ကျွန်တော်မနေ့က ရန်ကုန်က ပြန်ရောက်တယ် မြို့ အ၀င်မှာ ကားပေါ်ကဆင်းမယ် လုပ်တုန်း ဖုန်းဝင်လာတယ် ။
သူငယ်ချင်းဇော်မင်းထက်လား
အေးဟုတ်ပါတယ်
ကျွန်တော့်ကို ဇော်မင်းထက်လို့ခေါ်တာ ကြားရခဲပါတယ်။ ငယ် သူငယ်ချင်းတွေ ပဲသိတဲ့ နာမည်ပါ ။ မြို့ပေါ်က လူတွေက ဆရာ ထက်၊ ကို ထက်ဝေး လို့ခေါ်တတ်ပါတယ်
တော်တော် ရိုင်းတဲ့ လူတစ်ချို့သာ ထက်ဝေးလို့ခေါ်တတ်ကြပါတယ်။
အေး သူငယ်ချင်းပြောပါ ဘယ်သူလဲမသိဘူး ဆိုတော့ “ ငါ ခင်ဇော်လင်းပါ.. မင်းကိုတွေ့ချင်တယ်
ရပါတယ် သူငယ်ချင်း အခုကားရပ်နေပြီ ဘယ်မှာတွေ့မလဲ ဆိုတော့ လက်ဖက်ရည်ဆိုင်မှာတဲ့ ။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ချိန်းလိုက်ကြတယ်။ ပြီးတော့ စကားပြောကြတယ်။ ဆရာ ခင်ဇော်လင်းဟာ ကျွန်တော့်  ငယ် သူငယ်ချင်း ကျောင်းနေဘက်ပါ အခု သူက ဆရာတစ်ယောက် အင်္ဂလိပ်စာ သင်တဲ့ ဆရာ ဒီထက်ပိုပြောရရင်
နိုင်ငံရေး သမား အန်အယ်ဒီ ပါတီကပါ။
သူက ကျွန်တော့်ကိုထုံးစံအတိုင်း အပြုံးနဲ့ ဆက်ဆံတယ်။ သူငယ်ချင်းကွာ မတွေ့တာကြာပြီ ။အချိန်လည်းမရတာနဲ့ တိုတိုပဲပြောပါရစေ ငါ့ကို တခု ကူညီပါ
ခင်ဇော်လင်းဟာ လူတဖက်သားကို အကူအညီ တောင်းခဲပါတယ်။ အခု ဒီလိုပြောတော့ ကျွန်တော် အံသြမိပါတယ်။ တကယ်လို့ သူဘာပဲတောင်းစေ ကျွန်တော် တတ်နိုင်သလောက် လိုက်လျှောမယ်လို့ ဆုံးဖြတ် လိုက်တယ်။
တို့ အန်အယ်ဒီက ကဗျာ စာအုပ်ထုတ်မယ် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာပါ ကဗျာစာမူတွေ တောင်းထားတယ် စာလည်းဝေထားတယ် ဒီမှာ…
သူပြတဲ့ စာကိုဖတ်ကြည့်တော့ ကဗျာ စာမူတောင်းခံတဲ့ စာတွေပါ အာဇာနည်ကြီးတွေကို မမေ့မပျောက်ဖို့ အကြောင်းတွေပါ။ အောက်ဆုံးမှာ ကဗျာ အယ်ဒီတာ က ထက်ဝေး ..တဲ့။ အန်အယ်ဒီက တာဝန်ယူ ထုတ်ဝေ မည် တဲ့။
ကျွန်တော်က ပါတီဝင်မဟုတ်သူပါ။ တကယ်တန်းပါတီဝင်တွေကိုပေးရမယ့်နေရာမို့ ကျွန်တော်က ငြင်းမယ်လုပ်တော့ သူငယ်ချင်း မငြင်းနဲ့ လက်ခံပါကွာ နောက် မင်းမိတ်ဆွေတွေဆီမှာ ကဗျာတောင်းပါ ကဗျာ စာအုပ်တစ်အုပ် အချိန်မှီလေး ထုတ်ချင်ပါတယ်လို့ သူကပြောပါတယ်။ပြီးတော့ အန်အယ်ဒီ တံဆိပ်ပါတဲ့ အင်္ကျီလေးတစ်ထည် လက်ဆောင်ပေးပါတယ် အင်္ကျီ ကအဖြူလေးပါ။
