မိသားစု ထမင်းဝိုင်း အကြောင်း တွေးပြီဆိုရင်
စိတ်ပရိဒေဝက ခရီးအဆုံးမိုးရွာ…။

ရင်ထဲက စုန်းမီးတောက်လေးလင်းလာတော့
သူမအတွက် တစ်ခါပဲ ပြောလိုက်ရတဲ့စကားတစ်ခွန်းကို
အဆွေးက နောက်ပြန်လန်…။

ကိုယ့်လူတွေနဲ့ လောကဓမ္မဆွေးနွေးခန်းမှာ
ငွေကြေးကို ချစ်ရ မုန်းရမယ့် အဓိပါယ်…။

ပြန်မရနိုင်တော့တဲ့ ပန်းပွင့်ဝတ်ဆံပွင့်ဖတ်လေးကို
မျှော်လေတိုင်း အရိုးဆွေးတဲ့ မျက်ရည်ညတွေရှည်…။

ကိုယ်လုံးကိုယ်ပေါက်လှတဲ့ အနုပညာကိုပဲ
ညစဉ်ညတိုင်း အမှောင်မှာသင်ယူ…။

ဘဝအရေး လိုအပ်တဲ့ အသွေးအသားကို
လောကပါလ တရားလေးနဲ့ ဆင်ခြင်…။

ကျောင်းတုန်းက သူငယ်ချင်းအချို့
အခုတော့ အရသာ ပြောင်းသွားတဲ့ဝိုင်…။

ကိုယ်မသိရသေးတဲ့ ဒုက္ခသီချင်းကို
ဒီ့ထက်မက ချိုမြိန်အောင်နမ်းဖို့
သစ္စတရားအတိုင်း တေလေမယ့် မနက်ဖြန်…။

ကမ်းဝေး
(ဇွန်၊ 27၊ 2012၊ နံနက် 1နာရီ ငါးဆယ့်တစ်)

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....