သူတော်ကောင်းလေး မှော်ဆရာ ….

ေမွာ္ဆရာJune 26, 20121min39551

အော် … တဏှာ တဏှာ … တစ်လောကလုံးကို ဒုက္ခပေးနေတာ ဒီ တဏှာပါ့လား …
မှော်ဆရာ တရားသဘောကို ဆင်ခြင်တွေးတောမိသည် …။

တဏှာစေရာ မနေသာ ဖွေရှာ ဆက်ရသည် ..။ ပယ်သတ်ရမှာ ဒီ တဏှာ ၊ လုံးဝမရှိသင့်တာ ဒီတဏှာ … အကုသိုလ် အရင်းအမြစ်တို့ရဲ့ မွေးဖွားရာ ဒီတဏှာ ..။နည်းနှိုင်သမျှ နည်းအောင် ကျင့်ကျံရမှာ ဒီတဏှာ ပါကလား …။
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဖြစ်မည် ..။ သို့သော် ပြောစရာ ရှိတာတော့ ပြောရမည်ပေါ့ ..။
မှော်ဆရာ သူတော်ကောင်း ဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ ..။ တဏှာတွေ တင်းကြမ်းပြည့်နေတဲ့ သူတွေကြားထဲမှာ မှော်ဆရာ တတ်နှိုင်သမျှ တဏှာကို ပယ်သတ်ခဲ့သည်ကို ပြောရင် ယုံကြမည်လား..။
ယုံတာ မယုံတာ အပထား .. လိုက်နာလိုသူတွေ လိုက်နာနှိုင်အောင် မှော်ဆရာ တဏှာကို ပယ်သတ်ပုံကို တရားရစိမ့်သောငှာ တင်ပြလိုသည်..။ လိုက်နာ ကျင့်ကြံလိုသူများ လိုက်နာ ကျင့်ကြံ နှိုင်ပါစေသတည်း..။
လောက တွင် ယောကျင်္ား နှင့် မိန်းမဟူ၍ တဏှာ တွယ်စရာ နှစ်မျိုးရှိပေသည်..။မှော်ဆရာ တရားသဘောကို ဆင်ခြင်မိကတဲက အကုသိုလ် အရင်းအမြစ်တို့၏ မွေးဖွားရာ တဏှာကို ပယ်သတ်ခဲ့သည်…။ တဏှာ အကုန်လုံး မဟုတ်တောင် တချို့တဝက်ကို ပယ်သတ်နှိုင်အောင် ကြိုးစားခဲ့သည်..။
ယောကျင်္ား နှင့် မိန်းမဟူ၍ နှစ်မျိုးရှိသည်တွင် မှော်ဆရာသည် ယောကျင်္ားဆိုသော သတ္တဝါများ အပေါ်တွင် လုံးဝ တဏှာ ပယ်သတ်ခဲ့သည်..။ နှစ်မျိုးရှိရာတွင် တစ်မျိုးကို လုံးဝ ပယ်သတ်နှိုင်သည်ဆိုတော့ တဏှာရာခိုင်နှုန်းအားဖြင့် 50 ..ပယ်သတ်နှိုင်သော မှော်ဆရာပါပေ..။
တဏှာတင်းကြမ်းနှင့် သူများကြားတွင် ရာခိုင်နှုန်း ၅ဝ တိတိ ပယ်သတ်နှိုင်သော သူတစ်ယောက်ကိုမှ သူတော်ကောင်း မခေါ်လျှင် ဘယ်သူ့ကို ခေါ်မည်နည်း …။ ဒါပေမယ့် ဒီလောက်နဲ့ မှော်ဆရာ မကျေနပ် ..ပြောခဲ့ပြီးပါပြီ.. တဏှာကို နည်းနှိုင်သမျှ နည်းအောင် ကြိုးစားနေသူပါဆို ..။
ကျန်တဲ့ အမျိုးသမီးထု ငါးဆယ် ရာခိုင်နှုန်းတွင်မှ အသက်အရွယ် ငယ်ရွယ်လွန်းသူများနှင့် အသက်ကြီးလွန်းသူများကို မှော်ဆရာ့တဏှာ စာရင်းမှ အပြီးပြတ် ပယ်ဖျက်လိုက်ပြန်ပါသည်.. ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း… စုစုပေါင်းဆိုသော် … ၇၅ ရာခိုင်နှုန်းတိတိ တဏှာ ကင်းပြတ်ခဲ့သည်..။၁၆ နှစ်မှ ၂၅ နှစ်အတွင်း အမျိုးသမီးထု အပေါ်တော့ မှော်ဆရာ တဏှာ နဲနဲ ကျန်သေးသည်..။
ဒါတောင် မကျေနပ်နှိုင်သေးသော .. သူတော်ကောင်းဖြစ်ချင်လွန်းသော မှော်ဆရာ ညအိပ်ယာဝင်တိုင်း နဖူးပေါ်လက်တင် စဉ်းစားသည်..။ဒီလောက်နဲ့ ကျေနပ်ရစကောင်းလား..။ သူတော်ကောင်းဖြစ်ချင်သူ တစ်ယောက်အနေနှင့် ဒီထက်ပိုပြီး တဏှာကို ပယ်သတ်သင့်သည်..။
နောက်ဆုံး ဆုံးဖြတ်ချက်အရ ကျန်ရှိနေသေးသော အသက် 16 နှင် 25 အတွင်းမှ ရုပ်ဆိုးသော အမျိုးသမီးများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြန်ပါသည်..။ ကဲ ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းတဲ့ ကမှော့်လုပ်ရပ်လဲ …။
နောက်ဆုံးပိတ် ဆိုရသော် .မှော်ဆရာသည်ကား သူတော်ကောင်းလေးတစ်ဦးပင် ဖြစ်ပါသည်..။ အဘယ်ကြောင့် ဆိုရသနည်း ..။ သူသည်ကား တဏှာကို အကြွင်းမဲ့ မဟုတ်တောင် ရာခိုင်အားဖြင့် ၉ဝ ရာခိုင်နှုန်း ပယ်သတ်ထားသူဖြစ်သောကြောင့်ပင်တည်း..။ မှော်ဆရာကဲ့သို့ သူတော်ကောင်း ဖြစ်ချင်သူများ မှော်ဆရာ့ကဲ့သို့ တဏှာကို တတ်နှိုင်သမျှ ပယ်သတ်နှိုင်အောင် ကြိုးစားသင့်လှပါကြောင်း စေတနာကောင်းဖြင့် ကြေငြာမောင်း ခတ်လိုက်ရပါသတည်း…။
ပုံ .. သူတော်ကောင်းလေး မှော်ဆရာ

