မြန်မာတွေ  စိတ်မဆိုးနဲ ့

ဒဲ့တိုးပဲ   ပြောတော့မယ်..

အမျိုးရင်း တွေ…အချင်းချင်း

စစ်မခင်း  ကြလေနဲ ့…

သွေးစည်း လို ့ ချစ်ခင် လေ….

 

ကုလားမြင် အထင်သေး သမို ့

တရုတ် ကဖြင့်…ရှုံ ့ချမယ်

ရှက်လှဖွယ် ကမ ္ဘာ့ အလယ်မှာ

မြန်မာ့ ရာဇဝင် ရိုင်းရချည့်..

သမိုင်း အရှိ သင်ခန်းစာ တွေ….

 

မြန်မာတွေ စည်းဖောက်လို ့

ထီးပျောက်ခဲ့…ဒို ့အရှင် တွေ…

ပလ္လင် ပေါ် ခွေးတတ် သလိုပ

ဘေးထွက် လည်း ဆိုးခဲ့သပ

ကျွန် တစ်ခေတ် မှာ…နွံနစ်ရှည်ကြာ..

 

ဪ….အရင်းစစ်တော့

အမြစ် မကောင်းခဲ့ တာမို ့

စနစ် ဟောင်းကို အသစ်ပြောင်းအောင်အောင် ပ

အသက် ပေါင်းများစွာ…စတေးရပြန်

 

တော်လှန် ကာ လွတ်လပ်စေဖို ့…

ကျွန်မခံ တာ…ဒို ့အတွက် ပေမို ့

ချစ်မြတ်ကြ…ဒို ့ပြည်ရွာ…

 
အရှေ့မှာ   နေရောင် သန်းသလို ပ

တစ်နေ ့မှာ  ရွှေရောင် လွှမ်းစေဖို ့

ညီနောင် များ လက်တွဲ ကာ

စစ်ပွဲတွေ  ရပ်စေကြောင်း ရယ်နှင့်

ငြိမ်းချမ်း အောင်  စုပေါင်းကာ

ဖြေရှင်း ရမှာ မို ့…ပေါင်းစည်းစေကြောင်း….။။။


About maung khinmin

maung khinmin has written 85 post in this Website..