ပထမဦးဆုံး ရေကျော်ရွာရဲ့အကြောင်းကို ပြောပြပါ့မယ် ရေကျော်ရွာဆိုတာ ရခိုင်ပြည်နယ် ဂွမြို့နယ်အပိုင်ရွာကြီးပါ တချိန်တုန်းက အလံနီကွန်မြူနစ်ဗိုလ်ကျော်ဇော(ကျော်ဇောလေး ရင်ဖုံးတောင်စေတီ(သံတွဲမြို့)အနီး အစိုးရတပ်နှင့်တိုက်ပွဲတွင်ကျဆုံး) ကျက်စားခဲ့တဲ့နေရာပါ စာတတ်ပေတတ်အလွန်ပေါများပြီး ကွန်မြူနစ်လက်စွဲ ကျမ်းကြီးကျမ်းငယ်ကို အရေကျိုသောက်ထားတယ်လို့ပြောရလောက်အောင် စကားကြွယ်ပြီး စာပေနှံစပ်ကြပါတယ် ရွာသားတွေကစည်းလုံးညီညွတ်ကြပြိး နိုင်ငံနဲ့အဝှန်းဖြစ်နေတြဲ့ဿနာမျိုးတွေမှာဆိုရင် အကြောင်းအကျိုးဆက်စပ်မှု သဘောတရားကိုလက်ကိုင်ထားပြီး ပညာညဏ်ဖြင့်ဖြေရှင်းတတ်ကြပါတယ် အလွန်အတုယုဖွယ်ရာ ရွာတစ်ရွာလို့ဆိုရပါမယ်၊
ဒုတိယ ကိုဘညွန့် ကိုမိတ်ဆက်ချင်ပါတယ် သူကရေကျော်သားပါ ကဗျာရေးစာရေးအလွန်ကောင်းပြီး စာပေဝေဖန်တဲ့နေရာမှာအလွန်တော်ပါတယ် စာလုံးတလုံးသုံးထားတာကအစ သူထောက်ပြဝေဖန်တတ်ပါတယ် သူတပ်မတော်လေမှာ တပ်ကြပ်ကြီးစာရေးနဲ့အမှုထမ်းစဉ်အခါက မြန်မာစာရေးဆရာအကျော်အမော် ဆွေလှိုင်ဦးနဲ့သူငယ်ချင်းပါအတူတူအမှုထမ်းခဲ့ဘူးပါတယ် ဆွေလှိုင်ဦးရဲ့ရင်သိမ့်တုန်ဆိုပြီး လျှို့ဝှက်သဲဖိုတွေရေးခဲ့သူပါ သူတောင်ကိုဘညွန့်ဆီမှာ ပယ်ပယ်နယ်နယ် အဝေဖန်ခံခဲ့ရပါတယ် စကားလည်းအလွန်ကြွယ်တဲ့ကိုဘညွန့်ပါ။
တတိယ လူနှစ်မျိုးအကြောင်းကိုပြောပြပါမယ် တနေ့ကိုဘညွန့်နဲ့ကျွန်တော်စကားထိုင်ပြောနေစဉ် သူနဲ့ရင်းနှီးတဲ့လူငယ်တယောက်က နောက်နောက်ပြောင်ပြောင်နဲ့ ရိုင်းရိုင်းပြပြပြောပါတယ် မိမိထက်အသက်အရွယ်ကြီးရင့်သူကို ဒီလိုမျိုးရိုင်းရသလားဆိုပြီးဒေါသဖြစ်တော့ သူကစိတ်ထိမ်းပါလို့ပြောပါတယ် ဒါနဲ့သူကလူနှစ်မျိုးကိုပြောပြါတယ်