51 comments

  • kang lay

    June 26, 2012 at 10:13 pm

    မှော်ဆရာဆိုတောတနာကို မသတ်နိုင်သေးရင်ဖြင့် သူယောင်သီးကို မှော် ဒုတ်နှင့်တို့ကာ
    ၁၆ နှစ်အရွယ်ဖြစ်အောင် ဖန်ဆင်းလိုက်ပါ တော့ လေး

  • ကိုမှော်
    အဲဒီအထဲကနေ ဘော်ဒီမမိုက်တာ ထပ်ပယ်ဗျာ.
    ဖရဲမကတော့ပြောတယ် ရန်သူတစ်ယောက်ရော့သွားပြီတဲ့

  • marblecommet

    June 26, 2012 at 10:38 pm

    အိုဘယ့် သူတော်ကောင်းပေဒဂါး……

  • Mလုလင်

    June 27, 2012 at 1:54 am

    ရှာမှ ရှား … ပါပဲလား … ကိုမှော်ရေ။

  • အရီး Khin Latt

    June 27, 2012 at 4:35 am

    တွက်ရေး ကတော့ စက်သူဌေး ဆိုသလိုဘဲ။
    အဲဒီလို မီးဇာကုန်လို့ ငြိမ်းကာနီး ဆီ နဲနဲလေး မှာ ထတောက် တဲ့ မီး ကပိုပြီး ပြင်းသတဲ့။
    မင်းဟာက လဲ ဒီလိုနေမှာ။ 😛
    စကားအတင်းစပ် – မင်းကို ပေးရမဲ့ အကြွေးကို လုံးဝ မမေ့ပါဘူးနော်။
    ကြုံတဲ့ တစ်နေ့ ရောက်လာမှာပါ။ 🙂

