ငါ့ကိုမကြိုက်နှဲ့

မမ အညာသူJune 26, 20121min18736

ညာအရမ်းစိတ်ညစ်တယ်

ဘာလို.လဲသိလားလူသားတိုင်းကငါ့ကိုြ့ကိုက်နေကျတယ်လေ

မကြိုက်ပါဘူးနဲ့ဆိုလဲပြောမရဘူး.ဂေဇက်ကလူတွေလဲငါ့ကိုကြိုက်နေမယ်ထင်ပါတယ်…..ဟင်းးး…..ညစ်ပါတယ်

ညာပြောချင်တာကဒီလိုလေးပါတဲ့ရှင့်..

ဟိုတုန်းကပေါ့ အသက်13နှစ်အရွယ်သောတာပန်မိန်ကလေးတစ်ဦးဟာဘုန်းကြီးကျောင်းကိုဆွမ်းပို့သွားတာပေါ့…….

အဲကလေးမလေးကကျောင်းကျဘုန်းကြီးကိုမေးတယ်လေ

ဒီသင်္ကန်းကြီးကဘယ်သူဟာလဲဟင်

အော် ဒကမလေးရဲ့ ငါ့ဥစ္စာပေါ့….

ဒီသပိတ်တွေကရော

ငါ့ဟာပဲပေါ့…..

ဒီလိုနှင့်ပဲကလေးမလေးကအိမ်ကိုပြန်သွားခဲ့တယ်လေ…

နောက်ရက်လဲကျောင်းကိုဆွမ်းပို့လာတာပေါ့……

ကလေးမလေးကလဲအရင်နေ့ကလိုပဲမေးတာပေါ့………..ဘယ်သူဟာလဲမေးတိုင်း

ဘုန်းကြီးကလဲငါ့ဟာပဲလို့အမြဲဖြေတယ်လေ……..

နောက်ဆုံးတော့ဘုန်းကြီးကစိ်တ်မရှည်တော့ဘူးလေ….ဒီမှာဒကာမလေး ဒီကျောင်းရှိတဲ့ပစ္စည်းဟာအကုန်ငါဟာတွေပဲလို.ဖြေလိုက်တယ်……

ဘုန်းဘုန်းဘုရားဒါဆို ဘာအတွက်ကြောင့်သင်္ကန်းဝတ်ရပါသလဲ………..လို.ကလေးမလေးကမေးတယ်

နိမ္ဗာန်ရောက်ဖို့ပေါ့

 .”ဒါဆိုငါ့ကိုမကြိုက်နှဲ့”

လို့ကလေးမလေးကပြန်ပြောတာပေါ့

အဲနေ့ကစပြီးဘုန်းကြီးမှာအစာပျက်အအိပ်ပျက်ဖြစ်ပြီအိပ်ရာထဲမှာလဲနေတော့တာပေါ့….

အော်ငါလဲဒီကလေးမလေးကိုစိတ်ဝင်စားတဲ့အရိတ်အရောင်လေးတောင်မပြမိပါလား ဘာလို.ငါ့ကိုမကြိုက်နှင့်လို.ပြောရတာလဲပေါ့

နောက်တော့ကလေးမလေးရဲ့မိဘတွေလဲကျောင်းကိုလာပြီဘုန်းကြီးကိုအကျိုးအကြောင်းမေးတော့တာပေါ့

အဲတော့ဘုန်းကြီးက အလုံးစုံကိုပြောပြလိုက်တယ်

အဲထိတော့ကလေးမလေးကပြောပြလိုက်တယ်……..ငါ့ကိုမကြိုက်နှဲ့ဆိုတာ ငါစွဲမထားဖို့ပါ……

ငါစွဲစွဲနေတော့ဘယ်လိုလုပ်နိမ္ဗာန်ကိုရောက်နိုင်တော့မလဲ….အဲလိုရှင်းပြလိုက်တော့မှပဲ

ဘုန်းကြီးမှာနေကောင်းပြီးတရားထူးပါရသွားသတဲ့ကွယ်…………..

