အရှိကို အရှိအတိုင်း

မောင် ပေJune 26, 20121min60956

သည်ကနေ ့ဦးပုသ်နေ ့ဗျ ။
ကျုပ်တို ့မန်းတလေးမြို ့မှာတော့ ၊ ဦးပုသ်နေ ့ဆိုရင် အလုပ်တော်တော်များများ နားကြ ၊ ပိတ်ကြ တာပေါ့ဗျာ ။ ဆိုတော့က..ကျုပ်လဲအားနေပါရော ။ ဒါနဲ ့လဘက်ရည်သောက်ရင်း အင်တာနက်သုံးရအောင် ဝိုင်ဖိုင်ရတဲ့ ဆိုင် ကို ထွက်လာခဲ့တယ် ။
မနက်ပိုင်းမို ့အင်တာနက်သုံးတဲ့လူ သိပ်မရှိဘူးမှတ်တာ ၊ ဦးပုသ်နေ ့ဆိုတော့ ၊ ဆိုင်မှာ လူအပြည့်နီးပါး ဘဲဗျ ။ တက်ဘလက် တွေ ၊ အိုင်ဖုန်းတွေ ၊ အိတ်တီစီတွေ ဆမ်ဆောင်းတွေ… အို အစုံပါဘဲဗျာ ၊ ကိုယ့်ပါတာလေးနဲ ့ကိုယ် သုံးနေကြတာကလား။
ဒါနဲ ့ဆိုင်ထဲ ဘယ်နေရာလွတ်လဲ တစ်ချက်ရှိုးနေတုန်း…
“ ဟေ့ရောင် မောင်ပေ.. လာ..လာ ဒီမှာ လာထိုင်လှည့် ”
ကြည့်လိုက်တော့ ၊ ကျောင်းတုန်းက ဘော်ဒါနှစ်ကောင် ၊ တစ်ယောက်က တက်ဘလက်ကြီးနဲ ့၊ တစ်ယောက်ကကြ အိုင်ဖုန်း နဲ ့။ ကျုပ်လဲ
“ ဟေ့ကောင်တွေ ၊ ဘာတွေကြည့်နေတာလဲ ၊ ချက်ကြီးလား စေတန်လား ”
“ ဘယ်ကလာ အဲဒါတွေက ရိုးနေပြီ ၊ ပလေးဘွိုင်းမှာ လစဉ်ကြေးသွင်းပြီး ရှယ်ခံစားနေတာ ၊ သိပြီလား ၊ ဟားဟား… မောင်ပေ မင်းအခွက်ပြောင်တုန်းဘဲနော ”
“ မင်းတို ့ရဲ ့သူငယ်ချင်းဘဲကွာ ၊ လျှော့လို ့ဘယ်ဖြစ်မလဲ..နော ”
“ လုပ်..မှာကွာ ၊ ဘာသောက်မှာလဲ ၊ အဲ..တစ်ခုတော့ ရှိတယ် ၊ ဒီမှာ အရက်မရောင်းဘူးနော် ”
“ ေ-ွးကောင် ၊ လဘက်ရည်ဘဲမှာ မှာ ၊ နက်လဲ သုံးမလို ့၊ ငါ့ကို ဒီဆိုင်က ပတ်စ်ဝေါ့ပြောဦး ၊ ဒါနဲ ့မင်းတို ့ကြည့်နေတာ..ဘာသတင်းတွေ ထူးသေးလဲ ”
“ ဘာထူးသေးလဲဆိုတော့ ၊ ပြည်ကြီးတံခွန်က ဖာခေါင်းအိမ် ကို တိုင်စာပို ့ထားတဲ့ သတင်းကို ဖရီးဒန်းနယူးမှာ ဖတ်လိုက်ရတယ် ”
“ ဟေ့..အဲဒါ မင်းတို ့နဲ ့ဘဲ ဆိုင်တာလေကွာ ၊ ငါမေးတာက ပြည်တွင်းသတင်း စီးပွားရေး ဘာညာ ”
“ သစ်ထူးလွင်မှာဖတ်ရတာတော့ ၊ မြတ်ခိုင် ကို အာမခံပေးလိုက်ပြီတဲ့ ၊ ကိုမင်းကိုနိုင် က သရက်ပင်ချောင်းရွာက လယ်သမားတွေ နဲ ့သွားတွေ ့ခဲ့သတဲ့ ၊ ဦးသိန်းစိန်က လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေတယ်တဲ့ ”
“ မင်းတို ့က သစ်ထူးလွင်ဘဲ ဖတ်တာလား ”
“ အီလဲဗင်း တို ့၊ ဖရီးဒန်းနယူးတို ့လဲ ဖတ်ဖြစ်ပါတယ် ”
“ မင်းတို ့မန်းတလေးဂေဇက် ကို သိလား ”
“ သိသားဘဲ ၊ အရင်တုန်းကတော့ဖတ်ဖြစ်တယ် ၊ ဒါပေမယ့် အခုနောက်ပိုင်းတော့ မဖတ်ဖြစ်တော့ဘူး ”
“ ဟင်..ဟုတ်လား ၊ ဘာလို ့ဆက်မဖတ်ဖြစ်တော့တာလဲ ၊ ပြောစမ်းပါဦး ”
“ အရင်တုန်းက ဖတ်တယ်ဆိုတာက ၊ အဆိုတစ်ခုရှိလာပြီ ဆိုရင် အဲဒါကို ဝိုင်းငြင်းနေကြတာ.. ဟိုကွာ…ရပ်ကွက်တွေထဲမှာ ဟိုဘက်ဒီဘက် အစုလိုက်ကြီးရန်ဖြစ်နေတာ ကို ဘေးကကြည့်ရသလိုမျိုး..အရသာတော်တော်ရှိတာကွ ၊ နောက်ပြီး ဖတ်ရတဲ့စာလေးတွေကလဲ ၊ ကိုယ်ပိုင်အတွေးအမြင် ကိုယ်ပိုင်အရေးအသားလေးတွေနဲ ့ဆိုတော့ ဖတ်ဖြစ်ခဲ့တာပေါ့ကွာ ၊ အပြင်မှာ လက်ရှိရေးနေတဲ့ စာရေးဆရာတွေ နဲ ့ကဗျာဆရာ တွေ ရဲ ့လက်ရာတွေ လဲ ဖတ်ရတယ်ကွာ ၊ တစ်ချို ့ကြတော့လဲ နိုင်ငံခြားကရေးတာထင်တယ် ၊ သူတို ့ရောက်နေတဲ့ဆီက အနေအထားလေးတွေ ၊ တစ်ချို ့ရေးတဲ့သူတွေ ဆိုရင် တစ်ကယ့်ကို ဆရာကြီးတွေဘဲ.. နိုင်ငံအတွက် ဘယ်လိုကောင်းအောင်လုပ်ရမလဲ ၊ နည်းပညာပေးဆောင်းပါးတွေ ၊ တို ့ပတ်ဝန်းကျင် အတွက် ကောင်းဖို ့အကြောင်းတွေကို ကျကျနန အသေးစိတ်ရေးပေးထားတာကွ ၊ သတင်းတွေလဲအစုံဖတ်ခဲ့ရတယ်ကွာ ၊ အဲ..အင်္ဂလိပ်စာလဲ သင်ပေးသေးတယ်ကွ ငါတောင် အဲဒီ အင်္ဂလိပ်စာအီဒီယမ်သင်ပေးတဲ့ စာဆို စတစ်ထဲ ကူးနေကြဘဲ ၊ အခုကြ.. တစ်ခါလာလဲ ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲမှာ ထည့်ပြီးသား ဖတ်ပြီးသား ဟာသတွေကို ကိုယ်ပိုင်ဘဲ ရေးထားတာလိုလို ၊ တစ်ချို ့စာတွေဆိုရင် ကွန်နက်ရှင်မှမကောင်းတဲ့ကြားက အဲဒီစာကို ရောက်ဖို ့loading တက်တာကို စိတ်ရှည်ရှည်နဲ ့စောင့်မိပါတယ် ၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ ကြောင်းလောက် ဘဲ ပါလာတယ် ၊ ဆိုတော့ကွာ အဲဒါမျိုးတွေချည်းထပ်နေတာ ဖတ်ရပါများတော့… ငါတို ့က အားယားလို ့အင်တာနက်သုံးတာတော့ မဟုတ်ဘူးပေါ့ကွာ ၊ ဒါပေမယ့် အားလို ့ရတဲ့အချိန်ခဏလေးမှာ အင်တာနက်သုံးပြီး စာဖတ်တဲ့အခါ ၊ တစ်ခုခုတော့ ရချင်မိတာပေါ့ ၊ အဲဒါပါဘဲကွာ ”
