မောင်ဖိုးအေးလေး ဘဝမှာမိမိလူဝင်စားဖြစ်ကြောင်း သူ့ရဲ့ဘကြီးကို

ဒေါသတစ်ကြီးပြန်ပြော

လိုက်တဲ့ အချိန်နဲ့ အဖွားဖြစ်သူကို စိတ်လိုလက်ရပြန်ပြောပြတဲ့ အချိန်ရယ်  ဒီနှစ်ကြိမ်

သာပြောပြခဲ့ ဘူးပါတယ်။ နောင်များမှာတော့ ဘယ်လိုအကြောင်းနဲ့မှ မိမိရဲ့အတိတ်ဘဝ

ကိုလုံးဝပြောပြခဲ့ဖူးခြင်းမရှိတော့ပါဘူး။ အတိတ်ဘဝက ဆိုးမိုက်ခဲ့တဲ့မောင်ဖိုးအေးလေး

ဟာ ဒီဘဝမှာတော့ လူများရဲ့ပြောစရာဖြစ်လောက်အောင်ကို လိမ္မာရေးခြားရှိရှာပါတယ်။

နားတစ်ဖက်မကြားရတော့ပေမဲ့ ကျန်ကြားတဲ့နားတစ်ဖက်ကိုအာရုံစိုက်ပြီး မောင်ဖိုးအေး

လေး သူတို့ရွာရဲ့ မူလတန်းပညာကိုကျော်လွန် အောင်မြင်ခဲ့ပါတယ်။ မောင်ဖိုးအေးလေး

လေးတန်အောင်တော့ သူ့ရဲ့မိခင်က မောင်ဖိုးအေးရဲ့နားတစ်ဖက်ကမကြားတာကြောင့်

ရော၊ မောင်ဖိုးအေးအမတွေပါ လေးတန်းအောင်ရင်ကျောင်းထွက်ကြတာရော၊ နောက်

အထက်တန်းပညာရေးက ရွာနဲ့တော်တော်လှမ်းတဲ့ ငါးမိုင်လောက်အကွာမှာရှိတဲ့ ရွာကြီး

မှာသာ အထက်တန်းကျောင်းခွဲရှိတာမို့ ရွာထဲက ကလေးတော်တော်များများလေးတန်း

အောင်တာနဲ့ ကျောင်းပြီးနေသလိုဓလေ့ဖြစ်နေတာရော ၊ နောက်အဓိကဖြစ်တဲ့မောင်ဖိုး

အေးလေးရဲ့ ကျောင်းစရိတ်ကို ကလေး ခြောက်ယောက်နဲ့ မနဲရုန်းကန်နေရတာရော

စသည့် စသည့် အကြောင်းပြချက်များ ကိုချပြပြောဆိုပြီးအထက်တန်းဆက်မတက်ဖို့

တားပါတော့တယ်။ ဒါပေမဲ့ ပညာတတ်ချင်လွန်းလှတဲ့ မောင်ဖိုးအေးကသူ့ရဲ့အမေကို

ကျောင်းဆက်တက်ခွင့်ရဖို့ မရပ်မနားပူဆာခဲ့ရရှာပါတယ်။ နောက်ဆုံးမှာတော့ နွေရာသီကျောင်းပိတ်ရက်တွေ

မှာ သူများနွားတွေအငှားလိုက်ကျောင်းပြီး မိမိကျောင်းစရိတ်မိမိရှာပါ့မယ်၊ ကျောင်းမှာအ

