ဆောင်းခိုငှက်

nga myoJune 27, 20121min702

ရေးတွေခဲလောက်အောင်အေးတဲ့ ရာသီကိုရောက်ရင်

ပင်လယ်ပြင်ဆီကိုဆောင်းခိုဖို့ရောက်လာခဲ့ပါအုံး……..

နွေးထွေးတဲ့နေရောင်ဆိုတာ ပြန်ပြီးတမ်းတမိတဲ့အချိန်ကြရင်

ကို  ရေလို့တိုးတိုးလေးခေါ်ကြည့်လိုက်ပါ…….

ကိုယ့်ရဲ့  ရင်ထဲကနွေးလှိုက်လှဲတဲ့ အချစ်တွေအတွက်

ဒီလောက်နဲ့ပဲ ကိုယ်ကျေနပ်လိုက်ပါ့မယ်…..

2 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:02 am

    ရေတွေ အေးခဲနေအောင်…
    အေးတဲ့ ဆောင်းအလှရာသီလေးမှာ…
    ပင်လယ်ပြင်ဆီက…
    သဘာဝရေငွေ့လေးနဲ့….
    နေရောင်ခြည်ရဲ့ အလင်းဓါတ်ကိုလိုအပ်သလို…
    မျှော်လင့်နေတဲ့….
    ချစ်သူဆီက အချစ်နွေးနွေးလည်း…
    လိုအပ်နေမှာပါ…ဒါဆိုရင်
    ပြည့်စုံပြီတဲ့လားကွယ်…….။

Leave a Reply