“ ဒါနဲ ့..အခုမှ သတိရတယ် ၊ ငါတို ့ဂေဇက်မှာ ဖတ်တုန်းက မောင်ပေ မောင်ပေ နဲ ့ဆိုတာ ကို တွေ ့ခဲ့ဖူးသလိုဘဲ ၊ အဲဒါ မင်းလား မောင်ပေ ”
“ မင်းက ဘယ်လို ထင်လို ့လဲ ၊ ဟဲဟဲ ”
“ မင်းဘဲဖြစ်မှာပါကွာ ၊ မင်းက ပြောင်ပြီးသားကောင်ဆိုတော့ ၊ လိုက်ပြောင်နေတာဘဲ ဖြစ်မှာ ”
“ အသာလုပ်ပါငါ့ကောင်ရာ ၊ ငါလဲ စာရေးတာဝါသနာလေးနဲနဲပါလို ့၊ အရင်တုန်းက စတိုင်းယားလေးတွေ နဲ ့ရသလေးတွေ ရေးဖြစ်တာပါ ၊ နောက်ပိုင်းကြ လိုင်းတွေပူးပြီး.. ပရီးမီးယားလိဂ် တို ့စီးရီးအေ တို ့ဥရောပ ကလပ်ပွဲတွေ အကြောင်းတွေ ဘက် ရောက်သွားတာ ”
“ ဒါဆို မင်းက ခန် ့မှန်းချက် ရေးတာပေါ့ ၊ ဘောလုံးဂျာနယ်တွေလို ”
“ ဟုတ်တယ်..ဒီကောင်ရေးတာဖတ်ဖူးတယ် ၊ အဲ့တုန်းက ၁ပွဲမှန် ၂ ပွဲမှား ၊ နောက်တစ်ခါထပ်ဝင်ကြည့်တော့ ၂ ပွဲမှန် ၁ ပွဲမှား ၊ ဒီကောင်ဘယ်ကနေဘယ်လို အကြားမြင်ရလဲ မသိဘူး ”
“ အကြားမြင် ရတာ မဟုတ်ပါဘူးကွာ ၊ အဲဒီလို ရေးတင်နိုင်ဖို ့၊ ဘောလုံးဝက်ဆိုက်ပေါင်း ၁၃ ခုလောက်ကနေ အချက်အလက်တွေလိုက်ရှာ ၊ ကိုယ့်စာဖြစ်အောင် စုတုပြု ၊ အာရှဘူကီဈေးတွေနဲ ့၊ သည်ကဈေးတွေ ယှဉ်ပြီး ၊ ဖြစ်နိုင်ချေ ရှိတဲ့အကြောင်း ကို ရေးခဲ့တာပါဟ ”
“ အေးပေါ့လေ.. မင်းကတော့ မင်းဟာနဲ ့မင်းကိုး ၊ ငါတို ့တော့ မန်းတလေးဂေဇက် ကို ဖတ်ချင်စိတ် ဖီးလ်သိပ်မဖြစ်တော့ပါဘူး ”
“ လာဖတ်ပါဟ ၊ မင်းတို ့ကြုံခဲ့ရတယ်ဆိုတာ ၊ တို ့ဆိုက် က သဂျီးက အလုပ်များနေလို ့၊ မစီစစ်နိုင်သေးလို ့ပါ ၊ နောက်ပြီး ဆိုက်ထဲက လူဟောင်းတွေကလဲ သိပ်မပြောကြဘူး ၊ လူမုန်းများမှာ စိုးလို ့ထင်ပါတယ်ကွာ ”
“ အေးအေး..ကြည့် ကြည့်ဦးမယ်လေ ၊ ထားပါတော့ ၊ မင်းလဲ လဘက်ရည်သောက်လိုက်ဦး ၊ တို ့လေပေါနေတာနဲ ့မင်း လဘက်ရည်က အေးနေပြီ ၊ ဒါနဲ ့ယူရို၂၀၁၂ ဆီမီးဖိုင်နယ် မင်းဘာကြိုက်လဲ ၊ မင်းရေးတင်ဦးမှာလား ”
“ လောလောဆယ်ကြိုက်တာတော့ ရှိတာပေါ့ ၊ ဒါပေမယ့် ကန်မယ့်နေ ့ကြမှ ထွက်တဲ့ဈေးကို ကြည့်ပြီးမှ ဘယ်အသင်းနိုင်လောက်တယ် ဆိုတာ ကို ခန် ့မှန်းလို ့ရမှာကွ ”
“ မင်း စတိုင်ယားတွေရေးတယ်ဆို ၊ အဲဒါ မရေးတော့ဘူးလား ”
“ အခုနောက်ပိုင်း ပြန်ရေးဖြစ်တာလေးတွေ ရှိတယ် ၊ ဒါပေမယ့် မတင်ဖြစ်သေးတာ ၊ ရခိုင်ကိတ်စ ပေါ်လာတော့ ၊ ကြားရတဲ့ ဖတ်ရတဲ့ သတင်းတွေအပေါ် စိတ်မကောင်းဖြစ်မလို ့၊ မရေးဖြစ်တာကွ ”
“ အေးကွာ..ငါ့သယ်ချင်းက စာရေးတယ်ဆိုမှတော့ ၊ ငါတို ့ကြုံရင်ကြုံသလို ဝင်အားပေးပါမယ်ကွာ ”
“ အေးပါကွာ ၊ ကျေးဇူးတင်ပါတယ် ၊ လောလောဆယ် လဘက်ရည်ဘိုး ငါရှင်းခဲ့မယ်နော် ၊ နောက်မှတွေ ့မယ်ကွာ ”
သို ့နှင့် ကျုပ်လဲ သူရို ့နဲ ့ပြောဖြစ်ခဲ့တဲ့ဟာတွေ ကို စာတစ်ပုဒ်လောက် ကောက်စီကြည့်မလားလို ့၊ စဉ်းစားရင်းနဲ ့လက်တွေ ့အကောင်အထည်ဖော်ဖြစ်ပြီး အခုလို ရေးဖြစ်သွားတာပါဘဲ ။
ကျုပ်ရေးတဲ့စာအတွက် ကျုပ် ကို မုန်းကြလဲ မုန်းကြပါစေ ။
ကျုပ် နဲ ့လူတော်တော်များများ ပျော်ရွှင်နေသော နေရာလေးကိုတော့ မပျက်စီးစေချင်တာ ၊ အောက်မကျစေချင်တာ ၊ လူကဲ့ရဲ ့စရာ မဖြစ်စေချင်တာ ၊ ကျုပ်ရဲ ့စေတနာအမှန် ပဲမို ့၊ အရှိကို အရှိအတိုင်း ရေးပြလိုက်ပါတယ်ဗျား ။
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