ပုံပြင်လေးကတော့ဒါပါပဲရှင်…….

ညာငယ်ငယ်တုန်းကဖတ်ဖူးတာပါ ကြာခဲ့ပါပြီ

ဖတ်ဖူးရင်လဲနောက်တစ်ခေါက်ပေါ့နော်……….

လိုအပ်ချက်လေးတွေရှိရင်ဖြည့်စွတ်ပြီတော့ဖတ်ပေးပါရှင်

ကျေးဇူးတင်ပါတယ်………….

 

 

 

 

36 comments

  • mamanoyar

    June 26, 2012 at 11:38 am

    ဖတ်သွားပါတယ်မမညာသူရေ
    ငါကိုမကြိုက်တော့ဘူးနော်

    • snow white

      June 26, 2012 at 3:15 pm

      ့ဟေ့ဟေ့ဟေ့

  • ဘဲဥ

    June 26, 2012 at 11:48 am

    ငါကတော့ ကြိုက်ဒယ်

  • Azzurri

    June 26, 2012 at 11:54 am

    မကြိုက်ဘူး ၁ဝတော့ကြိုက်တယ်
    လာထား ၁၀

    ဒက်ဂလောက်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 11:56 am

    ဟင့်အင်း…
    ကြိုက်မှာပဲနော်…ညာ
    ကြိုက်ပြီးရင်..ချစ်မယ်လေ..
    ဟိဟိ

    • ဘဲဥ

      June 26, 2012 at 11:59 am

      အမလေး လာဂဲ့ဘာ ဒီကလည်း ခြစ်ချင်နေဒါ

  • မဂွတ် ထော်

    June 26, 2012 at 11:58 am

    နှဲ့….နှဲ့….နှဲ့….နှဲ့…..:P

  • Gipsy

    June 26, 2012 at 12:02 pm

    အန်တီကြီးဂွက်ဂွက် က ဘာကို သွား နှဲ့နေသတုန်း
    ကျွတ်ထွက်သွားဦးမယ်နော့် ….။

  • ရဲစည်

    June 26, 2012 at 12:03 pm

    ငါ ဆိုသော ဤခန္ဓားကြီးနှင့်တကွ
    ငါ ဆိုသော အတ္တစွဲ
    ငါ ဆိုသော …..
    ငါ ….
    ငါ …
    ငါ ..
    ငါ .
    ငါ အခုရမဲ့ တဆယ်လဲ မမြဲပါလား… ဪ အနိစ္စ..အေ့..ဂေ့ချ်

  • ဇောက် ထိုး

    June 26, 2012 at 12:09 pm

    တင်ပါ့ဘုရား။ ဟုတ်ပါ့ဘုရား…. မှန်ပါ့ဘုရား…
    သာဓု… သာဓု… သာဓု…..
    အရေးလေးက သွက်ပါ့ဗျာ။
    အထားအသိုလေးလဲ ကောင်းပါ့ဗျာ….
    ဖတ်ရတာလေးကလဲ ရှင်းပဗျာ့….
    ဝါကျလေးတွေကလဲ ဂွင်ကျခင်ဗျာ့.
    ကာလသားတွေ မနိုင်တာနဲ့ ကျောင်းကဘုန်းကြီးရန်သွားလုပ်တာလဲ မှန်ပါ့ဗျာ…
    အဲ….ဆောရီး မှန်ဘူး….မှန်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဘဲဥ

    June 26, 2012 at 12:16 pm

    ငါဆိုတဲ့ အတ္တစွဲတွေ မကင်းခင် ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ
    ဟေးးးးးးးးးးးးးးးး

  • cum min

    June 26, 2012 at 12:25 pm

    ကြားဖူးတယ် ဘုအဲ ဆိုတောလားအဲသီချင်က
    ညာ ညာ ညာ ညာ ညာ ညာ…လူတကလိုက်ညာ…မမညာ…….

