေးကြည့်မိတာပါ
      သူငယ်ချင်းတစ်ယောက်က ပြောတယ်လေ
      မိုးတွေညို့လာရင် ဘယ်ကိုလွမ်းလို့ လွမ်းမှန်းမသိဘူး
      တစ်မျိုးကြီးပဲတဲ့ ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:10 am

    ဘယ်ဆီကိုမျှော်မှန်း…
    တမ်းတလို့ မှန်းဆမျှှော်မှန်းရမယ်ဆိုရင်…
    လွမ်းချင်းထပ် တေးကဗျာ…
    အလင်္ကာတွေပဲ ရေးနေမိရဲ့…
    ဆိုင်သူရှိမှန်းသိပါတယ်…
    ပိုင်သူမရှိသေးသ၍တော့…
    ငါဆက်လို့လွမ်းချင်သေးတယ်…
    ပိုင်ရှင်မဲ့သူအလွမ်းမှာ….
    နင့်အတွက်နဲ့…..
    င့ါကိုတော့ လွမ်းချင်းလေးနဲ့…
    အသက်ဆက်ခွင့်ပေးပါလား…
    ချစ်ရသူရယ်……….။

  • ဘဲဥ

    June 26, 2012 at 11:16 am

    ဥဥလေးကတော့ ဆိုင်သူရော ကိုင်သူ (အဲ့လေ ယောင်လို့) ပိုင်သူပါမရှိသေးတာပါနော် :mrgreen:

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:23 am

    ဟုတ်လို့လား..ဟုတ်ရဲ့လား..
    ဥဥ…ကပြောလိုက်ရင်တော့ဒီတိုင်းချည်းပဲနော်…
    ဆိုင်သူရှိမှန်းသိပါတယ်…
    ပိုင်သူရှိတဲ့..ဥဥကိုတော့ မလွမ်းပါရစေနဲ့နော်…:P

  • ရဲစည်

    June 26, 2012 at 12:11 pm

    အနောက်တောင်က တိမ်တွေညိုရင် ငိုချင်တယ်
    မျက်ရည်တွေ ဝေ့ဝဲလာတတ်တယ်
    အခုချိန်မှာ ဘယ်သူ့လွမ်းရမှန်း မသိလို့
    ဂျေဒီလေး ပိုက်ပီး လွှတ်သိပ်နေရရဲ့
    ” အသူရာနဲ့ သိကြားမင်းတို့ ….စစ်ခင်းကာ…ပြိုင်ကြသည်… “(စိုင်းစိုင်း ဆိုတာလားမသိ)
    အဲ့ သီချင်းလေး.. နားထောင်ပီ ကလပ်စစ်ကယ် ဘဝကို မုန်းလိုက်တာ……………………။

  • မဂွတ် ထော်

    June 26, 2012 at 12:17 pm

    တောင်တွေပတ်ရန်ထားတဲ့ နေရာလေးမို့ ကြည့်လိုက်တိုင်း

    ညို့မှိုင်းကာ မဲဇာတောင်ခြေ ရောက်နေသယောင်။………

  • cum min

    June 26, 2012 at 1:31 pm

    အဲတာနာ..ဟာတွ……

  • မမ အညာသူ

    June 26, 2012 at 1:32 pm

    တောင်တွေဝန်းရံထားတဲ့နေရာလေးမှာ
    ညနေနေဝင်ချိန်များစွာကိုကြည့်ရင်း
    လွမ်းမိပါတယ်………

  • ရှင်းသန့် နွယ်

    June 26, 2012 at 2:50 pm

    ရှင်းသန့်လဲ မမနိုရာလိုပဲ
    “မိုးမင်းရယ် ညှာတာပေးပါ။” နော်…..

  • manawphyulay

    June 26, 2012 at 3:32 pm

    မိုးတွေ ရွာတိုင်း
    လွမ်းမျက်ရည်လေး ညိုတိုတို….
    မိုးတွေ ရွာတိုင်း
    လွမ်းနေဆဲမို့
    မသည်းပါနဲ့ တို့ တောင်းပန်တယ် ကိုရွှေမိုးရယ်….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 3:46 pm

    မိုးရာသီမှာ…
    မိုးပြေးလေးနဲ့….
    တောင်တွေညို့မှိုင်းနေတဲ့…
    သဘာဝအလှကို ခံစားရင်း…
    ကိုရွှေမိုးလေး ရှိနေမှ ပြည့်စုံမှာ..
    လွမ်းတတ်လို့ လွမ်းရဦးမယ်ဆိုရင်…
    ကိုရွှေမိုးလေး..လိုအပ်ပါတယ်နော်…
    မိုက်လေး…ပြောတာဟုတ်လား…?

  • mamanoyar

    June 26, 2012 at 4:00 pm

    အင်း တစ်ချို့တွေလဲ လွမ်းနေကြတယ်ထင်ပါရဲ့ 🙂

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 4:16 pm

    အွန်….
    အထင်နဲ့ အမြင်မလွဲစေနဲ့နော်..
    နိုရာ..
    မိုက်လေး..ကအကြံပေးတာ..ဟီးးးးးးးး

  • သားဦး၊မြေးဦး

    June 26, 2012 at 8:21 pm

    မိုးသည်းချိန်မှာ လေးဖြူရဲ့ အလွမ်းမိုးသီချင်း လေးငြီးတွားသွားပါတယ်။

  • အလင်းဆက်

    June 26, 2012 at 8:29 pm

    မမ နိုရာ..ရေ..

    စာသားတွေက ကျွန်တော့် စာပေချစ်တဲ ့နှလုံးသားကို ပြုစား လိုက်တယ်.။

  • ညလေး

    June 26, 2012 at 10:40 pm

    မမနိုရာ….လွမ်းတတ်လိုက်ထှာ…….
    ဒါဆို..ညလေးတို.မြို.လေးက…….ချိုင့်ခွက်ပုံလေးအတိုင်းပဲ…..
    .ဘေးပတ်ပတ်လည်မှာတောင်တန်းကြီးတွေ
    ဝန်းရံနေတယ်…….ဒီကဗျာလေးဖတ်ပြီးတော့ပိုလို.လွမ်းရောပေါ့…….
    ဒေါက်….ဒေါက်……ဒေါက်…..ဟောမိုးတွေရွှာနေပြီ…….
    လွမ်းဆက်လေး…..လွမ်း

  • mamanoyar

    June 27, 2012 at 9:11 am

    အားပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

Leave a Reply