56 comments

  • memeseku

    June 26, 2012 at 9:41 pm

    သေ ပီ ဟေ… အူးပေ… ထစ် ခနဲ ဆို facebook က ကူးပြီးတင်တင်နေတဲ့ ကြောင်းရော မပြော ကြ ဘူးလား… facebook များစွယ်စုံ ကျမ်းလို မှတ် ပြီး ကူးကူးတင် ရတာ အမော… 🙂 🙂

  • marblecommet

    June 26, 2012 at 9:54 pm

    အော် ….
    မီးရထားမောင်းသမားကြီးရယ်…….
    စိတ်ပူတတ်ရန်ကောကွယ်…..
    ……….

  • kang lay

    June 26, 2012 at 10:31 pm

    ဟုတ်တော့ ဟုတ်ပါတယ် ဦးပေ ပြောတာလဲ မှန်ပါတယ် နောက်တက်လာတဲ့သူတွေကလဲ မလုပ်တတ်မကိုင်တတ်တော့မျောက်မီးခဲကိုင်မိသလို ဟိုစမ်းဒီစမ်းလုပ် နေကြတာဆိုတော့လဲခုတော့သီးခံပေးလိုက်ပါ ဦးပေရယ် မမှန်သတင်းတွေကိုလဲ ဂေဇက် မှာမတင်စေချင်ပါဘူး ပြသာနာသယ်လာမယ့်ပိုစ်တွေကိုလဲမတင်စေချင်ပါဘူး အားလုံးကို လေးစါးလျှက်ပါ

    • Mလုလင်

      June 27, 2012 at 1:58 am

      “လေးစါး” ကို ဒီလိုလေး “စား” လိုက်ပါလားဗျာ နော့

      • မွန်မွန်

        June 28, 2012 at 11:10 am

        ကျန်သေးတယ်ရှင့်…. လျက် မှာ ဟထိုးမပါပါဘူးရှင်…

  • ညလေး

    June 26, 2012 at 10:33 pm

    အဆက်ကလေး………လုပ်ပါဦးလား..
    ဖတ်လက်စနဲ…..ဦးပေရာ…
    နော်အားပေးနေပါေဂျာင်း…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2012 at 12:02 am

    ( “ မင်းတို ့မန်းတလေးဂေဇက် ကို သိလား ” )
    သူများတွက် ဘယ်လိုနေမလဲ မသိပါဘူး ကျုပ်အတွက် စိမ်ခေါ်မှု့တစ်ခုပါဘဲ
    ဂေဇက်ဆိုတာကို တည်ထောင်တဲ့ သဂျီးကို ဘေးချိတ်ထားပါမယ်
    ကိုယ့်ကိုယ်ကိုယ် ဂေဇက် ခရေဇီ တစ်ယောက်လို့ မှတ်ယူပါတယ်
    ညီမငယ် မနောဖြူလေး ရေးတဲ့ ပိုစ့် တစ်ခုရှိခဲ့ဘူးပါတယ် ဂေဇက်ကို သိကြပါသတဲ့
    ကျုပ်နေတဲ့ ပတ်ဝန်းကျင်ကို လေ့လာဘူးပါတယ် သူတို့ မသိကြပါဘူး 🙁
    စကား ( နောက် ) တရားပါ ကျုပ် ပိုစ့် တစ်ခုမှာ ပြောခဲ့ဘူးပါတယ် ထပ်မပြောလိုတော့ပါဘူး
    ဘာဘဲဖြစ်ဖြစ်ပါ
    မန်ဘာတွေအနေနဲ့ မာနတွေကို ဘေးချိတ်ထားကြဘို့ ကျုပ် မေတ္တာရပ်ခံပါတယ်
    သေခြာတာကတော့ ဖတ်နေကြတာပါဘဲ
    ပုဂ္ဂိုလ်စွဲ မထားကြပါနဲ့
    ဥပမာ
    ဒီနေရာမှာ ကျုပ်က ဖေတော့ မောင်တော့ ဆဲရေးတိုင်းထွားတာကို ဒီနေရာမှာထားခဲ့ပါ
    တစ်ခုသောနေရာမှာ သဘောလွဲသွားတာကို ဘဝတစ်ခုလို မခံယူကြပါနဲ့
    အခြားနေရာမှာ ကျုပ်က ကောင်းရာကောင်းကြောင်း ပြောလာရင် ပြေလည်အောင်ဆွေးနွေးကြပါ
    ဒါက ဥပမာပါ
    ဆိုလိုတာက
    ( အခြေနေကြည့်ပြီး ဆက်ရေးပါအုန်းမယ်ဗျာ )

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 27, 2012 at 12:03 am

      ညှင်းညှင်းညှင်း

      • TNA

        June 27, 2012 at 11:59 am

        အဘပုတော့လွတ်စေ

    • အရီး Khin Latt

      June 27, 2012 at 3:33 am

      ဘပု…
      စိတ်ချမ်းသာသလို နေ။
      ဒါနဲ့
      ဟိုဘက်မှာ ခခွီး ဆိုလား။ 😀

  • ဖိုးထောင်

    June 27, 2012 at 12:40 am

    ဦးပေ ရေးတာလေး ကောင်းပါတယ်ရွာကြီးကရသစုံရွာကြီးဖြစ်သင့်ပါတယ် အနော်တို့ကရေးတတ်ဘူး ဖတ်မယ် မန့်မယ် ဒါပဲ

    • ဘဲဥ

      June 27, 2012 at 12:04 pm

      တစ်ဆယ်ယူပီး လစ်မယ်ပေါ့လေ…… 😀

  • အရီး Khin Latt

    June 27, 2012 at 3:37 am

    မောင်ပေ

    ရသာ ချိုချဉ်စပ်ခါးပေါ့။

    ဒါပေသည့် မောင်ပေ ထောက်ပြ သလို ဘဲ အဖြစ် ရေးနေတဲ့ Post လေး တွေ ကို တော့ သတိပေးသင့်တယ်။
    စာလုံးရေ ဘယ်လောက် ဖြစ်မှ Post တစ်ခု ဖြစ်မယ် ဆိုတာလေး။
    Word Count လုပ်ပြီး စစ်လို့ ရမယ်ထင်ရဲ့။
    ကော်ပီ ဆိုရင် ကော်ပီ လို့ ခေါင်းစဉ်တပ် သင့်သလား။
    ဒီလိုဆို ကော်ပီ မဖတ်ချင်ရင် ဝင်မဖတ်တော့ ဘူးပေါ့။
    အခုတစ်လော Post တွေ များ လာတာ တော့ ကောင်းပါရဲ့။
    အကျိုးရှိတာလေး တွေ ဆို ပိုကောင်းမှာပါ။

    မောင်ပေ ပြောတာ ကို အားပါးတရ ထောက်ခံသွားပါတယ်။ 🙂
    ဘရာကြော်၊ ငှက်ပျောကြော်၊ ပုဇွန်ကြော်၊ မန္တလေးပဲကြာ် (စားချင်တာလေးတွေ အပို ထည့် ပေးလိုက်တာ)
    😀

  • marblecommet

    June 27, 2012 at 5:03 am

    ဘပုကိုချစ်တယ်……….
    အူးကြောင်ကိုချစ်တယ်…
    ဒါပဲ
    ငါက ဖြတ်ဖောက်ချုပ်မဟုတ်……
    မူးလို့ပြောတာ ….
    တကယ်ပြောတာ…….