မင်းကလဲကွာ မင်းကိုလာပြီး စကားပြောတဲ့လူတိုင်းကိုလူလို့မသတ်မှတ်နဲ့ကွ ဘာလို့လဲဆိုတော့ ပုခုံးနှစ်ဖက် ခေါင်းထွက်တိုင်းလူမဟုတ်ဘူးကွ သူ့အမူအကျင့်ကိုကြည့်ပြီးမှဆုံးဖြတ်ရတယ် လူဆိုတာက လူလိုကျင့်တယ် လူလိုပြောတယ် လူလိုနေတယ် ဒါကိုမင်းအကဲဖြတ်ပေါ့ ဒီလိုအကဲဖြတ်ကွာ လူဆိုတာနှစ်မျိုးရှိတယ် တမျိုးက တိရိစ္ဆာန်တို့ရဲ့အမူအကျင့်အတိုင်းနေတယ် ဒါကိုလူ့တိရိစ္ဆာန်လို့မှတ် တမျိုးက လူတွေအမူအကျင့်အတိုင်းပြုမှုနေထိုင်တယ် ဒါကိုလူ့သတ္တဝါလို့မှတ် အေး ထပ်ပြီးတော့ခွဲပြမယ် လူ့တိရိစ္ဆာန် လို့ဘာလို့ခေါ်လဲဆိုရင် တိ ဆိုတဲ့စကားဟာတြိ ဆိုတဲ့ပါဠိအနက်ကဆင်းလာတာ သုံးပေါ့ကွာ အေး သုံးခုသောအရာကိုသိသောသူကို လူ့တိရိစ္ဆာန်လိုံ့ခေါ်တယ် သူတို့သိတဲ့သုံးခုက အိပ်မယ်စားမယ် မေထုန်မှီဝဲမယ် အဲတော့ အိပ်စားကာမ ဤသုံးဝသာသိသောသူဟာ လူ့တိရိစ္ဆာန်ပေါ့ ဒီလိုလိုလူမျိုးမှာ ဘယ်လိမ္မာယဉ်ကျေးတယ်လို့ရှိမှာ
လူ့သတ္တဝါဆိုတာ ထပ်ရှင်းမယ် သတ္တဆိုတာ ပါဠိအနက်အရခုနှစ်ဂဏန်းကိုဆိုတာ ဒီတော့ ခုနှစ်ခုသောအရာကိုသိသောသူကို လူ့သတ္တဝါလို့ခေါ်တယ် ခုနှစ်ခုသောအရာဆိုတာက ဘုရားရှင်ပြောတဲ့သူတော်ကောင်းတရားခုနှစ်ပါး (၁)သဒ္ဓာ =ယုံကြည်ခြင်း (ရတနာသုံးပါးတို့အားယုံကြည်ခြင်း) (၂)သီလ =အကျင့်ကောင်းခြင်း(ငါးပါးသီလ ခုနှစ်ပါးသီလ ဆယ်ပါးသီလတို့ဆောက်တည်ခြင်း) (၃)သုတ =အကြားအမြင်များခြင်း (၄)စာဂ =ပေးကမ်းစွန့ကြဲလှူတန်းခြင်း (၅)ပညာ =အသိညဏ်ရှိခြင်း (၆)ဟီရိ =မကောင်းမှုကိုပြုလုပ်ရန်ရှက်ခြင်း (၇)ဩတ္တပ္ပ =မကောင်းမှုကိုပြုလုပ်ရန်ကြောက်ခြင်း ဒါပေါ့ကွာ လူတွေဟာ ဒီတရားတွေကိုသာ တန်ဘိုးထားပြီးကျင့်သုံးမယ်ဆိုရင် ပဋိပက္ခဆိုတာဘယ်ရှိတော့မှာလဲငါ့လူရာ အဲဒိတော့မောင်မင်းလဲကိုယ်ကြိုက်ရာရွေးပေါ့ ရွေးခွင့်ရှိတာပေါ့ဟုဆိုကာ နဂိုကမှာခေါပြီးအပြင်ထွက်နေသော သူ၏သွားများကိုအစွန်းကုန်ဖေါ်ပြီးတဟားဟားနှင့်ရေပါတော့သည်၊
*ကိုဘညွန့်သည် 1995ခုနှစ်ခန့်က စစ်တွေအကျဉ်းထောင်မှလွတ်ရက်စေ့လွတ်ပြီး နှစ်နှစ်ခန့်အကြာ ကွယ်လွန်သွားသည်ဟုသိရပါသည် ကောင်းရာသုဂတိသို့ရောက်ပါစေ ဘဝအဆက်ဆက် အေးချမ်းပါစေ*

ခင်မင်မှုများစွာဖြင့် ဖိုးကြက်တောင်

About Maung YuGhan SDY

Maung YuGhan SDY has written 13 post in this Website..