ဒီပို့စ်လေးကတော့ ကျိုင်းတုံမြို့မှာရှိတဲ့ တည်းခိုစရာနေရာတွေပါ…..လာလည်ကြမယ် ဆိုရင်တော့ ဘယ်မှာ တည်းရမလဲဆိုတာ အရေးကြီးတာပဲ မဟုတ်လားဗျ….. ဒါကြောင့် ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ….ဘုရားတွေလဲ ဖူးပြီးပြီ……. နောင်တုံကန်ဘေးမှာလဲ အပန်းဖြေရင်း လက်ဘက်ရည်သောက်ပြီးပြီဆိုတော့……ပြန်နားဖို့အတွက် တည်းခိုစရာနေရာလေးတွေကို တင်ပေးလိုက်ပါတယ်….. မြို့တစ်ခုကို သွားမယ်ဆိုရင် ဘယ်မှာ တည်ခိုမှာလဲ  ဆိုတာတော်တော် စဉ်းစားရလွန်းလို့ ခုလိုတင်ပေးတာပါ…

 

ဒါကတော့ ကျိုင်းတုံဟိုတယ်(အသစ်) ပုံပါ (photos from facebook)

 

ကျိုင်းတုံမြို့မှာ ကျိုင်းတုံဟိုတယ်ကို အသစ် နဲ့အဟောင်းဆိုပြီး နှစ်ခုရှိပါတယ်…. အခုတင်ထားတဲ့ပုံကတော့ ကျိုင်းတုံဟိုတယ်သစ်ပါ…..အဟောင်းကတော့ ကပ်ရပ်ပါပဲ …… ဘာကွာခြားသလဲဆိုတာတော့ မမေးကြည့်မိဘူခင်ဗျ……ကျိုင်းတုံဟိုတယ် ကတော့ ကျိုင်းတုံမြို့ကို လာလည်သူတွေအတွက် အတော်အဆင်ပြေမယ့် နေရာမှာ ဆောက်ထားတယ်လို့ထင်ပါတယ်…..မြို့လည်ခေါင်မှာ တည်ဆောက်ထားတာပါ……ဟိုတယ်က ထွက်ထွက်ချင်း မဟာမြတ်မုနိဘုရားကို ရောက်သလို …..ဟိုတယ်ရဲ့ အနောက်ဘက်က တော့ နောင်တုံကန်ကြီးပါ……မဟာမြတ်မုနိဖူးပြီးရင်လည်း စွန်းတောင်း ဘုရားဟာ အဲဒီနားလေးမှပဲ ရှိလို့ လမ်းလျှောက်သွားရောက် ဖူးမျှော်လို့ရပါသေးတယ်……..

 

ဒါကတော့ လော်ရီခန်း လို့ခေါ်တဲ့ ဟိုတယ်ပါ…..(photos from facebook)

 

လော်ရီခန်းလို့ ခေါ်တဲ့ ဟိုတယ်ကတော့ ကျိုင်းတုံဈေးနားမှာ ဖွင့်ထားတာပါ……ဟိုတယ်အောက်ထပ်မှာ စားသောက်ဆိုလဲ ရှိတဲ့အတွက် စားသောက်ဖို့အတွက် မပူရသလို…..ဟိုတယ်ကနေဆင်းလာရင်လဲ …..ဈေးလမ်းထဲကို ရောက်မှမို့ ဈေးဝယ်ချင်တဲ့သူတွေ အတွက်တော့ အဆင်ပြေမှာပါ………..

 

ဒါကတော့ Princess Hotel ပါ…..(photos from facebook)

Princess Hotel ကတော့ ကျိုင်းတုံမြို့ကနေ တခြားမြို့တွေကို သွားတဲ့ ကားဂိတ်နားမှာ ဖွင့်ထားတာပါ…….စားသောက်လည်ပတ်ဖို့အတွက်လဲ နေရာကောင်းလေးဖြစ်သလို့….. နိုင်ငံခြားသား အများစု တည်းကြတယ်လို့ ထင်ပါတယ်…..

 

ဒါကတော့ ဆမ်ရွက်တည်းခိုခန်းပါ (photos from facebook)

ဆမ်ရွက်တည်းခိုခန်းကတော့ မြို့ထဲနဲ့ နဲနဲ လှမ်းပါတယ်…… လေယာဉ်စီးပြီးလာတဲ့ သူတွေကတော့ ရှမ်း(ယိုးဒယား) ပုံစံနဲ့ ပြင်ဆင်ထားတဲ့ ဆမ်ရွက်တည်းခိုခန်းကိုတော့ တွေကြရမှာပါ…….တည်ခိုခန်းက ကျယ်ဝန်းကြီးမားပေမယ့် လာရောက်တည်းခိုသူ နည်းပါတယ်လို့ ထင်မိပါတယ်….

 

ဒါကတော့ သီးသန့် တည်းခိုခန်းပါ (photos from facebook)

သီးသန့်တည်းခိုခန်းကလဲ မြို့ထဲနဲ့ နဲနဲ လှမ်းပါတယ်…. ဒါပေမယ့် မိသားစုလိုက် တည်းခိုနိုင်တဲ့ လုံးချင်း(ဘန်ဂလို) လေးတွေ ရှိသလို…သန့်ရှင်းသပ်ရပ်တယ် လို့သိရပါတယ်……..

 

ဒါကတော့ ရှန်တစ်ဟိုတယ်ပါ (photos from facebook)

ရှန်တစ်ဟိုတယ်ကလဲ မြို့ထဲနဲ့ နဲနဲ လှမ်းပါတယ်….. အောက်ထပ်မှာ ရှန်တစ်စားသောက်ဆိုင်လဲ ဖွင့်ထားတဲ့အတွက် စားသောက်ဖို့တော့ စိတ်ပူစရာ မရှိပါဘူး…… ရှန်တစ်ဟိုတယ်၊ ဆမ်ရွက်တည်းခိုခန်း၊ သီသန့် တည်းခိုခန်း စတာတွေက လေဆိပ်ကနေ မြို့ထဲကို သွားတဲ့ လမ်းမှာ  ဖွင့်ထားတာပါ….. ကျိုင်းတုံမြို့မှာ ရှိတဲ့ တည်းခိုစရာ နေရာတွေအကြောင်းပြောတဲ့ဟာ တွေကတော့ ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင် ဖြစ်ပါတယ်…. တခြား တည်းခိုးစရာ တည်းခိုခန်းတွေလဲ ရှိပါသေးတယ်…..ကျွန်တော့် အမြင်နဲ့ ပြောတာဖြစ်တဲ့ အတွက် နားလည်ပေးကြပါလို့ ကြိုတင်ပြောကြားပါရစေ…..ရွာထဲမှာလဲ ကျိုင်းတုံမြို့ခံတွေပါတဲ့ အတွက် မှားတာရှိရင် ဝေဖန်အကြံပေးပါလို့ ပြောကြားရင်း ကျိုင်းတုံရောက်ရင် ဘယ်မှာ တည်းမှာလဲ ဆိုတဲ့ ပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်……

 

About Wunna Aung

ဝဏအောင် (မန္တလေး) has written 4 post in this Website..