ကျွန်တော် အင်္ကျီလေးကို ကြည့်မိတယ် ဒါ သူ့နလုံးသားပုံရိပ် ဆင်းရဲတဲ့ ဒဏ်ကိုခံပြီး မြို့ကို စွန့်ခွာသွားတာ ကြာခဲ့ပြီ။ အခု ကျွန်တော်ကို အဖြူရောက်အင်္ကျီလေး တစ်ထည် လက်ဆောင်ပေးတယ်။ ဒါဟာ နမိတ်ပုံ ဒါဟာ အလှ ဆုံး စကားပဲ။
ကျွန်တော်သူ့ကိုငေးနေမိတယ်။ တခါက ဟို့ တခါတုန်းက ကျွန်တော် ဆီကို အထုပ်ကြီး တထုပ်နဲ့ လာတုန်းက ကျွန်တော့်လည်း ဟိုကခေါ်စစ်လိုက် ဒီကခေါ်မေးလိုက်နဲ့
နောက်တော့ သူလာရင် ပုန်းနေမိတယ် ။
ကျွန်တော်ဟာ သစ္စာမဲ့ သူ ကျွန်တော် ဟာ သူရဲဘောကြောင်သူ..ကျွန်တော်ဟာ…………..
သူငယ်ချင်း… ငါ့ကို ဒီတာဝန်မပေးပါနဲ့ ငါ ဟာ မထိုက်တန်သူပါကွာ မင်းအပေါ် ငါ သစ္စာမဲ့ခဲ့တယ်။ငါသွေးကြောင်ခဲ့တယ်။ငါဟာ…..
ကျွန်တော့်ကိုသူပြုံး ကြည့်နေတယ်။ သူငယ်ချင်း ငါ့ကို ဒါလေးကူညီပါ ။မင်းသာထိုက်တန်လို့ ငါအကူအညီတောင်းရတာပါ တို့မြို့မှာ ကဗျာဆရာမရှိဘူးလေ။
သူစကားကိုကျွန်တော် ခွန်းတုန့်မပြန်တော့ လက်ခံလိုက်တယ်။ လမ်းခွဲအိမ်ပြန်တော့ သူလက်ဆောင်ပေးတဲ့ ခွပ်ဒေါင်း တံဆိပ် အင်္ကျီလေးကိုငေးကြည့်ရင်း တခါက မွန်းကြပ်မူတွ၊ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ဖို့ ခင်ဇော်လင်း သူ့ မြေကွက်ကို မတန်တဆရောင်းခဲ့တာတွေ ၊ ရန်ကုန်မြို့ကြီးကို ကားမစီးပဲ စက်ဘီးနဲ့ မြို့တွေကိုကျော်ဖြတ်ခဲ့တာတွေ ..။အော်ကားစီးရင် သူ ခရီးဆက်ဖို့ အဟန့်အတားတွေ ရှိနေတယ်လေ။
ကျွန်တော် ဟာ မရဲဝံ့သူ ကျွန်တော်သာ မစွန့်စားရဲသူ ကျွန်တော်သာ…….
မေတ္တာရပ်ခံချက်။ ။ ရွာထဲက ကဗျာဆရာများ အာဇာနည်နေ့ နဲ့ အာဇာနည် အကြောင်းကိုဖွဲ့ ဆိုသော လွတ်လပ်ကဗျာ၊ မော်ဒန် ၊ ကာရန် ကဗျာများ နှစ်သက်ရာ ချီးမြှင့်ပေးပါရန် လေးစားစွာ စာမူတောင်းခံအပ်ပါတယ် ၆ရက်နေ့ နောက်ဆုံး ထားပေးကြပါရန်။ mysister4@gmail.com

About htet way

has written 133 post in this Website..

   Send article as PDF