ယနေ့ မီဒီယာလောက

HtooJune 27, 20101min942

ယနေ့တွင်..ကမာ္ဘကြီးသည် ရွာကြီးတစ်ရွာဖြစ်လာသည်နဲ့အညီ အသိပညာ၊အတတ်ပညာ သတင်းအချက်အလက်ဗဟုသုတများသည်လည်း လျင်မြန်စွာပျံနှံလျက်ရှိနေသည်။ ထိုရွာကြီးထဲတွင် နေထိုင်ကြသော ကျွုန်တို့ သည်အရာရာဖြစ်ပျက်နေသမျှကို အမှန်အတိုင်းသိရှိနိင်ရင်အတွက် များစွာလိုအပ်လှပေသည်။

ထို့ကြောင့် ကျွုန်တို့သည် မိမိတို့နိုင်ငံတော်ကြီးအတွင်းတွင်သာမက  အခြားသောနိုင်ငံများတွင်ဖြစ်ပျက်နေသော အကြောင်းအအရာမှန်သမျှကို  ပြည်စုံစွာသိရန် လိုအပ်လှပေသည်။ ထိုသို့မဟုတ်ပါက မိမိသည် အချိန်စက္ကန့်နှင့်အမျှပြောင်းလဲနေသော ထိုကမာ္ဘမြေကြီးတွေ လိုက်မမှီနိုင်သော လူတုံး လူအ တစ်ယောက်ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့်ကျွန်တော်တို့ အနေဖြင့် မိမိတို့နိုင်ငံ၏ သတင်းအချက်အလက်များ ကိုကောင်းစွာ ဖော်ထုတ်ပေး နေသော မီဒီယာလောက ကိုဖွံဖြိုးတိုးတက်အောင် အဘက်ဘက်မှထောက်ပံ အကူအညီပေးသင့် ပါသည်။ ထိုမှသာ မိမိတို့နိင်ငံသည် ခေတ်မှီဖွံဖြိုး တိုးတက်ကာ အခြားသောနိုင်ငံများ နှင့်လည်း ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။

ဒီကနေ့အထိ မိမိတို့မီဒီယာလောကက ဘယ်လို ရပ်တည်နေ ကြသလဲလို့ဆိုတာက လေ့လာကြည့်ဖို့လိုတဲ့အကြောင်း အရာ ဖြစ်ပါ တယ်။ ဒီကနေ့ခေတ်ကြီးဟာ အပြောင်းအလဲမြန်တဲ့ခေတ်ကြီး ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အမီလိုက်နိုင်ဖို့က ခေတ်မီဖို့လို ပါတယ်။ အမီမလိုက်နိုင်ရင် ခေတ်နောက်ကျကျန်ခဲ့မှာ ဖြစ်ပါတယ်။ မီဒီယာလောကဟာ အင်တာနက် ခေတ်ကြီးထဲကို ဝင်လာတဲ့အခါ သတင်းဆက်သွယ်ပြန်ကြားရေးစနစ်ကြီး တစ်ခုလုံး ပေါက်ကွဲသွား တဲ့အဆင့် ရောက်သွားပါတယ်။ လူတိုင်းဟာ သတင်းသမား တစ်ယောက် ဖြစ်နိုင်တဲ့အနေအထားရောက်လာခဲ့ပြီလို့ ဆိုနိုင်တာကို လည်း သိထားဖို့လို့အပ်လှပါတယ်။ ယခင်ကလို ဟိုနေရာကဘာဖြစ်ဖြစ် ဒီနေရာက ဘာဖြစ်ဖြစ်  ငါတို့မဖြစ်ရင် ပြီးတာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို ဖြောက်ဖျက် ဖို့လိုလာပါပြီ။ မိမိရဲ့ စကားတစ်ခွန်းက နိုင်ငံတော်ကို ဘယ်လောက်ထိ  ပြောင်းလဲသွားနိုင်တယ် ထိခိုက်သွားနိုင်တယ်ဆိုတာ မျိုးကို လုုူတိုင်းသိထားဖို့လိုလာပြီဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာ တစ်ရပ်ကို ဖော်ပြရာ၌ အမှန်တရားကို အမှန်တရားအတိုင်း၊ အရှိ တရားကို အရှိတရားအတိုင်း ပြည်သူ့မျက်နှာ တစ်ခုတည်းကြည့်ပြီး တင်ပြနိုင်ရန် ကြိုးစားသော စာနယ်ဇင်း သမားများအနေဖြင့် စာနယ်ဇင်း မီဒီယာကောင်း ဖြစ်ရန်အတွက် လွတ်လပ်စွာ ရေးသားဖော်ပြနိုင်မှုနည်းတူ နှောင်ကြိုးကင်းစွာ ရပ်တည်နိုင်မှုကလည်း အရေးပါကြောင်း ဝါရင့် သတင်းစာ ဆရာကြီးများ နှင့်အတူ နယ်ပယ် အသီးသီးမှ ပညာရှင်များကသုံးသပ်ပြောဆို ကြပါသည်။ သို့သော်ယနေ့ခေတ်တွင်မူ မီဒီယာလောကတွင် ပွင့်လင်းသောမီဒီယာသမားများ လွန်စွာရှားပါလာကာ အထောက်အခံ မီဒီယာသမားများသာ တိုးပွား လာသည်ကိုတွေ့မြင်နေရသည်။ ထိုသို့ဖြစ်ရသည်မှာ အနှောင်အဖွဲ့များကြောင့်ဖြစ်သည်။ အနှောင်အဖွဲ့ဟုဆိုရာတွင် အနှောင်အဖွဲ့နှစ်မျိုးရှိပါသည်။ မိမိ၏ ခံစားချက်ကြောင့်ဖြစ်ပေါ်လာသော အနှောင်အဖွဲ့နှင့် ငွေကြေးကြောင့်ဖြစ်ပေါ်လာသော အနှောင်အဖွဲ့များပင်ဖြစ်သည်။ မည်သို့သော အနှောင်အဖွဲ့ ပင်ဖြစ်စေကာမှူ ထိုအရာများနှင့်ပတ်သက်နေသော မီဒီယာသမားသည် လွတ်လပ်မှူမရှိတော့ သည်မှာ အသေအခြာပင်ဖြစ်သည်။