  • may flowers

    June 26, 2012 at 12:45 pm

    အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ။ ကျေးဇူးပါ မမအညာသူရေ။

  • မွန်မွန်

    June 26, 2012 at 12:52 pm

    တရားသဘောနဲ့ ကြည့်ရင်တော့ ငါ့ကို မကြိုက်သင့်ဘူးပေါ့နော်…
    (ကန့်လန့်တိုက်လိုက်ဦးမယ်)
    ဒါပေမယ့်လည်း အဲဒီ ငါ့ကို ကြိုက်လို့ပဲ ဘဝမှ ငါ့အတွက် ကြိုးစားရုန်းကန်နေရတာလည်း ဖြစ်နေတတ်ပါတယ်။
    ငါ အောင်မြင်ဖို့၊ ငါ့ မိသားစု အဆင်ပြေဖို့၊ ငါ့ အမေကို စောင့်ရှောက်ဖို့ စသဖြင့် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ဖြစ်နေတတ်ပါတယ်..ညလေးရယ်…

  • mayjuly

    June 26, 2012 at 12:57 pm

    ညာ ပြောတဲ့ ‘ ငါ့ကိုမကြိုက်နဲ့’ ကို ကြိုက်တယ်…

    ဒါ ပေ မယ့် ‘ငါ စွဲ’ စွဲ နေတာကို မကြိုက်ဘူးးး

  • မောင်ပေ

    June 26, 2012 at 1:06 pm

    ညာလေးရေ
    ကိုပေ့ ကို မကြိုက်ပါနဲ ့၊ လုံးဝကို မကြိုက်လိုက်ပါနဲ ့နော်
    တစ်ကယ်တမ်းကြ..
    ညာလေး ဆိုတာ လဲ မရှိ
    ကိုပေ ဆိုတာလဲ မရှိ
    အားလုံးနတ္ထိ
    ဆိုတဲ့အကြောင်း
    ၁ဝ ယူ ၂ ပေးရင်း ပွားသွားပါအိ

  • hein latt

    June 26, 2012 at 1:06 pm

    အင်း သများလိုကန်.လန်.တိုက်လိုက်ဦးမယ်…… ဒုတ်ခွ ဒုတ်ခွ ကြိုက်တော့ပါဝူးအေ….ဖတ်ပီးပီးချင်းကိုယ်တုံးလုံးချွတ်ပီး တောထဲဝင်တော့မယ် ဒါဗဲ….

  • ဇောက် ထိုး

    June 26, 2012 at 1:20 pm

    အင်း……. ဟင်္သာ ကိုးသောင်း ဂွက်ဂွက်ထော်က…
    “ နှဲ့” နဲ့ “နဲ့” အက်စ်လောင်းချွတ်သွားပါဂျောင်း။

    မွန်မွန်ရဲ့ ကွန်မန့်လေးကလဲ ခေါင်းမှခေါင်း။

  • မဟာရာဇာ အံစာတုံး

    June 26, 2012 at 2:14 pm

    မမ အညာသူ ကို
    ဒီရွာကြီးထဲ စဝင်ကတည်းက နှုတ်ဆက်မလို့ပဲ ..
    ခုမှ နှုတ်ဆက်လိုက်တယ်နော့ ..
    မင်္ဂလာပါ ..
    ကျနော်လည်း အညာသား တစ်ယောက်ပါ ..

    ဒီပို့စ်လေးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ..
    ငါ ဆိုတော့ ကိုယ့်ကိုယ်ကို ပေါ့နော် ..
    ကျနော်ကတော့ ကိုယ့်ကိုယ်ကို ချစ်ပါဘူးဗျာ ..
    သူများကိုပဲ ဖြစ်တာ ..
    သူများတောင်မှ တောင်မလေးဒွေဘဲ ခြစ်တတ်ဒါ ..
    အဲဒါ … 😀

  • မမ အညာသူ

    June 26, 2012 at 2:28 pm

    အယ်ကောင်မလေးတွေပဲခြစ်တာပေါ့
    ကြောက်စရာကြီးပါလားနော်
    ဂစ်.
    ခုလိုကြိုဆိုတဲ့အတွက်အညာသားလေးကိုလဲကျေးဇူးတင်ပါတယ်နော်……..

