ခရီးအဆုံးထိ ရွာတဲ့မိုး

marblecommetJune 27, 20121min17613

မိသားစု ထမင်းဝိုင်း အကြောင်း တွေးပြီဆိုရင်
စိတ်ပရိဒေဝက ခရီးအဆုံးမိုးရွာ…။

ရင်ထဲက စုန်းမီးတောက်လေးလင်းလာတော့
သူမအတွက် တစ်ခါပဲ ပြောလိုက်ရတဲ့စကားတစ်ခွန်းကို
အဆွေးက နောက်ပြန်လန်…။

ကိုယ့်လူတွေနဲ့ လောကဓမ္မဆွေးနွေးခန်းမှာ
ငွေကြေးကို ချစ်ရ မုန်းရမယ့် အဓိပါယ်…။

ပြန်မရနိုင်တော့တဲ့ ပန်းပွင့်ဝတ်ဆံပွင့်ဖတ်လေးကို
မျှော်လေတိုင်း အရိုးဆွေးတဲ့ မျက်ရည်ညတွေရှည်…။

ကိုယ်လုံးကိုယ်ပေါက်လှတဲ့ အနုပညာကိုပဲ
ညစဉ်ညတိုင်း အမှောင်မှာသင်ယူ…။

ဘဝအရေး လိုအပ်တဲ့ အသွေးအသားကို
လောကပါလ တရားလေးနဲ့ ဆင်ခြင်…။

ကျောင်းတုန်းက သူငယ်ချင်းအချို့
အခုတော့ အရသာ ပြောင်းသွားတဲ့ဝိုင်…။

ကိုယ်မသိရသေးတဲ့ ဒုက္ခသီချင်းကို
ဒီ့ထက်မက ချိုမြိန်အောင်နမ်းဖို့
သစ္စတရားအတိုင်း တေလေမယ့် မနက်ဖြန်…။

ကမ်းဝေး
(ဇွန်၊ 27၊ 2012၊ နံနက် 1နာရီ ငါးဆယ့်တစ်)

13 comments

  • MaMa

    June 27, 2012 at 6:52 am

    လှေငယ်ရှင် ဆုတောင်း သီချင်းကို သွားသတိရမိတယ်။
    ဘာရယ်မဟုတ် ကမ်းဝေးနေလို့ ငြီးတွားနေတယ် ထင်လို့။ 🙂

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 27, 2012 at 8:43 am

    မဟုတ်ဘူးဗျို့……မမကြီးရေ……
    ဦးကမ်းက…ငါဟာရွက်လွှင့်ဆိုသလိုဟဲချင်နေတာ….မသိတာခက်….
    😀 😀 😀 :mrgreen: 😆 😈

  • kyeemite

    June 27, 2012 at 8:49 am

    မစ္စတာကမ်းကြီး
    ရင်မှာအလွမ်းမီး
    တမင်တကာမှန်းပီး
    အပြင်မှာမလွမ်းရပါစေနဲ့ရယ်လို့….
    ခင်တဲ့..
    ကြိုက်မီး။

  • မောင်ပေ

    June 27, 2012 at 8:52 am

    ပုတ်သင်ညိုဆိုတဲ့အမျိုးဟာ
    နေရာဒေသ အလိုက်
    အရောင်ပြောင်းတတ်တယ်လို့
    အချိန်မရွေး နေရာမရွေး
    အရောင်ပြောင်းနေတဲ့
    လူကပြောတယ်။

  • mamanoyar

    June 27, 2012 at 9:55 am

    အားပေးသွားပါတယ်ရှင်

  • မမ အညာသူ

    June 27, 2012 at 11:19 am

    10ယူသွားပါကြောင်း
    ရော့2ကျပ်

  • maung khinmin

    June 27, 2012 at 11:31 am

    လူသားတစ်ယောက်ရဲ့…ခံစားချက်နဲ့…ဘဝဖြစ်စဉ်…ကိုကြိုတင်ပြင်ဆင်ပြီး..
    ခံနိုင်ရည်ရှိစွာ..ကျော်ဖြတ်…မိုက်တယ်ဗျာ

  • Ma Ei

    June 27, 2012 at 11:44 am

    တစ်ခါပဲ ပြောလိုက်ရတဲ့စကားတစ်ခွန်းကို
    အဆွေးက နောက်ပြန်လန်…။
    … ….
    ဖတ်မိလို့ သတိတရ….
    …. ….
    စကားတစ်ခွန်းပြောခဲ့ဖူးသည်….

  • marblecommet

    June 27, 2012 at 12:19 pm

    ဟီးဟီး
    ကဗျာမှာ အသံစီးဆင်းမှုလို့
    ပြောကြတာရှိတယ်
    ရစ်သမ်ခေါ်မလား
    အဲဒါ စမ်းကြည့်ထှာ…….
    အန်တီမမပြောသလို……
    နှလုံးသားသွေးထိုးပီး ငြီးတွားတာ
    နည်းနည်းတော့ပါကောင်းပါမယ်..ဟဲဟဲ….
    အားလုံး ရှဲရှဲဗျ….

  • mayjuly

    June 27, 2012 at 12:27 pm

    လိုက်လို့ မမှီ …

    တစ် ဆယ် ယူ သွားပါ ဘီ …. 😀

  • ဒိုးစနစ်

    June 27, 2012 at 6:27 pm

    ဖတ်ရှုသွားပါကြောင်း

  • blackchaw

    June 28, 2012 at 12:05 pm

    အားပေးသွားပါတယ် ညီလေးရေ။
    ဒီတစ်ပုဒ်တော့ ကိုယ်နဲ့ နည်းနည်းဝေးလို့
    မပွားတော့ပါဘူးဗျာ။
    :mrgreen:

Leave a Reply