သံဃာအပေါ် မိုက် ရိုင်းတဲ့စစ်ကြောရေး လုပ်ရပ်

>
> > အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့်
> > ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။
> > စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က
> > ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင်
> > ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။
> > “ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊
> > အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ
> > ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
> > အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း
> > မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက
> > ဆက်ပြောသည်။
> > အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့်
> > ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင်
> > ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
> > အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို
> > အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊
> > နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊
> > ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က
> > ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ
> > ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို
> > ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု
> > မိသားစုဝင်က ပြောသည်။
> > ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင်
> > လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ်
> > ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင်
> > ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
> > http://www.yoma3.org/မ > http://www.yoma3.org/%E1%80%99> > http://www.yoma3.org/%E1%80%99>
> >
> > ှကူးယူဖေါ်ပြသည်
> >
> > သာသနာတော်ကို လေးစားမြတ်နိုးသူတိုင်း အမြန်ဖြန်.ဝေပါ .

မှတ် ချက်…….။

..ကျွန် တော် mail ကနေရခဲ့ တာ ဆို တော့ ဒီ သတင်း မှန် မမှန် ဆို တာ တော့ အသေ အခြာ စုံစမ်းနေ စဲပါ….။

11 comments

  • yannaingech

    June 26, 2010 at 5:10 pm

    ရိုင်းလိုက်တဲ့နွားတွေ။ ဘာမြက်တွေကျွေးထားလို့ဒီလောက်ထွားကျိုင်းနေတာလဲ။

  • Unnamed

    June 26, 2010 at 5:25 pm

    အဲဒီ ရိုင်စိုင်းတဲ့ ခွေးဝဲစားအုပ်စုတွေ…

  • ghost

    June 26, 2010 at 5:27 pm

    ဘာနဲ နိုင်းရမလဲတောင် စဉ်းစာမရဘူ ဒါပေမဲ အဲဒီကောင်တွေ လူမဟုတ်တာ သေချာတယ်

  • nay phonehlan

    June 26, 2010 at 6:10 pm

    ဘယ် အရှင်ဆန္ဒာ ဓိက ဆို တာ တော့ ကျွန် တော် အသေ အချာ မသိသေးပါ.. Email မှ ရ ရချင်း ဖတ်စေချင်
    သော ကြောင့် တင် ပေး လိုက် ပါ တယ်……။

  • chitsayar

    June 26, 2010 at 6:24 pm

    သံဃာနဲ ့ နိုင်ငံရေးမဆိုင်ဘူးလို ့ထင်ပါတယ်နော်
    တကယ်ချရမှာက ကျွန်တော်တို ့ပါ ဟီ ဟိ

  • snow

    June 27, 2010 at 3:00 am

    အဲဒီpost ကကြာနေပြီနော်
    ခုအခြေအနေကိုလဲပြောပြပေးပါ
    အသိတရားမရှိတဲ့သူတွေကတော့သေတောင်အသိတရားရလာမှာမဟုတ်ဘူးလေ
    ငရဲအိုးထဲဆင်းမဲ့ဟာတွေ

  • azure

    June 27, 2010 at 6:47 pm

    ဘယ် ဆရာတော်ကိုပြောတာလည်းဟင် ကျွန်တော်တို့သိတဲ့ အရှင်ဆန္ဒာဓိက တော့မဟုတ်လောက်ပါဘူးနော် ကျွန်တော်တို့ ဆရာတော်က တရားဟောမယ် စာအုပ်ထုတ်ဝေမယ် တစ်ခြားနိုင်ငံရေးတွေတော့မလုပ်ပါဘူး မသေချာပဲ လျှောက်မပြောပါနဲ့ သေချာမှ ဒီ post ကို တင်သင့်ပါတယ်

  • etone

    June 28, 2010 at 1:59 am

    ဒီရက်ပိုင်းအတွင်းမှာရခဲ့တဲ့မေးလ်တွေမှာ အဲ့ဒီအကြောင်းရေးထားပါတယ် ဒါပေမဲ့လည်း ဒါက တော်တော်လေးဟောင်းနေတဲ့စာတစ်ခုက တယောက်ယောက်ကလက်ကမြင်းပြီး ပို့တာပါ ။ ပြီးတော့သတင်းကလည်းမှားနေပါတယ်လို့ပြောပါရစေ။

  • osprey

    June 29, 2010 at 8:25 am

    ဆရာတော်ဆန္ဒဓိက ဆိုတာ ဘယ်ဆရာတော်ကိုပြောတာလဲ။ ရှင်းအောင်တော့ရေးသင့်ပါတယ် ၊ ငါ့ကိုမချစ်ပါနဲ့ စာအုပ်ရေးတဲ့ဆရာတော်လားဆိုတာ ဝိုင်းပြီး commet ပေးကြပါအုံး။

  • nay phonehlan

    July 1, 2010 at 2:16 am

    ဒီ သတင်း ဟာ အန်တီစု တရား ရင် ဆိုင် နေရ ချိန် မှာ ဖြစ် တဲ့ အတွက် အတော် လေး တော့ ကြာနေပါ ပြီ …
    ဒါ ပေမဲ့ သတင်း က အ မှန်ပါ ကိုညီညီစံ ခေါ် အရှင်ဆန္ဒာ ဓိကပါ…။ဆယ် တန်း မှာ ဂုဏ်ထူး တွေထွက် ပြီး ရဟန်း ဘဝ ကို ကူ ပြောင်း ခဲ့ သူ အရှင် ဆန္ဒာဓိက မဟုတ်တာသေ ချာ ပါ ပြီ..။အခု အဖမ်း ခံရ တဲပ ရဟန်း ကတော့မန္တလေး ဇာ တိဖြစ်ပြီး ရန်ကုန်မှာ အန်တီစု အား အမိန့်ချ မတရား ပြုချင်း အား သွား ရောက် ကြည့်ရှု့ ခဲ့ချင်း သက်သက်သာ ဖြစ်ကြောင်း နာမည်ကြီး နိုင် ရေး လှုပ်ရှား မှု့ဆောင်ရွက်ချင်း တစုံ တရာမရှိ ဘဲအထင်မှား ဖမ်းစီးခဲ့ ကြောင်း ရန်ကုန်ရဟန်း ပျို များ မှ ရရှိ ပါ သည်……။

  • who am I

    August 24, 2010 at 5:27 am

    တော်သေးတာ ပေါ. ဝါးစိမ်တုတ်နဲ ရိုက်လို
    သေနတ်နဲ ပစ်တုန်းက ခံရတဲ သံဃာတွေကို သတိရလိုက်တာ
    ကိုပြုသောကံပဲထင်သံကိုထံပြန်လာမည်တဲ
    ကျွှန်တော်ကတောယ မသေမချင်း သူတိုတွေဘယ်လို ဝဌ်လည်မလဲ စောင်.နေမယ်

Leave a Reply