Mလုလင်နောက်က လိုက်ခြင်း(မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)

ပေးဝေခြင်း 1

ပေးဝေခြင်း 2
ပေးဝေခြင်း  ၃
ပေးဝေခြင်း၄
ပေးဝေခြင်း ၅
ပေးဝေခြင်း ၆
ပေးဝေခြင်း ၇
ပေးဝေခြင်း  ၈
ပေးဝေခြင်း  ၉

 

ပေးဝေခြင်း ၁၀

 

ပေးဝေခြင်း ၁၁
ပေးဝေခြင်း ၁၂
ပေးဝေခြင်း ၁၃

 

ပေးဝေခြင်း ၁၄
ပေးဝေခြင်း ၁၅
ပေးဝေခြင်း  ၁၆
ပေးဝေခြင်း ၁၇
ပေးဝေခြင်း ၁၈
ပေးဝေခြင်း ၁၉

 

“Mလုလင်နောက်က လိုက်ခြင်း”

(လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)

 

ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။

တောင်ကြီးဘက်ကနေကူးလာတာပါ။

ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။

ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။

သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။

ထမင်းလဲမစားရသေး။

ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။

ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။

ပြီးတာနဲ့လက်ဆော့။

ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။

ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊

ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။

ကြာပန်းပင်တွေရိုက်။

အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။

မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။

ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။

သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။

သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။

အဲဒီအပင်လေးက ကျနော်တို့သွားတဲ့အချိန်မှာ အပွင့်မရှိတော့၊

သူတို့မင်္ဂလာဆောင်တဲ့ရက်က ဇူလိုင်လ 2ရက်နေ့။

တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မွေးနေ့ကဇူလိုင်လ 3ရက်နေ့။

တစ်ရက်ဘဲကွာပါတယ်။

 

ဟိုတစ်ရက်က ပုံမတင်တာကြာတဲ့ လုလင်က ဓါတ်ပုံလေးတွေတင်လာပါတယ်။

သူနဲ့ကျနော်ကွာခြားချက်က ပုံတင်တာ သူက ခပ်ကျဲကျဲ။

ကျနော်က ရောက်တဲ့နေရာ ကင်မရာတစ်လုံးနဲ့လက်ဆော့တော့  နေ့တိုင်းတင်.။

သူအပါအဝင်မိတ်ဆွေအချို့က အဲလောက်မတင်ဘို့ အကြံပေးပါတယ်။

ရုးိအီသွားမှာစိုးလို့ပေါ့။

ကျနော်က တော့ မျျဝေပေးချင်တဲ့ စိတ်တစ်ခုသက်သက်နဲ့နေ့တိုင်းတင်။

(အပေါစားများထင်မလားတော့ မသိပါဘူး)

သူထဲမှာ ဖယောင်းတိုင်မီးတောက်ပုံလေးပါတာ အရမ်းသဘောကျမိပါတယ်။

တို်က်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ ဥပုဒ်နေ့က ရွှေကျီးမြင်ဘုရားကိုရောက်အသွား၊

ဘုရားပူဇော်ထားတဲ့ ဖယောင်းတိုင်မီးလေးက လေအဝှေ့မှာ သွဲ့သွဲ့နွဲ့နွဲ့။

အဲဒီမာ ကျနော်တတ်သလောက်မှတ်သလောက်နဲ့လက်ဆော့ ခဲ့ပါတယ်

အိမ်ပြန်အရောက်ကွန်ပြူတာထဲထည့်ကြည့်တော့ လှသလိုလို မလှသလိုလို။

ကျနော်ထုံးစံအတိုင်းသူများနောက်ကလိုက်တယ်ဆိုတော့

Mလုလင်နောက်က လိုက်ခြင်းဆို နာမယ်ပေး။

ပြန်တွေးကြည့်တော့ မဝေးတော့တဲ့ရက်ကလေးမှာ သူတို့ရဲမင်္ဂလာနှစ်ပါတ်လည်လေးဆိုတာသတိရမိတော့