    • မှော်ဆရာ

      June 27, 2012 at 5:39 pm

      ဟုတ်ကဲ့ပါ အရီးရယ် ..
      အရီးပေးတဲ့ လက်ဆောင်ကို တန်ဖိုး ကြီးကြီး ၊ ငယ်ငယ် …
      လေးလေးစားစား လက်ခံပါ့မယ်ဗျာ…
      ဘယ်တော့မှ ပေးပေးပါ ..။

  • Wunna Aung

    June 27, 2012 at 5:59 am

    အော်မှော်ဆရာ တဏှာ တော်တော်သတ်နို်င်နေပြီပဲ……… ဒါပေမယ့် လေးပေါက်ကို တော့မမှီသေးဘူး ဟီ 😛 😀

  • Azzurri

    June 27, 2012 at 6:30 am

    အင်း … စူ့ထက်စူ လူဇွမ်းဂေါင်းဒွေချည်းပါလား ဟရို့…
    ဗိုက်ခေါက်ကောင်းလို့ လက်သည်းတောင်းတယ် ထင်ပါ့…
    မောင်ဂီ့နဲ့များ ကွာထှာ….
    ဒို့ ကတော့ ခနမရှိ ဒို့ကျိကျိ.. မရှိခန ..ဒို့မမပဲ ….
    အာ..ဟိ…
    (တခါတလေ ဂလိုလေးလည်း ပင့်ပေးဦးမှ)
    ဟီး..
    :mrgreen:

  • kai

    June 27, 2012 at 7:37 am

    တဏှာဆိုတာမှာ.. ဘုရားဟောတဏှာမဟုတ်ပဲ.. မြန်မာမှုပြုထားတဲ့.. တဏှာလို့ပဲယူဆမိပါတယ်..

    ထားပါတော့..
    အသက် ၂၆နှစ် ရုပ်ခပ်လတ်လတ်.. မိန်းမပျိုတယောက်က.. .. ဘန်ကောက်မြို့ ဟော်တယ်ခန်းရဲ့အိပ်ယာဘေးမှာ… ဗစ်တိုးရီးယားစိကရက်အတွင်းခံအနီရောင်လေးဝတ်ပြပြီး..
    “ကျမနဲ့လိုက်လားဟင်” ..လို့မေးရင်… သူတော်ကောင်းလေး မှော်ဆရာ အဲဒီအချိန်ကနေ နောက် ၁နာရီအတွင်း.. ဘာလုပ်မလဲ..သိချင်သား.. :mrgreen:

    • မှော်ဆရာ

      June 27, 2012 at 1:27 pm

      သူကြီး … သူကြီး .. အတို့အထောင်ကတော့ ကောင်းပါ့ ..
      သူများဟာ သူများ ၅ ရာခိုင်နှုန်းလောက်နဲ့ ငြိမ်းနေတာကို မနာလိုလို့
      ဖြတ်ဖောက်ချုပ်နဲ့ လာ မီးမွှေးစေချင်သေးတယ်ထင်ပါ့ …
      ဖြတ်ဖေါက်ချုပ်တော့ ခွင့်လွှတ်ပါ သူကြီးရယ် .. ကောင်းကောင်း မမာလို့ပါ ..

    • nature

      June 28, 2012 at 1:48 pm

      အဲဒါကမှော်ဆရာပြောတဲ့၁၀%ထဲမှာအကျူးံဝင်တယ်နော။ 🙂

  • MaMa

    June 27, 2012 at 7:50 am

    သူတော်ကောင်းလေး မှော်ဆရာ လို့ ဆိုကတည်းက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဖြစ်မယ်လို့ တွက်ခဲ့ပြီးသား 😆

    • မှော်ဆရာ

      June 27, 2012 at 1:28 pm

      အဲဂလို မပြောပါနဲ့ အန်တီမမရဲ့ … တဏှာငြိမ်းနည်း လက်ဆင့်ကမ်းနေတာပါ .. 🙂

  • သူကြီး မှော်ဆရာက ပြောတယ်ဗျ.
    “အိုခေ ပုတ်သင်ညိုကလဲအဆင်သင့်ဘဲတဲ့……………………”
    မှော်ဆရာ
    ဖြေရမယ့်ဘာသာက ငါးဘာသာရှိတယ်
    အခုမင်း တစ်ဘာသာတော့ ဂုဏ်ထူးရသွားပြီ။

    • မှော်ဆရာ

      June 27, 2012 at 1:30 pm

      ဖြတ်ဖောက်ချုပ်နဲ့တော့ ဂုဏ်ထူးမရ ပါရစေနဲ့ လေးပေါက်ရယ် …
      အသဲယားလို့ပါ …
      ကျွန်တော်က သဘာဝရဲ့ ရင်သွေးငယ် ခင်ဗျ ..