  • ဦးဦးပါလေရာ

    June 27, 2012 at 7:23 am

    ဒီဆိုက်က လွတ်လပ်စွာရေး တင်ချင်တာတင် ဆိုတဲ့ဆိုက် ဆိုတော့
    အဲဒါကိုပြန်ထိန်းဘို့
    ပိုစ့်တွေ ကို ဝေဖန်တဲ့ တယောက်/တဖွဲ့ တော့ ရှိသင့်တယ်…
    ဘယ်လို ဝေဖန်တဲ့လူမျိုးလဲ ဆိုတော့
    အရင်က ရုပ်ရှင်တွေကို ဝေဖန်တဲ့ ဆရာ စိန်ခင်မောင်ရီ ….. လိုမျိုးပေါ့..

  • htoosan

    June 27, 2012 at 7:26 am

    ဦးပေရေ. ဦးပေရဲ့ စေတနာ ကိုမြင်ရပြီးလူဇိုးဝင်လုပ်ပေးတာ ကျေးဇူးတင်ပါသည်။
    ဒါပေမဲ့ ဦးပေရေ. စိတ်ရှည်သည်းခံပေးဖို့ လိုမယ်လို့လည်းထင်ပါသည်။
    တစ်ဘက်ကလည်း ထိန်းကျောင်းပေးရင်း ဦးပေတို့ ကိုဂီတို့ ဆရာသစ်မင်းတို့လို လူများလည်း စိတ်မပျက်ဘဲ ဆက်လက် ရေးပေးနေရင် ရွာကြီး ပိုသာယာလာမယ်လို့လည်းထင်ပါသည်။
    ဖတ်နေကျ လူတွေဆို ကြာလာရင် ဘယ်သူ က ဘယ်လိုစာရေးတတ်လည်းသိလာပြီး ရွေးဖတ်ကြမှာပါ။
    လူသစ်တွေ အနေနဲ့ ကစဝင်စဆိုတော့ ရေးချင် တင်ချင် လက်သွေးချင် စမ်းချင် ကြမှာပါဘဲ ။ အဲဒါကို သဘာရင့်နေသူများ ကို ထိန်းပေးသွားရင် သူတို့တွေလည်း အခြားသော မသင့်လျော်သော နေရာတွေမှာ မပျော်မွေ့တော့ဘဲ မန္တလေး ဂေဇက်မှာ ပျော်မွေ့လာရင် ပိုမကောင်းဘူးလားဗျာ။
    ကျွန်တော်ကတော့ ရွာသက်ရင့်သူ ရေးနိုင် ရေးတတ်သူများ စိတ်မပျက်ဘဲ ရေးရင်း ထိန်းကျောင်းပေးစေချင်မိတယ်။ အန်တီမမ ၊ မွန်မွန်တို့လို သတ်ပုံ အဖွဲ့ကလည်း သတ်ပုံလေးတွေ ပြင်ပေးရင်းနဲ့ပေါ့ ။
    သူကြီးကတော့ ဘယ်လို သဘောထားပြီး ဒီဆိုဒ်ကိုတည်ထောင်ခဲ့လည်း မသိပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ဒီဆိုဒ်က လူငယ်တွေ လူကြီးတွေ သဘောထား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဝေဖန် ၊ ဝေဖန်ဆွေးနွေးတဲ့ အကျင့်၊ သည်းခံ တတ်တဲ့အကျင့် ၊ လွတ်လပ်ခွင့်တစ်ခုကို ကိုယ့် အသိစိတ်ဓါတ်နဲ့ ကိုယ် ထိန်းသိမ်းတတ်တဲ့ အကျင့်ကောင်းလေးတစ်ခု ဖြစ်စေခြင်တာတွေ ပါနေမလား တွေးမိပြီး နှစ်ခြိုက်နေမိပါသည်။ အဲ့ဒီ့ အနှစ်သာရကို မမြင်ဘဲ အပေါ်ယံနဲ့ ကဲ့ရဲ့ရင်လည်း ပြုံးနေပေးလိုက်ကြရအောင်လားဦးပေရေ.

    အခုလည်း ဦးပေက စေတနာနဲ့ ထိန်းကျောင်းပေးခြင်းတစ်ခုမို့ မုန်းစရာ အကြောင်းမမြင်ကြောင်းပါ ။
    ဘရာကြော် ပါ ဦးပေ။

  • TNA

    June 27, 2012 at 8:09 am

    “ကွန်နက်ရှင်မှမကောင်းတဲ့ကြားက အဲဒီစာကို ရောက်ဖို ့loading တက်တာကို စိတ်ရှည်ရှည်နဲ ့စောင့်မိပါတယ် ၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ ကြောင်းလောက် ဘဲ ပါလာတယ်“

    အဲဒါတော့ထောက်ခံတယ် ကပေ့ရေ။ တခါတခါများ ၄ ခါ ၅ ခါလောက်ဖွင့်မှ ပိုစ့်ပွင့်လာတာ။ ပြီးတော့ဘာမှ လဲမဟုတ်ဘူးဆိုတော့ တခြားပိုစ့်တွေဖွင့်ချင်စိတ်ပျောက်သွားရော။ လက်မအကြီးကြီးထောင်သွားပါ၏။

  • Ma Ei

    June 27, 2012 at 9:11 am

    ကိုပေရေ…
    စေတနာအမှန်ကိုခံစားနားလည်မိပါတယ်…
    ဂေဇက်မန်ဘာ အတော်များများမှာဒီလို အမြင်တွေရှိနေကြမှာပါ…
    ရည်ရွယ်ရေးထားသူများထဲက ဒီ Post လေးဖတ်မိပြီး
    စာကောင်းပေမွန်တွေ ရေးလာကြမှာပါ….
    ကျေးဇူးနော်…

  • မမ အညာသူ

    June 27, 2012 at 9:29 am

    အန်ကယ်ပေဘယ်လိုဖြစ်စေချင်တယ်ဆိုတာ
    ညာနာလည်ပါတယ်
    ကျေးဇူးပါနော်

  • mamanoyar

    June 27, 2012 at 9:44 am

    ဦးပေပြောတာမှန်ပါတယ်
    ဗဟုသုတ ရတာလေးတွေ များရင်
    ပိုပြီးကောင်းတာပေါ့
    အခုတော့ …………….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 9:54 am

    ဖတ်ကြည့်သွားပါတယ်နော်…
    မိုက်လေး…..:P

  • pan pan

    June 27, 2012 at 10:23 am

    ကပေပြောတာဟုတ်တယ်
    ပြီးတော့ ဦးဦးပါလေရာပြောသလို့ အဖွဲ့တစ်ခုထားရင်ကောင်းမယ်ထင်တယ်
    တစ်ယောက်တည်းထက်စာရင် အဖွဲ့ကပိုကောင်းမယ်
    အန်တီမမတို့ရဲ့ သတ်ပုံအဖွဲ့လိုပေ့ါ 🙂

  • Moe Z

    June 27, 2012 at 10:33 am

    ဟုတ် .. ကိုပေ အသစ်ကလေးသေချာမှတ်ထားပါ့မယ်
    နောက်ဆိုပေါက်ကရမရေးတော့ပါဘူး ..
    စာလေးငါးခြောက်ကြောင်းနဲ့လည်း ပို့စ်တစ်ပုဒ်မရေးတော့ပါဘူး ..
    သတ်ပုံလည်းသေချာစစ်ပါ့မယ် .. :mrgreen:

    လက်မထောင်သွားပါတယ် ကိုပေရေ..