  • ရှင်းသန့် နွယ်

    June 26, 2012 at 2:45 pm

    မမအညာသူရေအရမ်းကောင်းပါတယ်….
    ဆက်လက်အားပေးပါတယ်…………….. စစ်ကိုင်းတောင်ကိုသွားမယ်ဆိုကြိုပြောနော်
    ရှင်းသန့်လဲပြင်ဆင်စရာလေးတွေပြင်ဆင်ထားရအောင်လို့ 😛

  • TNA

    June 26, 2012 at 3:03 pm

    နိမ္ဗာန်မရောက်ခင်စပ်ကြားတော့ ငါ့ကိုကြိုက်နေရအုံးမှာပါပဲ။

  • ဇောက် ထိုး

    June 26, 2012 at 3:37 pm

    ရှင်းသန့်နွယ်က ပြင်ဆင်စရာလေးရှိ ပြင်ဆင်ထားရအောင်လို့ဆိုတော့
    အတူလိုက်မယ့်သဘောပေါ့နော်….

  • koko thant

    June 26, 2012 at 4:07 pm

    မမအညာသူ ကို ဒီတစ်ခါတော့ဆရာတင်တယ်ဗျာ အင်း ကောင်းပါတယ်
    ဒါပေမဲ့ မမအညာသူကိုတစ်ခုပြောချင်ပါတယ် မမညာ ပြောထားတာကို မမညာကိုယ်တိုင်လိုက်နာနိုင်ရဲ့ လားလို့ ကျနော်မေးချင်ပါတယ် လိုက်နာ နိုင်ရင် ငါစွဲ ဖျောက်ပြီး ကျနော့် ကို ပိုက်ဆံချေးပါလား
    ဟဲဟဲစတာပါ
    မဂွက်ထော်ကလဲ ဘာပြောတာလဲမသိဘူးနော် နှဲ့ နှဲ့ နှဲ့ တဲ့ စာမရေးတယ်ဖူးထင်တယ် မရေးတတ်ရင် ကျနော်တို့အစ်ကိုကြီး ကိုကိုဇောက်ထိုး ဆီသွားသင်နော်
    ိကိုကိုဇောက်ပြောသလို့ မရှင်းသန့်နွယ် ကပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ထားအောင်ဆိုတော့ စစ်ကိုင်းသွားကြတော့မှာပေါ့နော် အနော်လည်းလိုက်ချင်တယ်
    အနော့်ကိုရောခေါ်ပါလားနော် ဟဲဟဲ
    ကိုကိုဇောက်ရောလိုက်မှာမှတ်လား

  • etone

    June 26, 2012 at 4:14 pm

    ငါ့ကိုမကြိုက်ရမှန်း သိပေမယ့် … မကြိုက်ပဲနေလို ့ကို မရသေးဘူး ..
    ပုထုစဉ်ဆိုတော့လည်းးးးးးးးးးးးးးးးးးးးးးးးး

  • ဇောက် ထိုး

    June 26, 2012 at 4:39 pm

    သူတို့က သီလရှင်ဝတ်ရင် ကိုကိုသန့်နဲ့ ကိုဇောက်က ဦးသူတော် ဝတ်တာပေါ့။
    ဘုန်းကြီးဝတ်ရင် သီလရှင်လေးတွေ ငန်းလို့ရဘူးဆိုတော့ ဦးသူတော်ပဲ ဝတ်အောင်နော်

  • ko khin kha

    June 26, 2012 at 4:42 pm

    ငါ့ကိုမကြိုက်နဲ့ ခေါင်းစဉ်လေးမို့ ရွာထဲဘာတွေဖြစ်ကြပြီလဲ ဆိုပြီးဝင်ဖတ်လိုက်တာ
    ဖတ်ကြည့်တော့မှာ လူတွေညာနေကြတာကို မမအညာသူကလည်း ညာပြီးခေါင်းစဉ်တပ်ထားတာကိုး။
    စာအရေးအသားနဲ့ဖော်ညွှန်းပုံကိုတော့ လေးစားပါတယ် အညာသူရယ်။

