ဘဝ အောင်မြင်မှု

Phaung PhaungJune 27, 20121min22812

အီးမေးလ်ထဲကို ဝင်လာတာလေးပါ။ သဘောကျလို့ ရွာသူားတွေကိုလည်း မျှဝေခြင်တာနဲ့ တင်ပေးလိုက်တာပါ။
သူကြီးရေ ပွိုင့်မလိုချင်ပါဘူးနော်။

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘဝမှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄ရ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀ဝ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘဝကို ၁၀ဝ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . .

12 comments

  • ko khin kha

    June 27, 2012 at 2:31 pm

    လေးစားသွားပြီ Phaung Phaung ရေ။

  • မဂွတ် ထော်

    June 27, 2012 at 3:06 pm

    ဘဝကို ၁၀ဝ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
    စိတ်နေစိတ်ထားပါပဲ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 3:26 pm

    ကောင်းတယ်ဗျာ…
    ဖတ်ကြည့်သွားတယ်နော်…
    အားပေးနေပါတယ်….။

  • mamanoyar

    June 27, 2012 at 4:20 pm

    အင်း စိတ်ဝင်စားစရာလေးနော်

  • မောင်ပေ

    June 27, 2012 at 9:20 pm

    ဘာဆက်လုပ်ကြမလဲ ဆိုတော့
    ဆြာရယ်
    ကိုယ့်အလုပ်ကိုဘဲ ဆက်လုပ်ရမှာပေါ့ဗျာ
    အလုပ်မလုပ်ဘဲ နေရင် ခါနာပျောက်သွားမှာပေါ့လို ့။

  • ညလေး

    June 27, 2012 at 9:49 pm

    ပြောင်းတော့မယ်ဗျာ……
    ဖတ်မှတ်သွားပါတယ်မမဖောင်းရယ်…..
    ကျေးကျေးပါဂျင့်

  • may flowers

    June 28, 2012 at 12:57 am

    မှတ်သားဖတ်ရှုသွားပါတယ်နော်……။

  • Phaung Phaung

    July 4, 2012 at 10:17 am

    အားပါးပါး… ဘယ်လိုဖြစ်တာလဲ…အကုန်လုံးနီနေပါလား….

  • mayjuly

    July 4, 2012 at 12:25 pm

    နီတော့ဘူးနော် … စိမ်းပေးလိုက်တယ် …..

    ရှဲရှဲ နော်….

  • manawphyulay

    July 4, 2012 at 1:00 pm

    လောလောဆယ်တော့ အက္ခရာတစ်ခုခြင်းပေါင်းဖို့ အချိန်မရှိသေးလို့ နောက်မှပဲ ပေါင်းကြည့်တော့မယ်။

  • Phaung Phaung

    July 5, 2012 at 11:16 am

    hee……. မမနောကို အလုပ်ပေးလိုက်သလိုဖြစ်နေပြီနော်……….

Leave a Reply