  • kyeemite

    June 27, 2012 at 11:10 am

    ကိုခင်လတ်ကရိုးရိုးမမန့်ဘူး
    အကြော်စုံဆွဲထည့်သွားသေးတယ်
    အကြော်ဘိုးတော့ပေးမသွားဘူး..ပြန်လာမှတွေ့အုံးမယ်…
    ————————————-
    ကိုရင်ပေ ကိုအပြည့်အဝထောက်ခံ၍ လက်မကြီးကြီး(ရဲဘော်ဘလက်ဆီက
    ခဏငှား)ထောင်သွားပါဂျောင်း။အဲရေးပီးမှ လက်မထောင်ဖို့
    အပေါ်တက်သွားတော့ လက်မရှာမတွေ့ပါဂျောင်း..ဆောရီးပါ ကိုပေရေ..

  • surmi

    June 27, 2012 at 11:25 am

    အဖွဲ ့ နဲ ့ဝေဖန်ကြမယ်ဆိုရင်ကောင်းပါတယ်
    စိတ်တော ့မဆိုးကြေးပေါ ့ ဒါမှဒီဆိုက်ကို ဝင်ပြီးနှေက်ယှက်အသုံးချတဲ ့သူတွေ
    နဲသွားမှာ။အဖွဲ ့ထဲမှာပါစေချင်တဲ ့သူတွေကတော ့အများကြီးပါပဲဒီထဲကတချို ့ကို
    ရွေးရင်တော ့ ကိုအောင်ပု နိဂိမိ ကိုကြောင်ကြီး ဦးဖေါရင်း ကိုပေါက် မမ ဆူး အိတုန်
    ကိုဘလက်ချော အရီးလတ် တီချယ်နု ဦးပါလေယာ ကိုနေဝန်းနီ ကိုကမ်း
    ကိုပေကိုတော ့ပို ့စ် စရေးလို ့ ဝေဖန်ရေးအဖွဲ ့ထဲမထဲ ့တော ့ပါဘူး
    အမှန်တော ့ ပါသင် ့သူတွေ အများကြီးကျန်ပါသေးတယ်
    ရွာထဲနေတွ ့နေကျသူတွေထဲက ပြောလိုက်တာ
    ဘာသာရေးပို ့စ်များအတွက် ဆရာတော်များလဲပင် ့ဖိတ်ချင်ပါတယ်
    အခြားသူများလဲအကြံပေးကြပါဦး။

  • ငပွကြီး

    June 27, 2012 at 12:19 pm

    ကျွှန်တော်က ဒီဂေဇက်ကို ဝင်ဖတ်နေတာတော်တော်ကြာပါပြီ..ရွာသူားအားလုံးနီးပါး ကိုလည်းလူမမြင်ဖူးတောင် နာမည်တွေကရင်းနှီးနေပါတယ် …
    ပိုစ့် တွေ ကွန်မန့်တွေတော့ သိပ်အများကြီးမရေးဖြစ်ဘူး ..ဘာဖြစ်လို့မရေးဖြစ်တာလဲဆိုတော့
    “””4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ”””
    “””12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ “””
    အဲဒီ အချက်တွေကိုလိုက်နာသောအားဖြင့် ကွန်မန့်လေးရေး ပြီးမှပြန်ဖျက် ,ပိုစ့်လေးရေးပြီးမှ ပြန်ဖျက် အဲဒီလိုနဲ့ပဲ ဘာမှသိပ်မရေးတော့ ပွိုင့်မရ ရာထူးမတက် လူမသိ မထင်ပေါ် ဖြစ်ရတယ်ဆိုပါတော့ဗျာ..
    ဒါပေမယ့် ..ဒါက အရေးမကြီးဘူး..ကိုယ့်ကိုယ်ကို ဂေဇက်ရွာသားတစ်ယောက်အဖြစ်(ဘယ်သူအသိအမှတ် ပြုပြု မပြုပြု) ဂုဏ်ယူစွာ နေ့စဉ် ဝင်ဖတ်မြဲ မပျက်ကွက်ပါ..
    ကိုပေ ပြောသလို အရည်မရ အဖတ်မရ ပိုစ့်တွေ ကွန်မန့်တွေလဲ အများကြီးတွေ့နေပါလျှက်နဲ့လည်း စိတ်ပျက်ခြင်းမရှိသေးပါဘူး…
    ဒါပေမယ့်…ခုတလော နဲနဲတော့ စိတ်ပျက်သလိုလို အားငယ်သလိုလို လေးတော့ခံစားရပါတယ်
    အကြောင်းရင်းကတော့ တချို့ပိုစ့် ၁ခု ၂ခု မှာ ကိုယ်ကခေါင်းစဉ်ကိုကြည့်ပြီးအားတက်တရော ဝင်ဖတ်လိုက်တယ်… (Rules) ဆိုတာကြီးက ပေါ်လာတယ်…ဝင်ဖတ်လို့မရဘူး…
    ကိုယ်ထင်လိုက်တာက ဒါ သူကြီးက ပိတ်ထားတယ်ပေါ့လေ…
    ဒါပေမယ့်…အဲဒီပိုစ့်မှာ ကွန်မန့်တွေက တိုးတိုးလာတော့ ကိုယ်ကသာ ဖတ်လို့မရတာ ရတဲ့သူတွေကရတယ်ဆိုတော့ သိလိုက်တာက ..အော်….ဂေဇက်မှာလဲ VIP ရှိတာပါလားလို့ အားငယ်မိသွားပါတယ်…

    • မောင်ပေ

      June 27, 2012 at 12:24 pm

      အဲဒါကတော့ ဒီလိုရှိပါတယ်
      ပွဲအရမ်းကြမ်းသွားမှာ စိုးလို ့ပိတ်လိုက်တာ ထင်ပါရဲ ့
      ဗီအိုင်ပီ မရှိပါဘူးဗျာ
      အားလုံး လူတွေပါဘဲ
      ခင်ဗျားပြောတဲ့ ပို ့စ် ကို ကျုပ်လဲ အရမ်းသိချင်လို ့၃ ၄ ခါလောက် ဝင်တယ်
      ရူး ဘဲ မြင်ရတယ်။

      • ငပွကြီး

        June 27, 2012 at 12:35 pm

        ကိုပေပြောတာ လက်ခံပါတယ် ကျွှန်တော်က ငိုချင်လျှက်လက်တို့ ဖြစ်နေတာပါ
        ဒါပေမယ့် ကွန်မန့်တွေက တိုးတိုးလာတယ်ဗျ…
        စကားမစပ် ဟွန်းတီးထားတဲ့ ကိစ္စ ကြုံရင် လက်ဖက်ရည်တိုက်မယ်နော်..