  • မမ အညာသူ

    June 26, 2012 at 4:43 pm

    ကိုကိုသန့်ရယ်စစ်ကိုင်းသွားတာတော့သွားတာပေါ့
    နှတ်ဆက်စရာလေးရှိသေးလို.
    1ပက်လောက်အချိန်ပေးပါနော်.
    ဟီးးးးးးးးးးးးးးးး

  • cobra

    June 26, 2012 at 4:59 pm

    ဟုတ်လှချည်လား
    ဘုန်းကြီးကိုတရားချတဲ့အညာသူပါလား။

  • mona smile

    June 26, 2012 at 6:31 pm

    မမ အညာတူက လှဒယ်နော်…မိုဟေကိုနဲ့ တူဒယ်…တနပ်ထာ မလူးထာရင် မိုးဟေကို ပဲး..logo ပုံလေး က…

  • မမ အညာသူ

    June 26, 2012 at 7:54 pm

    တရားချတယ်လို.တော့မဟုတ်ပါဘူး
    ညာကအဲပုံပြင်လေးကိုအနှစ်သက်ဆုံးလေ
    ပုထုဇဉ်ဆိုတော့ရောင်ဖို့တကယ်ခဲရင်ပါတယ်.

  • သားဦး၊မြေးဦး

    June 26, 2012 at 8:11 pm

    ခေါင်းစဉ်ကြည့် လန် ့သွားသဗျာ။
    မမအညာသူတို ့များ တရားပြသွား
    ့သဗျာ။ကျေးဇူးနော်

  • Aung

    June 26, 2012 at 10:49 pm

    ညာရေ
    ” အောင်”လည်းစိတ်ညစ်တယ် ညာ့ကိုကြိုက်မိလို့..
    တလွဲမထင်နဲ့နော်..အရေးအသားကို ကြိုက်တာပါ။
    ဝန်ကြီးဦးဇော်မင်း ကိုလည်း ငါ့ကိုမကြိုက်ဖို့ ပြောချင်တယ်။
    ဝန်ကြီးဦးမြင့်လှိုင် ကိုလည်း ငါ့ကိုမကြိုက်ဖို့ ပြောချင်တယ်။
    ဂျာနယ်တရားစွဲတဲ့ ရန်ကုန်တိုင်း အစိုးရ ကိုလည်း ငါ့ကိုမကြိုက်ဖို့ ပြောချင်တယ်။
    ဒါကြောင့် ”အောင်”လည်း စိတ်ညစ်တယ်. ညာရေ….

  • kai

    June 27, 2012 at 3:04 am

    “ငါမကြိုက်”လက်စနဲ့..
    “ပြတ်”သွားအောင်…
    “သတ်”သေလိုက်ပါလားဟင်င်င်င်… 🙂

  • ညလေး

    June 27, 2012 at 11:30 am

    သဂျီးရယ်စိတ်လျှော့နော်…..
    သတ် သေတဲ.အထိတော့မလုပ်ပါနဲ…..
    စနစ်ကြောင့်မဟုတ်ပါဝူးနော်….

  • ဖိုးထောင်

    June 27, 2012 at 4:43 pm

    ဒီညာရေးက အဒူ့ဟာရေးရဲ ဖြဲမ ကိုဖိုးထောင်ဟာလေးပါဗျာ
    ဒီညရေးက အဒူ့ဟာရေးရဲ ဘဲဥမ ကိုဖိုးထောင်ဟာလေးပါဗျာ
    ဒီရမင်းရေးက အဒူ့ဟာရေးရဲ ဗိုက် ကိုဖိုးထောင်ဟာလေးပါဗျာ

    အော် ခက်ပြီ ငါ့ (ငါ့)မကြိုက်ကြပါနဲ့ဆို

Leave a Reply