တစ်သက်လုုံးမှာ ပုုဂံကိုုနှစ်ခါပဲရောက်ဖူးပါတယ်။  ခပ်ငယ်ငယ်အရွယ်က ပထမဆုုံးအကြိမ် ရောက်တုုန်းက အရမ်း ဂုုဏ်ယုူ သဘောကျပြီးပြန်လာခဲ့ပါတယ်။ နှစ်တော်တော်ကြာပြီး မနှစ်ကဒုုတိယအကြိမ်  ရောက်တော့ အတော်စိတ်ပျက်ပြီး ပြန်လာခဲ့ရပါတယ်။ စိတ်ထဲကမှတ်မိတဲ့ ပုုဂံနဲ့လဲ မတူပါလား။   ၁၅ နှစ်အတွင်း ပုုဂံကပဲပြောင်းလဲသွားလိုု့လား ကိုုယ်ပဲပြောင်းသွားလိုု့လား။ အဖြေရှာမရတဲ့ စဉ်းစားစရာ တချို့  ကိုု ရွာကလူတွေနဲ့  ဆွေးနွေးရအောင်လိုု့ ဒီပိုု့စ်လေးကိုုဖတ်ပြီး ဆွေးနွေးပေး ကြပါ။

လေယျာဉ်ပျံကြီး နဲ့ ပုုဂံကိုု လည်လည်သွားရအောင်

 

ငယ်ငယ်ကလှည်းစီးပြီး သွားခဲ့ဖူးတဲ့ “လှည်းဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း” ကအခုုတော့ Tour bus တွေနဲ့ ပြည့်နေတဲ့  “ကားဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း” ဖြစ်နေပါပြီ။ ကျွန်မတိုု့ မမွေးခင် ဟိုုးအရင်ကတည်းက tourists တွေရှိတာမလွဲပါ။ Tour bus တွေဒီလောက်မများလိုု့လား ကလေးမိုု့ သတိမထားမိတာလားမပြောတတ်ပါ။  ဂျူးရဲ့  “မြစ်တိုု့၏မာယာ”  ထဲကလိုုစက်ဘီးနဲ့ သွားတဲ့ tourist တစ်ယောက်မှမတွေ့ခဲ့တဲ့အပြင် စာအုုပ်ထဲကလိုု သေချာအလေးအနက်ထားပြီးလေ့လာတဲ့ tourist ထက် ၊  အပျော်လည်တဲ့ မြင်ဘူးရုုံ ရောက်ဖူးရုုံ အဖြစ်လာကြတဲ့  sight-seeing tourist တွေပဲ ခပ်များများ တွေ  ့ခဲ့လိုု့  ၊ ပုုဂံကိုု ကျွန်မတိုု့လိုု အလေးအနက် မထားရကောင်းလားဆိုုပြီး ဒေါမနသ ဖြစ်ခဲ့ရပါသေးတယ်။  (ကျွန်မသာ စိတ်တိုုင်းကျ tour guide လုုပ်လိုု့ကတော့ ကျွန်မရဲ့ tourist တွေကိုု စာစစ်သလိုု မေးပြီး မဖြေနိုုင်တဲ့ သူတွေကိုု ထားရစ်ခဲ့ပြစ်မယ်)

ကားဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း

 

ပုုဂံမှာ အရင်ဆုုံးရောက်တာက  ရွှေစည်းခုုံ ဘုုရားပါ။ ထင်သလောက် စိတ်ဝင်စားစရာ မရှိတာနဲ့ မြန်မြန် ပြန်ထွက်ခဲ့ ကြတယ်။  (ကြုံလိုု့ … အမေရိကား Texas က  Austin  မှာ သီတဂူဆရာတော် တည်ထားတဲ့ စေတီတော်က   ရွှေစည်းခုုံ နဲ့ ချွပ်ဆွပ်လိုု့ ပြောပါတယ်။ သူများ Facebook ကပုုံကိုု မခိုုးချင်လိုု့ ဒီမှာ မတင်ပေးလိုုက်ပါ။ )   

ရွှေရောင်တဝင်းဝင်းနဲ့ ရွှေစည်းခုုံ

 

ဂူပြောက်ကြီးရောက်တော့  နံရေးဆေးရေးပန်းချီတွေကိုု အရင်တုုန်းက ဂျာမန်လုူမျိုးတစ်ယောက်က  မြန်မာလုူမျိုးတွေအထိန်းအသိမ်း မတတ်ပဲ ကွယ်ပျောက်သွားမှာစိုုးလိုု့ ဆိုုပြီး  ခွာသွားပြီး အခုု ဂျာမနီက ပြတိုုက် မှာရောက်နေကြောင်း  ၊လူတွေခိုုးတာကနေ ကာကွယ်ထိန်းသိမ်း ဖိုု့ လိုုတဲ့ အကြောင်းပြောနေတဲ့ Tour guide ကိုုကြုံလိုု့ မေးကြည့်မိတယ်။