    • Moe Z

      June 27, 2012 at 12:27 pm

      အဲလိုမဟုတ်လောက်ပါဘူး
      ကြည့်ရတာ ကို/ဦး ငပွကြီးက log in မလုပ်ပဲဖတ်လို့ထင်ပါတယ် ..

      • ငပွကြီး

        June 27, 2012 at 12:40 pm

        အေး….အဲဒီလိုများလားတော့မသိဘူး…ပြန်စမ်းကြည့်လိုက်ဦးမယ် မိုးဇက်ရေ…
        မောင်ပွကြီး ခေါ်လဲရပါတယ်ခင်ဗျ..

        • ငပွကြီး

          June 27, 2012 at 1:10 pm

          မိုးဇက်ရေ log in ဝင်ပြီးမှဖတ်ရင်ရတယ်ဗျ…
          ကျွှန်တော် အထင်လွဲမိတာကို သူကြီးအပါအဝင် အားလုံးကိုတောင်းပန်ပါတယ်…
          ကျေးဇူးပါ မိုးဇက်..

        • Moe Z

          June 27, 2012 at 1:17 pm

          ရပါတယ် ဖြစ်တတ်ပါတယ်
          အဲလိုစိတ်ထဲရှိတာပြောလိုက်တော့လည်း ရှင်းသွားတာပေါ့
          ပြန်ပြောပြတာကိုလည်းကျေးဇူးပါနော ..

          အင်း သဂျီးပွိုင့်စစ်စတမ်ပြောင်းလိုက်လို့ပေါ့
          မဟုတ်ရင် ဒီနေ့အတော်အဆင်ပြေမှာ :mrgreen:

  • ရွာစားကျော်

    June 27, 2012 at 12:19 pm

    ံHome မှာ ပို့စ်ခေါင်းစဉ်၊ ရေးသူအမည် နဲ့ Tag ပေါ်သလို.. Category ထည့်ထားတာကိုလည်း ပေါ်အောင် လုပ်ထားမယ်ဆိုရင်ကော..
    ကော်ပီ/ပေ့စ် ဆိုတာ မြင်ရင် မဖတ်ချင် ကျော်သွားလို့ရတယ်
    politic, Satire, Act, Joke တခါတည်းပေါ်နေရင် စိတ်ဝင်စားတဲ့ ပို့စ်ဝင်ဖတ်ပေါ့..
    ကောင်းတယ်နော်.. မကောင်းဘူးလား?
    ..
    စဝင်ကာစ ရွားသူားအသစ်တွေလည်း မြေစမ်း ခရမ်းပျိုးသလို လုပ်ကြရင်း ပို့စ်တွေတင်ရင်း ရွာသက်ရင့်တဲ့သူတွေက ဖေးမသွားကြတာပေါ့.
    ဪ.. လက်မလေး ထောင်ခဲ့တယ်နော်.. ကပေ့

  • marblecommet

    June 27, 2012 at 12:22 pm

    ဒါဆို
    ကပေပြောသလိုဆို
    တားတို့ကဗျာရေးရင်
    အရှည်ကြီးရေးရတော့မှာလားဟင်
    တေပီ…..

    • မောင်ပေ

      June 27, 2012 at 12:31 pm

      ကျန်တဲ့လူတော့ မသိဘူး
      ခင်ဗျားကတော့ ရေးရမယ်
      ဘယ်လောက်အထိလဲ ဆိုရင်
      တစ်ပုဒ်ကို အေဖိုး၂ရွက်စာ ရှိရမယ်ဗျာ
      ညှင်းညှင်း ညှင်းညှင်း
      ဒေါင့်ဒေါင့် ဒေါင့်ဒေါင့်
      ဟတ်ဟတ် ဟတ်ဟတ်
      စပိတ် စပိတ်

  • ငပွကြီး

    June 27, 2012 at 12:26 pm

    “”ကိုပေ ပြောသလို အရည်မရ အဖတ်မရ ပိုစ့်တွေ ကွန်မန့်တွေ”” ဆိုတာက
    “”အခုကြ.. တစ်ခါလာလဲ ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲမှာ ထည့်ပြီးသား ဖတ်ပြီးသား ဟာသတွေကို ကိုယ်ပိုင်ဘဲ ရေးထားတာလိုလို ၊ တစ်ချို ့စာတွေဆိုရင် ကွန်နက်ရှင်မှမကောင်းတဲ့ကြားက အဲဒီစာကို ရောက်ဖို ့loading တက်တာကို စိတ်ရှည်ရှည်နဲ ့စောင့်မိပါတယ် ၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ ကြောင်းလောက် ဘဲ ပါလာတယ် ၊ ဆိုတော့ကွာ အဲဒါမျိုးတွေချည်းထပ်နေတာ ဖတ်ရပါများတော့… ငါတို ့က အားယားလို ့အင်တာနက်သုံးတာတော့ မဟုတ်ဘူးပေါ့ကွာ ၊”””
    ဆိုသော စာပိုဒ်ကို ရည်ညွန်းခြင်း ပါခင်ဗျာ….

    • နွေဦး

      June 27, 2012 at 12:58 pm

      ပြောမိသေးလာတော့ မမှတ်မိတော့ဘူး
      မန်းလေးဂေဇက် က ခလေးတွေ ရည်းစားစာ ရေးလေ့ကျင့်ကွင်းကြီး ဖြစ်နေဘီ လို့
      စာလုံးပေါင်း သတ်ပုံ တောင် မှန်အောင်မရေးနိုင်..
      ဘာပြောချင်လို့ပြောချင်မှန်းမသိရ..
      ဖတ်တဲ့သူတွေအတွက် ဘာမှန်းမသိ ဘာမှနားမလည်..
      ကွန်မင့်ရေးတော့လဲ ဖတ်သွားပါတယ်တဲ့ အားပေးသွားပါတယ်တဲ့ လာထား ၁ဝ ဆိုတာလဲပါသေးရဲ့
      အဲလိုမျိုးကြီးလား..။

      • မောင်ပေ

        June 27, 2012 at 1:05 pm

        နောက်ပိုင်းကြ
        အားလုံးမနေနိုင်တော့ပါဘူးဗျာ
        သဂျီးက အမေရိကားမှာ ထီပေါက်ထားတယ် ဆိုလား
        စီအိုင်အေ က စပွန်ဆာပေးထားတယ် ဆိုလား
        ဆိုတော့
        မန်းဂေဇက်မှာ အာလကေ ပြန်ဝေပေးနေတာဆိုတော့
        ကျုပ် လဲ ရောတိရောရာ ကိုယ်လဲပါ ဖြစ်ရတော့မှာပေါ့

  • Shwe Tike Soe

    June 27, 2012 at 12:58 pm

    ကိုပေရေ အတွေးနဲ.အရေးကိုလဲ အရမ်းခိုက်ပါကြောင်း…..ပြောချင်ပါတယ်…
    ကိုပေပြောလိုတွေ ကို စိစစ်ဖို. ဦးဦးပါလေရာပြောသလို ဖြစ်လာမှာပါ….
    အခုလို ရွာအတွက် စေတနာရှေ.ထား..ပြောတာကောင်းတယ်ဗျာ..

