ထိုင်းနိုင်ငံမှ ချစ်စရာ့အတွေး

Maung YuGhan SDYJune 27, 20121min1567

ကျွန်တော်ဒီပို့စ်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများပညာရေးဟု ခေါင်းစီးတပ်ချင်ပါသည် သို့သော် ထိုင်းနိုင်ငံသားတို့၏ ချစ်စရာကောင်းသောလူသားစိတ်ကို ကျွန်တော်အထူးပြောလိုသောကြောင့် ထိုင်းနိုင်ငံမှချစ်စရာ့အတွေးဟုခေါင်းစီးတတ်ခြင်းဖြစ်ပါသည်။
ကျွန်တော်အခုလိုပြောလိုက်တော့ နေရာဒေသတိုင်းမှာ လူတိုင်းကကောင်းနေတာလားဆိုတော့ မဟုတ်ပါ ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာမြေသည် ဆန့်ကျင်ဘက်နှစ်ခုဖြင့်ရပ်တည်နေခြင်းဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။
ကျွန်တော်ထိုင်းနိုင်ငံမဲဆောက်အပိုင်မှ taa ad ကျောင်းလေးသို့သွားရောက် လည်ပတ်ခဲ့ပါသည် ကျောင်းတွင် အာဆီယံ ဆယ်နိုင်ငံအလံကိုလွှင့်တင်ထားပြိး spirit of asean ဟုရေးသားထားပါသည်။ ကျောင်းဝန်းအတွင်းသို့ဝင်ရောက်လေ့လာသောအခါ ကျောင်းသားဦးရေ 1200 ကျော်ရှိပြီးမြန်မာကျောင်းသားကျောင်းသူ1100ကျော်ရှိသည်ကိုအံ့ဩစွာတွေ့ရပါသည်။ ကျောင်းမှာအစိုးကျောင်းဖြစ်နေသောကြောင့်ယခုကဲ့သို့မြန်မာကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ ဘယ်လိုမူ အပါ်အခြေခံသည်ကိုသိလိုသောကြောင့် ကျောင်းကော်မတီဥက္ကဌ ဦးကြာပွင့်(ထိုင်းလူမျိုး)အား လေးစားမေးမြန်းခဲ့ပါသည်။
“ဆရာတို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်ဘူး ပြည်တွင်းစစ်ဒဏ်ကိုခံနေရတယ်မလား ဒါကြောင့်စီးပွားရေးအလုပ်အကိုင်မကောင်းဘူး ထိုင်းနိုင်ငံကိုဝင်လာကြတယ် ဒီမှာအလုပ်ဝင်လုပ်တာပေါ့ သူတို့မှာကလေးတွေပါလာတယ် ဒီရောက်မှမွေးတာတွေလဲရှိတယ် ဒီကလေးတွေကပညာမတတ်ဘာမတတ်ရင် လိမ္မာမှုမရှိတော့ဘူး ဥပဒေကိုမလေးစားတော့ဘူး အနီးဆုံးပတ်ဝန်းကျင်ကို ဒုက္ခပေးလာမယ် နောက်သူတို့ကိုပတ်ဝန်းကျင်ကလက်မခံလို့ နှင်ထုတ်ခံရရင် သူတို့မိဘတွေပါဒုက္ခဖြစ်မယ် သူတို့ပညာပေးသင်တော့ လိမ္မာယဉ်ကျေးလာမယ် ကျောင်းပြီးသွားလို့ အလုပ်အကိုင်လုပ်မယ်ဆိုလဲအစိုးရအလုပ်ရမယ် နောက်ဆရာတို့နိုင်ငံကနိုင်ငံရေးပြောင်းသွားပြီ အချိန်နဲနဲစောင့်ရင် စီးပွားရေးကောင်းလာမယ် ထိုင်းမှာက