“ပုုဂံက UNESCO world heritage sites ထဲ မှာပါလားဟင်”

Guide : “မပါသေးဘူး ညီမ”

 

ဪဪ UNESCO ကလူတွေအလုုပ်များနေလိုု့  ပုုဂံကတန်းစီနေရတယ်ထင်ပါ့။ ဒါနဲ့  အိမ်ပြန်ရောက်တော့ ပုုဂံဘယ်လောက်စောင့်ရမလဲသိချင်တာနဲ့ အင်တာနက်ပေါ်ခေါက်လိုုက်တယ်။ လားလား……..   UNESCO မှာမပါသေးတာဘယ်ဟုုတ်မလဲ။  အရည်အချင်းမမှီလိုု့တဲ့  UN အဖွဲ့အစည်းက ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ အမွေအနှစ် နေရာ  World Heritage site အဖြစ် မသတ်မှတ်ပါတဲ့။  ကျွန်မခေါင်းစားသွားပါတယ်။ ပုုဂံလောက်တောင် မဟောင်းတဲ့  မကောင်းတဲ့  နေရာတွေတောင်အသိအမှတ်ပြု ထောက်ပံ့ထိန်းသိမ်း ထားတာပဲ။   အသိအမှတ်ပြုပြီးသား  ၉ ၃၆ နေရာ  ဒီလောက်အများကြီး  ထဲမှာ နှစ်ပေါင်းထောင်ကျော်ကြာပြီဖြစ်တဲ့  စေတီပုုထိုုးပေါင်း ထောင်ကျော်တစ်နေရာထဲမှာစုုစုုဝေးဝေး ရှိနေတဲ့  ပုုဂံဘာလိုု့ qualify မဖြစ်တာလဲ။

နောက်ဆုုံးဖတ်ရတာကတော့  ရှေးဟောင်းလက်ရာတွေကိုု ရှေးဟောင်းလက်ရာနဲ့ မတူအောင် ပြုပြင်ထားလိုု့ပါတဲ့။  ….

ဘယ်သူ ့ကိုု စိတ်ဆိုုးအပြစ်တင်ရမှန်းတောင်မသိဖြစ်သွားတယ်။

 

အဲဒီတော့မှ ပုုဂံကိုုဒီတစ်ခေါက်သွားတာ ဘာစိတ်တိုုင်းမကျခဲ့သလဲဆိုုတာ လက်ထောက်မိတော့တယ်။  ပုုဂံက နာမည်ကြီးဘုုရားတွေအကုုန်လုုံးဟာ အနည်းနဲ့အများ ပြင်ဆင်ထားတာချည်းပါပဲ။ တချို့ ဆိုု ပုုဂံခေတ်ကဘုုရားလိုု့ တောင်မထင်ရပဲ ရန်ကုုန်ကဘုုရားတွေထဲကတစ်ဆူဆူနဲ့  ပိုုဆင်သလိုုလိုု။ ဥပမာ  ရွှေရောင်တဝင်းဝင်းနဲ့ ရွှေစည်းခုုံ ဘုုရား ဟာ ပုုဂံခေတ်ရဲ့ သင်္ဂေတ အနီရောင်အုုတ်ဘုုရားတွေနဲ့ အံမဝင်ပါ။   ရွှေစည်းခုုံ သွားအပြီး ပုုဂံပိုုဆန်တဲ့ဘုုရားတွေပဲသွားဖိုု့  လောလောလတ်လတ် ထီးတော်အသစ်တင်ထားတယ် ဆိုုတဲ့ အလိုုတော်ပြည့် ဘုုရားကို အစီအစဉ်ထဲကဖျက်လိုုက်ဖြစ်တာမှတ်မိသေးတယ်။  သဗ္ဗေညု ဘုုရားကအဖြူရောင် ဖြစ်ပြီး အာနန္ဒာ ထီးတော်/ငှက်ပျောဖူး ဝါနေတာလည်း ပုုဂံနဲ့ မလိုုက်ပါ။  ကျွန်မအကြိူက်ဆုုံး ဓမ္မရံ ကြီး ဘုုရားကတော့ ပုုဂံမူမပြောက်သေးလိုု့ စိတ်တိုုင်းကျခဲ့ပါရဲ့။

ဒုုမှာ ဓမ္မရံ ဆိုုတဲ့ ဓမ္မရံ ကြီးဘုုရား

 