  • mocho

    June 27, 2012 at 9:50 am

    ဪ….သာဓု……သာဓု

    • မှော်ဆရာ

      June 27, 2012 at 1:31 pm

      သာဓု တစ်ကြိမ်က ဘယ်ကားမှတ်တိုင်မှာ ကျန်ခဲ့တုန်း .. တီတီ မိုချို

  • kyeemite

    June 27, 2012 at 10:44 am

    ယောကျင်္ား နှင့် မိန်းမဟူ၍ နှစ်မျိုးရှိသည်တွင် မှော်ဆရာသည် ယောကျင်္ားဆိုသော သတ္တဝါများ အပေါ်တွင် လုံးဝ တဏှာ ပယ်သတ်ခဲ့သည်..။
    လေးစားပါတယ်ကမှော်ရေ…သူဂျီးကတော့မေးနေပီ…ဖြတ်ဖေါက်ချုပ်
    ဆိုဘယ်လိုလဲတဲ့..

    • မှော်ဆရာ

      June 27, 2012 at 1:32 pm

      သဘာဝဟာ သဘာဝပါ …

    • nozomi

      June 27, 2012 at 5:25 pm

      ကွန်းမန့်လေး တွေ့လို့
      ကျွန်တော့ ဆီမှာ ပေါက်ဖော်ကို ဖြတ် ဖောက် ချုပ် လုပ်ထားတဲ့ အဆင့်ဆင့် ပုံတွေ ရှိပါတယ်
      အားလုံးကလဲ ကျန်းမာရေး ဗဟုသုတ အနေနဲ့ ကြည့်ချင်တယ်
      သူကြီးကလဲ ဆင်ဆာခွင့်ပြုတယ် ဆို တင်ပေးပါ့မယ်

      • မှော်ဆရာ

        June 27, 2012 at 5:45 pm

        ဒါလုပ်သင့်တာပေါ့ …။
        ယူတတ်ရင် ဘာဝနာပဲ ဟာကို ..

  • Wow

    June 27, 2012 at 10:48 am

    မှော်ဆရာဒို့ တဏှာပယ်ပုံများ ကြည်ညိုစရာကောင်းပါဘိ၊
    တဏှာစင်တဲ့သူကို မီးရှို့ကြည့်မလောင်ဘူးတဲ့… ကဲ ဘယ်လိုလဲ ဆြာ… 😀
    သားရေ… ပူဘူးတော့….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:53 am

    လေးစားပါတယ်…။
    သူတော်ကောင်းလေး မှောဆရာရယ်…။
    ဘာတွေကျန်သေးလဲဟင်….။

    • မှော်ဆရာ

      June 27, 2012 at 1:36 pm

      တဏှာတွေ ကုန်တော့ သမုဒယတွေ ကျန်သပေါ့ကွယ် ..
      မယုံရင် အိမ်က မှော်သားသားလေးကို လာကြည့် ..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:54 am

    မှော်ဆရာလို့ ပြောတာ..
    ပြင်ဖတ်နော်…ဟီးးးးးးးးးးးးးး

  • ဘဲဥ

    June 27, 2012 at 12:14 pm

    သများကတော့ ငါးဆယ်ရာခိုင်နှုံး အဲ့ အဲ့ အရွယ်မရောက်သေးတာနဲ့ အိုဗာဒိတ်တွေဖယ်လိုက်ရင် ခုနှစ်ဆယ့်ငါး ပါစန်းတစ် ကင်းတယ်။ အဲ့ကျန်တာတော့ ဘာလာလာဒေါင်းတယ် ။ :mrgreen:

  • ကြောင်ဝတုတ်

    June 27, 2012 at 12:14 pm

    ခင်ဗျားလိုကင်းကြေးဆို… ကျွန်တော်က ၉၅% ကင်းပါတယ်ဗျာ…
    ရုပ်ချောချောထဲမှာမှ ခပ်ရှုပ်ရှုပ်၊ အလွန်လန်းဇယားတွေ ၅% ကိုထပ်ဖယ်လိုက်သေးဗျ…
    သိမ်သိမ်မွေ့မွေ့လှလှပပလေးတွေ ၅% လောက်ပဲ တဏှာထားတာ…

    တဏှာ ၉၅% ကင်းသူ-
    ကြောင်ဝတုတ်

    • ရွာစားကျော်

      June 27, 2012 at 12:35 pm

      သူတော်ကောင်းလေးတွေ ရင်ဖွင့်ကုန်ဘီ…
      နာလည်း ပါဆင့်တိတ် ပြန်တွက်ကြည့်အုံးမှ…
      အင်းး..
      #$&^-50%
      &@! -25%
      (*&)^%#@ -10%
      *&$#@ -10%
      &^@!!$ -2%
      အင်း.. အဲ ငါလည်း သူတော်ကောင်းကြီးပဲဟ

  • Ma Ei

    June 27, 2012 at 12:32 pm

    တစ်ကယ့်သူတော်ကောင်းလေးတွေပါလားနော်…
    ဝတ်ကြောင်တွေများ စွန့်ကြတော့မလား
    စိတ်ပူလို့ပါ….

    • mamanoyar

      June 27, 2012 at 1:36 pm

      အင်း စွန့်နိုင်တယ်
      ဘုန်းကြီးဝတ်မယ်ထင်တယ်
      သာဓု၊သာဓု သာဓုပါ

      • မှော်ဆရာ

        June 27, 2012 at 1:37 pm

        ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ် …

  • amatmin

    June 27, 2012 at 12:34 pm

    ကိုယ့်မှာ ပိုင်တာဒီတဏှာလေးတခုပဲရှိတာကို..
    ဒါလေးကို လိုက်ကန့်သတ်နေရင်.မဖြစ်သေးပါဘူး..
    ဆိုတော့..လာချင်တဲ့အချိန်.လာခဲ့စမ်းပါတဏှာ.
    နင်လာပီးရင်.အဲ့ဒီအချိန်အကုန်ငြိမ်းပဲ..

    တဏှာမီးတွေကို မကြာခဏငြိမ်းချင်နေသူ
    အမတ်မင်း

    • မှော်ဆရာ

      June 27, 2012 at 1:35 pm

      အဲဒါ ငြိမ်းတာမဟုတ်ဘူး ကိုမတ်ရဲ့ ။။။
      ဓါတ်ဆီလောင်းတာ …
      ပုံ .. လက်သွက်သော ဓါတ်ပုံဆရာ

      • amatmin

        June 27, 2012 at 5:13 pm

        ခင်ဗျားတို့ လက်သွက်တာ..
        ကျုပ်မှာ မှတ်တမ်းရှိတယ် နော့..
        လူဇိုးကြီးတွေ.. 😛

  • Moe Z

    June 27, 2012 at 12:54 pm

    ဩော ..ဪ .. သူဒေါ်ဂေါင်းတွေအများကြီးလာစုနေကြပါလား ..
    မှန်ရာကိုအမှန်အတိုင်းပြောရင် သူဒေါ်ဂေါင်းဆိုတော့
    အားလုံးက သူဒေါ်ဂေါင်းတွေပါပဲ ..
    ဆိုတော့ သူဒေါ်ဂေါင်းဖြစ်ချင်ရင်လာမန့်ကြနော :mrgreen:

    • မှော်ဆရာ

      June 27, 2012 at 1:33 pm

      ပြောပါတယ် … တို့ရွာကသူတွေက သူတော်ကောင်းတွေပါဆို ..:)

    • pooch

      June 27, 2012 at 3:08 pm

      ဟုတ်ပါရဲ့ မထင်မှတ်ပဲ တို့ရွာသားတွေက သူတော်ကောင်းကြီးတွေ များနေတယ် ။ တဏှာပယ်သတ်နည်းကလည်း အဆန်းပဲ။ မော်ဒန် ပယ်သတ်နည်းထင်ပါရဲ့။ 😀
      နောက်တာ။

  • mona smile

    June 27, 2012 at 2:35 pm

    ဟုတ်တယ်..မှော်ဆရာ ပြေားတာ မိုနာ ယုံတယ်..မှော်ဆရာ က အာသဝေါး ကုန်နေပီ..တဏှာပဲးကျန်တော့ တယ်..ဟီဟိ..နောက်တာ..ချိတ်ချိုး ရဝူးနော်..