သဘာဝသယံဇာတမရှိတော့ဘူး မြန်မာမှာမကုန်မခန်းရှိတယ် မြန်မာတိုးတက်လာတဲ့ခါ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ ကိုယ့်ပြည်ကိုယ်ပြန်မှာပေါ့ ဘယ်သူကသူများတိုင်းပြည်မှာဒုက္ခခံနေချင်မှာလဲ ဒီအခါကလေးတွေလဲမိဘတွေနဲ့အတူပြန်သွားမှာပေါ့ သူတို့ပညာတတ်တော့ သူတို့အဆင်ပြေမယ် နောက်အာဆီယံပူးပေါင်းတဲ့အခါ သူတို့တွေကထိုင်းမြန်မာချစ်ကြည်ရေးကို ထောက်အကူပြုမယ် သူတို့ကိုထိုင်းနိုင်ငံကပညာသင်ပေးတဲ့အတွက် သူတို့ထိုင်းကိုဒုက္ခပေးမှာမဟုတ်ဘူး အိမ်နီးချင်းနိုင်ငံဆိုတာကအမြဲထိတွေ့နေရတာလေ အိမ်ပြောင်းသလိုရွေ့ဆောက်လို့မှမရတာ ပြဿနာဆိုတာအနည်းအများရှိမယ် ဒါကြောင့်ချစ်ကြည်ရေးလုပ်ငန်းတွေကြိုလုပ်ထားတာပေါ့ မြန်မာရဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုထိုင်းနိုင်ငံကအတော်ခံရတယ် အိမ်နီးခြင်းဖြစ်နေတာကိုး လူလူချင်း မကူညီလို့လဲမရဘူးလေ တချိန်မှာ ဒီကလေးတွေက ထိုင်းမြန်မာချစ်ကြည်ရေးကိုစောင့်ရှောက်လိမ့်မယ်ဆရာ”ဟုဆိုကာရှင်းပြပါသည်။
လူမျိုးတမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းသည် ထိုတိုင်းပြည်ထိုလူမျိုးတို့၏ ပညာရေးအဆင့်အတန်းပေါ်တွင်များစွာမူတည်နေပြီး ထိုတိုင်းပြည်၏တရားပဒေကိုလေးစားလိုက်နာမှု ထိုတိုင်းပြည်၏ယဉ်ကျေးမှုနှင့်သမိုင်းတန်ဘိုးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပညာရေးစနစ်ကသာပြည့်ဝသောဥိးဆောင်မှုပေးနိုင်မှာဖြစ်ပြီး လူ့အသိုင်းဝိုင်းတခုလုံးကို ပညာသင်ကြားရေးအခွင့်အလမ်းကို ကျွန်တော်တို့များစွာဖန်တီးပေးရမှာဖြစ်ပါတယ် ပညာမဲ့သောပတ်ဝန်းကျင်တခုကိုကျွန်တော်တို့ဖန်တည်းထားမည်ဆိုပါက ထိုဝန်းကျင်သည် ကျွန်တော်တို့တိုင်းပြည်၏တည်ငြိမ်မှုကိုလည်းကောင်း ယဉ်ကျေးမှုကိုလည်းကောင်းကြီးစွာ နှောင့်ရှက်ဖျက်ဆီးသည့် အဖျက်အင်အားစုဖြစ်ဖြစ်လာမည်ဖြစ်ပါသည်
ထိုကြောင့် ကျွန်တော်တို့သည် ခွဲခြားဆက်ဆံမှုကင်းသော လူတိုင်းပညာသင်ကြားနိုင်ရေးအခွင့်အလမ်းဝန်းကျင်များကို မိမိကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ဖန်တီးရင်းဖြင့် ကျွန်တော်တို့ပတ်ဝန်းကျင်ကို တည်ငြိမ်အေးချမ်းနိုင်လိမ့်မည်ဟုထင်မိပါသည်။