အမှတ်တရထဲက အမှတ်တရဖြစ်သွားပါလေရော။

ကျနော်ဖယောင်းတိုင်မီးတောက်လေးတွေက အတတ်ပညာမရှိတဲ့ ကျနော်လက်ဆော့တာကြောင့်

စံချိန်းစံညွှန်းနဲ့ညီချင်မှ ညီပါမယ်။

ဓါတ်ပုံသီအိုရီတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်အောင်မှတ်တောင်မရနို်င်။

ဒါပေမယ့် အမှတ်တရရဲ့အမှတ်တရအဖြစ်တင်ပေးလိုက်မိပါပြီ။

 

ဖယောင်းတိုင်မီးရောင်လေးက အလင်းတွေပေးဝေနေတဲ့ အင်အားကိုမြင်မိသလိုလို။

Mလုလင်တု့ိဇနီးမောင်နှံနှစ်ပေါင်းများစွာ …………….

ပျော်ရွှင်ချမ်းမြေ့စွာ…………………………………………………………..

လက်တွဲမဖြုတ်စတမ်း မင်္ဂလာနှစ်ပါတ်လည်ပေါင်းများစွာကို ကြုံဆုံနိုင်ပါစေလိုဆုတောင်းပေးလို်က်ပါ၏

 

ကိုပေါက်ရဲ့လက်ဆောင် အမှတ်တရ

(1-7-2012)

 

 

 

30 comments

  • ရဲစည်

    July 2, 2012 at 5:43 am

    မျှဝေပေးတဲ့ အဲ့ဖယောင်းတိုင်လေး ငြိမ်းသွားချိန် မီးစာမဲမဲလေးနဲ့ မီးခိုးဖြူလေး အူနေတဲ့ပုံလေးပါ ထပ်ထည့်ပေးရင် လွှတ်ကောင်းမည် ထင်ကြောင်း……
    အားပေးသွားပါတယ်ဗျို့ ဒိထက်မက လက်ဆော့ နိူင်ပါစေ သတည်း ….
    လေးပေါက်လဲ သက်တမ်း ၃ပုံ ၁ပုံ ကျိုးသွားပီ……………………………
    အင်း…..

  • ကိုရင်မောင်

    July 2, 2012 at 5:46 am

    Mလုလင်တု့ိဇနီးမောင်နှံ ယနေ့ မင်္ဂလာနှစ်ပါတ်လည်မှ သည် ရာသက်ပန် သက်ထက်ဆုံး
    ပျော်ရွင်ချမ်းမြေ့တဲ့မိသားစုဘဝပိုင်ဆိုင်နိုင်ပါစေဗျာ…
    ခုလိုအသိပေးတဲ့ကိုပေါက်ကိုကျေးဇူးတင်ပါတယ်….

    • Mလုလင်

      July 3, 2012 at 12:44 am

      အစ်ကို – ကိုရင်မောင် ရေ .. ကျေးဇူးပါဗျာ။ ပေးတဲ့ ဆုနဲ့ ပြည့်ရလို ပါတယ်ဗျာ။

  • ဆူး

    July 2, 2012 at 8:53 am

    ကိုလုလင် တို့ ဇနီးမောင်နှံ ပထမ မင်္ဂလာ နှစ်ပတ်လည်မှသည် နောက်နှစ်ပေါင်းများစွာ အိုအောင် မင်းအောင် ပေါင်းသင်းနိုင်ပါစေ။
    အစစ အရာရာ အဆင်ပြေပြီး စီးပွားရေး လူမှုရေး ကျန်းမာရေး က အစ ပြီးပြည့်စုံတဲ့ ဘဝ ကို ရရှိပိုင်ဆိုင်နိုင်ပါစေ။

    ဆီမီး တန်ဆောင် အလင်းရောင်
    ကိုပေါက် ထွန်းလို့ လင်းစေသောဝ်

    လုလင် နဲ့ ချစ်ဇနီး လှလှလေး
    အိုအောင် မင်းအောင် ပေါင်းနိုင်ရေး
    ဆူး မှ တဆင့် ဆုတွေပေး။

    ကာရံ ကိုက်မကိုက်တော့ မသိဘူး.. ရမ်းရေးလိုက်တာ.. မကိုက်တော့လည်း ကိုက်အောင် ဖတ်လိုက်နော်.. ဟိဟိ..

