စိတ်ပျောက်ခြင်း

WowJune 27, 20121min32227

အခုတစ်လော ကြာဘီ တစ်လလောက်ရှိဘီ။ အရင်းရှင်ဒွေများရက်စက်ချက် ပရောဂျက်သုံးခုလောက်ကို သာမီးတစ်ယောက်ထဲ လုပ်ခိုင်းဒယ်… ဟီး…ဟီး…ဟီး (ငိုနေဒါ)

အင်တာနက်လဲ နပ်မှန်အောင်မသုံးရ။ အဖေ့ဘုတ်အုပ် ထဲလဲ မသွားရ။ အကျယ်ဂျုပ် ကျနေသလိုဘဲ။ ရွာထဲဆိုဒါတော့ ဝေးရော… ဟီးဟီး..ဒါလဲခပ်ကောင်းကောင်း အဲဒီဒုံးက ရွာထဲလဲ ပွဲကြမ်းနေသလားလို့…

ပြောပြချင်တာက မိုးလင်းမိုးချုပ် အဲဒီ့သုံးခုဂျီးကိုပဲခေါင်းထဲထဲ့ထားရဒါ။ အခု နှစ်ခုလောက်လဲ ပြတ်သွားရော လူကဘာဖြစ်နေလဲဆိုတော့ နဲနဲ ရူးကြောင်ကြောင် ပြောမလား။ I lost my mind ကို တိုက်ရိုက်ကြီးပြန်လိုက်တော့ ငါ့စိတ်ပျောက်သွားဒယ်ပေါ့နော်။

ဘာကိုမှအာရုံစိုက်လို့မရတော့သလိုဖြစ်သွားတာ။ သူများတွေ ဘေးနားက လာပြောနေတာ ကြားတယ်။ ခေါင်းထဲမဝင်ဘူး။ အဲလိုပဲ စာဖတ်လဲ ဖတ်တာပဲရှိတာ ခေါင်းထဲဘာမှရောက်မလာဘူး။ အူကြောင်ကြောင်နဲ့ ခေါင်းထဲမှာ ဘလာကြီးလိုဖြစ်နေတာ။ တခြားသူတွေဖြစ်ဘူးလားတော့မသိဘူး….

အခုပြန်ကောင်းတာ နှစ်ရက်လောက်ပဲရှိသေးတယ်။

ရွာထဲမှ ပညာရှင်ဆြာများ…
ကူညီကြပါဦး။ ဘာလို့အဲ့လိုဖြစ်တာလဲဆိုဒါရယ် နောက်တစ်ခေါက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ဆိုဒါရယ်ပါ….

ကျေးဇူးတင်လျှက်
Wow

27 comments

  • ဇောက် ထိုး

    June 27, 2012 at 12:40 pm

    သေသေချာချာ ရှင်းပြမလို့လုပ်နေတာ အပေါ်နားက နှုတ်ခမ်းလေးလှုပ်နေတာကြည့်ပြီး ငေးနေမိတယ်။ အတွေးကလဲ ဘာတွေဝင်လာတယ်မသိဘူး။ ဘာပြောရမှန်းလဲ သိတော့ဘူး။ပြောမယ်ဆိုတဲ့ ကိုယ့်စိတ်ကိုတောင် ပျောက်သွားတယ်။ဟီးးးးးးးးးးးးးး

    • Wow

      June 27, 2012 at 1:29 pm

      ဇောက်ထိုးကြည့်မိလို့လားဟင် …. ဘာပြောရမှန်းမသိတော့တာ…
      🙂

  • mamanoyar

    June 27, 2012 at 12:55 pm

    ဖတ်လဲဖတ်တယ်
    တစ်ဆယ်လဲယူတယ်

    • Wow

      June 27, 2012 at 1:33 pm

      ဒဂျီးက တစ်ဆယ်မပေးဒေါ့ဘူးကြားတယ်နော်… မီးမလာတုံးကတော့ ဖယောင်းတိုင်တွေ ထွန်းပြီး လမ်းထွက်ကြဒါပဲ… ခု ဘာလုပ်ကြမလဲ 😛

      • TNA

        June 27, 2012 at 3:47 pm

        တဆယ်တန်တွေရှာကိုင်ပြီးထွက်ကြမယ်လေ။

        • Wow

          June 27, 2012 at 4:00 pm

          ‘တောက်စ်…’
          တဆယ်တန်ရှာမရလို့ တောက်ခေါက်ခြင်း…
          😛

  • မောင်ပေ

    June 27, 2012 at 1:01 pm

    စိတ်ပျောက်
    အိပ်ပေါက်
    ထိပ်ခေါက်
    သိပ်နောက် ။

    • Wow

      June 27, 2012 at 2:51 pm

      ဦးပေ ထိပ်ခေါက်ဆိုပြီး ပြောင်ပြနေတော့….
      😀

  • နွေဦး

    June 27, 2012 at 1:54 pm

    ဒီလို အချိန်မှာ တရားမှတ် တရားထိုင်
    စိတ်ထဲမရောက်ပေမဲ့လဲ ဘုရားစာ တခုခု ကို ရွတ်နေတာ အကောင်းဆုံးပါ..