7 comments

  • mamanoyar

    June 27, 2012 at 12:51 pm

    ဖတ်သွားပါတယ်ရှင်

  • mocho

    June 27, 2012 at 1:21 pm

    ”သူတို့ကိုထိုင်းနိုင်ငံကပညာသင်ပေးတဲ့အတွက် သူတို့ထိုင်းကိုဒုက္ခပေးမှာမဟုတ်ဘူး ”
    ဆိုတဲ့ စကားအရ ထိုင်း တွေ က မြန်မာတွေ ကိုကြောက်တဲ့ အငုံ့စိတ် ကို တွေ့ ရပါတယ်။
    ဘယ်လို ပဲဖြစ်ဖြစ် သူတို့ ရဲ့ ရည် ရွယ်ချက်လေးက အတော် ကောင်းပါတယ်။ ဒီကလေးတွေ သူတို့နိုင်ငံမှာ ဆက်နေဖြစ် လည်း ပညာတတ် လေးတွေ ဖြစ်သွားတော့ သူတို့ တွက် အကျိုး ရှိတာပေါ့။ ကိုယ့် နိုင် ငံထဲ ပြန်လာတော့ လည်း အိမ်နီးချင်း နိုင် ငံ ထဲကို ပညာ တတ်လေးတွေ ပါသွားတော့ အကျိုး မယုတ်ဘူးပေါ့။ win -winပေါ်လစီ လို့ ပြောရမှာပါ။

  • ဖိုးထောင်

    June 27, 2012 at 4:52 pm

    အကျိုးရှိစေတဲ့ ပို့စ်လေးပါ မမိုချိုပြောတဲ့ ပေါ်လစီအတိုင်းပါပဲ

  • ဦးဦးပါလေရာ

    June 27, 2012 at 8:30 pm

    ((ပညာမဲ့သောပတ်ဝန်းကျင်တခုကိုကျွန်တော်တို့ဖန်တည်းထားမည်ဆိုပါက ထိုဝန်းကျင်သည် ကျွန်တော်တို့တိုင်းပြည်၏တည်ငြိမ်မှုကိုလည်းကောင်း ယဉ်ကျေးမှုကိုလည်းကောင်းကြီးစွာ နှောင့်ရှက်ဖျက်ဆီးသည့် အဖျက်အင်အားစုဖြစ်ဖြစ်လာမည်ဖြစ်ပါသည်))

    အင်မတန် စဉ်းစားသင့်တဲ့ စကားလေးပဲ..။

  • သားဦး၊မြေးဦး

    June 27, 2012 at 9:59 pm

    ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်လဲ မယ်တော်ဆေးခန်းကို
    လာပြီး အလှုူငွေတွေ လှုူသွားတာတွေ ့လိုက်တယ်ဗျ။ပြောင်း
    တော့ ပြောင်းလဲ နေပီ ဆိုရမှာပါဘဲ။

  • snow white

    June 28, 2012 at 6:54 pm

    အေးပေါ့လေသူတို့အမြင်သူတို့အတွေးလေးတွေနဲ့ ဘာပြောပြောကိုယ့်မြန်မာလေးတွေကို မနှိပ်စက်ဘဲ ပညာရေးလည်းအေးအေးဆေးဆေးပညာသင်ခွင့်ပေးထားတာဘဲ သူတို့ကိုပြန်လှန်ကျေးဇူးတင်စရာတွေ ဖြစ်ကုန်တာပေါ့လေ နှစ်နိုင်ငံ ချစ်ကြည်ရေးပေါ့ လု့ိပြောလို့တောင်ရတယ်ပေါ့နော် ကိုယ့်မြန်မာတွေကလည်းခက်တာက သူများနိုင်ငံကိုအားကျတာ ကဆိုးတယ် ဒါကြောင့်သူများနိုင်ငံရဲ့ ခိုင်းစေမှုကို ခံနေရတုံးပါဘဲ။

  • သားဦး၊မြေးဦး

    June 28, 2012 at 7:09 pm

    သူများနိုင်ငံကို အားကျနေတာတော့ ဟုတ်လောက်ပါဘူး စနိးဝှိုက်လေးရေ။
    ကိုယ့်ဆီမှာ မလုံခြုံသေးသရွေ ကတော့ နေကြရအုံးမှာပါ။ဥပမာ-မတရားအသင်း
    အပင်းကြေညာခံထားရတဲ့ လူ ့ဘောင်သစ်ပါတီ လိုပါတီမျိုး(ကျနော့်ပါတီ ကြောင့်
    ဆွဲပြောတာ မဟုတ်ပါ)၊အားလုံး လက်ခံဖို ့လိုမယ်ထင်ပါတယ်။

Leave a Reply