    မှားတယ်ဆိုရင်တောင် ကိုပေပြောသလို စေတနာအမှားပဲဖြစ်မှာပါ…. 😀

  • amatmin

    June 27, 2012 at 1:07 pm

    ကိုပေရေ..
    သဂျီးရဲ့ပြောတဲ့ဒီမိုရွာ ဆိုတော့
    အများသဘောညီတဲ့ ဘုံအချက်တွေ..
    ဆွဲထုတ်ပြလိုက်ရင်.ခင်ဗျားပြောသလို
    ဖြစ်လာမယ်ထင်ပ..
    ကွန်မန့် ၅ ကြောင်းရဖို့အရေး မနည်းမန့်ရတယ်.. 😛

  • ဇောက် ထိုး

    June 27, 2012 at 1:42 pm

    မုန်းမှာကြောက်လို့ ပြောသင့်တာကို မပြောရင် …ဘယာဂတိ။ အဂတိတရားပဲ မကောင်းဘူး။

    သီလလိုပြောရရင်…. မုသာဝါဒါ ဝေရမဏိ..ကို ဒီနေ့ကျွန်တော်တို့နားလည်ထားတာက မဟုတ်မမှန်တာကို မပြောတာ။ ဒါဆို သီလပြည့်စုံတယ်လို့ထင်ကြတာ။ တကယ်တော့ မဟုတ်ဘူး။

    မုသာဝါဒ ဝေရမဏိ..ဆိုတာ မဟုတ်တာ မပြောတာရယ်။ ဟုတ်တာကို ပြောတာရယ်။ ဒီနှစ်ခုပြည့်စုံမှ သီလနဲ့ပြည့်စုံတယ်လို့ဆိုရမယ်။
    သူများအသက်မသတ်ရုံနဲ့ သီလမပြည့်စုံဘူး။ သူ့များအသက်ကို ကယ်ရမယ်။
    သူများဥစ္စာ မခိုးရုံနဲ့ သီလမပြည့်စုံဘူး။ သူများပစ္စည်း အခိုးမခံရအောင် စောက်ရှောက်နိုင်ရမယ်။
    သူ့သားပျိုးကို ကိုယ်တိုင်မစော်ရုံနဲ သီလမပြည့်စုံဘူး။ အစော်ကားမခံရအောင် စောက်ရှောက်ရမယ်။
    လိမ်မပြောရုံနဲ့.. သီလမပြည့်စုံဘူး။ မှန်တာ ဟုတ်တာကိုလဲ ပြောရဲရမယ်။
    ဒါမှ သီလပြည့်စုံတဲ့သူဖြစ်မှာပေါ့။
    ဦးပေပြောတာ သိပ်မှန်တယ်။ လိုင်းမကောင်းတဲ့ ကျွန်တော်တို့ဆို ပိုးဆိုးသေး။ အားထုတ်ပါးထုတ်ဖွင့်လိုက်တာ … ပေါက်လဲသွားရော….ပေါက်သွားတာဘဲ။

    • မောင်ပေ

      June 27, 2012 at 4:56 pm

      ငါးပါးသီလအကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြပေးလို့ ကျေးဇူးကြီးလှကြောင်းပါ အူးဘဇင်း

  • pooch

    June 27, 2012 at 2:38 pm

    ဟုတ်ကဲ့ပါ ကပေ။ လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်။ :mrgreen:

    • မောင်ပေ

      June 27, 2012 at 3:10 pm

      မပုကိုတွေ့လို့
      တစ်ခုလောက်တောင်းဆိုချင်ပါတယ်
      ရွာထဲ အမျိုးသမီးအားလုံးအတွက်
      ဘော်ဒီလှပ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆိုပြီး
      ရေးတင်ပေးပါလား ခင်ဗျ
      ဟီဟိ

      • pooch

        June 27, 2012 at 3:20 pm

        အမှန်က မဒမ်ပေလို မော်ဒယ်ဂဲတွေကမှ ဒီလိုလေ့ကျင့်ခန်းမျိုး ရေးတင်သင့်တာပါ။
        ဒီက ပေါင် ၂၀ဝ လောက်ရှိနေတဲ့ဟာ ဘယ့်နှယ့်ပြောလိုက်တာပါလိမ့် :mrgreen:

        ထိပ်တင်ပြောင်တယ်မှတ်နေတာ နှာခေါင်းကလည်း မီးညှိလို့ ရလောက်တယ် [:p]
        နောက်တာနော်။ :mrgreen:

  • မဂွတ် ထော်

    June 27, 2012 at 2:58 pm

    ဘပေ…………………………………

  • water-melon

    June 27, 2012 at 3:53 pm

    ရွာသူားအသစ်တွေအနေနဲ့
    ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
    1. Writing Guidelines

    2. Learn-how-to-do-1

    3. Learn-how-to-do-2

    4. Learn-how-to-do-3 ကိုဖတ်ပြီးမှတင်စေချင်ပါတယ်
    တခါနှစ်ခါကတော့ ထားပါတော့ သုံးခါ လေးခါကျတော့ နည်းနည်းလွန်လာတယ်
    ၅ ခါ ၆ ခါကျတော့ ဆဲချင်လာတယ်
    နောက်ဆုံးတော့လည်း ဒီဖရဲဘဲ လူမိုက်လုပ်ရတာဘဲ 😀

  • Zune Phyu

    June 27, 2012 at 3:55 pm

    ကိုယ်ပိုင်ဟန်နဲ့ရေးတဲ့သူတိုင်းကိုထောက်ခံပါတယ် …
    ဦးငပေကိုလဲ ထောက်ခံပါတယ်…
    ထောက်ခံပါတယ်……:)

  • မြတ်ကျော်သူ

    June 27, 2012 at 4:35 pm

    ဟုတ်တယ် ကိုပေရေ…
    ကျွန်တော်တို့လည်း
    အရသာရှိတဲ့ ဝေဖန်သံတွေ၊
    လွတ်လပ်တဲ့ ကွန်မန့်တွေ၊
    ရင်းနှီးတဲ့ စာသားတွေကို မြည်းစမ်းချင်ပါတယ်ဗျာ…
    မျှော်လင့်နေမယ်…

  • Khaing Khaing

    June 27, 2012 at 5:05 pm

    ဦးပြောင်ကြီးရေ ……. နောက်ဆိုသများလည်း စာတွေကို များများလေးရေးနိုင်အောင်ကြိုးစားပါ့မယ် …….
    မကောင်းတာကိုလည်း ပြတ်ပြတ်သားသားဝေဖန်ပါမယ် ကောင်းတာကိုလည်း ကောင်းကောင်းထောက်ခံပါ မယ် ရန်ဖြစ်စရာ ဝေဖန်စရာများရှိရင်လည်း မရှက်မကြောက် အော်ကြီးဟစ်ကျယ်ဝေဖန်ပြောဆိုပါတော့ မယ်ချင့် ……….

  • ကိုရင်မောင်

    June 27, 2012 at 5:45 pm

    ပြည်တွင်းက အင်တာနက်သုံးတဲ့သူတွေ
    ကိုပိုနားလည်ပေးသင့်ပါတယ်..
    လိပ် လောက်တောင်မမြန်တဲ့ကော်နက်ရှင်နဲ့
    ဝင်ကြည့်နေကြရတာ အချိန်ကုန်ပြီး
    မယ်မယ်ရရမရှိတဲ့ပို့စ်တွေ ဆိုတော့လဲ
    စိတ်ပျက်ကြမှာပါ..
    ပို့စ်တင်တဲ့သူတွေဆင်ခြင်သင့်ပါတယ်….