    • Wow

      June 27, 2012 at 2:50 pm

      အင်းတရားထိုင်ပြန်တော့လဲ မှတ်မရ… အလုပ်တွေကမပြီး… ကျန်းမာရေးကမကောင်း… ဟင်း… ကြုံဖူးမှသိမယ်နော်….
      😛

  • Zune Phyu

    June 27, 2012 at 2:54 pm

    ဘာမှလုပ်လို့အဆင်မပြေရင် အိပ်ပစ်လိုက်….

    • Wow

      June 27, 2012 at 3:11 pm

      အဲ့လို အိပ်ဖို့ ကို အချိန်လုနေရတာ ဇွန်ဖြူရေ…

  • amatmin

    June 27, 2012 at 2:57 pm

    နည်းပေးလိုက်လို့အရမ်းကြိုက်ပီး.
    ဒေါ်ဝိုး စာအုပ်ထုတ်ရောင်းရင်.
    ကော်မရှင်ဘယ်လောက်ရမှာလဲဟင်င်. 🙂

    • Wow

      June 27, 2012 at 3:14 pm

      စာအုပ်ထုတ်ဝေခ တဝက် ရှယ်ယာပါမလားဟင်င်င်…
      မမြတ်မှာတော့မပူနဲ့ ရွာသူားတိုင်းမဝယ်နေရလို့ ဒဂျီးကို ဘီယာနဲ့နွားကင်ကျွေးပြီး စည်းရုံးလိုက်
      😀

  • pooch

    June 27, 2012 at 3:12 pm

    ညအိပ်ခါနီး သီချင်းခပ်တိုးတိုးလေး timer ပေးဖွင့်ပြီး အိပ်ကြည့်လေ။ ဆွေးဆွေးလေးနဲ့ ငြိမ့်ငြိမ့်လေးတွေ ပေါ့။ 😀

    • Wow

      June 27, 2012 at 3:20 pm

      မယ်ပုရေ အဲလိုဂျီးတော့ လုပ်သားအေ့ … ဒါပေမဲ့ တစ်ခါတစ်ခါ သူရဲခြောက်လိုက်သလို မပြီးနိုင် မစီးနိုင်ဒွေက ခေါင်းထဲဝင်ဝင်လာတော့…. 🙂

  • marblecommet

    June 27, 2012 at 3:30 pm

    ဟာဗျာ …..
    သများ သားသမီးတွေများ အားကျလိုက်ထှာ…..
    အိုင်လော့စ်မိုင်မိုင်းဖျစ်နေတဲ့ အန်တီဝိုးရေ့….
    သားတို့ စစ်ကူချိပါဒယ်…..
    ဘာဖျစ်ချင်လဲသာ ပြောလိုက်…..
    အာဟိ….
    …….

  • Wow

    June 27, 2012 at 4:02 pm

    အိုင်လော့စ်မိုင်မိုင်းကို အားမကျချင်ပါနဲ့ကွယ်… ညီးကြုံဖူးမှသိမယ်

  • Zune Phyu

    June 27, 2012 at 4:21 pm

    ဘာမှလဲလုပ်လို့မရ အိပ်ဖို့လဲအချိန်မရှိနဲ့ ကျမဆိုရင်တော့
    စိတ်ပျောက်ယုံတင်မကပဲ စိတ်ပါနောက်သွားတော့မှာပဲ…..

  • ဖိုးထောင်

    June 27, 2012 at 6:35 pm

    wow ရယ် တဂျီးတချယ် မရရင်နေပါစေ ရင်မခုန်ပါဘူး wow အနမ်းလေးတွေနဲ့ ရင်င်င်င်တွေ ခုန်န်န်န်န်ပြီးးးး အနော် တွားတော့မယ်နော်

    • Wow

      June 28, 2012 at 9:32 am

      ရင်ခုန်ပြီး တောကသူတွေမှာတာမေ့မသွားနဲ့နော်။ ပြန်ရင်အရိုက်ခံနေရမယ်

  • သားဦး၊မြေးဦး

    June 27, 2012 at 9:52 pm

    အင်. းးးးးးစိတ်အရင်းအတွေးများနေလို ့နေမှာပါ။
    အနားယူလိုက်ပါနော်။

    • Wow

      June 28, 2012 at 9:26 am

      ်အပြီးနားလိုက်ရမှာလားဟင်င်င်….
      :p

  • Shwe Ei

    June 28, 2012 at 11:47 am

    ဒီအတိုင်းဘဲ နေလိုက်ပါ။ စိတ်အပန်းပြေဖို့ ကြိုးစားရင်း ပိုပင်ပန်းနေအုံးမယ် 🙂

    • Wow

      June 28, 2012 at 4:05 pm

      ဒီအတိုင်းဆိုဒါ ဘယ်အတိုင်းလေးလဲဟင်
      😛

  • Phaung Phaung

    June 28, 2012 at 5:06 pm

    ဖတ်နေရင်းနဲ့ နာပါ ရူးချင်သလိုလိုဖြစ်သွားတယ်……။ ဒါကြောင့် လစ်ပီနော်………တာ့ တာ။

    • Wow

      June 29, 2012 at 9:34 am

      ဟေ့ နေဦးလေ အကြွေးပေးသွားဦးလေ…
      😛

Leave a Reply