    • Mလုလင်

      July 3, 2012 at 12:46 am

      မ ဆူး ရေ ကျေးဇူးပါဗျာ။ မကိုက်တဲ့ ကဗျာ ကိုပဲ .. အမှတ်တရ သိမ်း ထားပါ့မယ်ဗျာ။

  • ရွာစားကျော်

    July 2, 2012 at 8:54 am

    မင်္ဂလာနှစ်ပတ်လည်နေ့က ဘယ်နေ့ပါလိမ့်ဗျာ..
    မေ ၁ အလှူ Mလုလင်တို့ အိမ်ရောက်တုန်းက မင်္ဂလာလက်ဖွဲ့ ပုံးတွေ မဖောက်ရသေးတာမှ အများကြီး ကျန်နေတာတွေ့တယ်..
    မှတ်မိသလောက် အိမ်ထောင်ကျတာ ရှစ်လလောက်ရှိသေးတယ် Mလုလင် ပြောခဲ့သလားပဲ.. ကျနော် အမှတ်မှားရင်လည်း မှားမှာပေါ့
    ပျော်ရွှင်သော မင်္ဂလာ နှစ်ပတ်လည်လေး ဖြစ်ပါစေ Mလုလင်ရေ…
    ခင်မင်စွာဖြင့်

    • Mလုလင်

      July 3, 2012 at 12:44 pm

      အစ်ကိုရေ .. အမှန်ကတော့ မနေ့ တနေ့ကလို ပဲ လို့ ကို ထင်နေတာပါ။ (တိန်..တိန်..:mrgreen:)
      ကျေးဇူးပါအစ်ကို ရေ … နေပြည်တော် ဘက်ရောက်ရင် ဝင်ခဲ့မယ် … ချင်းရွာဘက် လိုက်ပို့နော့ … 😎

  • မင်္ဂလာနှစ်ပါတ်လည်နေ့က
    ဒီနေ့ပါဘဲရွာစားကျော်ရင်
    ကိုရင်နေ့လေးလဲပြောပြအုံးလေဗျာ

    • ရွာစားကျော်

      July 2, 2012 at 9:57 am

      ကျနော်တို့က မေ- ၄ ရက်နေ့က (၄) နှစ်ပြည့်ခဲ့ပါတယ် လေးပေါက်ရေ
      အလှူအလွဲတွေအကြောင်း အပိုင်း(၁) မှာ ကျနော် ပြောခဲ့သေးထင်ရဲ့.. 🙂

  • Khaing Khaing

    July 2, 2012 at 9:47 am

    ကိုMလုလင်နှင့် ဇနီးမောင်နှံသည် ယခုမင်္ဂလာနှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာ ချစ်ချစ်ခင်ခင်နှင့် သားသားမီးမီးလေးတွေများစွာ မွေးဖွားနိုင်ပီ ပျော်ရွင်စွာပေါင်းဖက်နေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလျှက် ……

    မနေ့ကတည်းကပို့စ်တင်မလို့ လိုင်းမကောင်းလို့မတင်ဖြစ်ဘူး အခုလေးပေါက်ကအရင်တင်ပီး ဆုမွန်ကောင်း တောင်းပေးထားတော့ လေးပေါက်အောက်ကပဲ မန့်ပေးလိုက်ပါတယ် ………

  • မွန်မွန်

    July 2, 2012 at 10:16 am

    ဟိုတလောက လေးပေါက်ပြောထားတဲ့ ဖယောင်းတိုင်ကို လက်ဆော့ထားတယ်ဆိုတာကို သတိရနေပါသေးတယ်…
    နံပါတ် ၆ နဲ့ ၁၈ ကို ကြိုက်တယ်…

