***အဆိပ်ပန်း***

***ခံစားချက်တွေသီကုံး
ကဗျာတွေခြယ်မှုန်း…
ရှာကြံပြီး ပြုံးရတဲ့…
င့ါအဖြစ်က ဆိုးပါတယ်…။

***ဘယ်ဆီဘယ်ဝယ် မျှော်မှန်း
တမ်းတလို့ မှန်းဆပြီး…
လွမ်းရဦးမယ်ဆိုရင် အလွမ်းသင့်နေတဲ့…
င့ါနှလုံးသားလေး…
လှောင်ပြုံးနေတဲ့ နင့်အပြုံးမျက်နှာကို…
ရင်မဆိုင်ရဲတဲ့…
င့ါအဖြစ်က ဆိုးပါတယ်…။

***အလွမ်းစာမျက်နှာရဲ့ ခံတပ်မှာ
ငါအလဲလဲ အကွဲကွဲ ကျရှုံးနေတာကို…
နင် မြင်တွေ့ ကြားနေရမှ…
ပျော်ရွှင် ကျေနပ်နေမှာတဲ့လား ချစ်သူရယ်…။

***ငါလေ နင့်ကိုသတိရတိုင်း
အလွမ်းတွေပဲ ပျိုးနေမိတယ်…
ငါကိုယ်တိုင် ပျိုးခဲ့တဲ့ အလွမ်းတွေက…
နင့်အတွက် အဆိပ်ပန်းတွေ…
ဖူးပွင့်နေမှာ ငါစိုးရိမ်မိတာပေါ့…။

***အဲ့ဒီလိုဖြစ်ခဲ့ရင်လေ
ငါ့ကို အပြစ်မတင်ပါနဲ့ဟာ…
ငါအနူးအညွတ် တောင်းပန်ပါရစေနော်…
နင့် အတွက်နဲ့ ပျိုးခဲ့တဲ့ အလွမ်းတွေက…
အဆိပ်ပန်းတွေ ဖူးပွင့်ပါစေ…
ကျေကျေနပ်နပ်နဲ့…
တယုတယလေး ငါပြုစုပျိုးထောင်ချင်လို့ပါ…။

***ဘာကြောင့်လဲဆိုတော့
အဲ့ဒီ အဆိပ်ပန်းက…
ငါကိုယ်တိုင် နင့်အတွက်…
ပျိုးခဲ့ရတဲ့ အလွမ်းတွေအတွက်ကြောင့်…
အလွမ်းသင့်နေခဲ့ရလို့ပါ ချစ်သူရယ်…။

ခင်မင်လျှက်…မိုက်လေး..။
(မှတ်ချက်။ ။ သီးခံပေးစေချင်ပါတယ်..မိုက်လေး ရေးတတ်သလိုရေးထားတဲ့အတွက် အဆင်ပြေသလိုလေး ဖတ်ပေးပါနော်)
ကျေးဇူးတင်ပါတယ်….။

14 comments

  • ညလေး

    June 27, 2012 at 11:25 am

    ကောင်းပါတယ်..မိုက်လေးရယ်……
    မုသားမပါ….လင်္ကာမချောတဲ…..ဒီတစ်ခါတော့……
    မိုက်လေးရေးတဲ.ကဗျာက…
    မုသားမပါပေမယ်……..ဖတ်လို.အရမ်းကောင်းပါတယ်ကွယ်
    ဆက်လက်အားပေးနေမယ်နော်…..
    နင့်ကိုယ်တိုင်ပျိုးမှတော့.အဆိပ်ပန်းထက်….
    ပိုပါစေ…အပွင့်နီနီ……အနံသင်းသင်း……နင့်အသည်းကပွင့်တဲ့……..
    အဆိပ်ပန်းလေး……
    ပန်ထားမယ်……

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:31 am

    အခုလိုဖတ်သွားပေးတဲ့အတွက်…
    ညလေးကို မိုက်လေး..ကျေးဇူးတင်ပါတယ်နော်…
    အဆိပ်ပန်းဆိုပေမယ့်….
    အလွမ်းတွေနဲ့ ပျိုးထားတဲ့ပန်းမို့…
    အသုံးဝင်မယ်လို့…
    ထင်ပါတယ်…ခင်တဲ့
    မိုက်လေး……။

  • မောင်ပေ

    June 27, 2012 at 11:34 am

    အဆိပ်ပန်း
    သိပ်မလန်း
    လိပ်သရမ်း
    ထိပ်နမ်း
    အိပ်စမ်း။

  • mamanoyar

    June 27, 2012 at 11:37 am

    အားပေးပါတယ် မိုက်လေးရေ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 11:56 am

    ကျေးဇူးတင်ပါတယ်နော်…:)

  • မဂွတ် ထော်

    June 27, 2012 at 3:44 pm

    အားပေးပါတယ် မိုက်လေးရေ …pay 10 kyat

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 4:01 pm

    လိုရာယူသွားပါ…
    ဝေဒနာတွေ ကျန်အောင်တော့…
    မကျီစားပါနဲ့….
    ပလီပလာ လည်းမများတတ်သူမို့…
    ခပ်အေးအေးလေးပဲ နေပါရစေလား…။

  • ဘရားသား

    June 27, 2012 at 4:17 pm

    ကောင်းကင်ကြီးက ပြာ
    မြက်ခင်းတွေက စိမ်း
    သဘာဝ တရားတွေက မပြောင်းလဲပေမဲ့
    မင်းကတော့ နောက်တယောက်နဲ့
    ပြောင်းလဲသွားတယ်ကွာ ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 4:26 pm

    မင်းလေးရဲ့…
    စိတ်အစဉ် ရဲ့ နောက်ကွယ်မှာ….
    ထိုးနှက်ခဲ့တဲ့ ဓားချက်တွေက….
    ပြောင်းလဲမှုတွေ များနေတယ်ဆိုတာ..
    မသိခဲ့လေတော့………………

  • ဘရားသား

    June 27, 2012 at 4:30 pm

    တစ်က ပြန်စကြရအောင်………………..လား

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 4:34 pm

    မလွယ်ပါဘူး….
    နောက်ထပ်ဆိုတာ….
    အတိတ်က ဖြစ်ခဲ့တဲ့…
    ပြစ်ချက်ကြောင့်….
    ယုံကြည်ဖို့ရာ….
    မလွယ်ဘူးလေ….
    ဟုတ်တယ်မလား..။

  • သားဦး၊မြေးဦး

    June 27, 2012 at 10:16 pm

    အဆိပ်ပန်းတော့ မပျ်ုးပါနဲ ့လားဗျာ။အမုန်းတွေက
    စိတ်ပင်ပန်းစေပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 9:22 am

    အမုန်း ပါလို့….
    မိုက်လေး..မပြောပါဘူး…
    စိတ်ပင်ပန်းမှုကိုလည်း…
    အကြာကြီးမထားတတ်တာ..
    မိုက်လေး..အကျင့်ပါ..။

  • si tone

    September 4, 2012 at 8:29 pm

    အားပေးပါတယ်နော်…………..

Leave a Reply