တန်းတစ်တန်းကျရင် ကျောင်းထွက်ပြီးလယ်သူရင်းငှားလုပ်ပါ့မယ် စသည့်ကတိကဝတ်

တွေနဲ့ မောင်ဖိုးအေးကျောင်းတက်ခွင့်ရရှိခဲ့ပါတယ်။ ကျောင်းတက်ခွင့်ရပေမဲ့ နားတစ်

ဖက်ကမကြားတာကြောင့်သူတစ်ပါးကလေးတွေထက် မောင်ဖိုးလေးကနှစ်ဆပိုကြိုးစား

ရပါတယ်။စာသင်ချိန်မှာ ရှေ့ဆုံးခုံမှာထိုင်ပြီး ကျန်ကြားရတဲ့နားတစ်ဖက်ကို စောင်းကာ

ဆရာပြောတာအာရုံစိုက်နားထောင်ပြီး သူတစ်ပါးကလေးတွေနားချိန် ကစားချိန်တွေမှာ

တောင် မောင်ဖိုးအေးကမနားနိုင်ပဲ စာတွေကိုလေ့လာနေခဲ့ရှာပါတယ်။ ကျောင်းသွားရင်

လည်း ငါးမိုင်ခရီးကိုအသွားခြေကျင် အပြန်ကုန်းကြောင်းနဲ့ သုတ်သုတ်သွား သုတ်သုတ်

စားကာ အတော်ကြီးကိုရုန်းကန်ခဲ့ရရှာပါတယ်။ နောက်ပြီး မောင်ဖိုးအေးရဲ့အမတွေ

တောင်မလုပ်ကြတဲ့ အမေရဲ့ထမီကို အမေရေချိုးပြီးတိုင်းအမြဲလျော်ဖွတ်ပေးတဲ့ တာဝန်

ကိုလည်း ယူထားပြီးအိမ်အလုပ်တွေကိုလည်း ယောက်ျားအလုပ်မိန်းမအလုပ်မခွဲပဲ အ

ကုန်လုံးမြင်မြင်သမျှသိမ်းကြုံးလုပ်ခဲ့ရှာပါတယ်။ ဒီလိုနဲ့မောင်ဖိုးအေး ဆယ်တန်းကို

ရောက်လာပါတယ်။ ဆယ်တန်းမှာ မောင်ဖိုးအေးစာကျက်ပုံကို ဗဟုသုတအနေနဲ့ပြောပြ

ရရင် ညဘက်တွေမှာည၁၂ နာရီလောက်ထိနေ့စဉ်နေ့တိုင်းစာကျက်ပြီး မနက်ငါးနာရီပုံ

မှန်ထစာကျက်တတ်ပါတယ်။ နောက်စာမေးပွဲဖြေတော့ အုန်းသီးတစ်လုံးကို      ခေါင်း

အောက်မှာထားပြီး တစ်နေ့တစ်နာရီလောက်သာအိပ်ပြီးဆယ်တန်းစာမေးပွဲကိုဖြေဆိုခဲ့

ရရှာပါတယ်။ ဒါပေမဲ့ ဆယ်တန်းကိုနှစ်ခြင်းပေါက်တော့မအောင်ခဲ့ရှာပဲ နောက်နှစ်မှသာ

အောင်မြင်ခဲ့ပါတယ်။

ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ရွာနဲ့ရှစ်မိုင်လောက်ဝေးတဲ့ မြို့လေးမှာမောင်ဖိုးအေး အငယ်

တန်းစာရေးလေးအလုပ်ကိုရပါတယ်။ အဝေးသင်နဲ့ သမိုင်းဘာသာကိုအဓိကယူပြီးတက်

ခဲ့ပါတယ်။ မောင်ဖိုးအေးကနေ စာရေးလေးကိုဖိုးအေးဘဝကိုရောက်လာခဲ့ပါပြီ။ ကိုဖိုး

အေးတို့ခေတ်က ပညာတတ်သိပ်မပေါသေးတာကြောင့်ဆယ်တန်းအောင်တာနဲ့ အငယ်

တန်းစာရေးလေးအလုပ်ကို တန်းရတာမဆန်းလှပါဘူး။ နောက်ဘွဲ့ရပြီး ထိုရုံးမှာပဲအရာရှိ

ပေါက်စလေးဖြစ်လာကာ ထိုမြို့ကစာမူလတန်းပြကျောင်းဆရာမလေးနဲ့ ရည်ငံပြီးလက်

ထပ်ခဲ့ပါတယ်။ အိမ်ထောင်သာကျသွားပေမဲ့ ကိုဖိုးအေးက မိခင်အိုကြီးကိုလည်းမမေ့ပဲ

အမြဲတမ်းသွားလာ လုပ်ကိုင်ပေးပြီးတစ်လတစ်ကြိမ်လစာထုပ်တိုင်း အမေ့အတွက်ဆိုပြီး

ပုံမှန်ကန်တော့မြဲပါပဲတဲ့။ နောင်  သားကလေးနှစ်ယောက်ရလာခဲ့တဲ့အချိန်ထိတိုင် ကိုဖိုး

အေးရဲ့ ဘဝကပန်းခင်းလမ်းလိုချောမွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ကိုဖိုးအေးမိခင်ကြီးဟာကိုဖိုး

အေး အိမ်ထောင်ကျပြီးဆယ်နှစ်လောက်အကြာမှာ အဆုတ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့

ရှာပါတယ်။ လက်ရှိဘဝ မိဘအပေါ်ကောင်းခဲ့တဲ့ကံလေးဖုန်းလွှမ်းနေတာကြောင့် အ

တိတ်ဘဝ မကောင်းတဲ့ကံဝဋ်ကြွေးလာခွင့်မရှိပဲ ပိတ်ပင်နေပြီး  အစစအရာရာ

အောင်မြင်နေ ရာမှ  ကိုဖိုးအေးဘဝ  မှန်တိုင်းစလာပါတော့တယ် ။

မှက်ချက်။   ။စာရေးသူကျွန်မအထင်ကိုသာ  ပြောခြင်းဖြစ်ကြောင်းပါ။

About may flowers

may flowers has written 61 post in this Website..