***…ဥယျာဉ်မှုး…***

maung khinminJune 27, 20121min13614

တစ်ခါ တစ်ရံ

ကာရံ နုသစ်

ပျိုမြစ် စိတ်ကူး

ပေါင်းကူး ချိတ်ဆက်

အိပ်မက် ပန်းခင်း

အသက် သွင်းကာ

ကဗျာ တစ်စ

လှပ နရီ

သံစဉ် ညီညွတ်

လွတ်လပ် ပုံဖော်

ရုပ်လုံး ပေါ်စေ

သန္ဓွေ  လွယ်လျှက်

ခက်လက် ဝေဆာ

တန်ဆာ ဆင်မြန်း

ကဗျာ ပန်းပွင့်

ရဲရင့် စမ်းကွယ်

လွမ်းလို ့ နွမ်းသူ

ကြမ်းလို ့ ပမ်းသူ

အပူ သောက

လူ ့လောက ထဲ

အပမ်း လည်းပြေ

စိတ်ဖြေ ကြည်နူး

ပွင့်ဖူး မာလာ

ဥယျာဉ် သာ၌

ကဗျာ ရေးစပ်

ကျေနပ် သူ..။။။



14 comments

  • mamanoyar

    June 27, 2012 at 12:48 pm

    အားပေးသွားပါတယ်ရှင်

    • maung khinmin

      June 27, 2012 at 1:08 pm

      ဟုတ်ကဲ့ပါရှင်…အဲ…ဗျာ..

  • မောင်ပေ

    June 27, 2012 at 12:54 pm

    တစ်ခါတစ်လေကြတော့လဲ
    ကိုယ်စိုက်လို ့ပွင့်လာတဲ့
    အလှဆုံးပန်းကို
    ကိုယ်မနမ်းရတဲ့အဖြစ်ဟာ
    ရင်နာစရာတော်တော်ကောင်းမှာဘဲ။

    • maung khinmin

      June 27, 2012 at 1:07 pm

      ဥယျာဉ်မှုးဆိုတာ….ပန်းနံ ့ကိုယဉ်နေပြီဗျ….
      နေ့တိုင်းတော့…ဝက်သားဘယ်သူစားချင်ပါ့မလဲ…
      သူများ..စားတာကြည့်ပြီး..ကျေနပ်လိုက်ပေါ့ဗျာ…
      နေတတ်ရင်..ကျေနပ်စရာချည်းပါ….ဆြာပေရယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 2:32 pm

    မိုက်တယ်ဗျာ…
    မိုက်လေး..အားပေးသွားတယ်..
    မိုက်လေး..လည်းဥယျာဉ်မှူးလေး…
    ဖြစ်ချင်ဖူးသည်…။

  • marblecommet

    June 27, 2012 at 2:49 pm

    မမြင်ရတာ ကြာပြီဖြစ်တဲ့
    လေးလုံးစပ်လေးတွေပဲ…..
    …..
    ကိုယ့်ဆြာ…..လေးချိုး ဒွေးချိုးလေးတွေလည်း
    လုပ်ဗျာ..ကျနော်လည်း …..အဲဖက်ပြန်သွားကြည့်မလားလို့
    အားယူနေတာ….

    • maung khinmin

      June 28, 2012 at 11:32 am

      ဆြာကမ်း….တို ့အတွက်ကတော့…ရိုးအီနေမှာပ
      တစ်ခါတစ်ခါ ကျတော့လဲ….မြန်မာ့ဟန်မြန်မာ့ဓလေ့က
      ကဗျာဖတ်သူရဲ့…ရင်ကိုတိုက်ရိုက်ထိစေပါတယ်ဗျာ…
      ကျုပ်ကကဗျာဆိုပြီးရော..ပ
      ပို ့(စ်)မော်ဒန်လဲကြိုက်တယ်….
      အကုန်လုံးကြိုက်ပါရဲံ့ဗျာ…
      ကျုပ်တစ်ရက်နှစ်ရက်လောက်က..ဘင်္ဂ ါလီ ဆိုတဲံ့ခေါင်းစဉ်နဲ့..
      တစ်ပုဒ်တင်မိပါရဲ့…ဖျက်ချလိုက်တယ်ထင်…ပ
      စာပေရဲ့လွတ်လပ်မှု ဆိုတာ…ခုထိဘာကိုရည်ညွှန်းနေကြတယ်မသိပေါင်ဗျာ…

  • မွန်မွန်

    June 27, 2012 at 4:36 pm

    မွန်မွန်က ကာရန်ကို အရမ်းသဘောကျတာပါ…လေးလုံးစပ်ကဗျာတွေကိုလည်း အရမ်းကြိုက်တယ်…
    ဒီရက်ပိုင်း ကြိုးစားလိုက်ဦးမယ်….ကဗျာလေးဘာလေး ထွက်လာမလားလို့… 🙂

    အော်…ဒါနဲ့ စကားမစပ်…ကာရန်၊ လွယ်လျက် (ဟထိုးပါတဲ့ လျက် မရှိပါ)၊ ကြမ်းလို့ ပန်းသူ၊ အပန်း လည်းပြေ (ပင်ပန်းကို ပြောချင်တာ ထင်ပါတယ်)..
    စာလုံးပေါင်းကြောင့် ကဗျာကို ထိခိုက်သွားမှာစိုးလို့ပါ။ ကဗျာလေးက အရမ်းကောင်းပါတယ်…

    • maung khinmin

      June 28, 2012 at 11:34 am

      ကျေးဇူးပါမွန်၂….ခုလိုထောက်ပြတဲ့အတွက်….
      ဖြည့်စွက်လို့…ခံစားပေးစေချင်ပါတယ်

    • maung khinmin

      June 28, 2012 at 11:38 am

      ရေးချင်စိတ်ပေါ်ရင်…ချရေးလိုက်ဗျ….
      ကဗျာဖြစ်တာ…မဖြစ်တာအသာထား…
      စာတော့ဖြစ်သွားမှာ…သေချာတယ်

  • သားဦး၊မြေးဦး

    June 27, 2012 at 10:01 pm

    ကဗျာများကို စဉ်ဆက်မပြတ်ရေးနေလို ့ ဆရာထက်အတွက်ကဗျာ ရေးပေးစေလိုပါတယ်
    အကိုရေ။

    • maung khinmin

      June 28, 2012 at 11:37 am

      ကျုပ်အဲလိုတော့…တမင်ရည်ရွယ်ပြီး…မရေးတတ်သေးပါဘူးဗျာ…
      ခံစားချက်..မရှိရင်ကဗျာရေးလို့မရပေါင်ဗျာ…
      ခုလဲမရေးဖြစ်တာကြာပ..
      အရင်ရေးထားတဲ့အဟောင်းလေးတွေကိုပဲ….တင်ပြခြင်းသာဖြစ်ပါ၏

  • marblecommet

    June 28, 2012 at 1:18 pm

    အနုပညာ ကိစ္စမှာ ကာရန်တွေ
    မော်ဒန်တွေ မခွဲခြားပါဘူးဗျ….
    အခုအချိန်ထိ မြန်မာ ကဗျာကောင်းတွေ
    အများအပြားကို ရွတ်ဆိုရတဲ့အရသာကို
    မငြီးငွေ့သေးပါဘူး
    အထူးသဖြင့် မခင်စောမူတို့ ၊ အချုပ်တန်း ဆရာဖေတို့ ၊ သီလဝံသတို့…
    နောက်ဆုံး ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းတို့ပေါ့….

Leave a Reply