UNESCO မှာပါတာမပါတာထားပါ။ ကျွန်မ လက်လှမ်းမမှီပါ။

ဘုုရားတွေကိုု ပြုပြင်မွမ်းမံခြင်းအကြောင်း ဆွေးနွေးချင်တာပါ။ ဒါကတော့လူတော်တော်များများနဲ့အမြင်ကွဲမလားမသိ။  ဗုုဒ္ဓ ဘာသာဝင်တွေအနေနဲ့ ဘုုရားပျက်ကိုု ဒီတိုုင်းထိုုင်ကြည့်မနေ နိုုင် တာ နားလည်ပါတယ်။ မပြင်လို ့ ထီးတော်မရှိ၊ အုုတ်တွေကြွေပြီး အားလုုံးမြေကြီး ဖြစ်သွားတဲ့ထိစောင့်ကြည့်ရမယ်လိုု့ မဆိုုလိုုပါ။    မြန်မာနိုုင်ငံမှာ သာသနာ မကွယ်တာ ရှေးဟောင်းဘုုရားတွေကိုု အစဉ်အဆက် ထိန်းသိမ်းထားလိုု ့ ဆိုုတာ သံသယမရှိပါဘူး။ ဒါပေမဲ့ ဒီလောက်ပြောင်းသွားအောင်ပြင်ဖိုု့ လိုုလိုု့လား။  ပုုဂံခေတ်ကလက်ရာတွေနဲ့ တူအောင်မွမ်းမံလိုု့ မရဘူးလား။  ရွှေရောင်သုုတ်မဲ့အစား အုုတ်နီခဲရောင် အတိုုင်း ထားလိုု့မရဘူးလား။  ပုုဂံက ဂေါက်ကွင်းအကြောင်းတော့ ထည့်တောင်မပြောတော့ပါဘူး။ မတူးရသေးတဲ့ ဘုုရားတွေ ပေါ်မှာများလားမသိ။

ထီးလိုုမင်းလိုု ဘုုရားထဲမှ နံရံဆေးရေး ပန်းချီများ

 

ဘုုရားတည် ကျောင်းဆောက်တာ နတ်ပြည်ရောက်မယ့် ကောင်းမှူကုုသိုုလ် ဆိုုပေမဲ့ စဉ်းစားစရာပဲ။  အန်ကောဝတ် လိုုသစ်ပင်တွေပေါက် ရေညှိတွေ တက်နေပေမဲ့ အရင်လက်ရာတွေ အတိုုင်းပဲ ထားတာကောင်းလား ၊ အရင်က ပုုဂံ ပုုံပြောက်ပြီးခေတ်သစ် ပုုဂံ ပုုံနဲ့  ရေရှည် ပိုုခံတဲ့  ဘုုရားတွေကပိုုကောင်းလား  မစဉ်းစားတတ်တော့ပါ။  ဝေဖန်ရေးလေကန်ရေး လုုပ်နေပေမယ့် တကယ် လက်ရာမပြောက်အောင်ဘယ်လိုုပြင်မလဲဆိုုရင် ဆောက်လုုပ်ရေး ရော ဗိသုုကာရော နည်းနည်းမှမသိတဲ့  ကျွန်မလည်းမပြောတတ်ပါ။

ရှေးဟောင်းသုုတေသန နဲ့ နီးစပ်တဲ့ လုူတွေဆီက ဘယ်လိုုသဘောထားလဲသိချင်မိတယ်။ ဗုုဒ္ဓဘာသာဝင် တွေအမြင် ဘက်ကလည်းသိချင်ပါတယ်။  ပြင်သင့်သလား ၊ မပြင်သင့်ဘူးလား ၊ ဘယ်လိုုပြင်သင့်တယ်ထင်ပါသလဲ။

 

ပုုဂံမှာ ၁ ရက်လည်ပြီးတဲ့  နိုုင်ငံခြားသားတစ်ယောက်ရဲ့ Comment က  “Cambodia က အန်ကောဝတ် ရဲ့ signature က အဖြူရောင်ကျောက်တုုံး တွေ ၊ ပုုဂံ ရဲ့ signature က အနီရောင်အုုပ်ချပ် တွေပဲ” တဲ့။

လှည်းဝင်ရိုုးသံတညံညံပုုဂံဘုုရားပေါင်း

နောက် ၁၅ နှစ်ဆိုုရင်ပုုဂံက ဘုုရားတွေအကုုန် ရွှေရောင်တဝင်းဝင်းဖြစ်သွားပြီး  ပုုဂံနဲ့ မတူတော့ဘဲ ရန်ကုုန်နဲ့တူသွားမလား စိုုးရိမ်မိပါတယ်။

 

p.s:  အချက်အလက်များ မှားနေရင်ပြင်ပေးကြပါ။

 

About သကြားလုံးကြော်

Pink Candy has written 7 post in this Website..