  • nozomi

    June 27, 2012 at 6:21 pm

    ရွာသား ၁ – သူကြီးက သူကြီး အလုပ် မလုပ်တော့ ဦးပေက ဝင်လုပ်ပေးနေရတယ်

    ရွာသား ၂ – ဒါက ဒီမိုကရေစီ အလေ့အကျင့်တွေ ရအောင် သူကြီး က လေ့ကျင့်ပေးနေတာ
    သူကြီးက အမြဲ သာ ဝင်ပြောနေရင် တခြား လူတွေက တစ်ခုခု ဆို သူကြီး ပြောလိမ့်မယ်
    ငါတို့ နဲ့ မဆိုင်ဘူးလို့ ဖြစ်ကုန်ကြတော့ မှာပေါ့ အခု ဆို ငါ တို့ ရွာလေး ကောင်းအောင် ငါ တို့
    ဝိုင်းထိန်းပေးရမယ် ဆိုပြီး ဦးပေ က ဆွေးနွေး ရွာသားတွေက ဝိုင်းအကြံပေးနဲ့

    ရွာသား ၁ – မင်း ပြောသလို ဟုတ်တုတ်တုတ် ပေမဲ့ သူကြီးကလဲ ဟို ဟာ မလုပ်ရ ဒီ ဟာ မလုပ်ရ နဲ့
    စည်းကမ်း အမျိုးမျိုး ထုတ်ပြီး အနီ တွေ အပြာတွေ နဲ့ အရောင်တောင် ခြယ်ထားသေး အဲဒီ
    စည်းကမ်း တွေ မလိုက်နာတော့လဲ ဘာ မှ မပြောပါဘူးကွာ ငါတို့ မြန်မာပြည် အစိုးရလိုပါပဲ
    စည်းကမ်း ဆိုတာ စာရွက်ပေါ်မှာ ရှိတာပါ

    ရွာသား ၂ – ဒါကတော့ ဟို စကားပုံ လို တင်းလွန်းရင်ပြတ် လျော့လွန်းရင် ပတ် ဆိုတာလို မဖြစ်အောင်
    ကြည့်ထိန်းနေရတာပေါ့

    ရွာသား ၁ – ငါ တို့ ဆီ မှာကွာ ကားသွင်းတာနဲ့ ပတ်သတ်လို့ ပေါ်လစီ ခဏ ခဏ ချိန်းတယ်
    ဆိုပြီး အော်လိုက်ကြတာ အလဲဗင်း က အဆိုးဆုံး ရွာထဲမှာတော့ ပွိုင့်ပေးတာရော တခြား
    ကိစ္စတွေရော တရက် နှစ်ခါလောက် သူကြီးက ပေါ်လစီ ပြောင်းနေတာ ဘယ်သူမှ ဘာမှ
    မပြောကြဘူး

    ရွာသား ၂ – အဲဒီလို ကြီး ခဏခဏ ချိန်းတာတော့ မကောင်းဘူးပေါ့ကွာ လုပ်ကိုင်ရ ခက်ခဲတာပေါ့
    အလဲဗင်း က ပိုအော်မှာပေါ့ ကွာ ပေါ်လစီ အပြောင်းမှာ ကားစလစ် ဝယ်ထားတာတွေက
    ပိုက်မိသွားတာကို မင်းလဲ ပွိုင့် ပေါ်လစီ ပြောင်းလို့ တစ်ခုခု တော့ ထိခိုက်နေပြီ ထင်တယ်
    တကယ်တော့ သူကြီး ကိုယ်တိုင် ပြောဘူးတာ ရှိပါတယ် အမေရိကန် ဆိုတာ စာရွက်ပေါ်မှာ
    နံပါတ်ရိုက်ပြီး ဒေါ်လာထုတ်ရင်း ကမာ္ဘကို ချုပ်ကိုင်ထားတာတဲ့ သူကြီးလဲ ဒီ သဘောပါပဲ
    ရွာသား ၁- ……………
    ရွာသား ၂- ………………

    ရွာသား ၁- ……………
    ရွာသား ၂- ………………

    ရွာသား ၁- ……………
    ရွာသား ၂- ………………

    • မောင်ပေ

      June 27, 2012 at 8:28 pm

      သဂျီးက ပွိုင့်၁သိန်း ကို ဒေါ်လာအတု နဲ ့ရှင်းမယ့်အနေအထားရှိတယ် ဆိုတဲ့ သဘောလားခင်ဗျ ။ 🙂
      ဘိုနို ့ကြည့်ရတာ ၊ ကားစလစ်တုန်းက ထိခဲ့ပုံ ရတယ် မှတ်တယ်ဗျာ ။
      ဘာဘဲဖြစ်ဖြစ် ရွာသားအချင်းချင်း ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လူမှုစီးပွားကိတ်စ အားလုံး အဆင်ပြေပါစေ လို ့မေတ္တာပို ့လိုက်ပါတယ်ခင်ဗျ ။

  • မောင်ပေ

    June 27, 2012 at 8:33 pm

    ကျွန်တော် မောင်ပေ ရဲ ့ပို ့စ် ကို ဝင်ရောက်ဖတ်ရှုသူ အားလုံး
    ကွန်မင့်များဖြင့် အားပေးကြသော ချစ်မိတ်ဆွေ ညီငယ် ညီမငယ် အကို အမ အန်ကယ် အန်တီ များ အားလုံး ကို လေးစားကျေးဇူးတင်ပါတယ် ခင်ဗျား ။

  • ကိုပေ
    အခုကော်နက်ရှင်နဲ့ဆိုရင် ဓါတ်ပုံပိုစ်တစ်ခုတင်ရင် အရင်ကထက်အချိန်နှစ်ဆပေးရတယ်ဗျာ။
    မပြည့်မစုံပိုစ်တင်လာရင် ခဏတော့ ထားလိုက် ။
    အဲဒီပိုစ်မှာ သူကြီးကဝင်ပြီးစည်းကမ်းချက်ရေးပေးလိုက်ရင် နောက်အဲလို တိုတိုလေးရေးမယ်မထင်တော့ဘူး။
    အမှန်ကတော့ ရွာထဲမှာ ပိုစ်တင်မယ်ဆိုရင် ကိုယ့်ရှေ့က အရင်လူတွ ရေးထားတာလေးတွေဖတ်ပြီးမှ သေချာရေးပြီးတင်သင့်တယ်လို့ထင်ပါတယ်။

  • မွန်မွန်

    June 28, 2012 at 11:24 am

    ရွာစားပြောထားသလိုပဲ Home page မှာ category ပေါ်အောင် ထည့်ပေးထားရင် အဆင်ပြေမယ်ထင်ပါတယ်။ ဒါမှမဟုတ် ခေါင်းစဉ်မှာ အော်တိုပေါ်ရင်ရော…

    သတ်ပုံကတော့ ကိုယ်တိုင်ကလည်း မြန်မာစာကို ဝါသနာပါတော့ မှားနေတာတွေ့ရင် မနေတတ်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျရင်လည်း အဲဒါကိုပဲ ပြောနေဖို့ကို အားနာတယ်။ အမှားများများတွေ့ရင် ပိုအားနာမိတယ်။ တစ်ခါတစ်လေကျရင် သတ်ပုံနဲ့ပတ်သက်တဲ့ ပို့စ်တင်ရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်…
    MaMa ရေ..အကြံဉာဏ်လေး ပေးပါဦး..

Leave a Reply