အတိုအထွာများ…

yannaingechJune 26, 20101min820
ကောင်းကင်ဘုံရောက် ကြောင်ကလေး…
ကြောင်တစ်ကောင်သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားလေသည်။ ဘုရားသခင်က သူ့ကို ကောင်းကင်ဘုံတံခါးဝတွင် တွေ့ဆုံပြီး “မင်းဟာတကယ်လိမ္မာတဲ့ကြောင်လေးပါ။ မင်းတောင်းသမျှဆု ပြည့်ဝစေရမယ်။ ကဲ…ဆုတောင်းပေတော့”
ကြောင်လေးက “ကောင်းပါပြီ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဆင်းရဲတဲ့လယ်သမားမိသားစုအိမ်မှာနေရပြီး သစ်သားကြမ်းပြင်မာမာကြီးပေါ်မှာပဲ အိပ်ခဲ့ရပါတယ်”
ထိုအခါ ဘုရားသခင်က “ပြည့်ဝစေ” ဟုဆုပေးလိုက်သည့်ခဏ လွန်စွာနူးညံ့ပျော့ပြောင်းလှသည့် ခေါင်းအုံးတစ်လုံး ပေါ်လာ၏။
နောက်ရက်အနည်းငယ်အကြာတွင် ကြွက် ၆ ကောင်သေဆုံးပြီး ကောင်းကင်ဘုံသို့ ရောက်လာလေသည်။ ဘုရားသခင်က သူ့တို့်ကို ကောင်းကင်ဘုံတံခါးဝတွင် တွေ့ဆုံပြီး လိုရာဆုကို တောင်းစေသည်။
ကြွက်ကလေးများက “ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ တစ်ချိန်လုံး ထွက်ပြေးနေရပါတယ်။ ခွေးတွေ၊ ကြောင်တွေတင်မကဘူး၊ မိန်းမတွေကပါ တံမြက်စည်းနဲ့လိုက်ပါတယ်။ ကျွန်တော်တို့မှာ စကိတ်တစ်စုံစီသာရှိမယ်ဆိုရင် ဒီထက်ပိုပြေးစရာ လိုမှာမဟုတ်တော့ပါဘူး”။
ထိုအခါ ဘုရားသခင်က “ပြည့်ဝစေ” ဟုဆုပေးလိုက်သည့်ခဏ ကြွက်ကလေးများမှာ လွန်စွာလှပသည့် စကိတ်လေးများဖြင့် ဆင်ယင်ပြီးဖြစ်သွားလေသည်။
နောက်တစ်ပတ်ခန့်အကြာတွင် ဘုရားသခင်သည် ကြောင်ကလေးကို သွားကြည့်ရန်ဆုံးဖြတ်လိုက်၏။ ကြောင်ကလေးသည် သူ့ခေါင်းအုံးအသစ်လေးပေါ်တွင် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေ၏။ ဘုရားသခင်က ကြောင်ကလေးကို ညင်သာစွာနိုှးလိုက်ပြီး “ဘယ်လိုလဲဟေ့၊ မင်းဒီမှာ ပျော်လားကွ”
ကြောင်လေးက အပျင်းဆန့်သမ်းဝေလိုက်ပြီး “ အိုး…ကျွန်တော့်ဘဝမှာ ပျော်စရာအကောင်းဆုံးအချိန်တွေပါပဲခင်ဗျ။ အရှင်ဘုရားပို့လိုက်တဲ့ ဘီးတပ်ထားတဲ့စားစရာလေးတွေကတော့ အားလုံးထဲမှာ အကောင်းဆုံးပါပဲ…”
ပက်ကျိရဲ့ဒေါသ…
လူတစ်ယောက်သည်တံခါးခေါက်သံကြားသဖြင့် ဖွင့်ကြည့်လိုက်ရာ တံခါးဝတွင် မည်သူ့ကိုမျှမတွေ့ရပေ။ အနီးအနားတွင် လှည့်ပတ်ကြည့်ရှုလိုက်ရာ နောက်ဆုံး၌ ပက်ကျိလေးတစ်ကောင်ကိုတွေ့ရ၏။ သူကပက်ကျိကိုကောက်လိုက်ပြီး လမ်းတစ်ဖက်ရှိကွင်းထဲသို့ လွှင့်ပစ်လိုက်လေတော့သည်။
နောက်ဆယ်နှစ်ကြာသောအခါ…တံခါးခေါက်သံကြားသဖြင့် ဖွင့်ကြည့်လိုက်ရာ တံခါးဝတွင် မည်သူ့ကိုမျှမတွေ့ရပေ။ အနီးအနားတွင် လှည့်ပတ်ကြည့်ရှုလိုက်ရာ နောက်ဆုံး၌ ပက်ကျိလေးတစ်ကောင်ကိုတွေ့ရ၏။
ပက်ကျိက ဒေါသတကြီးအော်ပြောလေသည် “ဟေ့လူ…ဒါဘာသဘောလဲဗျ”
လောကဒဏ်…
တစ်နေ့တွင် ကုလားအုတ်ငယ်လေးက ကုလားအုတ်ကြီးများအကြောင်း သူ့ဖေဖေကို မေးမြန်းလေ၏။ “ဖေဖေ…သားတို့မှာ ဘာလို့ဘို့ကြီးတွေရှိနေတာလည်း”
“ဪ…ဘို့ထဲမှာ အဆီတွေရှိနေတော့ သဲကန္တာရထဲမှာ ရက်ပေါင်းများစွာ နေနိုင်အောင်လို့ပေါ့”
“ကျေးဇူးတင်ပါတယ်…ဖေဖေ။ ဒါနဲ့သားတို့မျက်တောင်မွှေးတွေကရော ဘာကြောင့် ဒါလောက်ရှည်နေရတာလဲ”
“ဪ…သဲကန္တာရထဲမှာ သဲမုန်တိုင်းတိုက်ရင် ဖေဖေတို့မျက်စိထဲ သဲတွေဝင်ပြီးကန်းမသွားအောင် မျက်တောင်တွေက ရှည်နေရတာပေါ့”
“အိုး…ကျေးဇူးတင်ပါတယ်ဖေဖေ။ ဒါနဲ့သားတို့မှာ ဘာလို့ ခွာအကြီးကြီးတွေရှိနေရတာလဲဟင်”
ဪ..ဒါက…သဲကန္တာရထဲမှာ သဲပြင်ကပျော့တော့ ဖေဖေတို့ကိုယ်လုံးအကြီးကြီးတွေ သဲထဲမြုပ်မသွားအောင် ခွာအကြီးကြီးတွေရှိနေရတာပေါ့သားရယ်”
“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဖေဖေ။ ဒါနဲ့…ကျွန်တော်တို့က ဒီတိရစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲ”
အီရတ်စစ်ပွဲဆန့်ကျင်ရေးဆောင်ပုဒ်များ
ခေါင်းသုံးပါ၊ဗုံး မသုံးပါနဲ့
ဘုရှ်နဲ့ကျဲလိုက်ပါ၊ ဗုံးနဲ့မကျဲပါနဲ့
ရေနံတစ်ဂါလံ အသက်ဘယ်နှစ်ချောင်းပေးရမလဲ။
ငြိမ်းချမ်းရေးကိုသွားဖို့လမ်းမရှိဘူး။ ငြိမ်းချမ်းရေးကိုယ်တိုင်က လမ်းဖြစ်တယ်။

(Ref:www.jokeindex.com)