  • cobra

    June 27, 2012 at 2:58 pm

    တယ်ဟုတ်ပါလား…
    မှော်ဆရာပြောမှပဲ ကျွန်တော်လည်းတော်တော်တဏှာကင်းတယ့်သူဖြစ်နေမှန်းသိတော့တယ်။
    တဏှာ…တဏှာ…ရှိလည်းမကောင်း မရှိလည်းမကောင်းပါလား။

  • water-melon

    June 27, 2012 at 3:06 pm

    လိုချင်တပ်မက်တာကို တဏှာ ဟုခေါ်သည်
    ချစ်ချင်တာကလည်း တဏှာ
    သောက်ချင်တာကလည်း တဏှာ
    ကာမဂုဏ်ကလည်း တဏှာ
    ကြည့်ချင်တာကလည်း တဏှာ
    အော် တဏှာ တဏှာ မကောင်းပါလား
    အချစ်တဏှာလေးတော့ မလျှော့နိုင်ပါသေးကြောင်း
    အဟီ

    • ဘဲဥ

      June 27, 2012 at 3:15 pm

      လူသက်က ကုန်နေဘီ တဏှာသက်ကလေးနဲ့ပဲ ဆက်ရှင်နေရတာကလား

      • မဂွတ် ထော်

        June 27, 2012 at 3:48 pm

        အားပေးသွားပါတယ် …

  • မိုးတိမ်

    June 27, 2012 at 3:54 pm

    အဲဂလိုဆိုတော့ အနော်လဲ သူတော်ကောင်း စစ်စစ်ဖြစ်ကြောင်း
    ကြေငြာမောင်းခတ်အပ်ပါသတည်းးးး
    ဒူဟူဟူ…….. ကြားရာအရပ်မှ သာဓုခေါ်ကြကုန်လော့

  • kyeemite

    June 27, 2012 at 3:56 pm

    ခေတ်သစ်မော်ဒန် တဏှာ ပယ်သတ်နည်းဆိုပီး
    စာအုပ်ထုပ်ပါလားဗျ…
    ကျုပ်ကတော့ တဏှာကုန်တာကြာပေါ့..
    ရာဂလေးဘဲကျန်တော့တာ…

  • manawphyulay

    June 27, 2012 at 4:03 pm

    16 – 25 အတွင်းပဲလား သူတော်ကောင်းလေး ကမှော်ရေ… အမယ်လေးနော်ကျန်တာတွေ ရှောင်လော ရှားလော…

  • မွန်မွန်

    June 27, 2012 at 4:43 pm

    စာဒုပါရှင် စာဒု ပါ… နောင်လည်း ဒီ့ထက် ပိုပြီး ပယ်နိုင်ပါစေ…16-25 အတွင်းက အမျိုးတွေကို ထပ်ပယ်လို့ရသေးတယ်လေ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2012 at 6:19 pm

    အော်အော်အော်
    လောကထဲ ကျုပ်တစ်ယောက်တည်း သူတော်ကောင်းရှိတယ်မှတ်ဒါ
    ကျုပ်ကတော့
    18 – 23

    • မှော်ဆရာ

      June 27, 2012 at 7:29 pm

      ကိုယ့်ထက်တောင် တဏှာပယ်နှိုင်တဲ့ သူတော်ကောင်း ဖူးမြင်ရသကိုး…

  • blackchaw

    June 28, 2012 at 12:13 pm

    အော် လူတွေ လူတွေ
    ဒီတဏှာထဲက လွတ်အောင်ကို မရုန်းနိုင်ကြဘူး။
    ခက်တယ် မှော်ဆရာ ခက်တယ်..။
    :mrgreen:

Leave a Reply