    ကို Mလုလင်တို့အတွက် ပျော်ရွှင်စရာကောင်းသော မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေ…နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းပျော်ရွှင်သောမိသားစုအဖြစ် နေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်…

  • htoosan

    July 2, 2012 at 10:53 am

    Mလုလင် နှင့် မဒမ် Mလုလင် တို့၏ မင်္ဂလာ နှစ်ပါတ်လည်မှသည် သားသားဂျုနီယာMလုလင် မီမီးMလုလင်တို့စုံညီစွာဖြင့် နှစ်ပါတ်လည်ပေါင်းများစွာကျော်ဖြတ်နိုင်ပါစေ။

    လေးပေါက်ကိုလည်း မနက်ဖြန် အကယ်၍ ရွာထဲ ဝင်မရခဲ့ရင် ဆိုတဲ့ အတွေးနဲ့ မွေးနေ့ကြိုဆုတောင်းလိုက်ပါသည်။
    နှစ်ပေါင်းများစွာ ဆက်လို့ ကိုပေါက်အတွေးပါးပါးလေးများနှင့် ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့များ နှင့် မျှဝေ နိုင်ပါစေ။။

  • etone

    July 2, 2012 at 11:06 am

    လေးပေါက်ရေ .. ဒီနေ့ လေးပေါက်မွေးနေ့ပဲ ..
    မထင်မှတ်ပဲ သိခွင့်ရတော့ မွေးနေ့ ဆုတောင်းလေး တောင်းပေးခဲ့ပါတယ်နော် ။
    ပျော်ရွင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ ။ ဆန္ဒနဲ့ ဘဝထပ်တူကျလို့ အောင်မြင်တဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ ။

    ကိုလုလင်တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် နွေးထွေးတဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

  • mamanoyar

    July 2, 2012 at 11:13 am

    ကိုလုလင်တို့ မင်္ဂလာ နှစ်ပတ်လည်မှ နောင်နှစ်ပေါင်းများစွာ
    ပျော်ရွှင်ကြည်နူးမှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 11:14 am

    ကျော့် မဂါဆောင်ကျရင်လဲ ပေးဝေခြင်းရှိုပီး ဘီအီးပုလင်းလေးတွေကို ဒေါင့်မျိုးစုံက ရိုက်ပြပေးပါဦးနော်..
    ဆရာလုရေ..မင်္ဂလာနှစ်ပတ်လည် အလှူ မလာနိုင်ခဲ့ပေမဲ့ ဒီပို ့စ်ထဲကပဲ အားပေးသွားပါတယ်ဗျား..
    ဘေဘီလေးတွေများကြီးမွေးပြီး တလုတ်ပြည်လူဦးရေကြီးကိုကျော်တက်နိုင်ပါစေ..ဂိန်.
    မနက်ဖြန် ကျရောက်မဲ့ အုပေါက်မွေးနေ ့အတွက်လဲ ခုကတဲက ဟပ်ပီးဘတ်ဒေး လုပ်ထားလိုက်မယ်နော်..
    မနက်ဖြန်ကျမှ လာထား ၁၅ကျပ် ရှိုပြီး ဟပ်ပီးဘတ်ဒေး ထပ်လာမယ်..ဂိန်..

  • water-melon

    July 2, 2012 at 11:24 am

    ယခုနှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာ
    တားတားမီးမီးတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်

    လေးပေါက် နက်ဖြန် လေးပေါက်မွေးနေ့နော်

  • မောင်ပေ

    July 2, 2012 at 12:01 pm

    ွွှွှှအပေါ်ဆုံးပုံကနေ အောက်ကို
    မောက်စ်နဲ ့ခပ်သွက်သွက်လေးဆွဲချကြည့်ရင်
    တော်တော်လန်းတယ်ဗျား

  • Novy

    July 2, 2012 at 2:32 pm

    ပေးဝေခြင်း 6 ရဲ့ မီးတောက်ထဲမှာ
    နဖူးပြောင်ပြောင်နဲ့ ကုတ် အနတ်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်ပုံပေါ်နေတယ်