မီဒီယာသမားကောင်း ဆိုတာကတော့ မျှတမှုနဲ့ အနှောင်အဖွဲ့ကင်းအောင် လုပ်ဆောင်နေဖို့ အမြဲလိုအပ်ပါတယ်။ပြည်သူတွေအနေနဲ့ သတင်းမီဒီယာကို အားကိုးအားထားပြုပြီး သူတို့ဖြစ်စေချင်တာ တွေကို သတင်းမီဒီယာတွေကပဲ လုပ်ပေးနိုင်မယ်လို့ ယုံကြည် လာကြတဲ့အချိန်မှာ မီဒီယာသမားတွေ အနေနဲ့ ကိုယ့်ရဲ့ professional ကို လက်ဆုပ်လက်ကိုင်ပြုပြီး သိက္ခာရှိရှိနေကြဖို့ လိုပါတယ်။ အဓိက အချက် ကတော့ မျှတမှုနဲ့ နှောင်ကြိုးမရှိဖို့က အရေးကြီးဆုံးပါပဲ။  ဒါကြောင့် မီဒီယာသမားများအနေဖြင့် မိမိတို့ကို ယုံကြည် အားကိုနေကြသော ပြည်သူလူထု အပေါ် သစ္စာရှိစွာ ဖြင့် အဖြစ်အပျက် မှန်သမျှကို တတ်နိင်သမျှ အရှိကို အရှိအတိုင်း တင်ပြသင့်ပါသည်။

ထို့ကြောင့် မီဒီယာလောကတွင် ရိုးသားမှူ သည် အရေးကြီးဆုံးပင်ဖြစ်သည်။ ထို့အပြင် စာနယ်ဇင်းကျင့်ဝတ် များကိုလည်း ခါးဝတ်ပုဆိုး ကဲ့သို့မြဲအောင် စောင့်ထိန်းကြရန်လိုအပ်လှပေသည်။ မီဒီယာသမားများ၊စာနယ်ဇင်းသမားများသည် ကြည့်စရာမျက်နှာမှာတစ်ခုတည်းရှိသည်။ ထိုအရာမှာ ပြည်သူလူထုပင်ဖြစ်သည်။ ထိုသို့သောလိုအပ်ချက်များကို အားလုံးသော မီဒီယာသမားများသည် လိုက်နာကျင့်သုံးရန်လိုအပ်လှပေသည်။ ထိုမှသာ မိမိတို့၏ နိုင်ငံတော်အတွက် အကြိုးပြူနိင်းမည့် မီဒီယာသမားကောင်းတစ်ယောက်ဖြစ်လာ နိင်မည် ဖြစ်ပါတော့သည်။

“ထက်မြက်သွက်လက်  မီဒီယာလက်နက်”

” စွဲကိုင်ချီတက်  ပြည်သူ့အတွက်”

2 comments

  • သတင်းလူသား

    June 27, 2010 at 4:48 pm

    ကောင်းမွန်လှတဲ့ဆောင်းပါးတစ်ပုဒ်ပါ။ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ပြည်သူ့အတွက်သာ ပြည်သူ့ဘက်က ရပ်တည်လုပ်ဆောင်ပေးနေတဲ့ စာနယ်ဇင်းလောကသားတွေသာလျှင် မီဒီယာသမားကောင်းတစ်ယောက်၊ စာနယ်ဇင်းသမားကောင်းတစ်ယောက်အဖြစ် စာနယ်ဇင်းလောကထဲမှာ ရပ်တည်နေမှာဖြစ်ပါတယ်။ အဲလိုလူမျိုးတွေ များများပေါ်ထွန်းဖို့ လည်းလိုပါတယ်။

  • ghost

    June 27, 2010 at 5:33 pm

    ဒါအမှန်ဘဲ

Leave a Reply