    ပေးဝေခြင်း 17/18/19 မီးစာက နဂါးပုံလေးဖြစ်နေတယ်

    မတူတဲ့ အမြင်လေးနဲ့ ကြည့်လိုက်တာ

  • shwe kyi

    July 2, 2012 at 4:26 pm

    ဦးပေကတော့ ကြံကြံဖန်ဖန်ကြည့်တတ်တယ်။ ဦးပေပြောသလိုလိုက်ကြည့်လိုက်တယ်။
    ဟုတ်တယ် မိုက်တယ်။
    ကိုလုင် မင်္ဂလာနှစ်ပတ်လည်မှ
    နောင်နှစ်ပေါင်းများစွာတိုင်နားလည်မှုခိုင်စွာနဲ့ သာယာတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့..။

  • MaMa

    July 2, 2012 at 5:52 pm

    မောင်လုင် နဲ့ မယ်လုင်တို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာရက်မြတ်မှသည် နှစ်ပေါင်း၁၀ဝတိုင်အောင်
    အောင်မြင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းများ ခြံရံ၍ သာယာဖြောင့်ဖြူးသော ဘဝလမ်းတွင်
    ရွှေလက်မြဲမြဲတွဲနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
    🙂

  • အစက ဒီပုံလေးကို သတ်သတ်တင်မလို့။
    နောက်မှ လုလင်အမှတ်တရဆို တင်ပေးလိုက်တာ။
    ကြော်ငြာဝင်ရ ရင်
    etone နောက်ကလ လိုက်ခြင်းလာမယ်။
    ဘာအမှတ်တရလဲဆိုတာ သိချင်ရင်စောင့်ဖတ်ပါ။

  • char too lan

    July 2, 2012 at 8:39 pm

    ဆန်ဒကို ဖော်ထုတ်နေတာလားလေးပေါက် ????
    အားလုံးအေးဆေးဖြစ်နေပါပီလေးပေါက်ရယ် … စိတ်လျှော့လိုက်ပါတော့နော် 😀
    တူမောရိုး ဆို ဟက်ပီးဘက်ဒေး ဒေါ့မှာနော်
    နောင်နှစ်ပေါင်းများစွား ရိုက်နိုင် နှက်နိုင်ပါစေ ခညာ………..

    • etone

      July 3, 2012 at 11:02 am

      တို့လေးပေါက်ကြီး … တူမနာမည်ကို မှန်အောင် မပေါင်းတတ်တော့ပါလားကွယ် … တော်ပြီ တော်ပြီ စိတ်နာတယ် … ခဏအိပ်လိုက်ဦးမယ် … ဟိဟိ 😛

  • ဖိုးထောင်

    July 3, 2012 at 12:50 am

    ဟင့်အင်း.ဟင့်အင်း.အူးပေါက် အီးတုံးနောက်က မလိုက်ရဘူး ဒါက အမျိုးသမီးအိမ်သာလေ အဟင့်…

  • nozomi

    July 3, 2012 at 9:43 am

    ကိုပေါက်ကြီး မင်္ဂလာရှိသောမွေးနေ့လေးဖြစ်ပါစေ ခင်ဗျာ
    လုပ်ချင်တာတွေ ကို လုပ်နိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်နိုင်ပါစေ
    ကျန်းမာ ချမ်းသာ လို့ မိသားစု ဆွေးမျိုး အပေါင်းအသင်းများနဲ့ မွေးနေ့ပေါင်းများစွာကို
    ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ

  • Ma Ei

    July 3, 2012 at 11:41 am

    မင်္ဂလာနှစ်ပါတ်လည်မှသည်
    သက်ထက်ဆုံးတိုင်အောင်
    ပျော်ရွင်ချမ်းမြေ့တဲ့မိသားစုဘဝခရီးလမ်း ကို
    လျှောက်လှမ်းနိုင်ပါစေကြောင်း
    ဆုမွန်တောင်းပေးလိုက်ပါတယ်…

Leave a Reply